BHP47 - Solo

This is Why You Haven’t Met Your Soulmate Yet

Listen now:

How deep are you willing to go within yourself in order to find the relationship you want in your life – whether it’s romantic love or just a normal relationship with other people? Do these things subconsciously stop you from receiving the relationship you want? Or are you just always trying to control life’s outcome because of fear?

If you want to attract someone or to attract an abundance, you must be willing to accept yourself first. And when you let go of the desire to be liked and stay true to who you are, you attract the right kinds of people in your life, may it be in love, friendship, or business.

Timestamps:
0:12 All About Relationship
2:37 Self-acceptance is key
3:52 What is the ego and what is the soul?
5:39 Keeping the faith
7:57 Letting go

Tune in to the full episode and let me know if it resonates with you!

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

Relationship တွေနဲ့ပတ်သက်လာရင်တော့ ကျွန်မကိုယ်တိုင်လည်း ရှင်တို့လိုပဲ ဆက်ပြီးသင်ယူနေရဆဲ ကျောင်းသူပါပဲ။ ကိုယ့်ရဲ့ soulmate နဲ့ တွေ့ရပြီဆိုရင် ရုပ်ရှင်တွေထဲကလို တစ်ယောက်နဲ့ တစ်ယောက် တယုတယ သည်းသည်းလှုပ် ကြင်နာကြပြီး .. သက်ဆုံးတိုင် ပျော်ရွှင်စွာလက်တွဲသွားကြလေသတည်း ဆိုတာမျိုးမှ မဟုတ်တာ။ တခြားသူတွေကကျတော့ အရမ်းပျော်နေပုံရပြီး သူတို့အတွက် သင့်လျော်မှန်ကန်တဲ့သူတွေနဲ့ တွေ့သွားကြတယ်။ ကိုယ်ကျတော့ ဘာလို့မတွေ့ရတာလဲ။

ကျွန်မအမြင်၊ ကျွန်မရဲ့အတွေ့အကြုံ၊ client တွေကို သုံးသပ်ပြီး အကူအညီပေးခဲ့တာတွေအပေါ် အခြေခံပြီး ပြောရမယ်ဆိုရင် အကြောင်းရင်းအနည်းငယ်ရှိပါတယ်။ တကယ်တော့ ကိုယ့်ရဲ့ soulmate နဲ့ တွေ့တယ်ဆိုတာ ကိုယ့်ကို အပြင်းအထန် trigger ဖြစ်စေတဲ့သူနဲ့ တွေ့တာပါပဲ။ ချစ်ခင်ကြင်နာနေရင်းနဲ့ကို ကိုယ့်မှာရှိသမျှ ခံစားချက်ပေါင်းစုံထွက်လာအောင် လုပ်မယ့်သူမျိုးပေါ့။

ကိုယ့်ရဲ့ soulmate ဆိုတာ ကိုယ့်ကို ရူးမတတ် ပေါက်ကွဲချင်လာတဲ့အထိ အစွန်းတစ်ဖက်ဆီကို တွန်းပို့ပေးမယ့်သူပဲ။ သူက ကိုယ့်ဘေးမှာ ရှိနေတယ်ဆိုတာ အလကားမှ မဟုတ်တာ။ ကိုယ့်ဘဝမှာ soulmate ပဲဖြစ်ဖြစ်၊ ကိုယ်နဲ့ တွေ့ဖို့ လိုအပ်တဲ့ တခြားသူတွေပဲ ဖြစ်ဖြစ် .. မတွေ့ရသေးဘူးဆိုရင် သူတို့ကို တွေ့အောင်ရှာဖို့က ကိုယ့်အလုပ်ပဲ။။ နောက်ပြီး ကိုယ့် soulmate ကို ရှာလို့မတွေ့နိုင်သေးတဲ့ အကြောင်းရင်း တချို့လည်း ရှိပါလိမ့်မယ်။

