BHP43 - Solo

Your Relationship is a Reflection of You

Listen now:

What kind of relationships do you have? Are you conscious of how you are in your relationships – not just in romantic relationships, even with your friends, your job, your business, and yourself?

Everything around you, every single thing around you including people, your job, in every situation all the good things and the bad things that are happening around you and for you are actually reflections. They’re actually mirrors of who you are. Your relationships and what you encounter are teaching you and telling you a lot about yourself that you might not be aware of.

In this episode, we’ll dive in how your relationships are a reflection of you. Stay tuned!

[ Burmese Transcript ]

အားလုံးပဲ မင်္ဂလာပါ။

ကျွန်မတို့ Relationship တွေ အကြောင်းပြောကြမယ်။ Relationship လို့ ပြောလိုက်ရင် အတော်များများက ချစ်ရေးချစ်ရာ ဆက်ဆံရေးလို့ပဲ ထင်သွားကြတယ်။ ကျွန်မအတွက်တော့ relationship ဆိုတာ အရာအားလုံးနဲ့ ဆိုင်တယ်။ ကိုယ့်ကိုယ့်ကိုယ် ဆက်ဆံရေး၊ သူများနဲ့ ဆက်ဆံရေး၊ ချစ်ရေးချစ်ရာ ဆက်ဆံရေး၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေနဲ့ဆက်ဆံရေး အစရှိသဖြင့်ပေါ့။ အလုပ်နဲ့လည်းဆိုင်ချင်ဆိုင်မယ်၊ ကားနဲ့ ပတ်သက်တာ၊ laptop နဲ့လည်း ဆိုင်တာဖြစ်နိုင်တာပဲ။

ကိုယ့်ဘဝမှာ ဘယ်လိုဆက်ဆံရေးမျိုးတွေရှိနေလဲဆိုတာ နားလည်လာအောင် ကျွန်မတို့ ဒီအကြောင်းအရာကို ဘက်ပေါင်းစုံကနေ ကြည့်ကြမယ်။ အရေးအကြီးဆုံးဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ်နဲ့ ဆက်ဆံရေးဆိုတဲ့ဆီကိုတော့ ပြန်ဦးတည်မှာပေါ့။ ဒါက ဒီခေါင်းစဉ်နဲ့ပတ်သက်လို့ ကျွန်မတို့ အာရုံစိုက်မယ့်အပိုင်းပါ။ ဒါပေမဲ့ ကိုယ့်နားက လူတွေ၊ အရာတွေနဲ့ ဆက်ဆံရေးအကြောင်းကိုလည်း ပြောသွားဦးမှာပါ။ ကျွန်မတို့အနေနဲ့ ရောင်ပြန်ဟပ်မှုတွေကို ခွဲခြားစိစစ်ဖို့ လိုပါတယ်။ ဒီစကားက ဘာကိုဆိုလိုတယ်လို့ ထင်လဲ။

ကိုယ့်ပတ်ဝန်းကျင်က တစ်ခုမကျန် အရာအားလုံး.. လူတွေ၊ အလုပ်အကိုင်၊ အခြေအနေ၊ ကိုယ့်အနားမှာဖြစ်ပျက်နေတဲ့၊ ကိုယ့်အတွက် ဖြစ်ပျက်နေတဲ့၊ ကိုယ့်ဆီရောက်မလာတဲ့ ကောင်းခြင်း ဆိုးခြင်းတွေမှန်သမျှ အရာရာဟာ တကယ်တော့ ရောင်ပြန်ဟပ်မှုတွေပါ။ အဲ့ဒါတွေက ကိုယ်ဘယ်သူဆိုတာကို ထင်ဟပ်ပြနေတဲ့ မှန်တွေပဲ။

