
BHP48 - Solo
When the universe presents you with an opportunity, are you willing to jump? Or, do you choose to sit around that thought, analyze every aspect, and overthink whether you can or cannot make it happen?
Have you ever experienced coming across a brilliant idea where you were excited to do it but then you think to yourself, you’re not ready, you’re not enough, or the stars are not aligned yet for you? Then months later, you see another person who has become successful with the exact idea you had. It could have been you, but it took you too long to take courage and act on it.
This episode is about taking chances, seizing opportunities, and making the most of life. Sometimes our stories, our inner critic, hold us back from taking on these opportunities that help us grow and bring us closer to our vision. Sometimes, we are already one step away from our breakthrough but we choose to hold back and sit on it for a while.
When an opportunity presents itself, do you seize the moment? Let me know in the comments!
Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.
အားလုံးပဲ တွေ့ရတာဝမ်းသာပါတယ်
ကျွန်မက Arabelle ပါ။ ကျွန်မဒီနေ့တော့ ရှင်တို့ကို ရုပ်ရှင်တွေထဲမှာ အထူးသဖြင့် သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေထဲမှာ မြင်ဖူးနေကျဖြစ်လောက်တဲ့ ဇာတ်ဝင်ခန်းတစ်ခန်းအကြောင်း ပြောပြပါမယ်။ ရုပ်ရှင်တွေထဲမှာလေ အခြားနေရာတစ်ခု၊ အခြားကမ္ဘာတစ်ခု၊ အခြားလောကတစ်ခုကို ပို့ပေးလိုက်ပြီးတော့ အဲ့နေရာမှာ ကိုယ်ကအရင်တုန်းက ကိုယ်နဲ့မတူတဲ့ ပုံစံပြောင်းပေးနိုင်တဲ့ ဝင်ပေါက်တစ်ခု ပေါ်လာတဲ့ ဇာတ်ဝင်ခန်းမျိုး ကြည့်ဖူးလား။ အဲ့ဝင်ပေါက်ကို ခုန်ဝင်လိုက်ဖို့လည်း အချိန်အကန့်အသတ်နဲ့ပဲ အချိန်ပေးထားမျိုးလေ။
