
BHP48 - Solo
Are you feeling burnt out from all the hustle, the drive, the rush of creating things and making things happen? Maybe you are leaning to your masculine energy more and ignoring your feminine energy.
All of us – both men and women – have both the masculine and feminine energy. Your masculine energy is that side of you that’s logical, assertive, and driven. Your feminine energy is that side of you that’s trusting.
We shouldn’t lose touch of our feminine energy because even if it is about softness and vulnerability, there is strength and courage in that vulnerability. So when we feel burnt out, sometimes all we need is to take a pause, reflect, recalibrate, and tap into our feminine power.
Which energy are you leaning into more? Let me know in the comments below.
Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.
Hey there!
ဒီနေ့မှာတော့ တစ်ခါတရံမှာ နေ့တဒူဝ ကိစ္စတွေထဲက ခဏရုန်းထွက်၊ ရပ်တန့်ပြီး အချိန်ခဏယူ၊ ပြန်သုံးသပ်ပြီး ချိန်ညှိတာက တကယ်ကိုလိုအပ်တယ်ဆိုတဲ့ အကြောင်း ကျွန်မတို့ပြောကြမယ်။ တစ်ခါတရံ အရှိန်ထိန်းလိုက်တာ တကယ်ကောင်းဖို့ ဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ အဲ့နည်းက ကျွန်မတို့ကို မြန်မြန်ရောက်စေတဲ့ တစ်ခုတည်းသော နည်းလမ်းမို့လေ။
ပထမဆုံး ကျွန်မပြောချင်တာကတော့ အခြားသူတွေနဲ့ ကျွန်မပြောဖြစ်နေတဲ့ စကားဝိုင်းတွေထဲ ပါပါလာတဲ့ ကိစ္စလေးပါ။ ကျွန်မ ပတ်ဝန်းကျင်မှာ တကယ့်ကို အရမ်း ကြံ့ခိုင်တဲ့၊ စိတ်ဓာတ် အင်မတန်ပြင်းထန်တဲ့၊ အရမ်း အမြော်အမြင်ကြီးတဲ့၊ တကယ်ကို လုပ်နိုင်ကိုင်နိုင်တဲ့ အမျိုးသမီးတွေ ရှိတယ်။ သူတို့ဆီက ကြားနေကျ စကားတွေကတော့ “ကျွန်မဖြင့် ပင်ပန်းနေပြီ”၊ “ကြံ့ခိုင်အောင် နေရတာ၊ အကုန်လုံး