တကယ်တော့ ကျွန်မတို့က ကျွန်မတို့ရဲ့ ဘဝကို သုံးဖက်မြင်ပုံစံနဲ့ ဖန်တီးနေတာပါ။ ဆိုလိုတာက ကျွန်မတို့စိတ်ထဲရှိသမျှ အရာအားလုံးက လက်တွေ့ဘဝမှာ ဖြစ်လာတာပါပဲ။ ကျွန်မတို့ ဖြစ်ချင်တဲ့ ဖန်တီးချင်တဲ့ အရာမှန်သမျှက စိတ်ထဲကနေပဲ လာတာပဲ။ ကျွန်မတို့ ပတ်ဝန်းကျင်မှာရှိတဲ့၊ ကျွန်မတို့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်နေတဲ့ ထင်ဟပ်နေတာတွေကို သေချာကြည့်မယ်ဆိုရင် အဲ့ဒါတွေက ကျွန်မတို့တွေကို နေ့စဉ်နေ့တိုင်း ပြောပြနေ သင်ပေးနေတာပါ။ အဲ့ဒါတွေက ကျွန်မတို့ နေ့စဉ်ဘဝမှာ ဘာတွေလုပ်နေသလဲဆိုတာတွေရဲ့ သုံးသပ်ချက်တွေဖြစ်ပြီးတော့ ကိုယ်ကိုယ်တိုင် သတိမထားမိလောက်တဲ့ ကိုယ့်အကြောင်းတွေကို ပြောပြပေးနေတာပါပဲ။ ကိုယ်နဲ့ ပတ်သက်နေတဲ့ ဆက်ဆံရေးမှန်သမျှဟာ တကယ်တော့ ကိုယ့်မှာရှိတဲ့ ဝေဖန်ပိုင်းခြားနိုင်စွမ်းအကြောင်းကို ပြောပြပေးနေတာပါ။ လူတစ်ယောက်နဲ့ ပတ်သက်တဲ့ ဆက်ဆံရေးဖြစ်ချင်လည်း ဖြစ်မယ်၊ အလုပ်နဲ့ ပတ်သက်တာလည်း ဖြစ်ချင်ဖြစ်မယ်။ အလုပ်မှာ မပျော်တာမျိုး၊ လစာတိုးလိုချင်ပေမဲ့ ကိုယ်က မတောင်းဆိုတာမျိုး ဒါမှမဟုတ် လစာတိုးမပေးတာမျိုး၊ တစ်ပတ်ကြာတဲ့ ဒါမှမဟုတ်လည်း ၁၀ နှစ်ကြာနေတဲ့ သမီးရည်းစား ဆက်ဆံရေးတစ်ခုမှာ ရောက်နေပေမဲ့ ကိုယ့်လက်တွဲဖော်နဲ့ အဆင်မပြေတာမျိုးလည်း ဖြစ်နိုင်တာပဲ။

ဒါက ကိုယ့်တန်ဖိုးကို ပြတာလည်း ဖြစ်တယ်။ ဘဝမှာ ဖြစ်နေတဲ့ ကောင်းခြင်းတွေအကုန်လုံးအတွက် ထိုက်တန်တယ်လို့ ခံစားရလား။ အဲဒါတွေကို လက်ခံဖို့ ထိုက်တန်တယ်လို့ ခံစားရလား။ ဒါက ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းလည်း ဖြစ်တယ်။ အကြောက်တရားကလာတာ မဟုတ်ဘဲ အချစ်သက်သက်ရှိတဲ့ဆီကနေလာတဲ့ ချစ်ခြင်းတစ်ခု ကိုယ့်မှာတကယ်ရှိနေလား။ ဘာကိုရွေးမလဲ .. ချစ်ခြင်းလား၊ အကြောက်တရားလား။

ကျွန်မကတော့ အမြဲတမ်း ချစ်ခြင်းကို ရွေးပါတယ်။ ဒါဟာ အကြောက်တရားဆီ မသွားဘဲ အကြောက်တရားထဲ ပိတ်မမိနေဘူးလို့တော့ မဆိုလိုပါဘူး။ သွားမိနေတုန်းပါပဲ။ ဒါပေမဲ့ နှလုံးသားထဲကို ပြန်ရောက်လာတဲ့အချိန်တိုင်း ဒါဟာ ကျွန်မတို့လာခဲ့သမျှထဲ အကောင်းဆုံးနေရာဆိုတာရယ် ကိုယ့်ကိုယ်ကိုယ်ချစ်ခြင်းရဲ့ အခြေခံအုတ်မြစ်တွေထဲက တစ်ခုဖြစ်တယ်ဆိုတာကို ပိုသဘောပေါက်လာတယ်။ လူတွေက ကိုယ့်မှာ မလုံခြုံမှုတွေရှိနေပြီလို့ ခံစားရတာနဲ့ တစ်ပြိုင်နက် လုပ်မိတဲ့အရာထဲက တစ်ခုက အဲ့မလုံခြုံမှုကို ဖုန်းကွယ်တာပဲ။ ဘာလို့ဆို လူတွေရဲ့ သဘာဝမှာ နာကျင်မှုနဲ့ စိတ်ပျော်ရွှင်မှုပဲ ရှိတာကိုး။ ကျွန်မတို့က နာကျင်မှုတွေရဲ့ ဝေးဝေးကိုပြေးပြီးတော့ ပျော်ရွှင်ကျေနပ်မှုတွေနားကို ကပ်ချင်ကြတယ်။ မလုံခြုံမှုတွေရှိလာတဲ့အခါ၊ အဆင်းဘီးတပ်ပေးတဲ့ ခံစားချက်တွေရှိလာတဲ့အခါ၊ ရင်ဆိုင်ဖို့အဆင်သင့်မဖြစ်တဲ့ အကြောင်းအရာတွေ ရှိလာတဲ့အခါ လူတွေက အဲ့အရာတွေကို ဖုံးဖိဖို့ ကြိုးစားကြရော။ တခြားသူတွေကို အပြစ်ဖို့လာကြရော။ မဟုတ်လည်း ကိုယ်ကထိခိုက်နစ်နာသူပါဆိုပြီး ဇာတ်တွေခင်းကုန်ရော။ အဲ့တော့ ကျွန်မတို့ ဘယ်နေရာမှာရှိနေလဲ၊ ဘာတွေလုပ်နေကြတာလဲ။

