
BHP48 - Solo
In order for us to get what we want in life, we have to go within and become aware of who we are and what we project out into the world. Every relationship that you have, every relationship that you attract in your life, you only get who you are. When you are vibrating at a certain frequency, you can only attract that frequency.
In this episode, you get to tune into yourself, acknowledge the thoughts and emotions that you avoid, and take action. Raise your vibration and transformation will happen inside out.
Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.
Hey there!
ကိုယ့်မှာရှိသမျှ relationship တွေအားလုံး၊ ဘဝမှာ ကိုယ်ဆီ ရောက်လာတဲ့ ဆက်ဆံရေးတွေအားလုံးက ကိုယ်နဲ့ စိတ်တူကိုယ်တူရှိတဲ့ လူတွေနဲ့ပဲ ဖြစ်တယ်။
နောက်တစ်ခု ပြန်ပြောပါမယ်။ ကိုယ်နဲ့ ပေါင်းသင်းဆက်ဆံနေကြသူတွေဟာ ကိုယ်နဲ့ စိတ်တူကိုယ်တူရှိတဲ့ သူတွေပဲ ဖြစ်တယ်။ ဒါကြောင့် ကိုယ်ဘယ်သူဆိုတာကို အပြည့်အဝသိနေဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်ဖြစ်တည်မှုကို ပြီးပြည့်စုံစွာ သိဖို့ အရမ်းအရေးကြီးပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ့်ကိုယ်ကိုယ် ချိနဲ့နေပြီ၊ ပြင်ဆင်ဖို့လိုပြီ၊ ကယ်တင်ဖို့လိုပြီ၊ ကိုယ့်အတွင်းစိတ်တစ်နေရာက ယိုယွင်းလွန်းလို့ အကူအညီလိုနေပြီလို့ ခံစားမိတာနဲ့ ကယ်တင်ရှင် ရောက်လာပါလိမ့်မယ်။ အစပိုင်းတော့ အဆင်ပြေတယ်လို့ ခံစားရမှာပဲ။ တစ်ယောက်ယောက်က ကိုယ့်ကို ကယ်တင်ပေးတယ်ဆိုတဲ့ ခံစားချက်က အရမ်းနွေးထွေးကြည်နူးစရာ ကောင်းတယ်မလား။ ဒါပေမဲ့ အချိန်တွေကြာလာတဲ့အခါ အဲ့ဟာက ကိုယ့်ကိုယ်ကိုယ် လေးစားတန်ဖိုးထားမှုတွေကို တဖြည်းဖြည်းနဲ့ နှဲ့ချိုးလာမှာ။
တစ်ခြား ရှုထောင့်ကကြည့်မယ်ဆိုရင် ကိုယ့်ဖြစ်တည်မှုနဲ့ တန်တာပဲ ကိုယ်ရမှာပါ။ ဒါက သဘာဝပဲလေ။ မတူညီတဲ့ကြိမ်နှုန်းနဲ့ တုန်ခါနေရင် ကိုယ်တုန်ခါတဲ့ ကြိမ်နှုန်းနဲ့ တူညီတဲ့ တုန်ခါမှုကပဲ ကိုယ့်ဆီပြန်လာမှာ။
