BHP36 - Solo

Here’s Why Your Manifestation isn’t Working

Listen now:

You already know all the steps to manifestation. You’ve even tried it yourself. You feel that you are in that high frequency and you are vibing with the universe. But somehow, even though how hard you try, it just isn’t working.

What could have you done wrong? What step did you miss?

If you feel exactly this way when you’re manifesting, then this episode is for you. Join me as we talk about the resistances and things that could possibly come up and stop you from manifesting your desires.

Tune in to this episode and let me know, what blocks are you experiencing and how are you choosing to overcome it?

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

Hey there!

ဒီ manifesting process (ရုပ်လုံးပေါ်လာတဲ့ လုပ်ငန်းစဉ်ကို) လုပ်နေတဲ့အချိန်မှာ ရှင်တို့ နဖူးတွေ့ဒူးတွေ့ကြုံရမယ့် တချို့အဖြစ်အပျက်တွေ ရှိလိမ့်မယ်။

ပထမဆုံးကြုံရမှာကတော့ ကိုယ့်ရဲ့အတ္တကို ကိုယ်တိုင်အတိုက်အခံလုပ်ရမှာပါ။ ရှင်တို့ စိတ်ထဲမှာရှင်းလင်းသွားပြီးတော့ ဘာလိုချင်လဲဆိုတာ သေချာသိရတဲ့အချိန်၊ ရှင်တို့ manifest (ရုပ်လုံးဖော်) ချင်တာ ဘာဆိုတာကို ချရေးလိုက်တဲ့အချိန်မှာပဲ ရှင်တို့ခေါင်းထဲ ပထမဆုံးဝင်လာမှာက … ဖြစ်ရောဖြစ်နိုင်ရဲ့လား။ လုပ်ရောလုပ်နိုင်ပါ့မလား။ ငါ့အတွက် ဖြစ်ရောဖြစ်လာနိုင်မှာလား ဆိုတဲ့ မေးခွန်းတွေပဲ။ ဒီနေရာမှာ ရှင်တို့ ကိုယ့်ကိုယ်ကိုယ်မေးရမှာက “ဖြစ်ရောဖြစ်နိုင်ရဲ့လား” ဆိုတာမျိုးမဟုတ်ဘူးလေ။ “ငါ့အတွက်ဘာက မဖြစ်နိုင်တာလဲ” ဆိုတာမျိုး ဖြစ်ရမှာ။ “ငါ့အတွက်ဘာက မဖြစ်နိုင်တာလဲ”.. ကျွန်မတို့က အပျက်ကနေစတွေးကြတာကိုး။ ကျွန်မတို့က မဖြစ်နိုင်ဘူးလို့ပဲ အရင်တွေးကြတာ။ ကျွန်မတို့က ကိုယ့်အတွက် မဖြစ်နိုင်ပါဘူးလေဆိုတာကို အရင်တွေးပြီး လက်တွေ့မှာ ကိုယ်ရောက်ချင်တဲ့နေရာကို သွားကြည့်ဖို့တောင် အားမထည့်ကြတော့ဘူး။

တချို့သူတွေတွေးတာကျ သူတို့အတွက်တော့ အချစ်ဆိုတာကိုခံစားရဖို့ လမ်းမမြင်ပါဘူးပေါ့။ သူတို့ပတ်ဝန်းကျင်က လူတွေက သူတို့ကိုချစ်ခင်နေရင်တောင်၊ ဂရုစိုက်ပေးရင်တောင်မှ အချစ်ကသူတို့အတွက် မဟုတ်ဘူးလို့ ထင်နေကြတုန်း။ အဲ့တော့ သူတို့ချစ်ခြင်းမေတ္တာကို ရှာတွေ့သွားကြရင်တောင် အဲ့အချစ်ကို ဖျက်ဆီးပစ်ဖို့ လမ်းရှာပါလေရော။ ဒါက သူတို့အတွက်မဟုတ်ဘူးလို့ ထင်တာကိုး။ အချစ်က မမြဲတဲ့အရာဖြစ်တယ်။ မမြဲတော့ ခဏနဲ့ပျောက်ပြယ်သွားရင် ခံစားရလိမ့်မယ်ပေါ့။ သူတို့က အဲ့လိုပဲတွေးတာ။ အဲ့တော့ သူတို့မနာကျင်ရခင် ဘာလုပ်မယ်ထင်လဲ။ သူတို့အဲဒါကိုဖျက်ဆီးပစ်ပြီး အချစ်နဲ့ ဝေးရာကို ထွက်ပြေးကြမှာ။