ဖြစ်မြောက်အောင် ကြိုးစားနေရတာ အင်မတန်ပင်ပန်းလာပြီ” ဆိုတာမျိုးတွေပဲ။ သူတို့ ပြောချင်တာက “တစ်ချိန်လုံး ကြံ့ကြံ့ခံပြီးနေရတာ အင်မတန်ပင်ပန်းနေပြီ”၊ “ပြန့်ကြဲပြိုလဲနေသမျှကို ပြန်ဆက်နေရလို့ အင်မတန်ပင်ပန်းနေပြီ”၊ “အရာရာကို ပြီးမြောက်အောင် လိုက်လုပ်နေရတာ၊ ရှေ့ထွက်ရင်ဆိုင်ရတာ၊ စီမံရတာ၊ ညွှန်ကြားရတာ အင်မတန်ပင်ပန်းနေပြီ” ဆိုတဲ့ အဓိပ္ပါယ်ပဲ။
ကျွန်မသူတို့ကို နားလည်တယ်။ မိန်းကလေးဆန်တယ်၊ ယောက်ျားလေးဆန်တယ်ဆိုတဲ့ သဘောတရားကိုသိရုံသိပြီး မရင်းနှီးဘူးဆိုရင် အခုပြောမယ့်အကြောင်းက သင်တို့အတွက် အလှည့်အပြောင်း ဖြစ်သွားနိုင်တယ်။ ကျွန်မ သူတို့ကို နားလည်တယ်လို့ ဘာလို့ပြောရလဲဆိုရင် ကျွန်မကိုယ်တိုင်က စိတ်အင်မတန်ပြင်းထန်တဲ့သူ၊ အာရုံအင်မတန်ထားတဲ့သူ၊ တက်ကြွပြီး အလုပ်လုပ်ချင်စိတ်ပဲ ရှိတဲ့သူ၊ လုပ်နိုင်ကိုင်နိုင်တဲ့သူ ဖြစ်ခဲ့ဖူးလို့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ ဘာဖြစ်လာလဲဆိုတော့ ကျွန်မရဲ့ မိန်းမဆန်တဲ့ဘက်ခြမ်းက ပျောက်ပျောက်လာတယ်။
မိန်းမဆန်ခြင်းဆိုတာ ယုံကြည်ပေးခြင်းပေါ့။ မိန်းမဆန်တယ်ဆိုတာက နူးညံ့တယ်၊ အားနည်းတယ်။ ဒါပေမဲ အဲ့ အားနည်းချက်ထဲမှာပဲ သန်မာမှုကို ရှာလို့ရတယ်၊ အဲ့ နူးညံ့မှုထဲမှာပဲ သတ္တိကို ရှာတွေ့နိုင်တယ်။
အထူးသဖြင့် အမျိုးသမီးတွေဆို ကျွန်မတို့ အလုပ်တွေကြိုးစားနေတုန်း၊ ဖြစ်မြောက်သွားအောင် လုပ်နေကိုင်နေရင်းနဲ့ ကျွန်မတို့ရဲ့ တစ်စိတ်တစ်ပိုင်းက တဖြည်းဖြည်းပျောက်ဆုံးလာတဲ့အချိန်၊ ကိုယ့်ရဲ့တကယ်ဖြစ်တည်မှု အပိုင်းနဲ့ အနေဝေးလာတဲ့အချိန်မှာ ကျွန်မတို့စပြီး ပင်ပန်းလာတယ်၊ မကျေနပ်မှုတွေ စပြီးခံစားလာတယ်၊ လုပ်နေကိုင်နေရတာတွေ အဆင်မချောတော့ဘူးလို့ စပြီး ခံစားလာရတယ်။