အခုပြောနေတဲ့ အသုံးအနှုန်းတွေနဲ့ မရင်းနှီးတဲ့သူတွေအတွက် ခပ်တိုတိုလေး ရှင်းပြပေးမယ်။ Microscope တစ်ခုကိုယူပြီး အရေပြားပေါ်တင်ပြီး ကြည့်လိုက်ရင် အရင်ဆုံးမြင်ရမှာက အမွေးအမျှင်ပဲမလား၊ ပြီးရင် အရေးပြားကို မြင်မယ်၊ ပြီးရင် သွေးနဲ့ ဆဲလ်တွေ။ အဲ့ microscope နဲ့ အနုစိတ် ကြည့်လေလေ တဖြည်းဖြည်းနဲ့ မြင်ရလေလေ ဖြစ်ပြီး နောက်ဆုံး atoms (အက်တမ်) ကို မြင်ရတဲ့ အဆင့်ရောက်လာမှာပဲ။ Atoms (အက်တမ်) ထက်ပိုမြင်ချင်လို့ ချဲ့ကြည့်ရင် Energy ကလွဲ ဘာမှ ထပ်မြင်ရဖို့မရှိတော့ဘူး။ ဒါက သိပ္ပံပညာပဲ။ အဲ့တော့ ခန္ဓာကိုယ်ထဲမှ Energy သက်သက်ပဲ ရှိမယ်ဆိုရင်တောင် အဲ့ဒါက အကုန်လုံးကိူ ချုပ်ကိုင်ထားတာပဲ။ ကျွန်မတို့ကို Energy နဲ့ပဲ တည်ဆောက်ထားတာလေ။ Energy ဖြစ်တာကြောင့် ကြိမ်နှုန်းရှိတယ်။ ကြိမ်နှုန်းတွေရှိလို့ တုန်ခါမှုတွေရှိတယ်။ ဒါကြောင့် တုန်ခါမှုတွေကြောင်း ထည့်ပြောနေတာ။
Energy တွေ ကြိမ်နှုန်းတွေရှိတယ်လို့ ပြောခဲ့တာမို့ ကိုယ်က ကြိမ်နှုန်းတစ်ခုမှာ တုန်ခါနေရင် အဲ့ဟာက ကိုယ့်စီက လွှင့်ထုတ်လိုက်တဲ့ အသံနှုန်းပဲ။ ဆိုတော့ အခု ဘယ်ကြိမ်နှုန်းမှာ တုန်ခါနေတာလဲ။ ဒါကိုသိခြင်းက ကိုယ့်အတွေးတွေ၊ ကိုယ့်ခံစားချက်တွေကို သတိထားမိလာတာပါ။ ဘာလို့ဆိုတော့ ကိုယ့်မှာရှိနေတဲ့ ခံစားချက်တွေပေါ်မူတည်ပြီးတော့ အဲ့ဟာတွေနဲ့ ကိုက်တဲ့ ကြိမ်နှုန်းနဲ့ တုန်ခါမှာမို့ပဲ။ ဒါက ကြိမ်နှုန်းအကြောင်းပါ၊
ဒါကြောင့်မို့ ကိုယ်နဲ့သက်ဆိုင်တဲ့ တုန်ခါနှုန်းတွေသာ ကိုယ့်ဆီလာကြတာလို့ ပြောတာပါ။ အဲ့တော့ အရင်က ကိုယ်မကိုင်တွယ်ဖူးသေးတဲ့ ကိုယ့်ကို ဒေါသဖြစ်စေတဲ့ အချက်တွေ အကြောင်းအရာတွေကို သတိထားမိဖို့ ကိုယ်ရဲ့ ကိုယ့် တုန်ခါမှုနဲ့ သက်ဆိုင်တဲ့ဟာတွေပဲ ကိုယ့်ဆီလာတယ်ဆိုတာ ဒါကိုပြောတာပါ၊ အဲ့ဒါကြောင့် ကိုယ့်ကို ဒေါသဖြစ်စေတဲ့ဟာတွေ ကိုယ်အရင်က တစ်ခါမှ မကိုင်တွယ်ဖူးသေးတဲ့ ခံစားချက်တွေကို စတင်သတိထားမိဖို့ အရမ်းအရေးကြီးပါတယ်။ ပြီးတော့ အဲ့ဒါတွေကို ရင်ဆိုင်ပြီး အပြီးအပျက်တိုက်ထုတ်ပစ်ဖို့ရောပဲ။ အဲ့အခါမှသာ ကိုယ်တကယ်လိုချင်တဲ့ ကြိမ်နှုန်ူးနဲ့ စပြီး လိုက်လျောညီထွေ ဖြစ်မှာပါ။