စကြဝဠာရဲ့ ချိန်သားကိုက်မှုဆိုတာ ရှိတယ်။ အရာရာတိုင်းက သူ့အချိန်နဲ့သူဖြစ်တာလေ၊ ဟုတ်တယ်မလား။ ဒီတော့ အခန်း ၂၀ မှာ ကြုံရမယ့်ကိစ္စကို အခန်း ၃ မှာ ကြုံချင်လို့မရဘူး။ ကျွန်မတို့အနေနဲ့ ကျော်ဖြတ်ရမယ့် အခက်အခဲတွေ၊ စိန်ခေါ်မှုတွေအားလုံးကို ကျော်ဖြတ်ပြီး ခံနိုင်ရည်အားမွေးဖို့လိုတယ်။ ဒီစိန်ခေါ်မှုတွေကပဲ ကျွန်မတို့ကို လိုအပ်တဲ့သင်ခန်းစာတွေ သင်ပေးမှာလေ။ ကျွန်မရဲ့အထင်ပြောရရင် ဒီကိစ္စကို နှစ်လွှာခွဲပြီး မြင်ကြည့်ဖို့ လိုမယ်။ ပထမတစ်ခုက အဲဒီသူနဲ့တွေ့ဖို့ ကိုယ့်ကိုယ်ကိုယ် ချိန်သားကိုက်ပြင်ဆင်တာဖြစ်ပြီး နောက်တစ်ခုကတော့ ကိုယ့်ရဲ့စိတ်ထဲမှာ ပိတ်ပင်တားဆီးထားတဲ့ အရာတွေပဲ။ ကိုယ်က ဘာကို တကယ်ကြောက်နေတာလဲ၊ ကိုယ့်အနေနဲ့ ထိုက်တန်မှုမရှိဘူးလို့ ခံစားနေရတာမျိုးလား။

ကိုယ့်အနေနဲ့ ဘာကိုကြုံရမှာ အရမ်းအရမ်းကြောက်လဲ။ လူသားတွေကတော့ ကိုယ့်မှာရှိတဲ့၊ ရှိလာမယ့် အရာရာကို ဆုံးရှုံးရမှာ ကြောက်ကြတာပဲ။ ကိုယ်လိုချင်တဲ့အရာတွေကို ဆုံးရှုံးရမှာ ကြောက်ကြတယ်။ ဒီတော့ ကိုယ့်ရဲ့ မသိစိတ်ထဲမှာ ပိတ်ပင်ထားမိတဲ့အထိ ကိုယ်တကယ်ကြောက်တဲ့အရာက ဘာလဲ။ ဒါမှမဟုတ် ကိုယ့်ရဲ့ soulmate ကို တွေ့ဖို့အတွက် အတော်ကို ခက်ခက်ခဲခဲရှာဖွေမှရမယ်လို့ စိတ်ထဲမှာ နှစ်နှစ်ကာကာယုံထားတာလား။

ဒီလိုမေးရတဲ့အကြောင်းက ကိုယ့်အနေနဲ့ တစ်ခုခုကိုထိန်းချုပ်ဖို့ အကြောက်တရားပေါ်အခြေခံပြီး ကြိုးစားပြီဆိုရင် ဒါဟာ တကယ်တမ်းတော့ ပိတ်ပင်တားဆီးနေတာပဲ။ ဘဝကို အပြည့်အဝ အသက်ရှင်နေထိုင်နိုင်ဖို့ဆိုရင် ချစ်ခြင်းမေတ္တာနဲ့နေထိုင်ဖို့ လိုအပ်တယ်မလား။ ပြီးတော့ ဒီနေရာမှာ ချစ်ခြင်းမေတ္တာဆိုတာ သမီးရည်းစားကိစ္စကိုပဲ ပြောတာမဟုတ်ဘူး။ လူတွေရဲ့ မေတ္တာစိတ်ကို ပြောတာ။ ငြိမ်းအေးကြွယ်ဝမှုကို ပြောတာ။

“ကိုယ်က ချစ်ခြင်းမေတ္တာနဲ့ထိုက်တန်တယ်လို့ ခံစားရလား”