နောက်တစ်ခုကတော့ ငွေ။ ကိုယ်က ငွေမရှာနိုင်ဘူးလို့ ထင်နေရင် ရှင့်မှာ ဖောက်သည်ဘယ်လောက်ရှိရှိ၊ ဆုကြေးငွေ ဘယ်လောက်ရရ၊ လစာတွေအများကြီး ရနေလည်း၊ အမွေရလာတယ်ဆိုရင်တောင်မှ ဘာဖြစ်မယ်ထင်လဲ။ ရှင်က အဲ့ဒါတွေကိုဖျက်ဆီးပစ်ပြီး ငွေရမယ့်နည်းလမ်းတွေ အကုန်လုံးကို လက်လွတ်ဆုံးရှုံးခံရမယ့် လမ်းကြောင်းကို ရှာနေဦးမှာပဲ။

ဘာကျန်သေးလဲဆိုတော့ … လေးစားမှု။ ရှင်က ငါတော့လေးစားခံရမှာ မဟုတ်ဘူးလို့ တွေးတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်လည်း လေးစားမှာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်မှ မလေးစားနိုင်ရင် ကိုယ့်ဘေးနားကလူတွေက ကိုယ့်ကိုလေးစားမယ်လို့ မျှော်လင့်လို့မရဘူးလေ။

အဲ့တော့ အတိုက်အခံတွေ ဖြစ်လာတိုင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးရမှာက “ဖြစ်ရောဖြစ်နိုင်ပါ့မလား” ဆိုတာမဟုတ်ဘဲနဲ့ “ငါ့အတွက်ဘာက မဖြစ်နိုင်တာလဲ” ဆိုတာပါ။

ကျွန်မအကြောင်းလေး ပြောပြချင်တယ်။ ကျွန်မက နေ့ရောညပါအလုပ်လုပ်တဲ့သူပါ။ အခုဆို ပရိုဂရမ်အသစ်တွေ မိတ်ဆက်ဖို့တောင် စီစဉ်နေပြီ။ အသစ်အသစ်တွေ ချပြဖို့ လုပ်နေပြီ။ အဲ့တော့ ဖန်တီးမှုတွေ လုပ်မယ်ဆိုရင် ကျွန်မက လုံးဝအငြိမ်ထိုင်လိုက်ပြီးတော့ စိတ်ကူးထဲနစ်မြုပ်ရင်း ဖန်တီးရတာ။ အဲ့လိုလုပ်နေတဲ့အချိန်မှာ ဘာအနှောင့်အယှက်မှ ပေါ်လာလို့မရဘူး။

ဒါပေမဲ့ အခုကျွန်မမှာ ကျွန်မဖန်တီးချင်တဲ့ ထပ်တိုးစီမံကိန်းတွေ အများကြီးရှိနေပြီးတော့ လက်ရှိလည်း လုပ်နေတာ။ ကျွန်မအဲ့အကြောင်း သူငယ်ချင်းနဲ့ပြောဖြစ်တော့ သူကမေးတယ် “Arabelle ရေ ပြီးခဲ့တဲ့ ၁၄ လ အတွင်း နင်လုပ်နေတာတွေ မနည်းဘူးပဲ။ နင်လုပ်နေတဲ့ အလုပ်ကြီးတွေကို တော်ရုံလူလုပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီလောက်အခက်အခဲတွေ ကြားထဲကတောင် နင့်လုပ်ငန်းကို တိုးတက်နေအောင် စီမံနိုင်တယ်၊ လုပ်နိုင်ကြောင်းကို ပြနိုင်တယ်၊ နင်စခဲ့သမျှ ပရောဂျက်တွေအကုန်လုံးကို လက်စသတ်နိုင်တယ်။ နင်ဘယ်လိုတောင် အလုပ်လုပ်နေတာတုန်း” တဲ့။