ဒီဆက်ဆံရေးက ကိုယ်မခံစားဘူးတဲ့ ကိုယ်မကိုင်တွယ်ဖူးတဲ့ စိတ်ခံစားချက်တွေကို ပြမှာပါ။ ပြောချင်တာကတော့ ကြုံတွေ့နေရတာတွေက မခံမရပ်နိုင်အောင် နာကျင်ပင်ပန်းလာတဲ့အခါ ကျွန်မတို့စိတ်က ဒါတွေကို အလိုအလျောက် ဖုံးကွယ်လိုက်ဖို့ ကြိုးစားပါတော့တယ်။ လူ့ရဲ့ ဗီဇကိုက ရင်ဆိုင်မလား ထွက်ပြေးမလားပဲလေ။ ဒါကို ချီတက် (သို့မဟုတ်) ဆုတ်ခွာ တုန့်ပြန်မှုလို့ ခေါ်ပါတယ်။ များသောအားဖြင့်တော့ ကျွန်မတို့က အခြေအနေတွေကို ရှောင်ပုန်းပြီး တခြား ကိစ္စတွေ အစားထိုးဖန်တီးပြီး မေ့မေ့ပျောက်ပျောက် နေလိုက်ကြတာများတယ်။ အလုပ်များများလုပ်နေလိုက်တာမျိုး၊ လုပ်စရာကိစ္စတွေ ဖန်တီးပြီး လျှောက်လုပ်နေတာမျိုးပေါ့။ ကျွန်မလည်း အဲ့လိုမျိူး အရမ်းလုပ်ဖြစ်တယ်။ အလုပ်လုပ်နေသမျှ၊ ကိုယ့်ကိုယ်ကိုယ် ကောင်းတဲ့အရာတွေနဲ့ အာရုံလွှဲပြီးနေနေသမျှ လူမှုရေးနယ်ပယ်မှာ လက်ခံနိုင်တဲ့ အပြုအမူ၊ အာရုံလွှဲတဲ့ပုံစံပါ။

ဒါပေမဲ့ တစ်ခုရှိတာက ခက်ခဲတဲ့အရာတွေကို မဖြေရှင်းဘူးဆိုရင်၊ မကောင်းတဲ့ စိတ်ခံစားချက်တွေ၊ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေ၊ စိတ်ထိခိုက်မှုတွေကို ရင်ဆိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် အခွင့်မပေးဘူးဆိုရင် ဘာဖြစ်လာမလဲဆိုတော့ အဲ့ခံစားချက်တွေအားလုံးက ဖိနှိပ်ခံရတဲ့ အခြေအနေကို ရောက်သွားတယ်။ ဖိနှိပ်လေလေ အချိန်ကိုက်ဗုံးတစ်လုံး ဖြစ်လာလေပဲ။ မြင်သာလာလိမ့်မယ်၊ ပေါ်လာလိမ့်မယ်၊ တစ်နေ့မှာ ပေါက်ကွဲထွက်လိမ့်မယ်။ ဘဝမှာ ဖြစ်ပျက်နေတာတွေ အားလုံးနဲ့ ကိုယ့်ပတ်ဝန်းကျင်က အရာအားလုံးက ကိုယ့်ကို တုန်ပြန်ချက်တွေ ပေးနေတယ်ဆိုတာ သိထားပါ။