သိပ်မကြာခင်က ကျွန်မသဘောပေါက်သွားတာ တစ်ခုရှိတယ်။ သတိပေးလိုက်သလို ဖြစ်သွားတယ်လို့လည်း ပြောလို့ရတယ်။ ဘာလဲဆိုတော့ ကျွန်မတို့ လောကကြီးမှာ ဒီ flow (အလျဉ်) နဲ့ သက်သာချောင်ချိမှုကို ဖန်တီးဖို့အကြောင်း ပြောကြတယ်ပေါ့၊ ဒါပေမဲ့ တစ်ခါတရံမှာ အဲ့ flow (အလျဉ်) ကို ဖန်တီးဖို့အတွက်က အရမ်းခက်ခဲနေစရာ မလိုတဲ့အချိန်တွေရှိတယ်။ အာကာသသိပ္ပံလို ခေါင်းစားနေစရာမလိုဘူး။ ဂူထဲမှာ တရားကျင့်သလို ဖြစ်နေစရာမလိုဘူး။ အဲ့ flow (အလျင်) ကို ဖန်တီးမယ်ဆိုရင် ပထမဆုံးလုပ်ရမှာက ကျွန်မတို့လက်ရှိရောက်နေတဲ့နေရာကို လက်ခံပြီး ကိုယ်တိုင်အသိအမှတ်ပြုဖို့ပဲ။ လက်ရှိမှာ ကျွန်မတို့ နေရာကောင်းတစ်ခုမှာ ရောက်မနေဘူးလား.. ကိစ္စမရှိဘူး.. လက်ခံလိုက်။ ဘာလို့ဆို ဘဝမှာ အကျိုးရှိတာတွေပဲ ဖြစ်စေချင်နေရင်၊ တစ်ချိန်လုံးအကောင်းချည်းပဲ လိုချင်နေရင် လက်တွေ့မဆန်နိုင်ဘူးလေ။ အဲ့လိုမဖြစ်နိုင်တဲ့ အချက်၊ မရနိုင်တဲ့အချက်ကို လက်မခံဘဲ ကျော်သွားလိုက်မယ်ဆိုရင် ကျွန်မတို့စီစဉ်ထားသလိုတွေ ဘယ်ဖြစ်နိုင်တော့မလဲ။ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ပုံမှန်ပဲဖြစ်စေ ကျွန်မတို့လက်ရှိ ရောက်နေတဲ့ နေရာ၊ ဖြစ်ပျက်နေတဲ့ အရာတွေကို တကယ်စပြီးလက်ခံလိုက်ပြီးပြီဆိုရင် ပထမဆုံးလုပ်ရမယ့်ဟာက ကျွန်မတို့ရဲ့ အသာစီးယူထိန်းချုပ်ချင်တဲ့ ခံစားချက်တွေ၊ စိတ်ကူးထားတဲ့အတိုင်း ဖြစ်စေချင်တဲ့ ဆန္ဒတွေကို တကယ်ကြီး လက်လွတ်လိုက်ဖို့ပဲ ဖြစ်ပါတယ်။
ကဲ ကျွန်မမေးမယ် .. ကျွန်မတို့အခုဒီအကြောင်း ဆွေးနွေးနေတဲ့အချိန်မှာပဲ သင်တို့ဘဝရဲ့ ဘယ်နေရာလောက်မှာ ရှိနေလဲ။ “0” လုံးဝအခြေအနေမကောင်း၊ “10” အနေအထား အရမ်းကောင်း.. ဘဝရဲ့ ဘယ်နားလောက်မှာ ရောက်နေတယ်ထင်လဲ?
တောထဲမှာ တွေ့ခဲ့တဲ့ မိတ်ဆွေတစ်ယောက်စီက ကျွန်မသင်လာတာ တစ်ခုရှိတယ်။ သူပြောတာက အဲ့နည်းကို 4-5-6 နည်းလို့ခေါ်တယ်တဲ့။ 4-5-6 ဆိုတဲ့ ဂဏန်းတွေက အဆိုးဆုံးမဟုတ်သလို အကောင်းဆုံးလည်း ဟုတ်မနေဘူး။ အလယ်ကနေစပြီး တဖြည်းဖြည်းပဲ တက်သွားမှာ။ သင်က 4-5 ဒါမှမဟုတ် 6 ကိုရောက်နေတာပဲဖြစ်ဖြစ် အဲ့ထက်ကျော်တဲ့ နေရာရောက်နေရင်ပဲ ဖြစ်ဖြစ် ကောင်းတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ သင်က 3 နားလောက်၊ ဒါမှမဟုတ်လည်း 3 ထက်နိမ့်တဲ့နေရာအောက် ရောက်နေပြီဆိုရင်လည်း ဒါငါ့နေရာပဲဆိုပြီး ကိုယ်ရောက်နေတဲ့ နေရာကိုသာ အသိအမှတ်ပြုလိုက်။ ပထမဆုံးခြေလှမ်းက တကယ်လက်ခံနိုင်ခြင်းပဲ။ ကျွန်မတို့ လက်ခံလိုက်တယ်ဆိုတာ ထိန်းချုပ်ချင်တဲ့ စိတ်တွေကို လက်လွှတ်ဖို့အတွက် သင်ယူတာပဲ။
စကားမစပ် ကျွန်မသိတဲ့၊ အလုပ်တူတူလုပ်နေတဲ့၊ စကားပြောဖြစ်နေတဲ့၊ ကျွန်မ ပတ်ဝန်းကျင်မှာရှိနေတဲ့ အမျိုးသမီးတွေ၊ကျွန်မရဲ့အရင်တုန်းကပုံစံနဲ့ အနာဂတ်မှာ ကျွန်မဖြစ်ချင်တဲ့ ပုံစံရှိတဲ့ အမျိုးသမီးတွေက အရာရာမှာ ခြောက်ပစ်ကင်းသဲလဲစင် ဖြစ်စေချင်ကြတယ်။ အရာရာကို စိတ်ကူးထားတဲ့အတိုင်း ဖြစ်စေချင်ကြတယ်။ အဲ့တော့ ကျွန်မတို့က ကိုယ့်ဘဝကိုယ်တင်မကဘဲ ကျွန်မတို့ ပတ်ဝန်းကျင်က လူတွေရဲ့ ဘဝကိုပါ ထိန်းချုပ်ချင်လာကြတယ်။ သူတို့ဘဝကို ကျွန်မတို့ ဖြစ်စေချင်တဲ့အတိုင်း ဖြတ်သန်းစေချင်တယ်၊ ကျွန်မတို့ရဲ့ လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ အောင်မြင်စေချင်တယ်၊ ကျွန်မတို့ ဘေးနားကလူတွေကို ပြောင်းလဲစေချင်တဲ့။ ဒါပေမဲ့ အဲ့လိုဖြစ်လာတာနဲ့ ဒုတိယတစ်ခု စဝင်လာတော့တာပဲ။
လက်ခံခြင်းရဲ့ နောက်ကလိုက်တာက သည်းခံခြင်းပဲ။ သည်းခံမှုရှိဖို့ဆိုတာ လူတွေအတွက်တော့ တော်တော်ခက်ခဲတာ။ အထူးသဖြင့် ကျွန်မတို့လို စိတ်မြန်လက်မြန်၊ သန်မာပြီး၊ အကြီးကြီးမျှော်မှန်းထားတဲ့ အမျိူးသမီးတွေအတွက် ပိုခက်တာပေါ့။ ကျွန်မတို့ သည်းခံတတ်ဖို့ သင်ယူတဲ့အခါ အစီအစဉ်တွေဆွဲဖို့ လိုသေးတယ်၊ ဆက်ကြိုးစားနေဖို့လိုသေးတယ်၊ ဘဝမှာ အချို့အရာတွေကို လုပ်ဖို့လိုသေးတယ်၊ ပန်းတိုင်တွေ ချမှတ်ဖို့လိုသေးတယ် ဆိုတာကို စပြီး နားလည်လာကြတယ်။ ဒါပေမဲ့ အဲ့ဖြစ်စဉ်ကို ယုံကြည်ဖို့လည်းလိုတယ်။ အံ့ဩစရာအချိန်တိုက်ဆိုင်မှု ဒါမှမဟုတ် အချိန်ကိုက်ဖြစ်မှုတွေ ရှိတယ်ဆိုတာကို ယုံကြည်ခြင်းပေါ့နော်။ အဲ့ဒါကြောင့် ကျွန်မတို့အပိုင်းကိုလည်း ကိုယ့်ဟာကိုယ်ဆက်လုပ်နေရမယ်။ နောက်တစ်ပိုင်းမှာလည်း ယုံကြည်မှုရှိနေရမယ်။ ကျွန်မတို့ယုံကြည်လိုက်တဲ့အခါ ဒါကလည်း ထိန်းချုပ်ချင်တဲ့ စိတ်တွေကို လက်လွှတ်ဖို့အတွက် ကူညီပေးတယ်။
