
BHP48 - Solo
Trusting your Soul, your gut, your guides is an intangible concept. Maybe every time you hear that advice, you think to yourself how you can actually do that. And, how do you know that it’s your Soul you are listening to?
In this episode, I’ll share how I have my own board of directors and how they guide me through life. All of us can have our own set of internal board of directors. Because only when we go within and tap into that inner wisdom, we are kept in alignment with our purpose and we are steered into the right direction of life. It is only through that then we are able to create a new reality.
Just imagine what it would be like if you could live your life feeling empowered, confident, and inspired. What would you do if you knew you could achieve anything you wanted? How would you live your life if you knew you can do what you’re passionate about and not worry about anything else?
Tune in to the full episode and let me know if it resonates with you!
Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.
Sometimes, it’s about taking a small courageous step forward to own your uniqueness. Own it and know that you’ve got something to give. Your uniqueness, the way you walk, talk, and treat others, you unknowingly create an impact and change the lives of so many people around you.
If you feel like you need to dull your own sparkle because of your uniqueness, then this episode is for you!
ကိုယ့်မှာရှိတဲ့ ဉာဏ်ပညာကို အမြော်အမြင်ရှိရှိ အသုံးချပါ။ ဆိုလိုတာကတော့ ကိုယ်လိုချင်တာတွေဖြစ်လာအောင် ဖန်တီးအကောင်အထည်ဖော်နိုင်ဖို့ဆိုရင် မှန်ကန်တဲ့ အတွေးအခေါ်တွေ၊ သင့်တော်တဲ့ မျှော်မှန်းချက်တွေ ရှိထားရပါမယ်။
ကိုယ့်ဆီရောက်လာအောင် ဆွဲငင်ချင်တာက ပိုက်ဆံဖြစ်နိုင်သလို ဆက်ဆံရေးတစ်ခုလည်းဖြစ်နိုင်ပါတယ်။ ဒါဟာ မှော်ပညာလားဆိုတော့ မဟုတ်ပါဘူး။ အံ့ဖွယ်ဖြစ်ရပ်လားဆိုတော့လည်း မဟုတ်ပြန်ဘူး။ ဒါဆိုဘာကြီးလဲ။
အမှန်တော့ ကိုယ့်ကြမ္မာကိုယ် ရည်ရွယ်ချက်ရှိရှိ ဖန်တီးတာပါပဲ။ ကိုယ်လိုချင်တာဘာလဲဆိုတာ ရှင်းရှင်းလင်းလင်းသိရမယ်။ ရကိုရရမယ်ဆိုပြီး သန္နိဋ္ဌာန်လည်း သေချာချထားရမယ်။ ကိုယ်လိုလိုချင်ချင် လျှောက်နေတဲ့လမ်းဖြစ်ရမယ်။ ဇွဲလည်းရှိရမယ်။
ကျွန်မနဲ့ နေ့တိုင်းဆိုသလို ဆွေးနွေးတိုင်ပင်တာတွေလုပ်ရတဲ့ ဒါရိုက်တာဘုတ်အဖွဲ့တစ်ဖွဲ့ကို ဘယ်လိုဖွဲ့စည်းခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ကျွန်မ အခု ပြောမယ့်အချက်တွေကို မှတ်ထားပေးပါ။ အဲဒါမလုပ်ခင်ကဆို ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ဘဝအတွက် အကူအညီဖြစ်အောင်ဆိုပြီး လက်တွဲလမ်းပြပေးတဲ့သူ (Mentor) တွေ၊ နည်းပြတွေ ငှားခဲ့ဖူးတယ်။ ကျွန်မပြောခဲ့ဖူးသလိုပဲ ကျွန်မက ကိုယ့်ရဲ့ကိုယ်ရေးကိုယ်တာ၊ အလုပ်နဲ့ စိတ်ပိုင်းဆိုင်ရာ စတဲ့နေရာတွေမှာ တိုးတက်မှုရှိလာအောင်ဆိုပြီး spiritual leaders (ဘာသာရေးခေါင်းဆောင်တွေ)၊ shamans (နတ်ဆရာတွေ) စသဖြင့် လူအမျိုးမျိုးနဲ့ အလုပ်လုပ်ရပါတယ်။ ဒါပေမဲ့ ကျွန်မကိုယ်ကျွန်မ မိန်းမတစ်ယောက်အနေနဲ့၊ လူတစ်ယောက်အနေနဲ့၊ ခေါင်းဆောင်တစ်ယောက်အနေနဲ့၊ အစ်မတစ်ယောက်အနေနဲ့၊ သူငယ်ချင်းတစ်ယောက်အနေနဲ့ အမှန်တကယ်ပဲ စွမ်းရည်မြှင့်ဖို့အတွက်ဆိုရင် ကျွန်မမှာရှိတဲ့အရာအားလုံးကို အမြော်အမြင်ရှိရှိ အသုံးချနိုင်ဖို့ လိုအပ်တယ်ဆိုတာ တစ်နေ့မှာ ကျွန်မကောင်းကောင်းနားလည်သွားတယ်။