“ကိုယ်က လက်ခံပေးမှုနဲ့ထိုက်တန်တယ်လို့ ခံစားရလား”

ကိုယ်ကိုယ်တိုင်တောင် လက်မခံနိုင်တဲ့အရာတွေရှိနေရင်တော့ တခြားသူတစ်ယောက်က လက်ခံပေးဖို့၊ ဒီလို လက်ခံပေးမှုကို ကိုယ်က သိရှိခံစားနိုင်ဖို့ ဘယ်လိုဖြစ်နိုင်ပါ့မလဲ။ သူတို့က လက်ခံတယ်၊ လက်မခံဘူးဆိုတာတော့ တခြားကိစ္စတစ်ခု ဖြစ်သွားပြီလေ။

ဒါပေမဲ့ ကိုယ်ကသာ ကိုယ့်ကိုယ်ကိုယ်လက်မခံနိုင်ဘူးလို့ အမြင်တည်ဆောက်ထားရင်တော့ သူများတွေကလည်း ကိုယ့်ကို ဒီလိုပဲမြင်မှာပါလို့ အမြဲတမ်းယူဆနေမိမှာပဲ။ ကိုယ့်ကို ဘယ်တော့မှလက်မခံဘူးလို့ ယူဆထားတော့ ကိုယ့်ဘက်ကလည်း လိုအပ်တာထက် အလွန်အကျွံတွေလုပ်ပေးမိရော။ ကိုယ့်ဘက်ကနေ အများကြီးပေးတယ်၊ အများကြီးလုပ်ပေးတယ်။ ကိုယ့်ရဲ့ အချိန်တွေ၊ အားတွေ အကုန်လုံးရင်းနှီးစိုက်ထုတ်ပြီး ကူညီပေးဖို့ အမြဲတမ်း ကြိုးစားတယ်။ ဒါမှမဟုတ် တခြားသူတွေ ကိုယ့်အပေါ်ဘယ်လိုမြင်လဲဆိုတာနဲ့ ကိုယ့်တန်ဖိုးကိုဖြတ်ဖို့ ကြိုးစားတယ်။

ဒီတော့ ဘဝမှာ ဘယ်အရာတွေကို ကိုယ်တိုင်လက်မခံနိုင်ဘူးဖြစ်နေလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပါ။ လူတွေကတော့ ဘယ်အချိန်မဆို ကိုယ့်ဆီကနေ လိုချင်တဲ့မျှော်မှန်းချက်တွေ ရှိမှာပဲ။ ဒါပေမဲ့ တကယ့်မေးခွန်းက ကိုယ့်အနေနဲ့ တခြားသူတွေရဲ့မျှော်မှန်းချက်တွေအတိုင်း ကိုယ့်ဘဝကို ရှင်သန်မှာလား။ ဒီမျှော်မှန်းချက်တွေဟာ အမြဲတမ်း ဘယ်လိုဆက်ဆံရေးမျိုးကိုမဆို ပျက်သုဉ်းစေမှာပဲ။ ကိုယ့်အတ္တနဲ့ကိုယ့်ကြားက ဆက်ဆံရေးပဲဖြစ်ဖြစ်၊ ကိုယ့်ခင်ပွန်းနဲ့ဆက်ဆံရေးပဲဖြစ်ဖြစ်၊ အလုပ်က အထက်လူကြီး၊ ဒါမှမဟုတ် client တွေနဲ့ ဆက်ဆံရေးပဲဖြစ်ဖြစ် ဘာမဆို ပျက်မှာပဲ။

အခု အတ္တနဲ့ Soul အကြောင်း ပြောပါရစေ။ အခုချိန်က ဒီအကြောင်းပြောသင့်တဲ့အချိန်ဖြစ်ပြီး သင်တို့အနေနဲ့ လိုက်လုပ်စေချင်ပါတယ်။

အတ္တဆိုတာ ဘာလဲ၊ Soul ဆိုတာ ဘာလဲ။ ကျွန်မ ခဏခဏပြောခဲ့သလိုပဲ၊ ကျွန်မအတွက်တော့ Soul ပေါ့။ ရှင်တို့အနေနဲ့ ကြိုက်သလိုခေါ်လို့ရပါတယ်၊ ဝမ်းတွင်းသိ၊ နှလုံးသား၊ အမြင့်ဆုံးသဏ္ဍာန်၊ စကြဝဠာ၊ ဘုရားသခင် ကြိုက်သလိုခေါ်လို့ရတယ်။ ကျွန်မကတော့ Soul လို့ပဲ ခေါ်တယ်။

အတ္တဆိုတာ လူဆိုးမဟုတ်ပါဘူး။ ဒါပေမဲ့ အတ္တဆိုတာ ကိုယ့်ဖြစ်တည်မှုထဲက ကြောက်ရွံ့တတ်တဲ့ အစိတ်အပိုင်းပဲ၊ အရင်က တစ်ခါမှမလုပ်ဖူးတာတစ်ခုခုကို လုပ်တော့မယ်ဆိုရင် ကြောက်ရွံ့တတ်တာမျိုးပေါ့။ ဘဝမှာ နယ်ပယ်သစ်တွေကို မကြုံတွေ့ဖူးတဲ့အတွက် အတ္တက ကိုယ့်ကိုနောက်ပြန်ဆွဲထားဖို့ ကြိုးစားတာပဲ။ မထိခိုက်လေရအောင် စိတ်ကောင်းစေတနာနဲ့ ကြိုးစားပြီးကာကွယ်ပေးတဲ့သဘောပေါ့။ ကိုယ့်အတွက် သိပ်အကျိုးမရှိတာကလွဲရင် ဘာမှမဖြစ်ပါဘူး။

အများအားဖြင့်ကတော့ ကိုယ်လျှောက်ချင်တဲ့လမ်းမှာ အတ္တက အတားအဆီးဖြစ်နေတတ်ပြီး အတ္တပါလာပြီဆိုရင် အတွေးတွေများလာမယ်၊ နှလုံးသားနောက်လိုက်လျှောက်ဖို့ ဘယ်လိုလုပ်သင့်လဲဆိုတာတွေပါ တွေးလာမယ်။ ရှင်တို့အနေနဲ့ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတစ်ခုရှိတယ်။ အချိန်အများစုမှာ ကိုယ့်ကိုထိန်းချုပ်နေတာ အတ္တဖြစ်နေတတ်ပြီး စိတ်ထဲမှာ တခြားသူတွေကတော့ သူတို့အတွက်သင့်လျော်မှန်ကန်တဲ့သူတွေနဲ့ တွေ့ရပြီး ကိုယ်ကဘာလို့မတွေ့ရတာလဲဆိုတဲ့ အတွေးမျိုးတွေ ပေါ်လာလိမ့်မယ်။

“ဘာလို့ ငါ့မိဘတွေက ငါ့ကို ဒီလိုဆက်ဆံတာလဲ”

“ဘာလို့ ငါ့အထက်လူကြီးက ငါ့အပေါ် မျှော်မှန်းချက်အရမ်းမြင့်တာလဲ”

“ငါ ဒါကို ဘာအပြစ်အနာအဆာမှမရှိအောင် လုပ်မှရမယ်”

“ငါ ဒါကိုလိုအပ်တယ်”

“ငါ အမှားလုပ်လို့မဖြစ်ဘူး၊ အမှားလုပ်မိရင် ကျရှုံးတာပဲ”

ဒါတွေကတော့ အတ္တကနေပေါ်ထွက်လာတဲ့ အတွေးတွေဖြစ်ပြီး အကုန်လုံးက အကြောက်တရားကို အခြေခံထားတယ်ဆိုတာမြင်အောင် သတိလေးနဲ့ကြည့်ပါ။

