BHP40 - Solo

Stepping Out The Habit Of Indecision

  • Listen now:

When you’re at the crossroads, choosing whether to go right or left can be confusing especially when you have to make sacrifices. But, analyzing which decision you should make and spending too much time on not making a decision is what you call sitting on the fence. That sitting on the fence drains your energy because you are holding the energy of both the yes and the no.

Remember, we have to take action. Because if not, our dreams will only remain dreams if we don’t do anything. Be bold. Make a choice. Stay committed to your goal. Sooner or later when you look back, you’ll be thankful you made that decision.

So if you’re someone who’s at the edge of indecision, this episode is for you. Tune in to know how not making a decision affects you and grab some techniques on how you can avoid sitting on the fence.

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

Hey there!

လက်မှတ်ဝယ်ဖို့ စာရင်းကြိုပေးဖို့ပဲဖြစ်ဖြစ်၊ ကိုယ့်တိုးတက်မှုအတွက် တစ်ခုခုရင်းနှီးဖို့ပဲဖြစ်ဖြစ်၊ သင်တန်းတက်ဖို့ပဲဖြစ်ဖြစ်၊ relationship တစ်ခုကို တည်ဆောက်ဖို့ ဒါမှမဟုတ် အဆုံးသတ်လိုက်ဖို့ပဲဖြစ်ဖြစ် ဘဝမှာ တစ်ခုခုကို ဆုံးဖြတ်ရမယ့် ရွေးချယ်မှုလမ်းဆုံကို ကြုံတွေ့ရတိုင်း ဒီနည်းလမ်းလေးကို လုပ်ကြည့်ပါ။

ဘာလုပ်ရမလဲ ဆိုတာကို မပြောခင် .. ကိုယ့်ဘဝရဲ့ စီးပွားရေး၊ အချစ်ရေး၊ အလုပ်အကိုင် စတဲ့ နေရာတွေမှာ အခုလက်ရှိ ရွေးချယ်မှုလမ်းဆုံတစ်ခုခုကို ကြုံနေရ တယ်၊ ဘာဆုံးဖြတ်ရမလဲမသိဘူး ဖြစ်နေတယ်ဆိုရင် အဲဒီအကြောင်း ကျွန်မကို အရင်ပြောပြပါလား။..

အရင်ဦးဆုံး ပြောချင်တဲ့အရာက အင်မတန်အရေးကြီးပါတယ်။ ဘာလဲဆိုတော့ ကိုယ်ရောက်နေတဲ့ နေရာကနေ အနည်းဆုံးတော့ ခဏလောက်ဖြစ်ဖြစ် ရအောင်ထွက်ပြီး လက်ရှိအခြေအနေကို ခြုံငုံပြီး ကြည့်တတ်ဖို့ပါ။ .. ကျွန်မတို့ အနေနဲ့ အခြေအနေတစ်ခုလုံးကို ဒီလိုမျိုး အပေါ််စီးကနေ ခြုံငုံကြည့်နိုင်ဖို့ အရမ်းအရေးကြီးပြီး တစ်ခါတလေမှာ ဒီလိုလုပ်နိုင်ခြင်းက အရမ်းကို နက်နဲပြီး အကျိုးများပါတယ်။ … တခါတလေ ဒါကို ကျွန်မက အင်မတန် ကြီးကျယ်တဲ့ အရာလို့လည်း ခေါ်လေ့ရှိတယ်။ ကျွန်မအတွက်တော့ အဲဒီလိုလုပ်မိတာက ဘဝတစ်ဆစ်ချိုးပဲ။ တစ်ခါတလေ ကျရင် မှန်းချက်နဲ့ နှမ်းထွက် မကိုက်တာကနေပဲ ဘဝမှာ အကောင်းဆုံးတွေဖြစ်လာတတ်တယ်။ တစ်ခါတလေကျတော့ လက်ရှိအချိန်မှာ ကိုယ်မျှော်လင့်ဆန္ဒရှိသလို ဖြစ်မလာတာတွေရှိတတ်ပြီး အခြေအနေအများစုမှာ အဲဒီလို ဖြစ်မလာတာကပဲ ကိုယ့်အတွက်ပိုပြီးကောင်းနေတတ်ပါတယ်။