ကျွန်မကိုယ်ကျွန်မမေးလိုက်တယ်။ ငါဘယ်လိုဖန်တီးအကောင်အထည်ဖော်လို့ရနိုင်မလဲ။
ကျွန်မဒါကို သဘောပေါက်သွားတဲ့အချိန်က တရားထိုင်နေတဲ့အချိန်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်လိုက်တာ။ ထပ်ပြောရမယ်ဆိုရင် တရားထိုင်နေတဲ့အချိန်မှာ မေးလိုက်တော့ ပြောချင်တဲ့စကားက စီးဆင်းနေတယ်။ စကားမစပ် အဲဒါကကိုယ့်ရဲ့ Soul (စိတ်ဝိဉာဉ်) ထဲ မှာ ဖြစ်နေတာပါ။ ကျွန်မတစ်ခါ တရားထိုင်တုန်းက ကိုယ့်ရဲ့ခေါင်းထဲက ဉာဏ်ပညာကို အမြော်အမြင်ရှိရှိ ဘယ်လိုအသုံးချလို့ရမလဲလို့မေးလိုက်တယ်။ အပြင်သွားစရာမလိုဘဲ ကိုယ့်ခန္ဓာကိုယ်ထဲမှာပဲနေရှိတဲ့ အဲဒီအထောက်အပံ့ပေးတဲ့စနစ်ကို ဘယ်လိုအမြော်အမြင်ရှိရှိ အသုံးချနိုင်မလဲ။ အဲဒီမှာ ကျွန်မဖြစ်သွားတာက ကိုယ့်မှာရှိပြီးသားကို ကိုယ်မသိရကောင်းလားပေါ့။ ဟုတ်ပြီ ဒါဆို ဘယ်လိုလုပ်မလဲ။
ဒါကတော့ ကျွန်မရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ပဲဖြစ်ပါတယ်။ ကြည့်နေတဲ့သူတွေကိုလည်း ကိုယ့်ကိုယ်ကိုယ် စတင်ရှာဖွေဖို့ပြောချင်ပါတယ်။
အခုဆိုရင် ကျွန်မရဲ့ဒါရိုက်တာဘုတ်အဖွဲ့ကို ကျွန်မဘဝရဲ့ CEO နဲ့ဖွဲ့စည်းထားပါတယ်။ စကားမစပ်ပြောရမယ်ဆိုရင် ကျွန်မအရင်က “ကမ္ဘာကြီးကိုပြောင်းလဲဖို့ ငါရောက်လာပြီ” ဆိုပြီး ပြောတတ်တယ်။ အဲလိုလုပ်နိုင်မယ်လို့လည်း တကယ်ယုံခဲ့တယ်။ အခုတော့ အဲဒီစကားကိုပြောခဲ့အချိန်တုန်းက ကမ္ဘာကြီးကို ပြောင်းလဲဖို့ဆိုရင် ငါတကယ်အများကြီးလုပ်ဖို့လိုသေးပါလား၊ အခက်အခဲမှန်သမျှကို ရင်ဆိုင်ပြီး ပုခုံးပေါ်မှာထမ်းထားတဲ့ တာဝန်တွေကို ဖြေရှင်းရတော့မယ်၊ ကျွန်မ ခြေကုန်လက်ပန်းကျနေပြီ၊ တကယ်ပင်ပန်းနေပြီ၊ အဖော်မဲ့နေသလိုလည်း ခံစားရတယ်၊ တစ်ယောက်တည်းမလုပ်နိုင်တော့ဘူး ဆိုပြီး တွေးခဲ့ဖူးတယ်။ အဲဒီမှာ ငါလုပ်ရမှာ စကြဝဠာကြီးကို ပြောင်းလဲဖို့မဟုတ်ဘူးပဲဆိုပြီး ကျွန်မသဘောပေါက်သွားတယ်။ ကျွန်မက စကြဝဠာကြီးကို စီမံခန့်ခွဲပေးရတဲ့လူလည်း မဟုတ်ဘူး။ အကုန်လွှတ်ချလိုက်လို့ရတယ်။ ဘာလို့လဲဆိုတော့ Arabelle ဆိုတဲ့ ကျွန်မက ဒီဘဝမှာ ဒီကမ္ဘာပေါ်က ဒီခန္ဓာကိုယ်ထဲကို အလုပ်သမားတစ်ယောက်အဖြစ် ရောက်လာရုံပဲလေ။ အများနားလည်အောင် ပြောရမယ်ဆိုရင် ကျွန်မက အကြောအမျှင်တစ်ခုသာသာပဲ။ ကျွန်မက CEO က အလုပ်ခန့်ထားတဲ့ အလုပ်သမားတစ်ယောက်ဖြစ်ရုံပဲ။ CEO ဆိုတာ ကျွန်မရဲ့ စိတ်ဝိဉာဉ်ပဲ။ ဘာလို့လဲဆိုတော့ ကျွန်မသွားရမယ့် ဦးတည်ချက်ကဘာလဲ၊ ဒီလောကထဲကို ဘာလုပ်ဖို့ရောက်နေတာလဲဆိုတာ ကျွန်မရဲ့စိတ်ဝိဉာဉ်ကသိတယ်လေ။ နောက်တစ်ခုက နတ်ဆိုးနဲ့တူတဲ့ ကျွန်မရဲ့ အတ္တမာန။ မာနဆိုတာ အမြဲတမ်းတော့ ဆိုးဝါးမနေပါဘူး။ ဒါပေမဲ့ မာနကို သေချာအသုံးပြုဖို့ကျတော့ ခက်ခဲပြန်တယ်။ ဘာကြောင့်လဲဆိုတော့ မာနဆိုတာ လူသားတွေနဲ့ အရမ်းတူတယ်။ ပစ်ပယ်ခံရမှာကို ကြောက်တယ်။ ကျရှုံးမှာကိုကြောက်တယ်။ မာနက ကျွန်မတို့ကို ဒီလိုတွေလည်း ပြောတတ်သေးတယ်။ “ငါကတော်လည်းမတော်ဘူး။ သိတာတွေလည်း သိပ်မရှိဘူး။ ငါကဘောင်ရောဝင်ရဲ့လား။ ဒီအကြောင်းတွေကို ဖွင့်ပြောဖို့ကျပြန်တော့လည်း လိမ်နေသလိုခံစားရတယ်။ မျောက်စိတ်နဲ့ မာန ဒွန်တွဲရှိနေသလိုဖြစ်နေပြီ။”
ဒါပေမဲ့လေ အဲဒီအချိန်မှာပဲ ကျွန်မဆိုတာ ဒီဘဝမှာ ကျွန်မရဲ့စိတ်ဝိဉာဉ် CEO က အလုပ်ခန့်ထားတဲ့ အလုပ်သမားတစ်ယောက်သာသာပဲဆိုတာကို သဘောပေါက်သွားတယ်။ ကျွန်မဘာလုပ်ရမယ်၊ ဒီကိုဘာလုပ်ဖို့ရောက်လာတယ်ဆိုတာနဲ့ပတ်သတ်ပြီး ကျွန်မရဲ့စိတ်ဝိဉာဉ်ထဲမှာသိသွားတာက ကိုယ့်မျှော်မှန်းချက်နဲ့ တာဝန်တွေကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့နဲ့ ကိုယ့်မှာရှိတဲ့အရည်အချင်းတွေကိုသုံးပြီး တစ်ခုခုအရာထင်အောင် တကယ်လုပ်ဖို့ဆိုပြီးဖြစ်တယ်။ အဲလိုသိသွားတော့ ကျွန်မစိတ်လက်ပေါ့ပါးသွားတယ်။ ဒီတော့ အဲဒါက ကျွန်မရဲ့ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေထဲက တစ်ချက်ပေါ့။