အကြောက်တရားထက် မေတ္တာကို ရွေးချယ်ပါလို့ ဒါကြောင့် ကျွန်မ ခဏခဏပြောနေတာ။ မေတ္တာကို အခြေခံလိုက်ပြီဆိုတာနဲ့ ဒါ ကိုယ့်ရဲ့ Soul ဖြစ်သွားပြီ။ မေတ္တာကိုအခြေခံပြီဆိုရင် အတွေးတွေလည်း ပြောင်းလဲသွားတယ်၊ ကိုယ်စွမ်းနိုင်သမျှ အကောင်းဆုံးကြိုးစားပြီး တတ်နိုင်သမျှလုပ်မယ်၊ ဒါပေမဲ့ ရလဒ်အပေါ် တွယ်တာနေတာကိုလည်း စွန့်ပယ်လိုက်မယ်။

ဒါဟာ ယုံကြည်မှုရှိတာပဲ။ ယုံကြည်မှုဆိုတာ အင်မတန့်အင်မတန် အစွမ်းထက်ပြီး ဘဝတစ်ခုလုံးကို ယုံကြည်မှုနဲ့ပဲ ပြောင်းလဲပစ်နိုင်တာလေ၊ ဟုတ်တယ်မလား။ ဒီတော့ အရမ်းကြောက်တယ်၊ အရမ်းခက်တယ်လို့ ကိုယ့်အတ္တက ပြောနေပြီဆိုရင် ကိုယ်ဟာဓားစာခံဖြစ်နေတာ ဒါမှမဟုတ် လူတွေကြောင့်ဒီလိုဖြစ်တာလို့ ကိုယ့်ကိုယ်ကိုယ် သဘောပေါက်ဖို့လိုတယ်။ အတ္တကြောင့်

ဒီလိုအတွေးတွေပေါ်လာချိန်မှာ soul က ဝင်လာပြီး ယုံကြည်မှုရှိဖို့ အသံတိုးတိုးလေးနဲ့ အားပေးသွားမှာပဲ။ ရလဒ်အပေါ် တွယ်တာနေတာကို စွန့်ပယ်လိုက်ဖို့ပေါ့။

ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားစိုက်ထုတ်ပြီးကြိုးစားပါ၊ ဒါပေမဲ့ ရလဒ်အပေါ် မတွယ်တာပါနဲ့။ ဘာလို့လဲဆိုရင် ချိန်သားကိုက်ဖို့ လိုတယ်။ လိုအပ်တာတွေ လေ့လာဖို့ အချိန်လိုတယ်။ ပြီးတော့ ကိုယ့်ကို အမြဲတမ်း လမ်းပြပေး၊ အားပေးမယ့် Soul လည်းရှိနေတာပဲ။

ဒီတော့ ကျွန်မကိုယုံပါ၊ အတူတူကျော်ဖြတ်ကြမယ်။ အခု နောက်ထပ်ပြောချင်တာတစ်ခုက ပြီးပြည့်စုံလိုတဲ့ ဆန္ဒကြောင့် ကြုံတွေ့ကြရတဲ့ဖိအားပါ။ ကျွန်မတို့အားလုံးဟာ အနာအဆာမကင်းသူတွေချည်းပါပဲ။ Perfectionism ဆိုတာ မရှိဘူး။ တကယ်တမ်းပြောရရင် perfectionism ဆိုတာ အကြောက်တရားအပေါ် အခြေခံထားတာပဲ။ ကျရှုံးမှာ ကြောက်လို့၊ ငြင်းပယ်ခံရမှာ ကြောက်လို့ပဲလေ၊ ဟုတ်တယ်မလား။ ဒီတော့ ကိုယ့်ဘဝဟာ အကြောက်တရားအပေါ် အခြေခံထားသရွေ့ အတားအဆီးဆိုတာ ကြုံနေရမှာပဲ။ ဘဝကို လွတ်လွတ်လပ်လပ် စီးဆင်းချင်တယ်ဆိုရင်၊ ကိုယ့်ကိုယ်ကိုယ်ပေးထားတဲ့ ဖိအားကို လျှော့ချချင်တယ်ဆိုရင် ချစ်ခြင်းမေတ္တာကို အမှီပြုပြီး နေထိုင်ဖို့လိုတာပေါ့။ ဘယ်လိုနေထိုင်ရမလဲ။