ဒီမှာကျွန်မပြောချင်တာ လာပါပြီ။ ဘယ်လိုလုပ်နိုင်တာလဲဆိုတာကိုပြောဖို့ ဘယ်လောက်ထိတောင် ဖြစ်ထွန်းချင်စိတ်ရှိလဲ၊ အောင်မြင်ချင်စိတ်ရှိလဲ ဆိုတာနဲ့စရမှာ။ စိတ်ထဲမှာ မီးကုန်ယမ်းကုန် ဒေါင်းတင်မောင်းတင် ထားလား။ ဖန်တီးဖို့နဲ့ ဖန်တီးမှုရဲ့ ရလဒ်ကိုမြင်ရဖို့ ဘယ်လောက်ထိ နှစ်မြှပ်နိုင်လဲပေါ့။ ဒီလိုလုပ်နိုင်ဖို့အတွက် ရှင်တို့ရဲ့ မျှော်မှန်းချက်တွေ၊ ရှင်တို့ရဲ့ စိတ်ကူးအိပ်မက်တွေက အခုလက်ရှိရှင်တို့ အနေအထားထက် ပိုကြီးပြီး ပိုသာနေဖို့ လိုတယ်။ အဲ့လိုပိုကြီး ပိုသာနေပြီဆိုရင်တော့ ရှင်တို့မှာ ဘယ်လိုအခက်အခဲရှိရှိ၊ ဘာတွေပဲဖြစ်နေနေ ကျော်ကို ကျော်လွှားနိုင်မှာ။ ကျွန်မဆို မျက်လုံးတွေ ဖောင်းအစ်နေအောင် ငိုချင်ငိုလိမ့်မယ်။ ငိုပြီးရင်တော့ မျက်နှာထသစ်၊ ကျော့ကျော့မော့မော့လေး အလှပြန်ပြင်ပြီး ကျွန်မကိုင်တွယ်နိုင်တယ်ဆိုတာကို ပြဦးမှာ။ အပြုသဘောဆောင်တဲ့ ဘက်ကိုပဲ လူတွေကိုပြချင်တယ်လေ။ အဲ့ဒါဆို ဟန်ဆောင်ထားတာ၊ ဟန်ပြလုပ်တာပေါ့ဆိုပြီး မေးစရာရှိမယ်။ လုံးဝမဟုတ်ပါဘူး။ ဒါဆို ဟန်မဆောင်ဘဲ ဘယ်လိုလုပ်တာလဲဆိုတော့ ကျွန်မရဲ့ မျှော်မှန်းချက်က လက်ရှိ ကျွန်မရဲ့ဖြစ်တည်မှုထက်ကို ပိုကြီးနေတာမို့ အဲ့ဒါကတွန်းအားဖြစ်စေပြီးတော့ အဲ့အခြေအနေတွေကြားထဲမှာ အလိုက်သင့်ပြောင်းလဲနိုင်နေတာ။

ကျွန်မရဲ့ စိတ်ခံစားချက်တွေကို ကိုင်တွယ်တဲ့အခါ ကျွန်မအချိန်ယူတယ်။ “ခံစားချက်တွေကို ရှေ့တန်းတင်ရမယ့် အချိန်မဟုတ်ဘူး” ဆိုပြီး ဘယ်ဘက်ဦးနှောက်အခြမ်းကိုသုံးပြီး ယောက်ျားဆန်ကြည့်တာမျိုး၊ “လုပ်စရာတွေ အများကြီးရှိသေးတယ်။ ခံစားနေရဖို့ အချိန်မရှိဘူး” ဆိုပြီး စိတ်ကိုတင်းထားတဲ့ အချိန်ရှိသလို ကိုယ့်ကိုယ်ကိုယ် အချိန်အပြည့်အဝပေးပြီး ဒီခံစားချက်တွေကို လွှတ်ပေးလိုက်တဲ့ နည်းနဲ့လည်း ကိုင်တွယ်တဲ့အချိန်လည်း ရှိတယ်။ ကျွန်မကတော့ အဲ့လိုဖြေရှင်းတာပဲ။

ဒါကလဲရင် ပြန်ထတာပဲ။ ဒါက ကိုယ့်အတွက်ကိုယ် ရင်းနှီးမြှပ်နှံတာပဲ။ ဒါက ကိုယ့်ကိုယ်ကိုယ် ပြန်ထူပေးတာပဲ။ ကျွန်မအရင်တုန်းက ရှင်တို့ကို ဒီမေးခွန်းမေးဖူးပါတယ် … ကိုယ့်ကိုယ်ကိုယ်ပြန်ထူပေးဖြစ်လားလို့။

