BHP35 - Solo

How To Get What You Want in Life

Listen now:

We all have 24 hours a day, 7 days a week. But, what makes you different from successful people? What keeps you from having your desires happen in your life?

In this episode, we’ll dive into how you can use the manifestation process to get what you really want in life. These are the techniques that you need to help you land that promotion you’ve been dreaming of or that amount you desire in your bank account, whatever it may be for you. I’ll give you 3 easy steps to manifest your dreams into reality.

If you’re ready to start manifesting, tune into the full episode.

Timestamps

01:17 You are the average of the 5 people you surround yourself with

03:40 Getting what you want in life through Manifestation

07:39 The 3 step manifestation process

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

Welcome everyone!

ဘာအကြောင်းပြောမှာလဲသိချင်လို့ ဖွင့်ကြည့်တာဆိုရင် အဆုံးထိကြည့်ဖြစ်အောင် ကြည့်ပေးနော်။ ဒီနေ့ကျွန်မပြောမယ့်အကြောင်းက အံ့ဩစရာကောင်းလောက်အောင် ထူးခြားမယ်ဆိုတာ တွေ့ပါလိမ့်မယ်!

အောင်မြင်တဲ့သူတွေလုပ်နေတဲ့ အလေ့အကျင့်တွေကို ပြောပြမှာပါ။ ကျွန်မက သိပ္ပံပညာနဲ့ နာမ်ဝိညာဉ်ဆိုင်ရာ သက်ဝင်ယုံကြည်မှုဆိုတဲ့ ဆန့်ကျင်ဘက် ကမ္ဘာနှစ်ခုကို ပေါင်းကူးဆက်နွယ်ပြီးပြောသွားမှာပါ။ ဒါပေမဲ့ မရေမရာ ဖောင်းပွတဲ့စကားမျိုးတွေကို ဆက်နားမထောင်ချင်တော့ဘူးဆိုတာကို လူတွေကပြောနေကြတယ် ကျွန်မလည်း ဒါမျိုးတွေကြားနေတာမို့ ဒီနေရာမှာ ကျွန်မက တကယ်ကိုနောက်ခံအကြောင်းရင်း ခိုင်ခိုင်မာမာရှိပြီး လက်တွေကျတဲ့ အချက်တွေနဲ့ ချိန်ထိုးပြီး ရှင်းပြသွားပါမယ်။ လူတွေက သူတို့ချက်ချင်းကောက်စားပြီး အကောင်အထည်ဖော်နိုင်တဲ့ တကယ်လက်တွေ့ကျပြီး အလုပ်ဖြစ်တဲ့ အကြံဉာဏ်တွေကိုပဲ ကြားချင်ကြတော့တာလေ။

အဲ့တော့ ကျွန်မထိုင်စဉ်းစားကြည့်ဖြစ်တယ်။ ကျွန်မက တချို့တလေအချိန်တွေမှာ နာမ်လောကပေါ်မူတည်တဲ့ ခံစားမှုတွေ ယုံကြည်မှုတွေအကြောင်း ပြောနေကျပေမဲ့ အရမ်းကို စနစ်ကျ လက်တွေ့ကျတဲ့သူပါ။ ကျွန်မအဲ့လောကနှစ်ခုနဲ့ ပေါ်ပေါက်လာတဲ့ နှစ်ဖက်လုံးကို ပေါင်းစည်းခဲ့ပါတယ်။

အခြေခံအားဖြင့် ဒါက ရှင်တို့ရဲ့ ဘဝမှာရှင်တို့လိုချင်တာကို ဘယ်လိုရအောင်ယူရမလဲဆိုတာကို ပြောပြနေတာပဲ။ လုံးဝ တကယ်ကို အောင်မြင်နေတဲ့သူတွေကို ကြည့်ရင်းနဲ့ .. အောင်မြင်တယ်ဆိုတာ ပိုက်ဆံချမ်းသာတာကို ပြောတာမဟုတ်ဘူးနော်။ အိမ်ထောင်ရေးမှာ အောင်မြင်နေတဲ့သူတွေ.. အလုပ်အကိုင်ဘက်မှာ အောင်မြင်နေတဲ့သူတွေကိုပြောတာ… သူတို့ကိုကြည့်ပြီး တွေးမိတာက “ငါ့မှာ တစ်ရက် ၂၄ နာရီ၊ တစ်ပတ် ခုနစ်ရက်အချိန်ရှိတယ်.. သူတို့လည်း အလားတူပဲ။ ငါ့မှာ ဦးနှောက်တစ်ခု၊ လက်နှစ်ဖက် ခြေနှစ်ဖက်ရှိတယ်၊ ပြီးတော့ အတော်အသင့် ပါးနပ်တယ်လို့တော့ ကိုယ့်ကိုယ်ကိုယ်ထင်တာပဲ။ ဒါပေမဲ့ ငါ့မှာမရှိတဲ့ ဘယ်လိုအရာတွေ သူတို့မှာရှိနေလို့လဲ” ပေါ့။