ဘဝမှာ လုပ်သမျှအရာရာတိုင်း သင်ခန်းစာယူလို့ရတယ်ဆိုတာ ပထမအချက်ပဲ။ ဒီတော့ perfectionism ဆိုတာ မရှိတဲ့အတွက် ကိုယ့်အနေနဲ့ ကိုယ်စွမ်းရှိသမျှ အားထုတ်ပြီး ကြိုးစားပါ၊ ဒါပေမဲ့ ရလဒ်အပေါ်မှာ မတွယ်တာပါနဲ့။

ပြီးပြည့်စုံဖို့ ကြိုးစားနေသမျှတော့ အတားအဆီးကြုံနေရတယ်လို့ ခံစားနေရမှာပဲ။ စိတ်တွင်း အတားအဆီးပဲခေါ်ခေါ်၊ energy အတားအဆီးပဲခေါ်ခေါ်ပေါ့။ အဲဒီအတားအဆီးကြောင့်ပဲ ဘဝမှာ အထစ်အငေါ့တွေ အများကြီးရှိလာမယ်၊ ဖိအားတွေအများကြီး ကြုံရမယ်၊ ကိုယ့်ကို ထိခိုက်စေမယ်။ အောင်မြင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးတာဆိုပေမယ့် တစ်ချိန်မှာ ကိုယ့်ဒဏ်ကိုယ်ပြန်ခံရလိမ့်မယ်။

ဒီလူတစ်ယောက်ကို ဆွဲဆောင်လိုတဲ့ဆန္ဒ ဘယ်လောက်ထိပြင်းထန်လဲဆိုတာ ကိုယ့်ကိုယ်ကိုယ် စေ့စေ့စပ်စပ် ပြန်မေးခွန်းထုတ်ရှာဖွေနေတာလည်း ဖြစ်နိုင်တယ်။ ကိုယ့်ကိုယ်ကိုယ် မညှာစတမ်းရိုးသားတယ်ဆိုရင် ကိုယ့်အနေနဲ့ ဘာကို ပိတ်ပင်တားဆီးဖို့ ကြိုးစားနေတာလဲဆိုတာ ပြန်မေးကြည့်ပါ။ အသိစိတ်က ငါလိုချင်တာ ဒီဟာလေလို့ ပြောနေပေမယ့် အပေါ်ကမေးခွန်းကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ရင် မြင်လာပါလိမ့်မယ်။

စကြဝဠာကြီးတစ်ခုလုံးကို လိုက်ပြီးစီမံချင်တဲ့ဆန္ဒကို စွန့်လွှတ်တဲ့အခိုက်အတန့်လေး ရှိတယ်။ အရာရာတိုင်းကို၊ ရလဒ်တစ်ခုစီတိုင်းကို ထိန်းချုပ်ချင်တဲ့၊ ကိုယ့်လက်တွဲဖော်က တခြားသူတစ်ယောက်ကို ဘယ်လို စကားပြောရမယ်ဆိုတာအထိ ထိန်းချုပ်ချင်တဲ့လူတွေ ကျွန်မပတ်ဝန်းကျင်မှာ အများကြီးရှိတယ်။ တခြားသူတွေက သူတို့အပေါ်ဘယ်လိုမြင်တယ်ဆိုတာကို ထိန်းချုပ်ချင်တယ်။ သူတို့ရဲ့ဘဝမှာရှိတဲ့ ရလဒ်လေးတစ်ခုစီတိုင်းကို ထိန်းချုပ်ချင်ကြတာ။