ရာခိုင်နှုန်းနဲ့ တိုင်းထားတာတစ်ခုရှိတယ်။ ဒီ ကိုယ်ဖြစ်ချင်တာတွေ ရုပ်လုံးပေါ်လာဖို့ လုပ်နေတဲ့ လုပ်ငန်းစဉ်လို့ပဲပြောပြော ကိုယ့်ဘဝနဲ့ ကိုယ့်လုပ်နေတဲ့အရာတွေမှာ လိုချင်တာတွေရလာဖို့ ဖြစ်စေချင်သလို ဖြစ်လာဖို့ ကြိုးစားနေတဲ့ အချိန်ပဲပြောပြောပေါ့ .. အဲ့လိုလုပ်နေတဲ့လူတွေအတွက် အောင်မြင်မယ့် ရာခိုင်နှုန်း ဘယ်လောက်ရှိမယ်လို့ ထင်လဲ။ စဉ်းစားကြည့်ရအောင်။ အဖြေကတော့ ၁% တောင် မပြည့်ပါဘူးတဲ့ရှင်။ ဘာလို့လဲဆိုတော့ ဒါမျိုးလုပ်တဲ့ထဲက လူအများစုက သူတို့စစလုပ်ချင်းမှာ အရမ်းစိတ်တွေ တက်ကြွလှုပ်ရှားပြီးတော့ ခံယူချက်တွေ ချရေး၊ သူတို့ဟာသူတို့ ဇာတ်ညွှန်းတွေထုတ်၊ အနာဂတ်အတွက် ပုံဖော်တွေ လုပ်လိုက်ကြတာ … တစ်ပတ်လောက်ပေါ့လေ.. အလွန်ဆုံးနှစ်ပတ်ပေါ့။ ပြီးလည်းပြီးရော သဗ္ဗေသတ္တာ ကမ္မသကာတွေဖြစ်ပြီးတော့ အရှိန်တွေတဖြည်းဖြည်းလျော့၊ အဖျက်အမှောက်လေးတွေဝင်လာတဲ့အခါမှာ ကိုယ်ဘာလုပ်နေတယ်ဆိုတာကို မေ့သွားကြရော။ တချို့တွေကျတော့ ဖြစ်ချင်တာတွေကို ပထမဆုံးနေ့မှာ ချရေးကြပေမဲ့ လက်တွေ့ဆန်ဆန်တွေးမိပြီးတော့ သူတို့ခေါင်းထဲမှာ ဘာပေါ်လာလဲဆိုရင် “ဒါကတော့ ငါ့အတွက် ဖြစ်နိုင်မယ် မထင်ဘူး။ ဒါကတော့ ငါ့အနေနဲ့ ရနိုင်မယ်မထင်ဘူး။ ကံကောင်းတဲ့သူတွေမှပဲ ဒါမျိုးတွေဖြစ်လာမှာ” ဆိုတာတွေ ပေါ်လာကြပြီးတော့ စတောင်မစရသေးဘဲ အရှုံးပေးသွားကြရော။

ကျွန်မတို့အားလုံး အခြေအနေပေးတာချင်းတူကြတယ်။ တစ်နေ့မှာ ၂၄ နာရီအချိန်ရှိတာချင်းလည်း တူကြတယ်။ ဒါပေမဲ့ တချို့တွေကျ အောင်မြင်မှုအကြီးကြီးတွေ ရနေပြီး တချို့ကျ ဘာမှသိပ်ထူးခြားမနားဖြစ်နေရတာလဲ။ အဖြေကတော့ ကိုယ့်ရဲ့ရွေးချယ်မှုပေါ်ပဲ မူတည်ပါတယ်။ ကျွန်မကတော့ ကျွန်မရဲ့ စိတ်အားထက်သန်မှုကို ရွေးတယ်။ စိတ်အားထက်သန်မှု။ လက်ရှိကျွန်မရဲ့ ဖြစ်တည်မှုထက်ပိုကြီးတဲ့၊ လက်ရှိ ကျွန်မရဲ့ ပကတိအခြေအနေကိုတောင် သေးနုပ်သွားလောက်တဲ့ အနာဂတ်တစ်ခုကို ပုံဖော်ဖို့ ရွေးတယ်။ ဒါပေမဲ့ ဒီအနာဂတ် ရည်မှန်းချက်က ကျွန်မဘဝပေါ်မှာ အကြီးကြီးသက်ရောက်ရုံတင်မကဘူး၊ ကျွန်မရဲ့ ပတ်ဝန်းကျင်က ကျွန်မရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေရဲ့ ဘဝပေါ်မှာတင်မကဘူး ကျွန်မနဲ့လက်တွဲ လုပ်ကိုင်နေတဲ့သူတွေရဲ့ ဘဝပေါ်မှာ၊ ကျွန်မကူညီနေတဲ့သူတွေရဲ့ ဘဝပေါ်မှာ၊ ပြောရရင် ရှင့်အပေါ်တောင်ဖြစ်နိုင်သေး သက်ရောက်မှုအကြီးကြီး ရှိပါတယ်။