ကျွန်မ ဒီ email ကို တကယ်ဖတ်ပြချင်တာ။ ဘာလို့လဲဆိုတော့ မေးလ်ပို့ထားတဲ့ အမျိုးသမီးကြောင့် ကျွန်မငိုတောင်ငိုခဲ့ရတယ်။ သူ့ကိုကျွန်မ မသိပေမဲ့ ကျွန်မဆီကို ဒီမေးလ်တွေ နေ့တိုင်းရောက်ရောက်လာတယ်။ Email မဟုတ်ရင် message တစ်ခုခုပေါ့။ အဲဒါလေးတွေကြောင့် ကျွန်မလုပ်နေတာတွေကို ဆက်လုပ်ဖို့ အားဖြစ်လာတယ်။ မေးလ်က တော်တော်ရှည်လို့ တစ်စောင်လုံးကို မဖတ်ပြတော့ဘူးနော်။ အဲဒီထဲက တချို့ကိုပဲ ထုတ်နုတ်ဖတ်ပြချင်တယ်။ ဘာလို့လဲဆိုတော့ ဒါကကိုယ့်ရဲ့ follower တွေ ထဲက ဟုတ်ချင်မှဟုတ်လိမ့်မယ်။ ကျွန်မ online အစည်းအဝေးတွေတက်တယ်၊ အခမဲ့သင်တန်းတွေဖွင့်ပေးတယ်၊ facbook LIVE လွှင့်တယ်။ အဲဒီလိုအခါမျိုးတွေကျရင် တစ်ခါတလေ ကျွန်မကြောက်တယ်။ တစ်ခါတလေကျပြန်တော့လည်း ဒီမှာ ဒီအကြောင်းတွေပြောဖို့ ငါကဘယ်သူမို့လိုလည်းဆိုပြီး တွေးမိတယ်။ ဒါပေမဲ့လည်း ကျွန်မလုပ်တာပဲ။
အဲဒီအမျိုးသမီးပြောတာက…
“ချစ်ရပါသော Arabelle ရေ၊ ကျွန်မပို့သလိုက်တဲ့ မေတ္တာတွေ လက်ခံရရှိတယ်ဆိုရင် ကျွန်မကိုလည်း မေတ္တာပြန်ပို့သပေးပါဦး။ ကျွန်မရှင်းပြပါရစေ။”
သူမနဲ့ မိသားစုဝင်တွေရဲ့ ဘဝတွေ လုံးဝပြောင်းလဲသွားတယ်လို့ သူမကပြောပါတယ်။ ရုတ်တရက် လောကကြီးရပ်တန့်သွားသလို ခံစားလိုက်ရတယ်။ ဘယ်အရာမှ လှုပ်ရှားမနေတော့သလိုပဲ။
ပြီးတော့ သူမပြောတာက…
“ကျွန်မဒီမနက်နိုးလာတော့ စိတ်ဓာတ်ဘယ်လောက်ကျနေသလဲဆိုရင် စကြဝဠာကြီး၊ ကျွန်မကို နိမိတ်တစ်ခုခုပြပါလို့ ပြောရတဲ့အထိပဲ”
သူမကဆက်ပြောတယ်…
“ဘဝကူးတော့မှာလားဆိုပြီး ကိုယ့်ကိုယ်ကို မေးနေမိတယ်။ ခဏကြာတော့ facebook ထဲ ခဏဝင်ကြည့်လိုက်တဲ့အချိန်မှာ Arabelle လွှင့်နေတဲ့ LIVE က ပထမဆုံးပေါ်လာတာပဲ။ အဲဒီအချိန်မှာ ကျွန်မက စကြဝဠာကြီး ကျွန်မဆီ ပို့ပေးလိုက်တဲ့ နိမိတ်ကြောင့် အဆင်ပြေသွားတယ်ဆိုတာ နားလည်လိုက်တယ်။ အဲဒီနိမိတ်ဖြစ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မဘဝကို ပြောင်းလဲပေးတဲ့အတွက် Arabelle ကို ကျေးဇူးတင်ပါတယ်ရှင်” တဲ့။
ကျွန်မပြောချင်တာက ကျွန်မရဲ့ Soul ( စိတ်ဝိဉာဉ်) ပြောတာကိုနားထောင်တဲ့အတွက် အဲဒီလို message တွေကို ရလိုက်တာပဲ။ ကျွန်မ CEO က ကျွန်မဘဝမှာ လမ်းညွှန်မှုတွေပေးတဲ့အတွက် သူ့စကားကိုလည်း ကျွန်မနားထောင်တယ်။ ကဲ အခု ကျွန်မရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေထဲက နောက်လူတွေက ဘယ်သူတွေဖြစ်မလဲ။
တခြားအချက်တစ်ခုကတော့ ကျွန်မရဲ့ တာဝန်နဲ့ မျှော်မှန်းချက်တို့ပဲ ဖြစ်ပါတယ်။ ကြည့်နေတဲ့သူတွေကိုလည်း ကိုယ့်အနာဂတ်အတွက် ကိုယ်လုပ်ရမယ့်တာဝန်နဲ့ မျှော်မှန်းချက်တွေကို ချရေးစေချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် နောက်လာမယ့် ၃ နှစ် သို့မဟုတ် ၅ နှစ်အတွက် ကိုယ်လုပ်ရမယ့်တာဝန်နဲ့ မျှော်မှန်းချက်တွေကို ချရေးလိုက်ပါ။ ဒီလိုလုပ်ရတဲ့ အကြောင်းရင်းကတော့ စွမ်းအားကို ပြောင်းပြန်လှန်နိုင်ဖို့ပဲဖြစ်ပါတယ်။ ကိုယ့်မှာ ကိုယ့်ဘဝအတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်သက်မွေးလုပ်ငန်းအတွက်၊ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် စသဖြင့် ၃ နှစ်စီမံချက် သို့မဟုတ် ၃ နှစ်မျှော်မှန်းချက်တစ်ခု သတ်မှတ်ထားတယ်ဆိုပါစို့။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်မှာ ဒီ ၃ နှစ်မျှော်မှန်းချက် ရှိနေပြီ။ အဲဒီမျှော်မှန်းချက်ကိုအစတည်ပြီး နောက်ပြန်လုပ်ဆောင်ပါ။ ကျွန်မအနေနဲ့ ၃ နှစ်မျှော်မှန်းချက်ကို ချမှတ်ဖို့အတွက်ဆိုရင် ကိုယ့်ရဲ့တာဝန်ကလည်း ဒါပဲ။ ဒါဆို တစ်နှစ်ထက်တစ်နှစ် ကိုယ်ဘာလုပ်ဖို့လိုမလဲ။ အခု ကိုယ်က ခွဲခြမ်းစိတ်ဖြာကြည့်တော့မယ်။ အဲဒီတော့ ပိုပြီး လက်ဆုပ်လက်ကိုင်ရှိလာသလို ခံစားရတယ်လေ။ တစ်နှစ်ထက်တစ်နှစ် ကိုယ်ဘာလုပ်ဖို့လိုမလဲ။ အဲဒီကနေစပြီး နောက်ပြန်လုပ်ဆောင်ပါ။ ပထမနှစ်၊ ပထမ ၁၂ လအတွက် ကိုယ်ဘာလုပ်ဖို့လိုမလဲ။ သင်တန်းတက်နေတာလည်းဖြစ်နိုင်တယ်။ သင်တန်းအပ်နေတာလည်းဖြစ်နိုင်တယ်။ နည်းပြတွေ လက်တွဲလမ်းပြပေးမယ့်သူတွေကို ငှားနေတာလည်းဖြစ်နိုင်တယ်။
