
BHP48 - Solo
You know you’re capable of reaching your dreams. You have your goals set out. You have a roadmap to your dream life. Yet, you are nowhere near your goal. What could have gone wrong?
In this episode, you’ll find out the 5 most common traps that block your potential, your purpose, and your dreams from turning to reality.
Sometimes what keeps you from moving forward is within you. It’s a matter of understanding what your values are, what gives you that fire in your belly, and linking that to areas in your life so that you can take inspired actions from within you.
Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.
Hey there!
ကျွန်မရဲ့ လုပ်ငန်းနယ်ပယ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီမှာ တွေ့မြင်လေ့ရှိတဲ့ လုပ်ငန်းခွင်က ပြဿနာ (၅) ခုကို ပြောပြချင်ပါတယ်။ အဲ့ဒါတွေက ဘာလဲဆိုတော့-
၁။ ပြတ်သားမှု မရှိခြင်း
လူတော်တော်များများဆီမှာ တွေ့ရတဲ့ ပထမဦးဆုံး ပြဿနာက ဘဝမှာ ဘယ်အရာကို မလိုချင်ဘူးလဲဆိုတာ အားလုံးသိကြတယ်။ ကိုယ့်ဆီမှာ ရှိနေတဲ့ မကောင်းတဲ့အတွေးတွေ၊ ကိုယ် ရောက်နေတဲ့ အခြေအနေ၊ ကိုယ်ဘာကို မလိုချင်ဘူးလဲဆိုတာ အားလုံးသိကြတယ်။ မေးခွန်းက အရမ်းရိုးစင်းပါတယ်။ ဒါပေမဲ့ တစ်ခါတစ်လေမှာ ဖြေရခက်နေတတ်ကြတယ်။ အဲဒါက ပထမဦးဆုံး ပြဿနာဖြစ်တဲ့ ပြတ်သားမှု မရှိတာပါပဲ။ အဲလိုဖြစ်နေလို့လည်း ကိစ္စမရှိပါဘူးနော်။ တစ်ခါတစ်လေမှာ အဖြေရှာမရတာမျိုး ရှိတတ်တယ်ဆိုတာ လက်ခံဖို့က ဦးဆုံးအချက်ပါပဲ။ တစ်ခါတစ်လေမှာ ပြတ်သားမှု မရှိကြဘူး။ ရှေ့ဆက်လျှောက်ဖို့ ပြတ်သားမှု မရှိတာမျိုးပေါ့။
၂။ အရာအားလုံးဟာ ကိုယ့်စိတ်တွင်းသန္တာန်ကနေ ဖြစ်လာတယ်ဆိုတာ နားမလည်ခြင်း
ဒုတိယပြဿနာက အောင်မြင်မှု၊ လွတ်လပ်မှု၊ ဆက်ဆံရေး၊ အိပ်မက်တွေ၊ အံ့ဖွယ်အဖြစ်အပျက်တွေ၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း၊ အမြတ်အစွန်းများတဲ့ စီးပွားရေးလုပ်ငန်း၊ ဘဝကို ဟန်ချက်ညီညီ ဖြတ်သန်းတာစတဲ့ အရာအားလုံးကို ပြည့်ပြည့်ဝဝ နားမလည်တာ ဖြစ်ပါတယ်။ အရာအားလုံးပါပဲ။ ကျွန်မတို့ရဲ့ လက်တွေ့ဖြစ်ရပ်တွေဟာ စိတ်တွင်းသန္တာန်ကြောင့် ဖြစ်လာတာပါ။ အဲဒါကို တကယ် နားလည်သွားပြီဆိုရင် ပြီးပါပြီ။ အဲဒါက တစ်ဆစ်ချိုး ပြောင်းလဲစေပါတယ်။