ကျွန်မတို့အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ပေါ်မှာ လုံးဝဥဿုံ ရိုးသားဖို့နဲ့ ကိုယ်ရင်မဆိုင်ချင်တဲ့ အရာတွေကို ရင်ဆိုင်နိုင်ဖို့ရာ အရမ်းအရမ်း အရေးကြီးပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်မတို့ရင်မဆိုင်ချင်တဲ့ အရာတွေကို ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်က အထူးသဖြင့် ကိုယ့်နက်နက်နဲနဲ တွေးမိတဲ့အခါ ဖြစ်လာတဲ့ ခံစားချက်တွေကိုပေါ့.. အဲ့လိုအချိန်က အပြောင်းအလဲ ဖြစ်တဲ့အချိန်ပဲ။

“အောင်မြင်မှုက စိတ်စွမ်းအားကနေ ဖြစ်လာတာ” ဆိုတာမျိုး ကြားဖူးမှာပေါ့။ ဒါက ကိုယ့်စိတ်ထဲကို ပြန်ဝင်ကြည့်ပြီး အတွင်းသဏ္ဍာန်ကို သေချာပြန်သုံးသပ်တာပဲ။ ဘာတွေက ကိုယ့်ကို ဖိစီးစေတဲ့အရာတွေလဲ။ ဘာတွေက တုန့်နှေးနေစေတာလဲ။

အဆိုးဆိုးရန်သူတွေ၊ စိန်ခေါ်မှုအများဆုံး အတွေ့အကြုံတွေ၊ အခက်အခဲဆုံး အခြေအနေတွေက ကိုယ့်ကိုကောင်းကောင်းကြီး ပညာပေးတဲ့ ဆရာကြီးတွေပဲ။ အဲ့အချိန်တွေက ကိုယ့်ဘဝကို မှောက်ခုံဇောက်ထိုးဖြစ်အောင် လုပ်နိုင်တဲ့ အခရာကျတဲ့ အချိန်တွေပါ။ အဲ့အချိန်တွေက နစ်နာသူပုံစံနဲ့ နေမလား စင်ပေါ်က လက်မထောင်မလားဆိုတာကို ရွေးရမယ့် တကယ့်အချိန်ပါပဲ။

အလုပ်အဖြစ်တဲ့ အခြေအနေတစ်ခုလောက် စဉ်းစားကြည့်ပါ။ ဘဝမှာ လက်ရှိ ကိုယ့်ကို စိန်ခေါ်နေတဲ့၊ စိတ်ပျက်အောင်လုပ်တဲ့၊ တကယ်ကို ဖိစီးနှိပ်စက်နေတဲ့ အခြေအနေတစ်ခု ဒါမှမဟုတ် အချိန်တစ်ခုလောက် စဉ်းစားကြည့်ပါ။ ကိုယ့်ကို သင်ခန်းစာတစ်ခုခု ပေးမှာဖြစ်လို့ စိတ်ခံစားမှုအမြင့်ဆုံးရှိတဲ့ အခြေအနေကို ရွေးစေချင်ပါတယ်။ ရွေးလို့ပြီးပြီဆိုရင်တော့ အဲ့ဟာကို ချရေးလိုက်ပါ။ ပြီးရင် အရိုးသားဆုံး ဖြေပေးပါ။ မိဘတွေကြောင့်၊ စီးပွားဖက်ကြောင့်၊ သားသမီးတွေကြောင့်၊ လမ်းပိတ်တာကြောင့် ဒေါသထွက်လာတဲ့အခါ “ငါဘာလို့ ဒေါသထွက်နေရတာလဲ” “ဒီအခြေအနေက ငါကို ဘာတွေသင်ပေးနေတာလဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။ ဒီမေးခွန်းနှစ်ခုက ကိုယ့်အကြောင်းကို ပြောပြနေလို့ အရမ်းအရေးကြီးပါတယ်။ ကိုယ်ဘာကြောင့် စိတ်ဖိစီးနေရလဲ၊ ဘာတွေ သင်ပေးလိုက်လဲဆိုတာကို သိတာနဲ့ စိတ်ထဲအရမ်းရှင်းလင်းသွားပြီးတော့ ဘာလို့ဒီလိုတွေဖြစ်နေရတာလဲဆိုတာကို ခေါင်းထဲမှာ တန်းစီပြီး ပေါ်လာတာကို သတိထားမိပါလိမ့်မယ်။

