
BHP48 - Solo
If you were to change anything in your life, what would you change? What are you not happy about? What isn’t in alignment with you? What if I told you that, YOU CAN.
Yes. You heard me right. You can. You can change your life. You can choose to do what makes you happy. Because when you change, everything around you changes.
Everything is created within.
When you do the inner work and embody that, you live in the now. You create clear actions and you deliberately create your future.
So if there’s anything you want to change in your life, what is it? Let me know in the comments.
Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.
ကျွန်မတို့တွေ တစ်ဦးနဲ့ တစ်ဦး ဘယ်လိုမျိုး ဆက်နွှယ်နေလဲဆိုတာ ပြောပြသွားမှာ ဖြစ်ပါတယ်။ ကိုယ်ဟာ မိခင်တစ်ဦးပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းတစ်ခု အစပျိုးချင်တာပဲဖြစ်ဖြစ်၊ ၉ နာရီ ကနေ ၅ နာရီ ရုံးချိန်အတွင်း အလုပ်လုပ်နေရသေးသူပဲဖြစ်ဖြစ် အလုပ်တစ်ခုခု လုပ်ပြီဆိုတာနဲ့ ရေလှိုင်းငယ်လေးတွေသဖွယ် စတင် ဖြန့်ကြက်သက်ရောက်စေမှာ ဖြစ်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအများကြီးအပေါ် သက်ရောက်မှု ရှိလာမှာ ဖြစ်တယ်။ အဲဒါက ကိုယ့်ကို ပိုပြီး စိတ်ကျေနပ်စေလိမ့်မယ်။ တစ်ခုရှိတာက အလုပ်တစ်ခုကို စလုပ်ပြီဆိုတာနဲ့ ကျွန်မ နှိုင်းယှဉ်ကြည့်လေ့ရှိတဲ့ အချက်တစ်ခု ရှိတယ်။ ကွန်ပျူတာလေယာဉ်မောင်းဂိမ်းတွေဆော့ပြီး လေ့ကျင့်တဲ့ လေယာဉ်မှူးမောင်းတဲ့ လေယာဉ်ကို စီးမလား။ ဒါမှမဟုတ် နာရီပေါင်း ထောင်ချီ လေ့ကျင့်သင်ကြားထားတဲ့ လေယာဉ်မှူးမောင်းတဲ့ လေယာဉ်ကို စီးမလား။ ဒါကြောင့် ဘာကိုပဲ လေ့လာလေ့လာ ကျွန်မတို့ နားထောင်မယ့်၊ သင်ယူမယ့် သူဟာ လက်တွေ့လုပ်ဆောင်ဖူးတဲ့သူဖြစ်ကြောင်း စစ်ဆေးဖို့ လိုပါတယ်။
အခုကျွန်မပြောသမျှကို မေးခွန်းထုတ်ပါ။ ဒါပေမဲ့ ကျွန်မ တကယ်လုပ်ဆောင်ခဲ့တဲ့အရာတွေကို ရှင်းပြဖို့အတွက် ဘဝတစ်သက်တာမှာ လုပ်ကိုင်ခဲ့တဲ့ အလုပ်တွေနဲ့ ထဲထဲဝင်ဝင် လုပ်ဆောင်ခဲ့တဲ့ အရာတွေ ရှိတယ်။ ဘဝတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့ စိန်ခေါ်မှုတွေနဲ့ အဲစိန်ခေါ်မှုတွေကနေ ဘယ်လိုသင်ယူခဲ့ပြီး ဘယ်လို နာလန်ထူခဲ့လဲဆိုတာတွေ ပြောပြစရာ ရှိပါတယ်။ ဒါပေမဲ့ ကျွန်မက ဒါတွေကို ပြောပြဖို့ ဘာကြောင့် အရည်အချင်းပြည့်မီတာလဲ။ ကျွန်မက ဆရာတစ်ဆူလား။ မဟုတ်ပါဘူး။ ကျွန်မမှာ အဖြေအားလုံး ရှိသလား။ လုံးဝ မရှိပါဘူး။ အဖြေတိုင်းကို မသိပါဘူး။ ကျွန်မ မျှဝေပေးနေသမျှဟာ အမှန်တကယ် ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး ကိုယ်တိုင်လေ့လာခဲ့ရတာတွေပဲ ဖြစ်ပါတယ်။
ကျွန်မဘဝမှာ ကြီးပြင်းလာစဉ်တစ်လျှောက် ဘဝနေထိုင်နည်း၊ လူမှုအဖွဲ့အစည်းတွင်း နေထိုင်နည်းတွေကို သင်ယူခဲ့ရတယ်။ အခုသတိထားမိတာကတော့ နေရာတိုင်းလိုလိုမှာပေါ့။ ဒါပေမဲ့ ကိုယ့်ဘဝမှာ အောင်မြင်ဖို့ ဂုဏ်ဒြပ်၊ နာမည် နဲ့ ငွေကြေးက အရမ်းအရေးကြီးတယ်လို့ သင်ယူခဲ့ရတယ်။ အဲဒါတွေက အရမ်းအရေးကြီးတဲ့ အရာတွေပေါ့။ ကျွန်မကတော့ ကြီးပြင်းလာစဉ်တစ်လျှောက် အဲလို နားလည်ခဲ့တယ်။ အဲဒါကြောင့် အောင်မြင်ပေါက်ရောက်ခဲ့တယ်။ အခုလည်း အောင်မြင်နေတယ်လို့ ယူဆတယ်။ ကျောင်းတက်တယ်။ တက္ကသိုလ်တက်တယ်။ ဘွဲ့တွေ အများကြီးရတယ်။ တစ်ဘွဲ့ မဟုတ်ဘူး။ နှစ်ဘွဲ့မဟုတ်ဘူး။ သုံးဘွဲ့ရခဲ့တယ်။ ဆေးကျောင်းမီပေမဲ့ မတက်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ စီးပွားရေးလုပ်ငန်းတစ်ခု စပြီး လုပ်ချင်လို့ပါ။ ကျွန်မက အမြဲ စွန့်ဦးတီထွင်လေ့ရှိတယ်။ ဂုဏ်ဒြပ်၊ ငွေကြေး၊ နာမည်နဲ့ အဲလိုမျိုး အရာတွေအားလုံး ရရှိဖို့ အသက်မွေးဝမ်းကျောင်းကို စပြီး တစ်စိုက်မတ်မတ် လုပ်ခဲ့တယ်။ ပြီးတော့ ကျွန်မအမြဲတောင့်တတဲ့ ဝင်ငွေတစ်ခု ရတဲ့အထိ တကယ် ဖြစ်မြောက်ခဲ့တယ်။ လုပ်ချင်တာတွေ လုပ်ခွင့်ရတဲ့ ဘဝမှာ နေထိုင်ခဲ့ရတယ်။ ဒါပေမဲ့ မသိလိုက်ခင်မှာပဲ မတော်တဆမှု လေးခု ဆက်တိုက် ဖြစ်ပါလေရော။
အဲလို မတော်တဆမှုတွေ ဆက်တိုက်လည်းဖြစ်ရော သတိဝင်စရာ ဖြစ်လာတယ်။ ကျွန်မဘဝက ဟန်ချက်မညီဖြစ်နေပါလားဆိုတာ သတိဝင်သွားတယ်။ အဲဒီနှစ်တွေတစ်လျှောက်လုံး soul လို့ပဲခေါ်ခေါ် heart လို့ပဲခေါ်ခေါ် universe လို့ပဲခေါ်ခေါ် ကျွန်မရဲ့ spirit နဲ့ soul ကနေ “ Arabelle ရေ၊ မင်းလျှောက်တဲ့ လမ်းကြောင်း မှားနေတယ်”၊ “Arabelle ရေ၊ မင်းဦးတည်ရာလွဲနေတယ်”၊ “Arabelle ရေ သတိဝင်တော့” ဆိုပြီး လှုပ်နိုးနေတာပါ။ ဒါပေမဲ့ ကျွန်မ နားမထောင်ခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်စိတ်တွင်းက ပြောနေတဲ့ အသံထက် အခြားပြင်ပက ဆူညံသံတွေကို နားထောင်နေခဲ့တာပါ။ အဲဒီ မတော်တဆမှုတွေ ဖြစ်လာတော့ ကျွန်မကိုယ်တိုင်ကြောင့်ပဲ အဲလိုတွေ ဖြစ်တယ်ဆိုတာ သဘောပေါက်မိတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ဘဝမှာ ဖြစ်ပျက်သမျှ အရာအားလုံး၊ စိန်ခေါ်မှုအများဆုံး၊ အခက်ခဲဆုံးလို့ ထင်ရတဲ့ အရာတွေကိုတောင်မှ ကိုယ်က manifest (ဆွဲငင်) လုပ်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်မဘဝမှာ မတော်တဆမှုတွေဖြစ်ရာကနေ သတိဝင်သွားဖို့ ကျွန်မကပဲ manifest (ဆွဲငင်) ခဲ့တာ ဖြစ်ပါတယ်။
အဲဒါက ကျွန်မရဲ့ higher self (မသိစိတ်စေ့ဆော်မှု) လို့ ဆိုနိုင်ပါတယ်။ Universe ဒါမှမဟုတ် God လို့ ခေါ်နိုင်ပါတယ်။ ကျွန်မကို လှုပ်နိုးခဲ့တာ ကျွန်မရဲ့ Soul ဒါမှမဟုတ် Spirit လို့ ခေါ်နိုင်ပါတယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဒီမေးခွန်းတွေ မေးခဲ့ပါတယ်။
၁။ ပျော်ရဲ့လား။ တကယ်ပျော်ရဲ့လား။
၂။ ကိုယ့်ရဲ့ ရည်ရွယ်ချက်၊ စေ့ဆော်မှု၊ လက်ရှိ ဒီကမ္ဘာမြေပေါ်မှာ နေထိုင်နေရတဲ့ အကြောင်းအရင်းနဲ့ ကိုက်ညီတဲ့ ဘဝမှာ နေထိုင်နေရဲ့လား။
၃။ ကိုယ့်ဘဝမှာ အဲဒီ အဓိပ္ပာယ် နဲ့ လိုအင်ဆန္ဒပြည့်ဝမှုကို ဘယ်လိုစပြီး ခံစားနိုင်မလဲ။
အဖြေက အရမ်းရိုးစင်းပါတယ်။ အဲဒီအရာက လူတွေအများကြီးနဲ့ လုပ်ဆောင်ရမယ့် အရာတစ်ခုဖြစ်မယ်ဆိုတာ သိရှိခဲ့တယ်။ အဲဒါကြောင့် အသက် ၁၂ နှစ်အရွယ်က ပထမဦးဆုံး ဖတ်ခဲ့တဲ့စာအုပ်ဟာ စိတ်ပညာစာအုပ် ဖြစ်ပါတယ်။ စိတ်ပညာ၊ ဒဿနိကဗေဒ၊ တစ်ကိုယ်ရေ ဖွံ့ဖြိုးတိုးတက်ရေးတို့ဟာ ငယ်ငယ်လေးထဲက စိတ်ဝင်စားခဲ့တဲ့ အရာတွေ ဖြစ်ပါတယ်။ တဖြည်းဖြည်းနဲ့ စိတ်ကုထုံးပညာရှင်တစ်ယောက် ဖြစ်လာတဲ့အခါမှာ စိုးရိမ်မှု၊ စိတ်ဓာတ်ကျမှု၊ ယုံကြည်မှုလိုမျိုး နယ်ပယ်တွေမှာ လူတွေနဲ့ စတင် အလုပ်လုပ်ခဲ့တယ်။ ဒီကုသမှုနည်းလမ်းဟာ ကောင်းမွန်ပေမဲ့ ဟာကွက်တွေ အများကြီး ရှိနေတယ်ဆိုတာ စပြီး သိလာတယ်။ အဲဒါကြောင့် လမ်းညွှန်ကူညီပေးသူတွေ၊ နည်းပြတွေ နဲ့ သင်တန်းတွေကို စပြီး ရှာဖွေခဲ့တယ်။ အခု ကျွန်မကို လမ်းညွှန်ကူညီပေးသူတွေထဲမှာ ဘူမိသိပ္ပံပညာရှင်တွေ၊ အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေ၊ လူ့အမူအကျင့်ဆိုင်ရာ သိပ္ပံပညာရှင်တွေ နဲ့ ကြီးပွားတိုးတက်ရေးနည်းပြတွေ ပါဝင်ပါတယ်။ လူတိုင်းမှာ လောင်းရိပ်မိနေတဲ့ နယ်ပယ်တွေ ရှိသလို ကျွန်မမှာလည်း ရှိပါတယ်။ အဲဒီ နယ်ပယ်တွေကို အမှန်တကယ် စတင် လေ့လာဖို့၊ ဝင်ရောက်ဖို့ အဲလို လူမျိုးတွေနဲ့ နီးစပ်အောင် စပြီး လုပ်ဆောင်ခဲ့ပါတယ်။