တကယ်က အဲ့လိုမျိုးက ရုပ်ရှင်တွေထဲမှာတင် မဟုတ်ဘဲ တကယ်လက်တွေ့မှာလည်း ရှိပါတယ်။ အဲ့ဝင်ပေါက်တွေ၊ အဲ့ကမ္ဘာတွေ၊ အဲ့တံခါးတွေ၊ အဲ့မုခ်ဦးတွေက ကျွန်မတို့အတွက် အကြိမ်ပေါင်းများစွာ ဖွင့်ပေးနေတာ။ ဒါပေမဲ့ အဲ့လိုပွင့်လာတာကို ကျွန်မတို့ သေချာကြည့်မှ၊ အာရုံစိုက်မှပဲ မြင်ရမှာ။ တစ်ခါတလေမှာ အဲ့တံခါးတွေ၊ မုခ်ဦးတွေ၊ ဝင်ပေါက်တွေက ကျွန်မတို့ကိုယ်တိုင် တခြားကမ္ဘာတစ်ခုထဲ၊ တခြားလောကတစ်ခုထဲကို ရောက်အောင် ဝင်သွားနိုင်ဖို့ ဖွင့်ပေးကြတယ်။ ဖွင့်ပေးတဲ့အချိန်က တိုလွန်း၊ မြန်လွန်းတာမို့ ကျွန်မတို့က “ဝင်သွားရမလား၊ မဝင်ဘဲနေရမလား၊ ဝင်သွားဖို့ အသင့်ဖြစ်ရဲ့လား၊ ဝင်သွားဖို့အတွက် လိုအပ်တဲ့ဟာတွေ ငါ့မှာအစုံရှိပြီလား” ဆိုပြီး ထိုင်စဉ်းစားနေဖို့ အချိန်မရှိဘူး။ အချိန်မလောက်ဘူး။ အဲ့ဒါကြောင့် ဆုံးဖြတ်ချက်တွေကို မြန်မြန်ချနိုင်ဖို့လိုတယ်လို့ ကျွန်မပြောနေတာ။
တစ်ခါတရံကျ ကျွန်မတို့ခုန်ချလိုက်တဲ့ ဝင်ပေါက်က Jurassic Park ထဲကို ရောက်သွားတဲ့ ဝင်ပေါက်ဖြစ်နေပြီး ဒိုင်နိုဆောတွေလိုက်တာ ခံရနိုင်တယ်။ တစ်ခါတလေ ဆုံးဖြတ်ချက်မြန်မြန်ချပြီး ခုန်ဝင်လိုက်တဲ့ ဝင်ပေါက်က ဒဏ္ဏာရီထဲက နတ်သမီးတိုင်းပြည်ဆီပို့ပေးလိုက်တာမျိုးလည်း ဖြစ်နိုင်တယ်။ တကယ်တော့ ဒါက ဆုံးဖြတ်ချက်တွေ မြန်မြန်ဆန်ဆန်ချတတ်အောင် သင်ယူခြင်းနဲ့ အတွေ့အကြုံတွေ၊ အနာဂတ်ရဲ့ မတူညီတဲ့ ပုံစံတွေနဲ့ ကျွန်မတို့ရဲ့ မတူညီတဲ့ ဖြစ်တည်မှုကို ဖွင့်ပေးမယ့် ဝင်ပေါက်ထဲကို ခုန်ဝင်ခြင်းပါပဲ။
ကျွန်မစဉ်းစားမိတာတစ်ခုက ကျွန်မတို့ စီးပွားရေးလုပ်ငန်းတစ်ခုကို တည်ဆောက်တာပဲ ဖြစ်ဖြစ်၊ ကိုယ့်လက်ရှိအနေအထားကနေ တစ်ဆင့်မြှင့်တင်တာပဲဖြစ်ဖြစ်၊ ပြိုလဲခါနီးအချိန်ပဲဖြစ်ဖြစ် တော်တော်များများကတော့ တံတိုင်းကြီးတစ်ခုနဲ့ ဝင်တိုက်မိတဲ့အချိန်တွေ အများကြီးရှိတယ်။ လမ်းဆုံလမ်းခွရောက်ပြီး ဘယ်ချိုးရမလား ညာချိုးရမလားဆိုပြီး လမ်းပျောက်နေတဲ့သူတွေရှိသလို တံတိုင်းကြီးကာထားလို့ ထွက်ပေါက်မရှိတဲ့သူတွေလည်းရှိတယ်။ ချောင်ပိတ်ရိုက်ခံရသလို ခံစားကြရတယ်။ ဒါပေမဲ့ အဲ့လိုအချိန်တွေက တစ်ခုခုပေါ်ထွက်လာတော့မယ့်အချိန်တွေပဲ၊ ဒီအချိန်တွေဟာ ကျွန်မတို့ ပိုးတုံးလုံးကနေ လိပ်ပြာဖြစ်လာတော့မယ့်အချိန်တွေပဲ။ အဲ့အချိန်က ရှင်တို့အတွက်ဖွင့်ပေးထားတဲ့ ဝင်ပေါက်ထဲကို ခုန်ဝင်ရမယ့်အချိန်ပါပဲ။ အဲ့အချိန်ကို အာရုံစိုက်ပြီးစောင့်ကြည့်နေမှပဲ ဒီတံခါးပွင့်တာ ရှင်တို့ သတိထားမိမှာ။
အဲ့အချိန်မှာပဲ … အကြောက်တရားက ခိုင်းတဲ့အတိုင်းလုပ်ရမလား၊ မေတ္တာတရားက ခိုင်းတဲ့အတိုင်းလုပ်ရမလား၊ ကိုယ်တကယ်လုပ်ချင်တဲ့ အရာကို လုပ်မလား၊ လူတွေဝေဖန်မှာကြောက်လို့ မလုပ်ဘဲ တွန့်ဆုတ်နေရမလား၊ ကျရှူံးမှာကြောက်တယ်၊ မျှော်လင့်ထားသလို ဖြစ်မလာမှာကြောက်တယ်၊ အလုပ်မဖြစ်မှာကြောက်တယ်ဆိုတဲ့ အချိန်တွေကို ကြုံရဦးမှာပါ။ ကျွန်မတို့ခေါင်းထဲမှာ အဲ့သုံးသပ်ချက်တွေနဲ့ ရှုပ်နေတုန်းမှာပဲ ကျွန်မတို့ ခုန်ဝင်နိုင်မယ့် အခွင့်အရေးကို လက်လွတ်လိုက်ရပါပြီ။
ကျွန်မတို့ အခုအချိန်မှာ အမျိုးသားတွေရော အမျိုးသမီးတွေရောအတွက် အရင်ကနဲ့မတူတော့ဘဲ အခွင့်အရေးတွေအများကြီး ရှိနေပါပြီ။ အဲ့အတွက် ကျွန်မတို့ရဲ့ အရင်ပုံစံထက် ပိုကောင်းတဲ့ပုံစံတွေနဲ့ လုပ်ဆောင်ဖို့ လိုအပ်နေပြီ။ အဲ့ဒါကိုလည်း ကျွန်မတို့ ခံစားရတယ်။ အဲ့ပုံစံဘယ်လိုဖြစ်မလဲဆိုတာ ပုံဖော်တတ်တယ်။ ကျွန်မတို့ထဲက အမြင်ရှိတဲ့တချို့တွေဆိုရင် တန်းသိနေပြီ။ ကျွန်မတို့ရဲ့ အနာဂတ်ဖြစ်တည်မှုပုံစံ အပြည့်အစုံ၊ ဘယ်လိုပုံစံဖြစ်မယ်ဆိုတာကို မြင်ယောင်ကြည့်ပြီးနေပြီ။ အဲ့ဒါက ကျွန်မတို့လုပ်ကိုင်နေတာတွေရဲ့ သက်ရောက်မှုလည်း ဖြစ်ချင်ဖြစ်မယ်၊ ကျွန်မတို့ အခုရှာနေတဲ့ ငွေရဲ့ သက်ရောက်မှုလည်း ဖြစ်ချင်ဖြစ်မယ်၊ လွတ်လပ်မှုနဲ့ ပြောင်းလွယ်ပြင်လွယ်မှုကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်၊ ကိုယ့်ကိုယ်ကိုယ်ပေးတဲ့ စိတ်ခွန်အားကြောင့် ဖြစ်ချင်ဖြစ်မယ်၊ နက်ရှိုင်းတဲ့ဆက်သွယ်မှုနဲ့ လွတ်လပ်မှုကြောင့်လည်း ဖြစ်ချင်ဖြစ်မယ်။ လွတ်လပ်မှုကိုလိုချင်လို့ အဲ့ဒါရှိတဲ့နေရာကို သွားတဲ့ပုံစံမျိုးကို ပြောတာမဟုတ်ဘူးနော်။ ကိုယ်ကိုယ်တိုင်ဆီက လာတဲ့ လွတ်လပ်မှုအကြောင်းကို ပြောနေတာပါ။