ဥပမာပြောရရင် သွားတိုက်ဆေးဘူးကို ဘယ်နားကညှစ်လို့ဆိုတာနဲ့ ပတ်သက်ပြီး စုံတွဲတွေ စကားများကြတယ်ဆိုတာမျိုး ခဏခဏကြားရပါတယ်။ အပေါ်နားကနေ ညှစ်တာလား၊ အောက်ပိုင်းကပဲ ညှစ်တာလားနဲ့ ရန်ဖြစ်ကြတာပေါ့။ အိမ်သာခွက်ကို ချခဲ့လား။ တင်ခဲ့လားနဲ့လည်း ဖြစ်ကြတာပဲ။ ဒါပေမဲ့ အဲ့ဒါက တကယ့်ပြဿနာကြီးလား။ မဟုတ်ဘူးနော်။

အိမ်သာခွက် အပေါ်တင်လို့၊ အောက်ချလို့၊ သွားတိုက်ဆေးဘူးကို အောက်နားက ညှစ်လို့ အပေါ်ပိုင်းကညှစ်လို့ဆိုပြီး ဒေါသထွက်တဲ့လူတွေက များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်တဲ့ ပြဿနာရှိတတ်တယ်။ ဒါက ဥပမာပဲရှိသေးတာ။ ဒါက သူဘဝမှာ အခြေအနေအချို့ကို ထိန်းချုပ်တဲ့ပုံစံပဲ။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ သူမထိန်းချုပ်နိုင်တဲ့ အပိုင်းတွေရှိတယ်လို့ ခံစားရလို့ပဲ။ ဆိုတော့ သူထိန်းနိုင်တဲ့အပိုင်း မှန်သမျှကို ထိန်းချုပ်မှာပဲ။ သူထိန်းနိုင်တယ်ထင်တဲ့ အပိုင်းကို မထိန်းထားနိုင်ဘူးဆိုရင် တော်တော် စိတ်ပျက်လာမယ်၊ ဒေါသထွက်လာမယ်။ ဒါမျိုးက လူတော်တော်များများ ကြုံနေရတဲ့ ဇာတ်လမ်းတစ်ခုလောက်ပဲ။

ကိုယ့်ကို ဒေါသဖြစ်အောင်လုပ်တဲ့ အခြေအနေတိုင်း၊ ကိုယ့်စိတ်ကို ထောင်းခနဲ ဖြစ်သွားစေတဲ့ အခြေအနေတိုင်း၊ စိတ်ပျက်အောင် စိတ်ရှုပ်အောင် လုပ်တဲ့ အခြေအနေတိုင်းမှာ ဖြစ်နိုင်ချေအရှိဆုံးက အရင်အချိန်တွေတုန်းက ရင်မဆိုင်ချင်လို့ မခံစားဖြစ်၊ မဖြေရှင်းဖြစ်ဘဲ ဖိနှိပ်ခံထားရတဲ့ ခံစားချက်တွေ ပြဿနာတွေက ကိုယ်တိုင်တောင် သတိမထားမိဘဲ ခေါင်းထဲမှာ ရုပ်ရှင်လို တစ်ကွက်ပြီး တစ်ကွက် ပေါ်လာလိမ့်မယ်။ အဲ့ဒါကြောင့် ကျွန်မတို့အတွက်အရေးအကြီးဆုံးက သတိမလွတ်သွားဖို့နဲ့ အခြေအနေတွေကို ဖမ်းဆုပ်ထားနိုင်ဖို့လို့ ကျွန်မပြောခဲ့တာ။ ဒီမေးခွန်းတွေကို ဖြေပြီးတဲ့အချိန်ကျရင် ငါ့ခေါင်းထဲမှာ ပေါ်နေတဲ့အကြောင်းအရာ၊ ပြနေတဲ့ ရုပ်ရှင်က ဘာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ ပြီးရင် ကိုယ့်ဇာတ်လမ်းကိုယ် ရအောင် ဆွဲထုတ်ပါ။ ဒါက story တွေကို အမှန်တကယ် စ သတိထားမိဖို့နဲ့ ကိုယ်အရင်က သေချာမစဉ်းစားမိခဲ့တဲ့ အကြောင်းအရာတွေ၊ နယ်ပယ်တွေကို စသတိထားမိတဲ့ အခွင့်အရေးကို ယူနိုင်ဖို့ ပထမဆုံး ခြေလှမ်းပါပဲ။

XO,

Arabelle