ဆိုတော့ ရှင်ဆို ဘာကိုရွေးမလဲ။ ဘယ်သူ့ကိုရွေးမလဲ။ သံသယအပြည့်နဲ့သူတွေကတော့ အရင်တည်းက ရှိပြီးသား။ သူတို့ဘက်တော်သားလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်မလား၊ ဒါမှမဟုတ် ရှင့်ကိုယ်ထဲက စိတ်အားထက်သန်မှုကို ရှာပြီး ကိုယ့်ကိုယ်ကိုယ်ရွေးမလား။

ကိုယ်ဖြစ်စေချင်တာတွေ တကယ်ဖြစ်လာဖို့ ရုပ်လုံးပေါ်လာအောင် တည်ဆောက်တဲ့ ဒီလုပ်ငန်းစဉ်မှာ ကိုယ့်ကိုယ်ကိုယ် နှစ်မြှပ်နိုင်ဖို့လိုတယ်။ အဲ့ ယုံကြည်ချက်လိုတယ်။

ကျွန်မရဲ့ ဆရာမတစ်ယောက်ပြောဖူးတဲ့ စကားရှိတယ် .. “ယုံကြည်ချက်ကပဲ လူတစ်ယောက်ကို ရှေ့ဆက်လျှောက်နိုင်စေတာ” တဲ့။ အကယ်၍များ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ယုံကြည်ချက်ပျောက်ဆုံးသွားရင် ဘယ်လိုလုပ်မလဲ။ ဘာကို ဆက်ယုံကြည်မှာလဲ။ အဲ့တော့ ယုံကြည်ချက်ရှိနေဖို့ လိုအပ်တယ်၊ အဲ့မှာ လုံးဝနှစ်မြှပ်ထားဖို့ လိုတယ်။

ကျွန်မနောက်ဆုံးပြောချင်တဲ့အပိုင်းက ကျွန်မအရင်ကပြောခဲ့သလိုပဲ ဒီဟာက လုံးဝတိကျသေချာနေမှ ရပါမယ်။ ကိုယ်ဘာကိုတကယ်လိုချင်တာလဲဆိုတာကို တိတိကျကျသိဖို့နဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ရယ် ဘယ်အချိန်မှာ ဘယ်လိုဖြစ်လာရမယ်ဆိုတဲ့ အနာဂတ်ပုံဖော်ချက် တိတိကျကျ ထွက်လာဖို့ရယ် လိုပါတယ်။ တစ်ချိန်တည်းမှာပဲ ဒါက ဝိရောဓိနည်းနည်းဖြစ်နေပြန်ရော။ ဒါပေမဲ့ ဘဝဆိုတာကိုက ဆန့်ကျင်ဘက်တွေ ဒွန်တွဲနေတာမလား။ အဲ့လိုမှပဲ ဟန်ချက်ညီတော့မှာပေါ့။ ဆိုတော့ ဒါက လက်လွှတ်တတ်ဖို့နဲ့ ယုံကြည်တတ်ဖို့ပဲ။