ပြီးတော့ ကိုယ့်စိတ်တွင်းသန္တာန်ကနေ ပေါက်ဖွားလာအောင် ဘယ်လိုလုပ်ရမလဲ ။ အဲဒါက ပြဿနာ # ၂ ပါ။
၃။ ထပ်တူမကျတဲ့ ပန်းတိုင်တွေ ချမှတ်ခြင်း
တတိယအချက်က လူတော်တော်များများက ပန်းတိုင်တွေ သတ်မှတ်လေ့ရှိကြတယ်။ ပန်းတိုင်တွေ သတ်မှတ်ရာမှာ ကြုံရတဲ့ ပြဿနာက New Year’s resolution ဆိုတာ ကြားဖူးကြတယ်လေ။ လူတွေက နှစ်သစ်မှာ resolutions တွေ ချကြပေမဲ့ တကယ် ပြီးမြောက်အောင် မလုပ်ကြဘူး။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ အဲလို resoulutions တွေချသင့်သင့်တယ်လို့ ထင်ကြလို့ပါပဲ။ ဘာလို့ “အဲ့လို resolutions တွေချသင့်လဲ” ဆိုတဲ့ဟာက ကျွန်မတို့ရဲ့ စွမ်းရည်၊ အင်အားနဲ့ ထုတ်ဖော်ပြသမှုတွေကို ပြည့်ပြည့်ဝဝ အသုံးချဖို့ အဟန့်အတား ဖြစ်စေပါတယ်။
ကိုယ့်မှာ ရှိသင့်တယ်လို့ထင်တဲ့ ပန်းတိုင်တွေကို သတ်မှတ်တတ်ကြပေမဲ့ တစ်ချိန်တည်းမှာပဲ ဘဝမှာ သွားရမယ့် ဦးတည်ရာကို ရှာဖွေဖို့ ကိုယ့်စိတ်အထဲကို ပြန်မကြည့်တတ်ကြဘူး။ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းကို ဘယ်ကို ဦးတည်ဖို့ လိုမလဲ။ အဲဒီဦးတည်ရာကို ဈေးကွက်၊ မိသားစု၊ လူမှုအဖွဲ့အစည်း၊ စံပြပုဂ္ဂိုလ်၊ ဆရာတွေက သတ်မှတ်တာ မဟုတ်ပါဘူး။ အဲဒီဦးတည်ရာကို ကိုယ့်ရဲ့ Soul က သတ်မှတ်တာ ဖြစ်ပါတယ်။ ကျွန်မကတော့ Soul လို့ခေါ်ပါတယ်။ နှလုံးသားလို့လည်း ခေါ်နိုင်ပါတယ်။ ဘယ်လိုပဲခေါ်ခေါ် အတူတူပါပဲ။
ပြဿနာကဘာလဲဆိုတော့ လူတော်တော်များများက ကိုယ့်နှလုံးသား ဒါမှမဟုတ် ကိုယ့် Soul နဲ့ ထပ်တူမကျတဲ့ ပန်းတိုင်တွေကို သတ်မှတ်နေကြတာပါပဲ။ ကိုယ့် Soul က လမ်းပြတဲ့ ဦးတည်ရာတွေဆီကို မသွားကြဘူး။ ဒါပေမဲ့ ကိုယ့်နှလုံးသားကလာတဲ့ ပန်းတိုင်တွေကို ဘယ်လိုသတ်မှတ်ကြမလဲဆိုတာ ပြောမှာ ဖြစ်ပါတယ်။ အဲဒီဟာက ကိုယ်သတ်မှတ်သင့်တယ်လို့ ထင်တဲ့ ပန်းတိုင်တွေ သတ်မှတ်တာမျိုး မဟုတ်ဘဲ ကိုယ့်ဘဝမှာ မှန်ကန်တဲ့ ဦးတည်ရာဆီ ရောက်အောင် လမ်းပြပေးပါလိမ့်မယ်။ ဒါက ပြဿနာ # ၃ ပေါ့။
၄။ သင့်တော်တဲ့ အားပေးထောက်ခံမှု မရှိခြင်း