တကယ်ကို ရှင်းလင်းပြတ်သားတဲ့ မျှော်မှန်းချက်နဲ့ တာဝန်တွေကို သတ်မှတ်လိုက်တယ်ဆိုတာက ကိုယ့်ရဲ့ရည်ရွယ်ချက်အတိုင်းသွားတာ၊ ကိုယ့်ရဲ့စိတ်ဝိဉာဉ်က ကိုယ့်ကို ဦးတည်နေတဲ့အတိုင်းသွားနေတာ။ ကိုယ့်ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကိုယ့်မှာမျှော်မှန်းချက်နဲ့ တာဝန်ရှိသွားပြီ။ ကိုယ်က စိတ်ဝိဉာဉ်သန့်စင်တဲ့လူ (spiritual person) ဖြစ်ရင်၊ အဲဒီလိုဖြစ်တယ်လို့လည်း ယုံကြည်ရင် လမ်းညွှန်မှုတွေကို တွေ့ရနိုင်ပါတယ်။ ဘုရားသခင်နဲ့ တမန်တော်တွေကိုလည်း တွေ့နိုင်တယ်။ ဒါတွေကို တစ်ခုမှမယုံဘူးဆိုရင်လည်း အဆင်ပြေပါတယ်။ မှန်တယ် မှားတယ်ဆိုတာ မရှိပါဘူး။ ဝိဉာဉ်လိပ်ပြာတွေရှိတာကိုယုံကြည်တဲ့သူဆိုရင် ကိုယ့်မှာအဲဒါတွေရှိနိုင်တယ်။ ကိုယ့်ကိုကျားကန်ပေးထားမယ့် အဲဒီလိုအရာတွေအားလုံးရှိနိုင်တယ်။ ကိုယ့်ကို ဆက်ပြီး တာဝန်ခံစေမယ့်၊ ကိုယ့်ကို လိုက်လျောညီထွေဖြစ်စေမယ့်၊ ဒါမှမဟုတ်ရင် ကိုယ့်ဘဝမှာ မှန်ကန်တဲ့ ဦးတည်ချက်ကို သွားနေအောင် လမ်းပြပေးမယ့်အရာဆိုတာကတော့ ကိုယ့်မှာရှိတာနဲ့ လုပ်ဆောင်နိုင်တာ၊ ချင့်ချိန်တတ်တဲ့၊ ကိုယ့်စိတ်ဝိဉာဉ်၊ ကိုယ့်ရဲ့ ဝိဉာဉ်လိပ်ပြာဖြစ်တဲ့ ကိုယ့်မှာရှိတဲ့ အပိုင်းအစကို အမှန်တကယ် အမြော်အမြင်ရှိရှိ အသုံးချပြီးတော့ မသိစိတ်ထဲက အမှောင်ကျနေတဲ့နေရာတွေအထိ လိုလိုလားလား ဆင်ခြင်ကြည့်ရှုပြီး လုပ်ဆောင်ဖို့ပဲဖြစ်ပါတယ်။ ဒါကသာ တကယ့်လက်တွေ့ဘဝတစ်ခုကို ဖန်တီးနိုင်စေမယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်။
နိဂုံးချုပ်ပြီး ဒီနေ့ဒီအချိန်ထိ ကိုယ်သင်ယူခဲ့တာတွေကို အမှန်တကယ် ပြန်စိစစ်တာတွေ မလုပ်ခင်မှာ ကျွန်မပြောပြချင်တာလေးတစ်ခုရှိပါတယ်။ ကျွန်မနဲ့တူရင်တော့ ဒီအချက်အလက်တွေအားလုံးက ကောင်းတယ်လို့ တွေးကောင်းတွေးနိုင်ပါတယ်။
“ဒါပေမယ့် ဒါတွေအားလုံးကို ငါဘယ်လိုလုပ်ရမှာလဲ။”
“ငါ့မှာအချိန်မရှိဘူး။ အရင်းအမြစ်တွေလည်း မရှိသေးဘူး။”
“ငါ အလုပ်တွေအများကြီးကို လုပ်နေရတာပဲ။”
“Blog post တွေကို ဖတ်ကြည့်နေတယ်။ Online မှာ လူတွေအများကြီးကိုလည်း follow ထားတယ်။ ဗီဒီယိုတွေလည်း ကြည့်နေတယ်။ အသံသွင်းထားတဲ့ စာအုပ်တွေကိုလည်း နားထောင်နေတယ်။ ဒါပေမယ့် ပြောင်းလဲသွားတာ၊ ဒါမှမဟုတ် နောက်ဆုံးငါ့ဆီမှာကျန်ခဲ့တာဆိုတာ ဘာမှမရှိဘူး။”
“ဒါကိုလိုအပ်လား၊ မလိုအပ်လားဆိုတာ မသေချာဘူး။ စောင့်နိုင်တယ်ဆိုတော့ သေချာတယ်။”
ကျွန်မပြောချင်တာရှိတယ်။ အဆင်သင့်ဖြစ်ပြီလား။
အရင်ကလည်း ချိန်ကိုက်ဗုံးမပေါက်ခင်အထိ အဲဒီခံယူချက်ရှိခဲ့ဖူးတယ်။ အရမ်းနောက်ကျသွားပြီဆိုတော့မှ ငါဒါကို စောစောစီးစီးမလုပ်လိုက်ရကောင်းလားဆိုပြီး သဘောပေါက်ခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် အလေးထားခဲ့ရမှာ။ သူများတွေအတွက်ပဲ တစ်ချိန်လုံးပေးဆပ်နေမိပြီး ကိုယ့်အတွက်ကိုယ်ကျတော့ မေ့နေခဲ့တယ်။ ကိုယ့်ဘဝထဲမှာ လိုချင်တဲ့ရလဒ်တွေကို တွေ့ရတော့မှာမဟုတ်ဘူး။ ကိုယ်လုပ်ချင်တာတွေ တကယ်ဖြစ်လာပါ့မလား။ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကဘာလဲ။ ဒီကိုဘာလုပ်ဖို့ရောက်နေတာလဲ။ ကိုယ့်ဘဝထဲမှာ တခြားအရာအားလုံးက တကယ်ကိုပဲ ကောင်းကောင်းမွန်မွန် အလုပ်ဖြစ်နေတဲ့အချိန်မှာ ကိုယ်ကဘာလို့ အကျပ်ရိုက်နေရတာလဲ။ ဘာလိုနေတာလဲ။