လက်လွှတ်တယ်ဆိုတာက ကိုယ်လုပ်နိုင်တဲ့အရာတွေကို လုပ်နေရင်းနဲ့ပဲ လမ်းတစ်ဝက်မှာ အသက်တာနဲ့ တွေ့ဆုံတာ။ ကိုယ့်အလုပ်ကိုယ်လုပ်၊ လဲရင်ပြန်ထ၊ တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် နေထိုင်၊ မျှဝေနေရင် လမ်းတစ်ဝက်မှာ အသက်တာနဲ့ တွေ့မှာပဲလေ။ ဒါကို ထိန်းချုပ်ထားစရာမလိုဘူး။ တိကျနေဖို့ပဲလိုတာ။ ယုံကြည်တတ်ဖို့ရယ် ပြောင်းလဲပြင်လွယ်ဖြစ်ဖို့ရယ်ဆိုရင် ရပြီ။

မနက်ဖြန်လိုအချိန်မှာ $1,000,000 လိုချင်ရင်တောင်မှာ အတော်အများများက အဲ့လောက်ငွေပမာဏ အများကြီးကို လက်ခံဖို့ အဆင်သင့်ဖြစ်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ပထမအချက်က ဒီငွေတွေကို ဘယ်လိုစီမံရမလဲ မသိဘူး။ ဒုတိယအချက်က ကိုယ့်တန်ဖိုးဆိုတဲ့ ဟာမျိုးရှိနေနိုင်တယ်။ အဲ့တော့ ရလာရင်လည်း ပျက်စီးတဲ့အခြေအနေပဲ ရောက်မှာ။ အဲ့ဒါကြောင့်မို့လို့ အပိုအလိုမရှိ စည်းဝါးကိုက်ချိန်ဆိုတာ ရှိရတယ်။ အပိုအလိုမရှိ စည်းဝါးကိုက်ချိန်ကို လိုက်နာရင် ကိုယ့်ကိုသူက ပြင်ဆင်ပေးမှာ။ အဲ့တော့ ကိုယ့်ပန်းတိုင်ကို ရောက်တဲ့အချိန်လည်းကျရော အပြည့်အဝပြင်ဆင်ပြီးသားဖြစ်ရောပေါ့။

နောက်ဆုံးပြောချင်တာကတော့ ငှားခပေးနေတာကို ရပ်သင့်ပြီဆိုတာလေးပါ။ “တစ်နေ့နေ့”ဆိုတဲ့ အိမ်ကို ငှားခပေးနေတာ ရပ်လိုက်ပြီးတော့ ကံတရားလို့ခေါ်တဲ့ ကိုယ့်စိတ်ကူးထဲက အိမ်အတွက် စပေးတာဖြစ်ဖြစ် စစုတာဖြစ်ဖြစ် လုပ်ပါတော့။

ဒီ manifesting process (စိတ်ကူးထဲက အရာတွေကို ရုပ်လုံးပေါ်လာစေတဲ့) ဖြစ်စဉ်မှာ အဆင်ပြေချောမွေ့ပါစေလို့။ ဒါကတကယ်ကို ထူးခြားလေးနက်တဲ့ ဖြစ်စဉ်ပါ။ Gym မှာ သွားဆော့သလိုပဲ ဝီရိယရှိမှဖြစ်မယ်။ ကြံ့ခိုင်မှ ဖြစ်မယ်။ သိသာတဲ့ရလဒ်ကို မြင်ရဖို့အတွက် လုံးဝနှစ်မြှပ်ထားမှဖြစ်မယ်။ ဒီလိုသာတကယ်သွားရင် အလုပ်ဖြစ်တယ်၊ မယုံမရှိနဲ့။ အရာရာတိုင်းက ချွင်းချက်မရှိ ဖြစ်နိုင်ချေရှိတယ်ဆိုတာ မှတ်ထားပေးပါ။ ယုံကြည်ချက်လေးပဲလိုတာ။ အနာဂတ်ပုံဖော်နိုင်ဖို့ပဲ လိုတာ။

အခုပြောသွားတဲ့ အကြောင်းအရာက ရှင်တို့ရဲ့ ချစ်ရတဲ့သူတစ်ယောက်ယောက်အတွက် အားရှိစေမယ်၊ အထောက်အကူဖြစ်စေမယ်ဆိုရင် ကျွန်မကို ဒီအောက်မှာ မှတ်ချက်ပေးသွားပေးနော်။ Share ခလုတ်ကိုနှိပ်ပြီးလည်း share သွားပေးပါဦး။ ပြန်တွေ့ကြမယ်!