မိသားစုအတွက်၊ ကိုယ့်ကိုယ်ကိုယ်အတွက်၊ ကိုယ့်စီးပွားရေးလုပ်ငန်းအတွက်၊ ကိုယ့်သူငယ်ချင်းတွေအတွက် ကြံ့ခိုင်ဖို့လိုတဲ့၊ ရှေ့ဆက်သွားဖို့လိုတဲ့၊ မားမားမတ်မတ်ရပ်တည်ပေးဖို့လိုတဲ့ အမျိုးသမီးတွေကို ပြောချင်တာက အဲ့ဒီဖိအားကိုခံစားရတဲ့အခါ ယောက်ျားဆန်တဲ့ဘက်ကိုပဲ တစ်ချိန်လုံးရောက်နေမှာဖြစ်ပြီး မိန်းမဆန်တဲ့ အနူးညံ့ဆုံး ဖြစ်တည်မှုပိုင်းနဲ့ စပြီး အနေဝေးလာပါလိမ့်မယ်။ မိန်းမဆန်မှုဟာ နူးညံ့ပေမဲ့ အင်အားကြီးတယ်နော်။
ကျွန်မတောထဲသွားပြီး တရားထိုင်တဲ့အခေါက်တုန်းက တကယ့်ကို အားပြင်းတဲ့ သင်ခန်းစာ အာဘော်တစ်ခုရခဲ့တယ်။ “မိန်းကလေးဆန်ပါ” ဆိုတဲ့ အားအရမ်းပြင်းတဲ့ အဆိုပေါ့။ ဘာလို့လဲဆိုတော့ အဲ့နူးညံ့သဘောလွယ်မှု၊ အဲ့အားနွဲ့မှုတွေ တဖြစ်လဲ စောင့်ရှောက်အားပေးတတ်မှု၊ အဲ့ခံနိုင်ရည်အားရှိမှုတွေက စစ်ပွဲတွေကို ရပ်ပစ်နိုင်တယ်လေ။ အဲ့အဆိုရဲ့ အဓိပ္ပါယ်ကဘာလဲဆိုရင် ကျွန်မတို့ အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ ဘက်ခြမ်းကို နင်းကြည့်လိုက်ရင်တောင်မှ ယောက်ျားဆန်ခြင်းဆိုတဲ့ဘက်ကို ငြင်းပစ်လိုက်စရာမလိုဘူးဆိုတာပါ။ ပြီးတော့ မိန်းမဆန်ခြင်းဆိုတဲ့ ဘက်ခြမ်းတံခါးကို ခေါက်ကြည့်ရင် အဲ့အင်အားကို ရှာတွေ့မှာပါ။
ယောက်ျားဆန်တဲ့ဘက်ခြမ်းကို အလေးသာရမလား၊ မိန်းမဆန်တဲ့ ဘက်ခြမ်းကို အလေးသာရမလား၊ ဒါကို လုပ်သင့်လား မလုပ်သင့်ဘူးလား။ ဒီအလုပ်ကို လက်ခံရမလား၊ လက်မခံရဘူးလား၊ ကျွန်မ လုပ်ငန်းအသစ်တစ်ခု စချင်တဲ့ အမျိုးသမီးတွေနဲ့လည်း စကားပြောဖြစ်နေတယ်။ စီးပွားရေးတစ်ခု စလုပ်ရင်ကောင်းမလား၊ ရင်းနှီးမြှပ်နှံသင့်လား၊ မသင့်ဘူးလား၊ ဒီဆက်ဆံရေးကို အဆက်ဖြတ်လိုက်ရမလား ဆက်သွားရမလားဆိုတဲ့ ကျွန်မတို့ရဲ့ အတွင်းစိတ်ထဲက ပဠိပက္ခတွေ၊ အတွင်းစိတ်ထဲက