မတူညီတဲ့သူတစ်ယောက်အဖြစ် စတင် ပြောင်းလဲနိုင်ဖို့က ကိုယ့်ရဲ့ မသိစိတ်အတွင်းမှာ နက်နက်ရှိုင်းရှိုင်း တည်ရှိနေတဲ့ နယ်ပယ်တွေကို ဝင်ရောက်လိုစိတ် ရှိဖို့က အဓိကပါပဲ။ အဲဒီအရာတွေ အားလုံးကို စပြီး လုပ်ဆောင်ခဲ့တယ်။ အမေဇုန်တောနက်ထဲကို သွားခဲ့တယ်။ နတ်ဆရာတွေနဲ့ နေထိုင်ခဲ့တယ်။ စိတ်ဝိဉာဉ်ဆိုင်ရာ ခေါင်းဆောင်တွေနဲ့ နေထိုင်ခဲ့တယ်။ နည်းပြတွေ၊ လမ်းညွှန်ကူညီပေးသူတွေနဲ့ နေထိုင်ခဲ့တယ်။ အဲလို လူတွေနဲ့ နေထိုင်ခဲ့ပြီး ပြောရရင် ကျွန်မက အားလုံးကို ပေါင်းစပ်သင်ယူသူပေါ့။ လေ့လာတယ်။ အပြင်ထွက်တယ်။ လက်တွေ့အတွေ့အကြုံယူတယ်။ သေလုမြောပါးဖြစ်တာတွေလည်း ရှိခဲ့ပြီး အသိပြန်လည်လာတိုင်း ကမ္ဘာကြီးကို ကွဲပြားတဲ့ အမြင်တစ်ခုနဲ့ မြင်စေပါတယ်။ အဲဒါက လက်ရှိ ကျွန်မ လုပ်နေတာပါပဲ။
စိတ်ကုထုံး၊ နည်းပြ၊ ကျွန်မ သင်ယူခဲ့ရတဲ့ သင်တန်းတွေက အဓိက မဟုတ်ပါဘူး။ ကိုယ့်အနာဂတ်ကို လိုလိုလားလား တည်ဆောက်တာ၊ လိုလိုလားလားနဲ့ ပစ္စုပ္ပန်တည့်တည့်ရှုတာ၊ ပြတ်သားတဲ့ လုပ်ဆောင်မှုတွေကို လိုလိုလားလား ဆောင်ရွက်တာ၊ ကိုယ့်ခေါင်းထဲမှာ လိုလိုလားလား တွေးခေါ်တာတွေဟာ အဓိကပါပဲ။ ဘာလို့လဲဆိုတော့ အရာအားလုံးဟာ ကိုယ့်စိတ်ကနေ အခြေတည်ပြီး ဖြစ်ပေါ်လာတာမို့လို့ပါ။ အဲဒါ ကျွန်မလုပ်ဆောင်တဲ့ အရာတွေပါပဲ။ ကျွန်မအနေနဲ့ အမှန်အတိုင်း ဖွင့်ဟပြီး တကယ့်ကို ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသားနဲ့ ချိတ်ဆက်၊ ပံ့ပိုးပေးဖို့ အဓိကထားပါတယ်။ လူတိုင်းဟာ ဘဝမှာ မတူညီတဲ့ အဆင့်တွေ၊ အခြေအနေတွေ ရှိကြပါတယ်။
အခု ဒီမှာ ကျွန်မ မျှဝေပေးနေတဲ့ အကြောင်းအရာတိုင်းက ကျွန်မရဲ့ client တွေကို မျှဝေပေးတာတွေပါပဲ။ ကျွန်မရဲ့ client တွေရဲ့ ဘဝနဲ့ လုပ်ငန်းမှာ အများကြီး တိုးတက်လာတာ၊ အရှိန်အဟုန်အားကောင်းလာတာ တွေ့ရပါတယ်။ အမှန်တရားကို ပြောပြနေတာ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ တကယ်လက်တွေ့ ကြိုးစားအားထုတ်ပြီး ပြောင်းလဲလာတာဖြစ်တဲ့အတွက် ကိုယ်တိုင်ကျင့်သုံးတယ်။ ကိုယ်တိုင်ကျင့်သုံးပြီး client တွေနဲ့ တွေ့ဆုံ အလုပ်လုပ်တဲ့အတွက် သူတို့ရဲ့ ပြောင်းလဲမှုတွေ အရမ်းမြန်ဆန်ပါတယ်။ အဲဒါကြောင့် ကိုယ်က လုပ်ငန်းလုပ်နေသူတစ်ယောက်ပဲဖြစ်ဖြစ် မိခင်တစ်ယောက်ပဲ ဖြစ်ဖြစ် ဆရာတစ်ယောက်ပဲဖြစ်ဖြစ် ဘယ်လိုလူမျိုးပဲ ဖြစ်ပါစေ ကိုယ့်ကိုယ်ကိုယ် စပြီး ပြောင်းလဲတဲ့အခါမှာ ရေလှိုင်းငယ်လေးတွေသဖွယ် ဖြန့်ကြက်သက်ရောက်လာတာကို တွေ့လာရပါလိမ့်မယ်။ ယုံပါ။ ကျွန်မ ကတိပေးပါတယ်။
XO,
Arabelle