အဲ့အရာတွေအားလုံးပေါ်ထွက်လာပြီးတော့ ကျွန်မတို့အခုမြင်နေရတဲ့ ရည်မှန်းချက်ရဲ့ တုန်ခါမှုနဲ့ ချိန်ကိုက်နေတဲ့ ကျွန်မတို့၏ ဖြစ်တည်မှုအသစ်ကို ပြောင်းလဲဖို့ တစ်ဆင့်တက်ဖို့ လိုနေတာ။
ကျွန်မတို့မှာရှိတဲ့ ရည်မှန်းချက်တွေ၊ အကြံဉာဏ်တွေ၊ အပြုသဘောအများကြီးသက်ရောက်ပြီး ရေလှိုင်းသက်ရောက်မှုအကြီးကြီးရှိတဲ့ ကျွန်မတို့လိုချင်တဲ့အရာတွေကို ကျွန်မတို့ကိုယ်တိုင် ဖန်တီးနေတယ်လို့ ထင်ကောင်းထင်လိမ့်မယ်။ ဒါပေမဲ့ ကျွန်မကတော့ တစ်ခုခုက ကျွန်မတို့ကို ဒီလိုလုပ်ဖို့ တောင်းဆိုနေတာ။ ကျွန်မတို့က ဒါကိုလုပ်ဖို့ လူမှန်နေရာမှန်မှာရှိနေလို့ ကျွန်မတို့ကို ရွေးချယ်ပြီး ဒီလမ်းကိုပြပေးနေတာ။
အကြံဉာဏ်တွေက သိစိတ်လိုပဲ မျောလွင့်ကူးခတ်နေတာပါ။ အကြံဉာဏ်တွေက လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်သွားတတ်ပါတယ်။ လူမှန်နေရာမှန်ဖြစ်ဖို့တော့ လိုတာပေါ့လေ။ အဲ့အကြံဉာဏ်ကို အကောင်အထည်ဖော်နိုင်မယ့်သူ၊ အဲ့အကြံကို လက်တွေ့လုပ်ဆောင်ချက်အဖြစ် ပြောင်းလဲနိုင်မယ့်သူ၊ အဲ့လို ဒီအကြံဉာဏ်နဲ့ ကွက်တိဖြစ်မယ်လို့ ယူဆရမယ့်သူကို အကြံဉာဏ်က ရွေးပါတယ်။ အကြံဉာဏ်တွေက ကူးခတ်သွားလာနေတတ်တယ်နော်။ အဲ့အကြံဉာဏ်တွေက ရှင်တို့ဆီကို ရောက်လာပြီးတာနဲ့ “ဘုရားသခင်! အကြံရပြီ. အဲ့အတိုင်းလုပ်ရမယ်။ ဖြစ်လာအောင်လုပ်မယ်။ တစ်နှစ်အတွင်းကို ဖြစ်လာအောင်လုပ်မယ်။” ဆိုပြီး ဒိန်းဒိန်းဒိန်းနဲ့ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်လာတော့တာပဲ။
အဲ့လိုနဲ့ ကိုယ်အကြံဉာဏ်တွေ တကယ်ဖြစ်လာအောင် မရပ်မနားသွားနေရင်း တစ်ချိန်မှာ မြေကြီးပေါ်ပြန်ပြုတ်ကျတဲ့အချိန်ကျ “အခြေအနေကတော့ တကယ်မကောင်းတော့ဘူး။ လုပ်နိုင်ပါ့မလားမသိဘူး။ ဖြစ်အောင်လုပ်နိုင်တဲ့ အရည်အချင်းငါ့မှာ ရှိရဲ့လား။ မလုပ်နိုင်လောက်ဘူးထင်တယ်။” ဆိုတာမျိုးတွေ တွေးလာတတ်တယ်။