စစ်ပွဲတွေဆင်နွှဲနေရတဲ့အချိန်မှာ အဲ့ဒီ “သင့်လား၊ မသင့်ဘူးလား” ဆိုတဲ့ မေးခွန်းတွေက energy တွေ အများကြီးကို ဖြုန်းတီးပစ်နေတာပါ။ သေချာလေးစဉ်းစားကြည့်ပါ။ ခြံစည်းရိုးပေါ်ခွထိုင်နေပြီး ဘယ်ဘက်ကို ခုန်ဆင်းမလဲဆိုတဲ့ ဆုံးဖြတ်ချက်မချနိုင်ရင် လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ နှစ်ဘက်စလုံးရဲ့ energy တွေကို ထမ်းထားရတာပဲ ရှိမယ်။ အဲ့ဒါက တော်တော်လေးတာနော့်။
စဉ်းစားတယ်ဆိုတာက ကောင်းတဲ့အလုပ်ပါ။ ဒါပေမဲ့ တစ်ခါတလေမှာ ကျွန်မတို့တွေက စဉ်းစားတာတွေအများကြီးလုပ်ပြီး ဆုံးဖြတ်ချက်မချနိုင်တဲ့အခါ အဲ့အချိန်မှာ ပိုလေးလံရပါတယ်။ ဘဝမှာ သူများနဲ့မတူကွဲပြားတာတွေ လုပ်ချင်တဲ့သူတွေ အများကြီးရှိတယ်ဆိုတာ နားလည်ပါတယ်။ ကိုယ့်အတွင်းစိတ်သဏ္ဍာန်ထဲကနေ လင်းလက်ပေါ်ပေါက်လာတဲ့ အကြံဉာဏ်တွေ ရှိတယ်ဆိုတာလည်း သဘောပေါက်ပါတယ်။ အဲ့လူတွေက ဘာပြောလဲဆို သူတို့စာတွေလည်း လိုက်ဖတ်တယ် ဗဟုသုတရစရာတွေလည်း နားထောင်တယ်၊ ဗီဒီယိုတွေလည်း ကြည့်တယ်၊ ကျော်ကြားတဲ့သူတွေကိုလည်း အတုယူတယ်၊ လေ့လာတယ်၊ ဖတ်မှတ်တယ်၊ သင်ယူတယ်၊ သူတို့လုပ်နိုင်တာမှန်သမျှ အကုန်လုပ်ကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာ ခံစားနေရတာက “ငါ့ဘဝမှာ ဘာလိုလို့လိုနေမှန်းမသိဘူးဆိုတာ” ပဲ။ ဘာလိုနေမှန်းမသိဘူး၊ ဒါပေမဲ့ ငါ့ဘဝအတွက် အဓိပ္ပါယ်ရှိတာတစ်ခုခု၊ ကိုယ့်ကိုယ်ကိုယ် စိတ်ကျေနပ်မှုပေးနိုင်မယ့် တစ်ခုခုကို လုပ်ချင်တယ်၊ ငါ့မှာ အရည်အချင်းတွေရှိတယ်၊ ဗဟုသုတတွေရှိတယ်။ ဒါပေမဲ့ အဲ့ဒါတွေကို နေရာတကျဖြစ်အောင် ဘယ်လိုလုပ်ရမလဲ၊ ဘဝမှာ ပျောက်နေတဲ့အစိတ်အပိုင်းကို စရှာနိုင်အောင် ဘယ်နည်းသုံးရမလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ပြည့်နေကြတယ်။
ကျွန်မ တောထဲမှာ တရားထိုင်တဲ့အကြောင်း ထပ်ပြောပါဦးမယ်။ ဒီအကြောင်းခဏခဏပြောနေတယ်ဆိုတာက အဲ့အချိန်က ကျွန်မရဲ့ လေ့ကျင့်ရေးတွေ၊ အတွင်းစိတ်သဏ္ဍာန် ပြောင်းလဲမှုတွေ အများကြီးရှိခဲ့တဲ့ အချိန်မို့ပါ။ ကျွန်မရခဲ့တဲ့ထဲက တစ်ခုကတော့ အကြောက်တရားကို နားလည်ခြင်း၊ အတ္တကို နားလည်ခြင်းနဲ့ လက်ရှိကိုယ့်ရဲ့ ဖြစ်တည်မှုကို နားလည်ခြင်း ဆိုတာတွေပဲ။