ဒီလိုမျိုး အတွင်းစိတ် ပြုပြင်ပြောင်းလဲတဲ့ အလုပ်ကိုပဲ ကျွန်မလုပ်နေတယ်။ ဒီလိုလုပ်တာက ကိုယ့်ဘဝကို ဘယ်လိုပြောင်းလဲပေးမှာလဲ။ ဒီမေးခွန်းကို သိချင်ကောင်းသိချင်ကြပါလိမ့်မယ်။
ဒီမေးခွန်းအတွက် အဖြေအချို့ကို ကျွန်မအခုပြောပြပေးသွားမှာပါ။ အဲဒါတွေကတော့ ကိုယ့်ကိုယ်ကိုယ် ပိုပြီး စွမ်းရည်မြင့်သွားသလို ခံစားရမယ်။ ကိုယ့်ကိုယ်ကိုယ် ပိုပြီး ယုံကြည်မှုရှိလာမယ်။ ပိုပြီး တက်ကြွလာမယ်။ ကိုယ့်ဘဝကို ဒီနည်းအတိုင်းနေနိုင်တယ်ဆိုရင် ဘယ်လိုမျိုးတွေ ဖြစ်လာမှာလဲ။ ကိုယ့်စိတ်အားထက်သန်သလို နေထိုင်လည်းနေထိုင်နိုင်တယ်၊ ကိုယ်ကြိုက်တာတွေလုပ်ပြီး ပိုက်ဆံပါရှာနိုင်တယ်ဆိုရင် ဘယ်လိုဖြစ်လာမလဲ။ ကိုယ်ဘယ်လိုခံစားရမလဲ။ အခုဆိုရင် ကိုယ်က ကိုယ့်ပုံစံလေးအတိုင်းပဲ တစ်ခုခုကို အရာထင်အောင် လုပ်နိုင်နေပြီဆိုရင်၊ တခြားသူတွေကိုလည်း ကိုယ့်လမ်းကြောင်းအတိုင်း လိုက်လာဖို့ လှုံ့ဆော်နိုင်တယ်ဆိုရင်၊ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေက ကိုယ့်ဆီလာပြီး အကြံဉာဏ်တောင်းကြလိမ့်မယ်။ ကိုယ်က အရူးမဟုတ်တော့ဘူး။ ဒါပေမဲ့ ကိုယ်က ဘဝကြီးကို အသာစီးမျောပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတဲ့အချိန် ကိုယ့်ဆီတကယ်လာပြီး အကြံဉာဏ်တောင်းကြပြီဆိုရင် ဒါတွေအားလုံးက ကိုယ့်ဘဝကို ဘယ်လိုအပြောင်းအလဲဖြစ်စေမှာလဲ။ ကိုယ့်ဘဝနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတယ်ဆိုတာက ကိုယ်လိုချင်တဲ့အရာ၊ လိုချင်ရတဲ့ အကြောင်းရင်း၊ ကိုယ့်ပန်းတိုင်တွေနဲ့ တစိုက်မတ်မတ်ဖြစ်မြောက်ချင်တဲ့အရာကို လှုံ့ဆော်ပေးတဲ့အရာတွေက ဘာတွေဖြစ်တယ်ဆိုတာကို တိတိကျကျ သိတာပဲဖြစ်ပါတယ်။
XO,
Arabelle
ကောင်းတာကတော့ ဘေးပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲဆိုတာ သတိမထားမိတော့ဘူး။ ကိုယ်က ဒီတစ်ခုအပေါ် အရမ်းအာရုံစိုက်နေတုန်း ဘေးမှာဖြစ်ပျက်နေတာတွေလည်း အများကြီးရှိနိုင်တာပဲလေ။ ကိုယ့်ကိုလူတွေအထင်သေးတာ၊ အလေးအနက်မထားတာတွေကိုလည်း သတိမထားမိတော့ဘူး။ ဒါပေမဲ့ လုပ်ငန်းခွင်က လုပ်ဖော်ကိုင်ဖက်အမျိုးသားတွေနဲ့ယှဉ်လိုက်ရင် ငါ့ကို အလေးအနက်မထားပါလားလို့ သတိထားမိသွားတဲ့ အချိန်မျိုးတွေလည်း ရှိခဲ့တယ်။ Corporate လောကမှာ အလုပ်လုပ်တုန်းကပါ။
Corporate လမ်းကြောင်းကနေ ၂၀၁၄ မှာ ထွက်လာပြီးတော့ အဲဒီကတည်းက စွန့်ဦးတီထွင်တဲ့ အလုပ်တွေပဲ လုပ်ဖြစ်တော့တယ်။ အရင်တုန်းက ရှိခဲ့တဲ့ အဲဒီလိုပြဿနာတွေ အခုချိန်မှာ မရှိတော့ဘူးပေါ့လေ။ တစ်ခါတုန်းကဆို ကုန်သွယ်ရေးလုပ်ငန်းတစ်ခုရဲ့ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာ လုပ်ရပြီး လုပ်ငန်းခွင်မှာ အမျိုးသားတွေပဲ ကြီးစိုးထားတာ။ အဲဒါပြီးတော့ ရေနံနဲ့ဓာတ်ငွေ့ကုမ္ပဏီမှာ လုပ်တယ်၊ ပြီးတော့ သတ္ထုတူးဖော်ရေးမှာလည်း ဝင်လုပ်လိုက်သေးတယ်။ အဲဒီအလုပ်တွေအကုန်လုံးမှာ ကြီးစိုးထားတာ အမျိုးသားတွေချည်းပဲ။ ကျွန်မအတွက် ပြဿနာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အလုပ်မှာ လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေကိုပဲ အလေးအနက်ထားဆက်ဆံကြတာ ပိုများတယ်ဆိုတာ သဘောပေါက်လာတယ်။ ရာထူးတိုးတာမျိုးဆိုရင်လည်း ကျွန်မထက် အများကြီးအရင်စောပြီး တိုးပေးခံရတယ်။ အဲဒီအချိန်က ကျွန်မက ပစ္စပ္ပုန်က ကျွန်မလိုမျိုး သိမြင်နားလည်တာတွေ မရှိသေးဘူးဆိုတော့လည်း အမျိုးသားတစ်ယောက်လို ဝတ်စားပြုမူရမယ်၊ လုပ်ကိုင်ရမယ်လို့ တွေးခဲ့မိတာပေါ့။ ဒီတော့ လိုက်လုပ်တယ်။ အလုပ်က အမျိုးသားတွေ အရက်ထွက်သောက်ကြပြီဆိုရင်တောင် လိုက်သွားပြီးသောက်လိုက်သေးတာ။