အဲ့လိုတွေလည်း ပြန်စဉ်းစားလိုက်တဲ့အချိန်မှာ အကြံဉာဏ်တွေက “မင်းက လူမှန်နေရာမှန်မှ ရှိမနေဘူး။ မင်းကို ထားခဲ့ပြီး တကယ်လုပ်ရဲတဲ့ သတ္တိရှိတဲ့သူဆီ၊ တကယ်လုပ်ချင်တဲ့သူဆီ၊ အရှူံးကိုလက်ခံနိုင်တဲ့သူ၊ အမှားကို လက်ခံနိုင်တဲ့သူဆီ၊ အမှားလုပ်နိုင်ချေရှိတာကို လက်ခံပြီး ဆုံးဖြတ်ချက်တွေ မြန်မြန်ဆန်ဆန်ချနိုင်တဲ့သူဆီ၊ ဝင်ပေါက်ပွင့်တာနဲ့ တန်းခုန်ဝင်ရဲတဲ့သူဆီကိုပဲ သွားတော့မယ်” ဆိုပြီးတော့ အဲ့လိုနဲ့ အကြံဉာဏ်ကောင်းတွေက တခြားသူဆီ ပြောင်းရွေ့သွားပါလေရော။
အဲ့လိုနဲ့ ရှင်တို့လည်း ခုံမှာထိုင်၊ အတည်ပြုချက်တွေ ထပ်ခါထပ်ခါထိုင်လုပ်၊ ခေါင်းထဲမှာ သုံးသပ်တာတွေ လုပ်နေရင်းနဲ့ပဲ အလုပ်ရှုပ်နေပြီး ကိုယ့်နှလုံးသားရဲ့အသံကို လုံးဝလျစ်လျူပစ်လိုက်လိမ့်မယ်။ လတွေတော်တော်ကြာတဲ့အချိန်မှာ ရှင်ရှေ့အရင်လတွေတုန်းက ရခဲ့တဲ့ အကြံကို တစ်ယောက်ယောက်က အကောင်အထည်ဖော်နေပြီဆိုတာကို Facebook ပေါ်မှာ ရှင်တွေ့လာလိမ့်မယ်။ အဲ့အချိန်ကျမှ “ဘာလို့လဲ။ ဘာဖြစ်သွားတာလဲ။ ငါဘာလို့ အဲ့ဒါကို မလုပ်မိခဲ့တာလဲ။ သူငါ့အကြံကိုခိုးသွားတာပဲ။” ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ပြန်မေးနေဦးမှာ။ သူတကယ်ပဲ အဲ့အကြံကို ခိုးသွားတာလည်း ဖြစ်နိုင်ပါတယ်။ အဲ့အကြံက သူ့ဆီရောက်သွားတာလည်း ဖြစ်နိုင်တာပဲ။ ရှင့်မှာအခွင့်အရေးရှိနေတုန်းက ရှင်စဉ်းစားတဲ့အလုပ်နဲ့ပဲ အလုပ်ရှုပ်နေပြီးတော့ အဲ့တံခါး၊ အဲ့မုခ်ဝ၊ အဲ့ဝင်ပေါက်ကို ခုန်ဝင်ဖို့မေ့နေခဲ့တာလေ။ အဲ့ဝင်ပေါက်ပွင့်သွားရင် ရှင်ကြားရနိုင်တယ်။ ဒါပေမဲ့ အဓိကသော့ချက်က အဲ့လိုကြားရဖို့ အာရုံစိုက်ရမှာ၊ ခံစားရမှာ၊ ကိုယ့်ကိုယ့်ကိုယ် မလုပ်နိုင်လောက်သေးဘူးလို့ ထင်ရင်တောင်၊ အဆင်သင့်မဖြစ်သေးဘူးလို့ ထင်ရင်တောင်၊ နက္ခတ်တာရာတွေ နေရာမကျသေးဘူးလို့ ထင်ရင်တောင် ဆုံးဖြတ်ချက်တွေမြန်မြန်ချရမှာ။ အဲ့လိုတွေဖြစ်နေရင်တောင် ခုန်ဝင်ရမှာ။
ဆိုတော့ ကျွန်မဒီနေ့မေးချင်တာက တစ်ချိန်လုံး ကိုယ့်ခေါင်းထဲမှာပဲ စဉ်းစားတဲ့အလုပ်ကို လုပ်နေမှာလား၊ နှလုံးသားထဲမှာ အချိန်ပေးပြီးနေမှာလား ဆိုတာပဲ။