အခု ပြဿနာ # ၄ ကို ပြောပါမယ်။ အရေးအကြီးဆုံး အချက်တွေထဲက တစ်ချက်က သင့်တော်တဲ့ အားပေးထောက်ခံမှု မရှိခြင်းပဲ။ အားပေးထောက်ခံမှုလို့ဆိုရာမှာ လူတွေအများကြီး ပါဝင်ပါတယ်။ မိသားစု၊ အိမ်ထောင်ဖက်၊ ချစ်သူကောင်လေး၊ ကောင်မလေး၊ နည်းပြ၊ လမ်းညွှန်ပံ့ပိုးပေးသူ၊ ကိုယ့်အနီးနားက ဒါရိုက်တာဘုတ်အဖွဲ့ဝင်လိုမျိုးသူတွေ ဖြစ်နိုင်ပါတယ်။ အဲဒါက ပြဿနာ #၄ ပါပဲ။
၅။ မှားယွင်းတဲ့ ရင်းမြစ်တွေဆီ သွားမိခြင်း
ပြဿနာ # ၅ က အလုပ်တစ်ခုမှာ လုပ်တာကြာနေပြီဆိုရင်၊ blog post တွေ ဖတ်နေတယ်ဆိုရင်၊ ဟောပြောပွဲတွေသွားနေတယ်ဆိုရင် personal development ဒါမှမဟုတ် self-development ဒါမှမဟုတ် spiritual development နယ်ပယ်ထဲမှာဆိုရင် အများစုက အားတက်စေတဲ့အရာတွေ ဒါမှမဟုတ် အပေါ်ယံအရာတွေဆိုတာ သတိထားလိမ့်မယ်။ အဲဒါတွေက အတိုင်းအတာတစ်ခုအထိ စိတ်အားတက်ကြွစေပါတယ်။ ဒါပေမဲ့ သိကြတဲ့အတိုင်း ကျွန်မ ပွဲတွေ အများကြီး လုပ်ဖူးပါတယ်။ လာတက်တဲ့သူတွေက ထပ်ဖန်တလဲလဲ ပြောကြတာက အဲဒီ သင်တန်းတွေကို သွားပြီး သင်တန်းပြီးသွားတဲ့အခါမှာ နိုးကြားပြီး စိတ်အားတွေ တက်ကြွတယ်လို့ ခံစားရတယ်။ နောက် နှစ်ရက်၊ သုံးရက်၊ လေးရက်လောက် ကြာတဲ့ထိ၊ တစ်ပတ်လောက်ကြာတဲ့ထိ အဲလိုခံစားရတယ်။ ဒါပေမဲ့ အဲဒီနောက်မှာ ဘာအကျိုးထူးမှ မတွေ့ရဘူး။ ဘာလို့လဲဆိုတော့ စူးစိုက်စိမ့်ဝင်တာမျိုး မရှိလို့ပါ။ အကြီးမားဆုံး အကြောင်းပြချက်တွေထဲက တစ်ခုက မျှဝေပေးနေတဲ့သူတွေ တော်တော်များများက သေချာ မလုပ်ကြဘူး။ လောင်းရိပ်မိနေတဲ့ နယ်ပယ်တွေထဲ တိုးဝင်ဖို့၊ သူတို့ရဲ့ စိန်ခေါ်မှုတွေသာမက အားပေးထောက်ခံမှုတွေဆီကို ထဲထဲဝင်ဝင် တိုးဝင်ဖို့ အဲလိုတကယ်လုပ်ရမယ့် အလုပ်ကို မလုပ်ကြဘူး။ ဘာလို့လဲဆိုတော့ ဘဝက ပျော်ရွှင်မှု၊ ချမ်းသာသုခ၊ ပြည့်စုံကြွယ်ဝမှုတွေနဲ့ ပြည့်နေမှာမှ မဟုတ်ဘဲ။ ဘဝမှာ အကောင်းနဲ့ အဆိုး၊ အလင်းနဲ့ အမှောင်၊ အတွင်းနဲ့ အပြင်၊ စိတ်တွင်းနဲ့ စိတ်ပဆိုပြီး ဒွန်တွဲနေပါတယ်။ ရှုထောင့်နှစ်ခုလုံးကို နားလည်ဖို့က အဓိကပါပဲ။ အဲဒီကနေ ရှေ့ဆက်ပြီး အလုပ်လုပ်ဖို့၊ ဟန်ချက်ညီညီ နေထိုင်ဖို့၊ သင်ကြားဖို့၊ မျှဝေဖို့က အရေးကြီးပါတယ်။
ဘာဖြစ်လို့ အရမ်းအရေးကြီးရတာလဲဆိုတော့ ကျွန်မတို့ဟာ သူများရဲ့ တန်ဖိုးတွေနဲ့ သွားပြီး ယှဉ်တတ်ကြလို့ပါပဲ။
ဘာကိုဆိုလိုတာလဲ။