အဲဒါမှပဲ သူတို့နဲ့ဝင်ဆံ့မယ်လို့ တွေးခဲ့တာကိုး။ တကယ်လည်း ဝင်ဆံ့ခဲ့ပါတယ်၊ သူတို့ရဲ့စကားဝိုင်းတွေမှာ ဝင်ပြောနိုင်လာတယ်။ သူတို့နဲ့ သူငယ်ချင်းတွေဖြစ်ပြီး အဖွဲ့ကျသွားတာပေါ့။ အဲဒီလိုမိတ်ဖွဲ့ပြီးနောက်မှာ ကျွန်မရဲ့ career အတွက်တော့ ပိုအဆင်ပြေလာပါတယ်၊ ဒါပေမဲ့ ပြဿနာက ကျန်းမာရေးထိခိုက်လာတာပဲ။ အလေးအနက်ထားပြီးဆက်ဆံတာ မခံရမှာစိုးလို့ အဝတ်အစားတောင်မှပဲ မိန်းကလေးဆန်ဆန် မဝတ်စားဘဲ ဘောင်းဘီတွေ၊ ဂျာကင်တွေပဲ ဝတ်ခဲ့တာ။ နောက်တော့မှ ဒါက ငါ့အတွက် အလုပ်လေးတစ်ခုပဲလေ၊ အဲလောက်ထိ လိုက်လုပ်စရာမလိုပါဘူးလို့ သဘောပေါက်လာတယ်။ အခုချိန် ကျွန်မရဲ့ နေ့စဉ်ဘဝ၊ အပြောအဆို၊ လမ်းညွှန်သင်ပြမှုအားလုံးရဲ့ အခြေခံကတော့ အဲဒါပဲ။ အဲဒါလေးကို နားလည်နိုင်ဖို့ ကျွန်မမှာ နှစ်တွေအများကြီး ရင်းနှီးခဲ့ရတာ။ ဒီတော့ ထပ်ပြောပါရစေ၊ ကျွန်မ အခုပြောတာကို သဘောတူတဲ့လူ၊ သဘောမတူတဲ့လူ ရှိမယ်။ ဒါပေမဲ့ အဲဒါ ကျွန်မရဲ့ ကိုယ်တွေ့အတွေ့အကြုံပဲ။
ဘာကိုနားလည်သွားလဲဆိုတော့ ကိုယ့်ယုံကြည်ချက်ကို တကယ်ပြောင်းလဲလိုက်တဲ့အခါ ဘာဖြစ်လဲဆိုတာပဲ။ ဓလေ့ဆိုပြီးတော့ ကျွန်မတို့ကို ဘောင်ခတ်ထားတာတွေ အများကြီးရှိတယ်။ ကျွန်မ လက်ဆင့်ကမ်း သင်ယူခဲ့တဲ့ ယုံကြည်ချက်တွေဆိုတာလည်း အများကြီးပဲ။ ကျွန်မအရှေ့မှာ ဒီလုပ်ငန်းခွင်တွေထဲ ကျင်လည်ခဲ့ကြတဲ့ အမျိုးသမီးတွေရဲ့ အတွေ့အကြုံတွေကနေ သင်ယူခဲ့မိတာပေါ့။ သူတို့ရဲ့ အဲဒီ ယုံကြည်ချက်တွေကို ဘာမှမေးခွန်းမထုတ်ဘဲ ကျွန်မရဲ့ မသိစိတ်ကရော၊ သိစိတ်ကရော ဒါဟာ ငါ့ဘဝရဲ့ အမှန်တရားပဲလို့ သတ်မှတ်ပြီး လက်ခံခဲ့လိုက်တာ။ အပြင်မှာလည်း ကျွန်မ လက်ခံယုံကြည်ထားတဲ့အတိုင်း တကယ်ဖြစ်နေတာကိုး။ အခုအလုပ်ကို တကယ်စလုပ်မိတော့ ဒီအကြောင်း သင်ပြပေး၊ ပြောပြပေးရတာ တကယ်ကံကောင်းတယ်လို့ ခံစားရပါတယ်။
“ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ယုံကြည်ချက်က ဘာလဲ”
“ငါ့ရဲ့ energy က ဘာလဲ”
“ငါလက်ခံထားတဲ့အမြင်က ဘာလဲ”
ကျွန်မကတော့ ဒါ ငါဖြတ်သန်းရမယ့် ဘဝပဲလို့ ယုံကြည်လက်ခံခဲ့မိတာပဲ။ ငါက အင်္ဂလိပ်စကားပြောပြီး ကြီးလာတာမဟုတ်တဲ့ လူကောင်သေးသေး အာရှသူဆိုတော့ ငါ့ကို ဒီလိုပဲဆက်ဆံကြမှာ၊ ဒီလိုပဲ မြင်ကြမှာပေါ့ လို့ လက်ခံထားခဲ့မိတာ။
အဲဒီအမြင်ကို စပြီးပြောင်းလဲလိုက်တော့ ကျွန်မကို လူတွေဆက်ဆံတဲ့ပုံ၊ စကားပြောတဲ့ပုံတွေပါ လိုက်ပြီး ပြောင်းလဲသွားတာ မျက်မြင်စတွေ့ရတယ်။ ကျွန်မကို စပြီး အလေးအနက်ထား ဆက်ဆံလာကြတယ်။ ကိုယ့်ရဲ့ ယုံကြည်ချက်တွေ၊ energy တွေ၊ အမြင်တွေကိုပဲ ပြောင်းလဲလိုက်ရုံသက်သက်တော့ မဟုတ်ဘူးပေါ့။ သူများတွေနဲ့ ပြောဆိုဆက်ဆံရေးကိုလည်း ပိုကောင်းလာအောင် လုပ်ရတာပေါ့။ ခေါင်းဆောင်မှုစွမ်းရည်တို့ ဘာတို့တွေလည်း အပါအဝင်ပေါ့လေ။ ပထမဆုံးအကြိမ် ကြားလိုက်ကတည်းက ကျွန်မရဲ့ဘဝကို ပြောင်းလဲသွားစေခဲ့တဲ့ စကားတစ်ခွန်းရှိတယ်။ အခုနားထောင်နေကြတဲ့သူတွေလည်း ဒီစကားကို ကြားဖူးကြမှာပါ။ ဟင်နရီဖို့ဒ် ပြောခဲ့တဲ့စကားပေါ့။
“မင်း လုပ်နိုင်တယ်ပဲထင်ထင်၊ မလုပ်နိုင်ဘူးပဲထင်ထင် မှန်တယ်” တဲ့။
ဒီတော့ ကျွန်မက ဒါ ငါ့ယုံကြည်ချက်ဆိုရင် ငါ့အတွက် အမှန်တရားပဲလို့ ခံယူလိုက်တော့တယ်။
ငါ ယုံကြည်ချက်အသစ်တစ်ခုအတိုင်း စပြီး လက်ခံနေထိုင်ဖို့ ကြိုးစားကြည့်ရင်ရောလို့ တွေးလိုက်တယ်။ ကျွန်မရဲ့ စကားပြောပုံ၊ လမ်းလျှောက်ပုံ၊ တွေးမြင်ပုံ၊ ဝတ်စားပုံ၊ ဒါတွေအားလုံး လိုက်ပြီးပြောင်းလဲမှာလေ။ တကယ်လည်း ကျွန်မရဲ့ အရှိတရားကြီးတစ်ခုလုံး ပြောင်းလဲသွားခဲ့တာပဲ။ ကိုယ်က စီးပွားရေးလုပ်ငန်းခွင်မှာ အလုပ်လုပ်နေတာပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ကျွန်မအမြင်မှာတော့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုအပေါ် သစ္စာမဖောက်ဘဲ ဘယ်လိုနေထိုင်ဖြတ်သန်းမလဲဆိုတာပဲ အရေးကြီးတာ။ ကိုယ်က လောကကြီးအတွက်ပေးစရာရှိတယ်လို့ သဘောထားပြီးသာ ကိုယ့်အမှန်တရားအတိုင်း နေထိုင်ရမှာ။ ဒီအချက်က ကျွန်မအတွက်ရော၊ ကျွန်မဆီက အကူအညီယူနေတဲ့သူတွေအတွက်ရော အရမ်းအရေးကြီးတယ်။