တစ်ခုခုကို ဝေဖန်ပိုင်းခြားတော့မယ်ဆိုရင် ကျွန်မသုံးတဲ့ နည်းလမ်းတစ်ခုရှိတယ်။ ထားပါတော့ .. အခု ကျွန်မအတ္တက ကျွန်မကို ဒါလုပ်သင့်တယ်၊ ဒါကို ကြောက်သင့်တယ်လို့ပြောတယ်။ ဆိုလိုတာက ဒီကြောက်စိတ်တွေ၊ ကိုယ့်စိတ်တွင်းက ဝေဖန်ချက်တွေကို ကိုယ့်အတ္တကပဲ ဖန်တီးပေးနေတာ။ အတ္တဆိုတာက ကိုယ်မရောက်ဖူးတဲ့နေရာတွေကို သွားရမှာ ကြောက်တတ်တာကိုး။ ဒါကိုက အတ္တရဲ့အလုပ်လေ – ကျွန်မတို့ကို ဒီတစ်နေရာတည်းမှာ လုံးဝအန္တရာယ်ကင်းကင်းနဲ့ နေနိုင်ဖို့ ပြင်ဆင်ပေးထားတာ။ ဒါကို ဆိုးတယ်လို့ ပြောတာမဟုတ်ဘူးနော်၊ သူက သူ့အလုပ်သူလုပ်တာသက်သက်ပဲ။

အဲနေရာမှာ ကျွန်မတို့က ကိုယ့်ပင်ကိုယ်သိစိတ်နဲ့၊ နှလုံးသားနဲ့ ပိုပြီး ချိတ်ဆက်လာနိုင်တယ်ဆိုရင် စပြီး ဝေဖန်ပိုင်းခြားတတ်လာပါလိမ့်မယ်။ အဲဒီအခါကျရင် ကိုယ့်စိတ်ထဲမှာတစ်ချိန်လုံးရှိနေတဲ့ “ဘာလုပ်ရမယ်၊ မလုပ်ရဘူး .. ဘာကို ကြောက်သင့်တယ်၊ ဘာကိုတော့ မကြောက်သင့်ဘူး .. ဘာကိုတော့ ပြောသင့်တယ်၊ ဘာကိုတော့ မပြောသင့်ဘူး” စတဲ့အသံတွေကို ခဏလောက် ဘေးဖယ်ထားပြီး ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်နိုင်လာပါလိမ့်မယ်။ ဒီ ‘သင့်တယ်၊ မသင့်ဘူး’ ဆိုတာတွေကို အခုချိန်မှာ ခဏလောက်မေ့ထားလိုက်ပါ။

ပြီးရင် ကိုယ့်ကိုယ်ကိုယ်မေးရမှာက “ငါ့နှလုံးသားက ဘာပြောလဲ။ ငါ လုပ်သင့်လား။ လုပ်ရမှာလား။ ဒီခြေလှမ်းကိုလှမ်းရမလား” ဆိုတဲ့မေးခွန်းပါပဲ။

ကိုယ့်နှလုံးသားကလာတဲ့ အသံက တိုးတိုးညင်းညင်းလေးဖြစ်သလို တုံ့ပြန်ချိန်ကလည်း အရမ်းမြန်ပါလိမ့်မယ်။ သူက စဉ်းစားမနေဘူး။ .. စဉ်းစားနေပြီ ဆိုရင် ဒါ ကိုယ့်အသိစိတ်က ပြောနေတာပဲ။ .. ကိုယ်ကသာ စဉ်းစားမနေဘူးဆိုရင် ဒီအသံတိုးတိုးလေး ကို ကြားနိုင်လိမ့်မယ်၊ ခံစားနိုင်လိမ့်မယ်။ .. ပြီးတော့ သူက လုပ်မယ်၊ .. မလုပ်ဘူး .. Yes or No ခပ်ရှင်းရှင်းပဲ ပြောတယ်။

ကိုယ်က ဒါကို လေ့ကျင့်လေလေ ကိုယ့်ရဲ့ နှလုံးသားက လာတဲ့ အသံကို ပိုပြီး နားထောင်နိုင်လေလေ ဖြစ်လိမ့်မယ်။ နောက်တော့ ဒါက နှလုံးသားက လာတာလား၊ .. အတ္တ က လာတဲ့ စကားလားဆိုတာကို သေချာ ဝေဖန်ပိုင်းခြားနိုင်လာလိမ့်မယ်။ ကျွန်မ ပြောတာတွေကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်မအတွက်တော့ ခံစားချက်တွေအရမ်းများလာပြီဆိုရင် energy ကို လွှဲပေးလိုက်လို့ရတယ်။ Energy ဆိုတာ ကြိမ်နှုန်းပဲ။ ကိုယ့်ရည်ရွယ်ရင်းဆန္ဒက ဘာပဲဖြစ်ဖြစ် ပြတ်သားခိုင်မာတဲ့စိတ်နဲ့ အချိန်အခိုက်အတန့် အတိအကျမှာ ကြိမ်နှုန်းလွှတ်နိုင်တဲ့အခါ တစ်ဖက်သူက စိတ်ကို လုံလုံလောက်လောက် ဖွင့်ဟထားတဲ့သူဆိုရင် ခံစားသိနိုင်ပါတယ်။ ဒီလို ဝေဖန်ပိုင်းခြားတတ်တဲ့စိတ်ကို ရဖို့ဆိုရင် “ငါ ဒီလိုလုပ်မယ်ဆို နှလုံးသားကဘာပြောမလဲ” ဆိုတဲ့ မေးခွန်းကို ကိုယ့်ကိုယ်ကိုယ်ပြန်မေးပြီး နားထောင်တတ်တဲ့အကျင့်လေးကို စပြီးလုပ်ကြည့်ပါ။