ကြီးပျင်းလာတာနဲ့အမျှ ကိုယ့်အနီးအနားက လူတွေဆီက သင်ယူကြရတယ်။ ကိုယ့်မိသားစု၊ မိဘ၊ အဒေါ်၊ ဦးလေး၊ ဆရာ၊ဆရာမ၊ ကိုယ့်သူငယ်ချင်းရဲ့ မိဘအစရှိတဲ့သူတွေဆီက သင်ယူရနိုင်ပါတယ်။ ကြီးပျင်းလာတဲ့အမျှ အသက်ငါးနှစ်ကနေ စပြီး ရှစ်နှစ်၊ ရှစ်နှစ်ကနေ ဆယ်ကျော်သက်၊ ဆယ်ကျော်သက်ကနေ အခုအရွယ်အထိ တစ်ခြားသူရဲ့ တန်ဖိုးတွေနဲ့ သွားပြီး ယှဉ်မိနေတုန်းပဲ။ ပြဿနာက တစ်ခြားသူရဲ့ တန်ဖိုးတွေနဲ့ သွားယှဉ်မိတဲ့အခါမှာ ကိုယ့်ရဲ့ အမြင့်မားဆုံး တန်ဖိုးတွေနဲ့ အလိုက်သင့်မဖြစ်တော့ဘူး။ အဲဒါကြောင့် တန့်နေတယ်လို့ ခံစားကြရတာပဲ။ စိတ်ဖိစီးနေတယ်လို့ ခံစားကြရတယ်။ ကိုယ့်ဘဝမှာ တစ်ခုခုလိုနေတယ်လို့ ခံစားကြရပါတယ်။
တစ်စုံတစ်ယောက်က ကိုယ့်ထက်တော်တယ်လို့ ခံစားမိတဲ့အချိန်၊ ကိုယ်က အသုံးမကျဘူးလို့ တွေးမိတဲ့အချိန်၊ “သူတို့မှာရှိတာ ငါ့မှာမရှိနိုင်ဘူး” လို့တွေးမိတဲ့ အချိန်မျိုးမှာ ကျွန်မတို့ဟာ မသိစိတ်ကနေ သူတို့ကို ကျောက်တိုင်ပေါ် တင်မိလိုက်တာပဲ။ စိတ်ကူးကြည့်ပါ။ တစ်ယောက်ယောက်ကို ကျောက်တိုင်ပေါ် တင်လိုက်ပြီဆိုရင် မော့ကြည့်နေရပြီလေ။ မော့ကြည့်တဲ့အချိန်မှာ ဘာလုပ်နေမလဲ။ ကိုယ့်ကိုယ်ကိုယ် ချိုးနှိမ်နေတာပဲ။ ကိုယ့်ကိုယ်ကိုယ် သေးငယ်သွားအောင် လုပ်နေတာပဲ။ အဲလိုလုပ်ရပ်ကို မသိစိတ်ကရော၊ သိသိကြီးနဲ့ရော လုပ်နေတယ်ဆိုရင် သူတို့ရဲ့ တန်ဖိုးတွေကို ကိုယ့်ဆီရိုက်သွင်းလိုက်တဲ့အခါ ကိုယ်က လက်ခံမိလိုက်တယ်။ အဲတော့ ကျွန်မတို့ဟာ လုံးဝ ဟန်ချက်မညီတော့ဘူးလို့ ခံစားကြရတယ်။
ကိုယ့်ရဲ့ အမြင့်မားဆုံး တန်ဖိုးတွေကို ဘယ်လို ဖော်ထုတ်မလဲ။ ဘာလို့လဲဆိုတော့ အဲဒါက ကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ဘဝရဲ့ ဦးတည်ရာကို သတ်မှတ်ပေးမှာ ဖြစ်လို့ပါ။ ကိုယ်လက်ရှိဖြစ်နေတာက ဘာလို့ဖြစ်နေလဲဆိုတာ ရှင်းပြပေးမှာ မို့လို့ပါ။ ကိုယ့်မှာ အခုလက်ရှိ ရှိနေတယ်လို့ ထင်ထားတဲ့ တန်ဖိုးတွေ၊ ကိုယ်မှာ ရှိလာမယ်လို့ ထင်ထားတဲ့ တန်ဖိုးတွေဟာ လုံးလုံးလျားလျား ကွဲပြားနေတာကြောင့် အံ့ဩသွားရပါလိမ့်မယ်။ ကျွန်မအနေနဲ့ ဒီဟာကို လူရာပေါင်းများစွာနဲ့ ဆောင်ရွက်ဖူးပါတယ်။
အရေးအကြီးဆုံးအချက်က ကိုယ့်တန်ဖိုးတွေကို နားလည်ဖို့ပါပဲ။ အဲဒါကို နားလည်ပြီဆိုရင် ကိုယ့်စီးပွားရေးလုပ်ငန်း၊ ကိုယ့်ဘဝ၊ ကိုယ်မလုပ်ချင်လို့ အချိန်ဆွဲနေမိတဲ့ အရာတွေနဲ့ ချိတ်ဆက်လို့ ရပါတယ်။ ပြီးတော့အဲဒါက ကိုယ့်စိတ်တွင်းသန္တာန်ကနေပဲ နိုးကြားပေါက်ဖွားလာတာ ဖြစ်ပါတယ်။
ဂရုစိုက်ကြပါ။
Much Love,
Arabelle