ကိုယ်က ဘယ်နေရာမှာပဲ ရောက်နေပါစေ၊ ဘေးပတ်ဝန်းကျင်က လူတွေအများကြီးရဲ့ ဘဝတွေကို ပြောင်းလဲပေးနေတာပဲဆိုတာ နက်နက်ရှိုင်းရှိုင်း ယုံကြည်ထားပါ။ စကားလေးတစ်ခွန်း ပြောပြီးပဲဖြစ်ဖြစ်၊ ပုခုံးလေးတစ်ချက်တို့ပြီးပဲ ဖြစ်ဖြစ်ပေါ့။ အကြောင်းကတော့ ကျွန်မတို့ လူသားတွေဆိုတာ အဲဒီလိုဖြစ်နေလို့ပဲ။ ကျွန်မတို့အားလုံးမှာ ကိုယ်ပိုင်ဖြစ်တည်မှုတွေရှိကြပြီး ဒီကမ္ဘာကြီးမှာ ရှင်သန်နေထိုင်နေကြတယ်ဆိုတာကိုက အံ့ဖွယ်ဖြစ်ရပ်တစ်ခုပဲ။ အဲဒါကို နားလည်လက်ခံပြီး ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်း ခိုင်ခိုင်မာမာ လျှောက်လှမ်း နေထိုင်နိုင်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ ယဉ်ကျေးမှုနောက်ခံတွေ၊ အမျိုးသားလား အမျိုးသမီးလားဆိုတာတွေက အရေးမကြီးတော့ဘူး။ ဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားတော့မှာ။ လူတိုင်းကို ကျွန်မပေးတဲ့ အကြံဉာဏ်ကတော့ အဲဒါပါပဲ။ ဒါကို ဘာလို့ပြောရလဲဆိုရင် လူတွေထောင်နဲ့ချီပြီး ကူညီခဲ့ပြီးတဲ့နောက်မှာ အဲဒီပြဿနာကို အခုထိ ရင်ဆိုင်နေကြရသေးတယ်ဆိုတာ သဘောပေါက်လာလို့ပဲ။
ကျွန်မတို့အားလုံးမှာ ဇာတ်လမ်းတွေရှိတယ်။ ကိုယ်က ဘယ်လိုလူပါ၊ ဘာတွေလုပ်တဲ့လူပါ၊ ပြီးတော့ လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့တယ်၊ မဆံ့ဘူး ဆိုပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ ကိုယ်တိုင်ရေးပုံပြင်တွေပေါ့။ ကျွန်မတို့ရဲ့ ဘဝဆိုတာ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်ပါပဲ။ ကျွန်မတို့အားလုံးမှာ ငါကတော့ဖြင့် ဘာနဲ့ထိုက်တန်တယ်ဆိုပြီး သတ်မှတ်ထားတဲ့ အဆင့်တစ်ခုရှိတတ်ကြတယ်။ အချိန်ယူပြီး မေ့ဖျောက်ပစ်ရမယ့် အစွဲတစ်ခုပေါ့လေ။ ကျွန်မရဲ့ client တစ်ယောက်အကြောင်း ဖြစ်ရပ်မှန်တစ်ခု ပြောပြချင်တယ်။ သူက တစ်ဘဝလုံး ချစ်ခြင်းမေတ္တာကို လိုက်ရှာနေခဲ့တာ။ စီးပွားရေးအရတော့ အရမ်းကိုအောင်မြင်တယ်၊ ပူပန်စရာကို မရှိဘူး။ ငွေအများကြီး ရှာနိုင်တယ်။ ကျွန်မအနေနဲ့ ကြည့်ပြီး အတုယူရတဲ့ အမျိုးသမီးပါပဲ။ စိတ်ကောင်းရှိကြင်နာတတ်ပြီး အရမ်းလည်းချမ်းသာတဲ့ အမျိုးသားတစ်ယောက်နဲ့ ဟိုတလောက သူ တွေ့တယ်။ ပြီးတော့ ကျွန်မဆီလာပြီး ဘာပြောလဲဆိုရင် –
“Arabelle ရေ၊ ငါ ဘာလုပ်ရမလဲ”
“သူ့ဘဝထဲမှာ ငါ ဘယ်လိုဝင်ဆံ့ရမလဲ”
“ငါက သူ့အတွက် ပြည့်စုံလုံလောက်ရဲ့လား”
“ငါ အဆင်ပြေပါ့မလား”
ပြီးတော့ ဘာဆက်မေးလဲဆိုရင် “သူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ငါ့ကို လက်ခံပါ့မလား” တဲ့။
ကျွန်မပြန်ပြောတာကတော့ ကိုယ်က သူ့အတွက် ပြည့်စုံလုံလောက်ပါ့မလားတို့၊ အဆင်ပြေပါ့မလားတို့ တွေးနေမယ့်အစား သူ့ကို ကိုယ်ဘာပေးနိုင်မလဲဆိုတာကို စဉ်းစားကြည့်ပြီးပြီလားပေါ့။ ဘာလို့လဲဆိုတော့ ကျင်လည်ခဲ့တဲ့ ပတ်ဝန်းကျင်ကမ္ဘာ၊ ယဉ်ကျေးမှု၊ နောက်ခံအသိုင်းအဝိုင်းတွေက လုံးဝကို ကွာခြားနေပြီး ဖြတ်သန်းခဲ့ရတဲ့ ဘဝအတွေ့အကြုံတွေကလည်း နည်းနည်းမှ မတူဘူးလေ။ သူ့ရဲ့ အသိုင်းအဝိုင်းထဲကို ကိုယ်က ဘာပေးနိုင်မလဲဆိုတာ စဉ်းစားကြည့်ပြီးပြီလား။ သူနဲ့အတူတူရှိနေတဲ့အတွက် ဘေးကသူတွေရဲ့ ဘဝတွေ ဘယ်လိုပြောင်းလဲသွားစေနိုင်မလဲဆိုတာ စဉ်းစားကြည့်ပြီးပြီလားလို့ ပြန်ပြောလိုက်တယ်။ အဲဒီတော့မှ သူက “ဟာ၊ ဟုတ်သားပဲ။ အဲဒါကို လုံးဝမစဉ်းစားမိဘူး” ဆိုပြီး ဖြစ်သွားတာ။