ကိုယ့်ကို အောင်မြင်မှုကြီးကြီးမားမားမရနိုင်အောင် တားဆီးနေတဲ့ အကြီးဆုံး အဟန့်အတားက ဘာလဲ။ ဘာလို့လဲဆိုတော့ အနှစ်ချုပ်လိုက်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ အောင်မြင်မှုကို မရသေးဘူး၊ .. ကိုယ် နှစ်သက်မြတ်နိုးတဲ့ အရာကို မလုပ်ဖြစ်သေးဘူးဆိုရင် ဖြစ်နိုင်ခြေကတော့ ကိုယ်က ခြံစည်းရိုးပေါ် ခွထိုင်မိနေ လို့ ဖြစ်နိုင်ပါတယ်။ ဘာလို့ ဒီလို ခြံစည်းရိုးပေါ် ခွထိုင်နေတာလဲ ဆိုတော့ ဆုံးဖြတ်ချက် မချလို့ပဲပေါ့။

ကျွန်မရဲ့ အလုပ်ကို နောက်တစ်ဆင့် ထပ်မြှင့်မယ်လို့ စဉ်းစားလိုက်တိုင်း ကျွန်မလည်း ရွေးချယ်မှုလမ်းဆုံ နဲ့ကြုံရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။ ကျွန်မအတွက် အကြီးဆုံး အဟန့်အတားက ကြောက်စိတ်ပဲ။ .. ကြောက်စိတ် က ဘာလို့ ရှိသလဲ ဆိုတော့ ကျွန်မတို့က လူတွေလေ။ အရိုးရှင်းဆုံးကြည့်မယ်ဆိုရင် .. လူ့ စိတ်သဘာဝအရ အကြောက်ဆုံးအရာက အပြောင်းအလဲပဲ။ ခြေလှမ်းတစ်ခုခု လှမ်းမယ်ပြင်ရင် … မသိစိတ်က အန္တရာယ်ရှိတယ်လို့ယူဆသတ်မှတ်ပြီး မလှမ်းဖို့အသံပေးနေတာဟာ ကျွန်မတို့အတွက် အဟန့်အတားပဲ။ နောက်တစ်မျိုးက ကိုယ်ကလက်လွှတ်လိုက်ဖို့ မဝံ့ရဲလို့ပဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ခြံစည်းရိုးပေါ် ခွထိုင်နေတယ်လို့ ထင်နေရင် ဒီရိုးရှင်းတဲ့ နည်းလမ်းလေးက အသုံးတည့်မှာပါ။

ဒါကို ကိုယ့်ရဲ့နေ့စဉ်ဘဝမှာ ကျင့်သုံးလို့ရပါတယ်။ လုပ်ကြည့်ပါ။ တကယ်က ကိုယ့်နှလုံးသားနဲ့၊ ပင်ကိုယ်သိစိတ်နဲ့ အချိတ်အဆက်မိအောင် လုပ်တာပါပဲ။

ကျွန်မအလုပ်က လူတွေကို ရဲရဲဝံ့ဝံ့မြင်နိုင်အောင်၊ သူတို့ရင်ထဲကလာတဲ့ အရာတွေ ကို ပွင့်ပွင့်လင်းလင်း ပြောလာနိုင်အောင်၊ သူတို့ကိုဝန်းရံထားတဲ့ တံတိုင်းတွေကို ဖြိုချနိုင်အောင် ကူညီပေးတာပဲ။ ကျွန်မ ခဏခဏပြောဖူးတာ မှတ်မိမယ်လို့ ထင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အန္တရာယ်ကင်းအောင်ဆိုပြီး ကာရံထားတဲ့ ဒီတံတိုင်းတွေက ကိုယ့်ရဲ့ အောင်မြင်မှုကို ရဖို့လမ်းမှာ အတားအဆီး ဖြစ်နေပြန်ရော။ ဘာလို့လဲဆိုတော့ ကျွန်မတို့က တခြားသူတွေကို မယုံကြည်တဲ့အတွက်၊ ကိုယ့်ကိုယ်ကိုယ် မယုံကြည်တဲ့အတွက်၊ ဘဝကို မယုံကြည်တဲ့အတွက် ကိုယ့်ကိုယ်ကို ကာကွယ်ထားကြပြီး သီးသန့်ကမ္ဘာငယ်လေးတွေနဲ့ နေလာကြတယ်။ ကျွန်မတို့တွေက တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်အရမ်းပြတ်ပြီး တစ်သီးတခြားတွေ ဖြစ်နေကြတယ်။