အဲ့တော့ ရှင်တို့က အခုလက်ရှိမှာ ခြံစည်းရိုးခွထိုင်နေရတဲ့ အချိန်ကိုရောက်နေပြီလို့ ခံစားရတဲ့ အချိန်ကိုရောက်နေပြီ၊ လုပ်သင့် မလုပ်သင့် လွန်ဆွဲနေတဲ့အချိန်ကို ရောက်နေပြီဆိုရင် အကြောက်တရားတွေ အများကြီးစဝင်လာပြီဆိုတာ သတိထားမိလာလိမ့်မယ်။ ကိစ္စမရှိဘူး။ ဒါက ဒီဖြစ်စဉ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် အကူအညီပေးနိုင်မယ့် မေးခွန်းတစ်ခုရှိတယ် “ဘယ်ဘက်ခြမ်းက ငါ့ကို ပေါ့ပါးစေမလဲ” ဆိုတာပဲ။ ဒါကျွန်မကိုယ်တိုင်လည်း သုံးနေတဲ့ နည်းပဲ။
ကျွန်မအတွက်တော့ အဲ့အချိန်က energy အပြည့်နဲ့ ကိုယ့်ကိုယ်ကိုယ် ဖွင့်ချလိုက်တဲ့အချိန်ပဲ။ အဲ့အချိန်မှာ တကယ် အရာရာတိုင်းကို သေချာခံစားမိတယ်။ နာကျင်မှုု၊ ပျော်ရွှင်မှု၊ အတိသုခ၊ သောက၊ ပူဆွေးမှု .. အားလုံးအားလုံးကို ခံစားရတယ်။ ဒါပေမဲ့ အဲ့ဒါကို ဘယ်လိုပြန်ပိတ်ဆို့ရမလဲ ကျွန်မသိတယ်။ ကျွန်မကိုယ်ကျွန်မ energy ကိုသုံးပြီး ဘယ်လိုကာကွယ်ရမလဲဆိုတာ သိတယ်။
ကျွန်မအဲ့လိုတွေ ခံစားရတာများရင် စိတ်ထဲမှာ ရှုပ်ထွေးလာရော။ အဲ့ခံစားချက်တွေက ငါ့ဟာတွေရော ဟုတ်ရဲ့လား၊ အဲ့ခံစားချက်တွေ တကယ်ရှိတာရော ဟုတ်ရဲ့လားပေါ့။ အဲ့လို ဖြစ်လာပြီဆိုရင် တစ်ခုခုတော့မှားနေပြီဆိုတာမျိုး ခံစားရသလိုလိုနဲ့ ကျွန်မ စိတ်သဏ္ဍာန်ထဲက အသံတွေစထွက်လာတော့တာပဲ။ ကျွန်မဒီအကြောင်းဘာလို့ပြောပြရလဲဆိုရင် ရှင်တို့ကိုယ်တိုင်လေ့ကျင့်ပြီး လိုက်လုပ်နိုင်တဲ့ ကျင့်စဉ်တစ်ခုကို သင်ပေးချင်လို့ပါ။ ကျွန်မဒီနည်းကို ချင့်ချိန်နိုင်ဖို့အတွက်သုံးတယ်။ စီရင်ဖို့မဟုတ်ဘူးနော်၊ ချင့်ချိန်ဖို့။ ခွဲခြားမြင်တတ်ဖို့၊ စည်းရိုးပေါ်ခွထိုင်ရုံ မဟုတ်ဘဲ ဆုံးဖြတ်ချက်ချနိုင်ဖို့ အဲ့ချင့်ချိန်နိုင်စွမ်းလိုတယ်။
ဂရုစိုက်ကြပါ။
Much Love,
Arabelle