အရမ်းကိုမှ ပင်ပန်းရတယ်နော်။ ကျွန်မကိုယ်တိုင်လည်း အဲဒီလိုလူဖြစ်ခဲ့ဖူးတော့ ကောင်းကောင်းသိတယ်။ ဒါပေမဲ့ ကိုယ့်ဘဝရဲ့ အရာရာတိုင်းအပေါ် ထိန်းချုပ်ချင်တဲ့ဆန္ဒကို စွန့်လွှတ်လိုက်တဲ့အချိန်ဟာ ကိုယ်နဲ့ဘဝနဲ့ တစ်ထပ်တည်းကျသွားတဲ့အချိန်ပဲ။ ဘဝဆိုတာ စီးဆင်းသွားတဲ့အရာ၊ ယုံကြည်မှုရှိဖို့ လူတွေကို သင်ပြပေးနေတဲ့ အရာပါ။ soulmate နဲ့တွေ့ဖို့၊ soul tribe နဲ့တွေ့ဖို့၊ မဟုတ်လည်း ကမ္ဘာပေါ်မှာ အကောင်းဆုံးအလုပ်ရှင်နဲ့တွေ့ဖို့ ရှာဖွေနေတဲ့သူတွေအတွက် အမှောင်ထုကြီးကိုပဲဖြစ်ဖြစ်၊ မသိသေးတဲ့အရာတွေကိုပဲဖြစ်ဖြစ် ယုံကြည်နိုင်အောင် သင်ပြပေးနေတာပါ။

ကိုယ့်အနေနဲ့ relationship တစ်ခုမှာ ဘာတွေလိုချင်တာလဲ။ သမီးရည်းစား relationship သက်သက်ကိုပဲ ပြောတာ မဟုတ်ဘူးနော်။ ပြီးတော့ ကျွန်မအဓိကမေးချင်တာက ကိုယ်ကရော ကိုယ်လိုချင်တဲ့အရာတွေအတိုင်း ဖြစ်နေရဲ့လား။

မဖြစ်သေးဘူးဆိုရင် ဖြစ်လာအောင်လုပ်နိုင်လား။ ကိုယ်က မလုပ်နိုင်ဘူးဆိုရင် တစ်ဖက်လူကိုကျတော့ လုပ်ရမယ်လို့ မျှော်လင့်နေလို့ရနိုင်ပါ့မလား။ လူဆိုတာ အမျိုးတူရာစုကြတာပဲလေ။

ဒီတော့ ကိုယ့်ဘဝမှာ၊ relationship မှာ လိုချင်တာကို ရနိုင်ဖို့အတွက်ဆိုရင် သိထားရမှာက ကိုယ်ကိုယ်တိုင်က အရင်ဆုံး အဲဒီအတိုင်းဖြစ်လာဖို့ လိုအပ်တယ်ဆိုတာပဲ။ ကိုယ်က ဖြစ်သွားပြီဆိုရင် ကိုယ်လိုချင်တဲ့အတိုင်း တည်ရှိနေတဲ့သူနဲ့ ကိုက်ညီသွားမယ်၊ ကိုယ့်ရဲ့ frequency နဲ့ အဲဒီလူရဲ့ frequency နဲ့ ထပ်တူကျသွားမယ်။ အဲဒီအချိန်မှာ ဆုံတွေ့ကြမှာပဲ။ သမီးရည်းစား relationship တင် မဟုတ်ဘူးနော်၊ အလုပ်နဲ့ပတ်သက်တာ၊ တခြားဟာတွေ အကုန်လုံး ဒီအတိုင်းပဲ။

ဘယ်လိုမေးခွန်းပဲဖြစ်ဖြစ် မေးစရာရှိတယ်ဆိုရင် အောက်မှာ comment ပေးခဲ့ပါ။ သင်တို့အတွက် ကျွန်မရှိနေတယ်ဆိုတာ သိထားပြီး ဒီအပိုင်းကို သဘောကျကျေနပ်မယ်လို့ မျှော်လင့်ပါတယ်။ ဘဝမှာ စိတ်လှုပ်ရှားစရာတွေနဲ့ နေထိုင်ဖြတ်သန်းပြီး ပျော်ရွှင်စရာလေးတွေ ဖန်တီးပါ။ ဘာမဆိုဖြစ်အောင်လုပ်နိုင်တယ်ဆိုတာကို သိထားပါ။

XO,

Arabelle