ဘဝမှာ ကိုယ်လိုချင်တဲ့အရာတွေကို အမြဲတော့ ရမနေဘူးလေ။ လိုအပ်တဲ့ အရာတွေပဲ ရကြတာ။ လိုချင်တာတွေရဖို့အတွက် တစ်ခုတည်းသောနည်းလမ်းကတော့ ကိုယ့်စိတ်ထဲကို မြင်အောင်ကြည့်ဖို့နဲ့ အဲ့အတွေးတွေ ခံစားချက်တွေကို သတိထားမိဖို့ပဲ။
ကိုယ်ဘယ်လောက် ပျော်ရွှင်မှုတွေ ကြုံရနိုင်သလဲလို့ ကိုယ့်ကိုယ်ကိုယ် မေးကြည့်ပါ။ နေ့တိုင်းလုပ်နေကျ သာမန်အလုပ်တွေမှာတောင် ဘယ်လိုအပျော်လေးတွေ ထည့်လို့ရမလဲပေါ့။ ရေခဲသေတ္တာဆီကို ကရင်းသွားမယ်။ ရေခဲသေတ္တာနားသွားတာက လုံးဝသာမန်အလုပ်ပဲနော်။ ဟင်းချက်ရင်း ကမယ်။ ကျွန်မဟင်းချက်ရတာ မကြိုက်ပါဘူး ဒါပေမဲ့ ကနေရင်တော့ ပျော်တယ်လေ။ ကိုယ်လုပ်တဲ့အလုပ်ထဲကို အပျော်လေး ပေါင်းထည့်လိုက်တယ်။ အိမ်မှာ အလုပ်လုပ်ရင်း စိတ်ဖိစီးလာရင် ကလိုက်တယ်။ အပျော်လေး ထည့်လိုက်တယ်။ ဆိုတော့ ဘယ်လောက်အပျော်ကို ထည့်ပေါင်းနိုင်သလဲလို့ ကိုယ့်ကိုယ်ကိုယ်မေးကြည့်ပါ။ ဘဝမှာ လုပ်နေတဲ့အလုပ်တွေထဲ ပျော်နေအောင် ဘယ်လိုလေးတွေ စလုပ်လို့ရလဲဆိုတာ မေးကြည့်ပါ။
ကိုယ့်ကိုယ်ကိုယ် ချစ်ပါတယ်ဆိုရင်လည်း ကိုယ့်ရဲ့အစိတ်အပိုင်းတိုင်းကို ချစ်ဖို့လိုပါတယ်။ ဒဏ်ရာရနေတဲ့ စိတ်ကလေး၊ ထိန်းချုပ်တတ်တဲ့သူ၊ သိချင်စိတ်ပြင်းပျတဲ့သူ၊ အတ္တ၊ Soul (စိတ်ဝိဉာဉ်).. အကုန်လုံးပါပဲ။ တစ်နည်းပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။ ကောင်းတဲ့အချက်ရော၊ ဆိုးတဲ့အချက်ရော၊ မလှပိုင်းတဲ့ အပိုင်းတွေကိုပါ ချစ်ပါ။ ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်ပြီး တကယ်လက်ခံနိုင်တဲ့ အချိန်က တကယ့်အောင်မြင်မှုပဲ။
အဲ့အချိန်ကျရင် အချစ်ရှိတဲ့နေရာကနေပဲ စိတ်ကူးစိတ်သန်းတွေ စဖြစ်တည်လာမှာ။ အကြောက်တရားကနေ မလာတော့ဘူး။ အကြောက်တရားပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချတာက လူတစ်ယောက်လုပ်နိုင်သမျှထဲ အဆိုးဆုံးထဲကတစ်ခုပဲ။ အဲ့လိုလုပ်လိုက်တာနဲ့ နောင်တရတော့မှာ။ ဘဝကို ယုံကြည်ပေးလိုက်ရင် သူက ဆုပြန်ချပေးလိမ့်မယ်။ ဘာလို့လဲဆိုတော့ ယုံကြည်မှုနဲ့ ချစ်ခြင်းတရားက တုန်ခါမှုတွေမို့လို့ပဲ။ ဟိုးအောက်ခြေမှာရှိနေတဲ့ အကြောက်တရားနဲ့ မတူဘူး။ ကိုယ့် တုန်ခါမှုနဲ့ သက်ဆိုင်တဲ့ဟာတွေပဲ ကိုယ့်ဆီလာတယ်လို့ ပြောခဲ့တယ်မလား။
ကိုယ့် စိတ်တွေအတွေးတွေက ချစ်ခြင်းတရားနဲ့ ယုံကြည်မှုကနေ လာမယ်ဆိုရင် အရမ်းမြင့်တဲ့ ကြိမ်နှုန်းနဲ့ တုန်ခါနေလိမ့်မယ်။ အဲ့အချိန်ကျရင် အဲ့ကြိမ်နှုန်းနဲ့ တူတဲ့ဟာတွေပဲ ကိုယ့်ဆီလာတော့မှာ။ အကြောက်တရားကနေ လာမယ်ဆိုရင်တော့ ကိုယ်မလိုချင်တဲ့ဟာကိုပဲ ကိုယ့်က ဆွဲဆောင်နေမှာ။
နောက်တစ်ခုကတော့ လူတိုင်းက ပြီးပြည့်စုံမနေပါဘူး။ အဲ့မပြည့်စုံမှုတွေကပဲ လူတိုင်းကို ပိုပြီး ပြည့်စုံစေတာပါ။ အမှားတွေရှိလည်း ဖြစ်တယ်။ တစ်ခါတလေ မထိန်းချုပ်နိုင်လည်းရတယ်။ အဆင်ပြေပါတယ်။ ဒါပေမဲ့ ဘဝမှာရှိနေတဲ့ ဆက်ဆံရေးတိုင်းက ကိုယ့်အကြောင်းကို ကိုယ်သိအောင် အများကြီး သင်ပေးနေတယ်ဆိုတာ မမေ့ပါနဲ့။ အဲ့ဒါတွေက ကိုယ့်ကိုနေ့တိုင်းပေးနေမယ့် ဘဝရဲ့ တုံ့ပြန်သုံးသပ်ချက်လေးတွေပါပဲ။
စိတ်အေးအေးထားပါ။ ကိုယ့်ကို တကယ်ဒေါသဖြစ်စေရင်တောင်မှ ထိုင်ပြီး တစိမ့်စိမ့်တွေးပါ။ အခု ကျွန်မပြောနေတာတွေကလည်း ရှင်တို့ကို ဒေါသထွက်အောင် လုပ်နေမိမလားမသိဘူး။ “ငါဒီကနေ ဘာမှလည်းမရပါလား။ နားလည်းမလည်ဘူး။ သူဘာတွေ ပြောနေတာလဲ။ ငါမစဉ်းစားချင်တဲ့ဟာတွေ လာစဉ်းစားခိုင်းပြီး ခေါင်းလာစားနေတာလား” လို့ တွေးချင်လည်း တွေးနေလိမ့်မယ်။
ဒါက ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲနေတာပါ။ ကိုယ့်ကိုယ်ကိုယ် အဆင့်တင်နေတာ။ စွမ်းအားအပြည့်တင်ပြီး ကိုယ့်ကိုယ်ကိုယ် အားပေးနေတာ။ ကိုယ့်ရဲ့အကောင်းဆုံးအနေအထားနဲ့ ကိုယ့်ကိုယ်ကိုယ် ထုတ်ပြဖို့ ကိုယ့်ကို တုန့်ဆိုင်းစေတဲ့ဟာမှန်သမျှကို ချိုးဖောက်နေတာပါ။
အဲ့တော့ ဒီတစ်ပတ်ခေါင်းစဉ်ကို နားထောင်ကြည့်ပါ။ နားမထောင်ခင်မှာ ပြောချင်တာလေးကတော့ မဖြစ်နိုင်တဲ့အရာဆိုတာ လုံးဝမရှိဘူးဆိုတာပါပဲ။
ဂရုစိုက်ကြပါ။
Much Love,
Arabelle