တစ်ချိန်လုံး ကိုယ့်ခေါင်းထဲမှာပဲ စဉ်းစားတဲ့အလုပ်ကို လုပ်နေရင်တော့ အခွင့်အရေးတွေအများကြီးကို ဆုံးရှုံးတော့မှာ။ ဟန်ချက်ညီနေဖို့လိုတယ်။ ဘာလို့ဆို နှလုံးသားနောက်ကိုပဲ ဆက်တိုက်လိုက်နေရင် တိမ်တွေပေါ်မှာပဲ ကူးခတ်နေတော့မှာ။ ဦးနှောက်ကြီးပဲ သုံးနေရင်လည်း အခွင့်အရေးတွေ ဆုံးရှုံးမှာ။ အဲ့နှစ်ခုကြားမှာ ဟန်ချက်ညီနေမှပဲ ရမယ်။ အကုန်လုံးကို တွေ့ရမယ့်၊ အမြင့်ကို တက်နိုင်မယ့်၊ အခွင့်အရေးအားလုံး၊ ကိုယ့်လမ်းကြောင်းပေါ်မှာရှိနေတဲ့ အခက်အခဲအားလုံးကို မြင်နိုင်မယ့်၊ အလယ်ဆုံချက်ကို ပြန်ရောက်အောင် သွားဖို့ပဲ။
ပြောချင်တာက ဒီလို။ နှလုံးသားနောက် လိုက်ရင်၊ soul နောက်ကိုလိုက်နေရင် စဉ်းစားစရာမလိုဘူး။ မပြင်ဆင်ဘူး။ ဒီတိုင်း အလိုက်သင့်ပဲ စီးဆင်းသွားမှာ။ ဒီတိုင်းပဲ ထွက်လာမှာ။ အဲ့ဒါကို လိုင်းဖမ်းတယ်လို့ခေါ်တယ်။ ယုံကြည်တယ်လို့ခေါ်တယ်။ ပြီးတော့ ကိုယ်မသိတဲ့နေရာတစ်ခုကို ခြေချဖို့ ဆန္ဒရှိပြီး စိတ်ဖွင့်ထားပြီးတော့ ဦးနှောက်နဲ့ နှလုံးသားကြားမှာ တကယ်ဟန်ချက်ညီနေဖို့ လိုတယ်။ အဲ့လိုမှ ကျယ်ကျယ်ပြန့်ပြန့်၊ အမြော်အမြင်ရှိရှိ၊ မြင့်မြင့်မားမားရှိတဲ့ နေရာတစ်ခုကနေ ဆုံးဖြတ်ချက်တွေချနိုင်မှာ။ အဲ့လိုမှ ဝေဟင်က ငှက်တစ်ကောင်လို အခွင့်အရေးတွေတင်မက အခက်အခဲတွေကိုပါ အပေါ်စီးကမြင်ရမှာ။ အဲ့လိုမှ ကျွန်မတို့ရဲ့ လမ်းကို သေချာစီမံပြီး ဒီလမ်းစဉ်တစ်လျှောက်လုပ်ရမယ့်အရာတွေပေါ်မှာ ယုံကြည်မြှပ်နှံထားနိုင်မှာ။ အဲ့လိုလုပ်နေရင်းနဲ့ပဲ ကိုယ်လုပ်စရာရှိတာဆက်လုပ်၊ လုပ်နိုင်တယ်ဆိုတာကို သက်သေပြရင်း ကိုယ့်အပိုင်းကိုယ် ၁၀၀% အပြည့်အဝနဲ့ လစ်ဟင်းတာမရှိအောင် လုပ်နေရမှာပါ။
ကျေးဇူးအများကြီး တင်ပါတယ်။ အရမ်းလည်းချစ်တယ်နော်။ ဒါကရှင်တို့အတွက် အဓိပ္ပါယ်ရှိမယ်လို့ မျှော်လင့်ပါတယ်။ ကြိုက်တယ်ဆိုရင်တော့ Share ပေးခဲ့နော့်။ Like လေးနှိပ်ပြီး အောက်မှာ comment ပေးခဲ့ပါဦး။ ရှင်တို့ပြောတာလေးတွေလည်း ကြည့်ချင်လို့ပါ။
Much Love,
Arabelle