ကျွန်မအတွက်ကတော့ လုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်၊ ဘာသာစကားမတူလို့ စကားမပေါက်တာပဲဖြစ်ဖြစ်၊ gender ပြဿနာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ ဘယ်လိုပဲမြင်လဲဆိုရင် ကိုယ့်ဇာတ်လမ်းကို ကိုယ်တိုင်ရေးပြီး ဒီနေရာမှာ ငါ ဘာတွေပြောင်းလဲပေးနိုင်မလဲလို့ အမြဲတမ်းစဉ်းစားဖို့ပဲ။ ငါ ဘာကူညီပေးနိုင်မလဲ၊ ဘာတွေ သင်ယူစရာရှိမလဲပေါ့။
ပတ်ဝန်းကျင်ဆိုတာ သိပ်ကိုအရေးကြီးပါတယ်။ ပတ်ဝန်းကျင်တစ်ခုခုမှာ ဝင်ဆံ့နိုင်ဖို့ မရှိမဖြစ်လိုတယ်လို့ ကျွန်မတို့ငယ်ဘဝကတည်းက သင်ပေးခံခဲ့ရပြီး ကြီးပြင်းလာကြတာ။ Career အတွက်၊ အိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက်၊ မဟုတ်လည်း အကြောင်းတစ်ခုခုအတွက် လိုအပ်တယ်ပေါ့လေ။ ဒါပေမဲ့ ကျွန်မကတော့ လူဆိုတာ ကိုယ်ကျင်လည်မယ့်ပတ်ဝန်းကျင်ကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်လို့ လေးလေးနက်နက် ယုံကြည်တယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ ပတ်ဝန်းကျင်တွေရှိသလို အဆင်ပြေမှာမဟုတ်တဲ့ ပတ်ဝန်းကျင်တွေလည်း ရှိတာပဲ။ လက်ရှိပတ်ဝန်းကျင်က ကိုယ်နဲ့မကိုက်ဘူးလို့ နားလည်လာရင် ထွက်သွားလို့ရတယ်၊ ဘာလို့ဒီလိုပြောလဲဆိုရင် ကျွန်မကိုယ်တိုင်လည်း အကြိမ်ကြိမ်လုပ်ခဲ့ဖူးလို့ပဲ။ ကျွန်မတို့မှာ တခြားပတ်ဝန်းကျင်တစ်ခုကို ရွေးချယ်ခွင့်ရှိတယ်။ ကိုယ့်ကို ပိုပြီးပြုစုပျိုးထောင်ပေးမယ့်၊ ပိုကောင်းလာစေမယ့် ပတ်ဝန်းကျင်ကို ရွေးချယ်ခွင့်ရှိတယ်။
အနာဂတ်ခေါင်းဆောင်တွေကို ပြောချင်တာက နောက်မျိုးဆက်အပါအဝင် ကျွန်မတို့အားလုံးဟာ၊ လူတိုင်းလူတိုင်းဟာ ရှင်သန်နေရတဲ့ ရည်ရွယ်ချက်တစ်ခုစီ ရှိကြတယ်။ မွေးလာပြီး ကမ္ဘာကြီးပေါ်မှာ ဒီအတိုင်းပဲ အသက်ရှိနေတာ မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်တည်မှုတစ်ခုကို လောကကြီးအတွက်၊ ဒီကမ္ဘာကြီးအတွက်၊ ကိုယ့်အသိုက်အဝန်းအတွက်၊ ကိုယ့်မိသားစုအတွက် ဖြည့်ပေးတာပဲ။ ကျွန်မအမြင်မှာတော့ လူဆိုတာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုဟာ အတုမရှိဘူးဆိုတာကို အမှန်တကယ် သိမြင်လက်ခံဖို့က အရေးကြီးဆုံးပဲ။ ကျွန်မတို့အားလုံးဟာ ပြည့်စုံလုံလောက်တယ်၊ ထိုက်တန်မှုရှိတယ်။ ကျွန်မတို့ အားဖြည့်ကူညီရမယ့် ကိစ္စတွေ အများကြီးရှိတယ်။ ဒီလိုသာ တွေးမြင်လက်ခံနိုင်တယ်ဆိုရင် ကမ္ဘာကြီးက အများကြီးပိုပြီးနေလို့ကောင်းတဲ့ နေရာတစ်ခုဖြစ်နေမယ်လို့ ကျွန်မနဲ့ ကျွန်မရဲ့ client တွေကတော့ ယုံကြည်ပါတယ်။
——-
ကျွန်မတို့အားလုံးမှာ ဇာတ်လမ်းတွေရှိတယ်။ ကိုယ်က ဘယ်လိုလူပါ၊ ဘာတွေလုပ်တဲ့လူပါ၊ ပြီးတော့ လူ့အသိုင်းအဝိုင်းမှာ ဝင်ဆံ့တယ်၊ မဆံ့ဘူး ဆိုပြီး ကိုယ်တိုင်ဖန်တီးထားတဲ့ ကိုယ်တိုင်ရေးပုံပြင်တွေပေါ့။ ကျွန်မတို့ရဲ့ ဘဝဆိုတာ ကိုယ်တိုင်ဖန်တီးထားတဲ့ ဇာတ်လမ်းရှည်ကြီးတစ်ပုဒ်ပါပဲ။ အဲဒီထဲကမှ ဘယ်ဇာတ်လမ်းတွေအတိုင်း ယုံကြည်လျှောက်လှမ်းမယ်ဆိုတာကိုတော့ ကိုယ်တိုင်ရွေးချယ်ရမှာပဲ။
တစ်ခါတလေမှာ ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုအတိုင်း နေထိုင်နိုင်ဖို့ဆိုရင် ရဲစွမ်းသတ္တိရှိရှိနဲ့ ခြေလှမ်းငယ်လေး စလှမ်းဖို့လိုတယ်။ ကိုယ့်အမှန်တရားနဲ့ ကိုယ်နေထိုင်ပါ၊ လောကကြီးအတွက် ကိုယ့်မှာ ပေးစွမ်းစရာတွေ ရှိတယ်ဆိုတာ သိထားပါ။ ကိုယ့်ရဲ့ ကိုယ်ပိုင်အမှန်တရား၊ လမ်းလျှောက်ပုံ၊ စကားပြောပုံ၊ သူများတွေကို ဆက်ဆံပုံစတာတွေက ကိုယ်တောင်မသိလိုက်ဘဲနဲ့ သူများတွေအပေါ် ရိုက်ခတ်မှုရှိပြီး ဘေးပတ်ဝန်းကျင်က လူတွေအများကြီးရဲ့ ဘဝတွေကို ပြောင်းလဲပေးနိုင်ပါတယ်။
ကိုယ့်ရဲ့ ကိုယ်ပိုင်ဖြစ်တည်မှုကြောင့် စိတ်ရှိတဲ့အတိုင်း နေထိုင်လို့မရဘဲ ပြောင်းလဲဖို့လိုတယ်လို့ ခံစားနေရပြီဆိုရင် ဒီ episode က အကူအညီပေးနိုင်မှာပါ။
XO,
Arabelle