လူသားတွေအနေနဲ့ တစ်ကိုယ်ရည်စာအမြင်ကနေ ကြုံတွေ့ရခြင်းတွေအပေါ် မူတည်ပြီး ဒီအကြောင်းကို ပြောတာပါ။ ကျွန်မပြောနေတာတွေ အကုန်လုံးက … ရှုပ်ထွေးလှတဲ့ ဒီကမ္ဘာကြီးကို အပိုင်းသေးသေးလေးတွေ ပိုင်းပြီး တစ်ကိုယ်ရည်စာအမြင်ကနေ နားလည်ရလွယ်အောင် ပြောပြတာပါ။ ဒါပေမဲ့ ကိုယ်က ကမ္ဘာကြီးတစ်ခုလုံးကို ကြည့်မယ်ဆိုရင်၊ .. အခုဖြစ်ပျက်နေသမျှ အရာကိစ္စတွေအများကြီးကို ကြည့်မယ်ဆိုရင် ကျွန်မတို့အားလုံးအနေနဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းက ဖွင့်ဟပြောပြ လာနိုင် တဲ့အခါ ကျွန်မတို့အချင်းချင်း တစ်ယောက်ကို တစ်ယောက် ဆက်နွှယ်ခံစားလို့ ရလာပါလိမ့်မယ်။ တစ်ဦးအပေါ်တစ်ဦး ပိုပြီး စာနာတတ်လာမယ်။ ဒီလို စာနာစိတ်ပိုရှိလာတဲ့အခါ စကားတစ်ခွန်းကို မပြောခင်၊ အလုပ်တစ်ခုကို မလုပ်ခင်၊ တခြားသူတွေနဲ့ပတ်သက်ပြီး တစ်ခုခုမလုပ်ခင် အရင် စဉ်းစားတတ်လာမယ်။

တစ်ခါတလေမှာ ခြံစည်းရိုးအပေါ် ခွထိုင်နေတာက “လုပ်မယ်၊ မလုပ်ဘူး” ဆိုပြီး ဆုံးဖြတ်ချက် ချရတာထက် ပို ခက်ခဲလေးလံတတ်တယ်။ ဘာလို့လဲဆိုတော့ ကိုယ်က လုပ်တာရော မလုပ်တာရော အဖြေနှစ်ခုလုံးရဲ့ ဝန်ကို ထမ်းထားရတာကိုး။

အဓိကပြောချင်တာကတော့ ကိုယ်က ဘာမှကိုယ်တိုင်မလုပ်ဘဲ တွေးပြီးရင်း တွေးပြီး ဘဝက ကိုယ့်ကို ဘာလုပ်ပေးမလဲ ဆိုတာကိုသာ စောင့်စားနေရင် လွတ်သွားမှာက အများကြီးပဲ။ ဒါကြောင့် ဘဝအပေါ်မှာ၊ ဖြစ်ပျက်စဉ်အပေါ်မှာ ယုံကြည်ထားပေမယ့် အစီအစဉ်ကတော့ ချရဦးမှာပဲ။ ကိုယ်တိုင်လုပ်ရဦးမှာပဲ။ အခုမလုပ်ဘူးဆိုရင် ဘယ်တော့မှ လုပ်တော့မှာလဲ။

ဘာလို့ဒီလိုပြောရသလဲဆိုရင် အချိန်သုံးလကြာတဲ့အခါ လည်ပြန်ကြည့်ပြီး ဘာမှမပြောင်းလဲသေးတာ၊ ဘာမှမဆုံးဖြတ်ရသေးတာကို တွေ့ရပါလိမ့်မယ်။ တစ်လျှောက်လုံး စည်းရိုးပေါ်ခွထိုင်နေခဲ့ပြီး လုပ်တာရော မလုပ်တာရော နှစ်မျိုးစလုံးရဲ့ဝန်ကိုထမ်းထားခဲ့ရလို့ အရမ်းခြေကုန်လက်ပမ်းကျနေတာကို တွေ့ရပါလိမ့်မယ်။

အခုလို လာနားထောင်တဲ့အယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်။

ဂရုစိုက်ကြပါ။

Much Love,

Arabelle