ကျွန်မပြောနေကျ စကားတစ်ခုရှိတယ် … ကျွန်မတို့ အနီးအနားကလူ ငါးယောက်ပေါင်းပြီး ပျှမ်းမျှချလိုက်ရင် ထွက်လာတဲ့ပုံစံက ကျွန်မတို့တစ်ယောက်ချင်းစီရဲ့ ပုံစံပဲ ဆိုတာ။ အောင်မြင်တဲ့၊ ဘဝကို ဟန်ချက်ညီညီ ဖြတ်သန်းနေတဲ့၊ စစ်မှန် ရိုးသား တည်ကြည်တဲ့၊ လူတွေကို ကောင်းသော သက်ရောက်မှုပေးချင်တဲ့၊ ကူညီချင်တဲ့လူတွေနဲ့ ကျွန်မပတ်ဝန်းကျင်ကို စတည်ဆောက်ဖြစ်ခဲ့တယ်။ ပြီးတော့ သူတို့ဆီက သင်ယူတယ်၊ တကယ်ကို သင်ယူစရာတွေ အပြည့်ပါပဲ။ ကျွန်မသဘောပေါက်မိခဲ့တဲ့ဟာတစ်ခုကတော့ ကျွန်မဒီနေ့ရှင်တို့ကို ပြောပြပေးမယ့်အကြောင်းသည် ကျွန်မနှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့ပြီး ပိုကောင်းသည်ထက် ကောင်းလာအောင် တဖြည်းဖြည်းချင်း ပြုပြင်မွမ်းမံနိုင်ခဲ့တယ် ဆိုတာပဲ။ ဒီဖြစ်စဉ်တွေကို လက်တွေ့လုပ်နေတဲ့ အောင်မြင်တဲ့ ခေါင်းဆောင်တွေဆီက လေ့လာပြီး ပြန်ဖန်တီးတယ်လို့ ပြောရင်လည်း မမှားဘူး။ အဲ့ထဲက တစ်ချို့ဖြစ်စဉ်တွေက နာမ်ရုပ်ကျင့်စဉ်တွေဖြစ်ပြီးတော့ တချို့ကတော့ တကယ်ကို ခိုင်မာတဲ့ တစ်ကိုယ်ရည် ဖွံ့ဖြိုးတိုးတက်ရေး ဒါမှမဟုတ် ကျွမ်းကျင် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး နည်းစနစ်တွေပါ။ ဆိုတော့ဒါက အဲ့ဒါတွေအားလုံးကို ပေါင်းထားတာ။ တစ်ကိုယ်ရည် ဖွံ့ဖြိုးမှုအတွက်လို့ ခေါင်းစဉ်တပ်ထားပြီး မသေမချာ မရေမရာနဲ့ ခိုင်မာမှုမရှိတဲ့ အဆံချောင် အားပေးစကားတွေကို စိတ်ပျက်နေတဲ့သူတွေအတွက် ဒါကရှင်တို့ကို ကျေနပ်အောင်လုပ်ပေးပါလိမ့်မယ်။

“ကဲ ငါတော့အသင့်ပဲ။ ကိုယ့်ကိုယ်ကိုယ် နှစ်မြှပ်ဖို့အသင့်ပဲ။ သွားစရာရှိတာသွား လုပ်စရာရှိတာလုပ်ဖို့ အသင့်ပဲ။ ဘဝထဲကနေ ပျောက်သွားတဲ့ အဲ့မျှချေကို ပြန်ရှာယူဖို့ အသင့်ပဲ။ ခင်ဗျားမှာ အချိန်အလုံအလောက်မရှိသလို ကျုပ်မှာလည်းမရှိဘူး ဆိုတာသဘောပေါက်တယ်။ ဘယ်သူ့မှာမှ မရှိနေဘူး။ ဒါပေမဲ့ ငါ့မှာအချိန်အလုံအလောက်မရှိရင်တောင် ငါလိုချင်တဲ့အရာတွေ ထင်ထင်ရှားရှား ရုပ်လုံးပေါ်လာအောင်လုပ်ဖို့၊ လိုချင်တဲ့အရာတွေ ငါ့ဆိုရောက်လာအောင်လုပ်ဖို့၊ ရအောင်ယူဖို့၊ ဖန်တီးယူဖို့ အချိန်မရရအောင် ပေးမယ်” ဆိုတဲ့ အခြေအနေရောက်နေတဲ့သူတွေအတွက်လည်း ဒါက အသုံးဝင်ပါလိမ့်မယ်။

ကျွန်မစပြောချင်တာကတော့ Manifestating (ထင်ထင်ရှားရှားရုပ်လုံးပေါ်လာခြင်း) ပေါ့၊ တချို့တွေလည်း ဒါနဲ့ရင်းနှီးပြီးသားဖြစ်လိမ့်မယ်၊ တချို့တွေလည်း ကြားဖူးခဲ့လိမ့်မယ်၊ လုံးဝမသိတဲ့သူတွေလည်း ရှိလိမ့်မယ်။ ရှင်တို့အနေနဲ့ ဒါနဲ့ပတ်သက်ပြီး သိသည်ဖြစ်စေ၊ ကြားပဲကြားဖူးသည်ဖြစ်စေ၊ လုံးဝမသိဘူးဖြစ်စေ ဒီထင်ထင်ရှားရှားရုပ်လုံးပေါ်လာမှုကြီးတစ်ခုလုံးဆိုတာက လူပြိန်းစကားနဲ့ပြောရရင် အခြေခံအားဖြင့် ဘဝမှာကိုယ်လိုချင်တာကို ဘယ်လိုရအောင်ယူရမလဲဆိုတဲ့အကြောင်းပါ။

ဘဝမှာ ကိုယ်လိုချင်သမျှ အကုန်လုံးမရနိုင်ဘူးလို့ တွေးနေပြီဆိုရင်တော့ အဲ့ဒါက အတိုက်အခံပေါ်လာတာပါ။ အဲ့ဒါကို သတိသွင်းပြီးကြည့်ပါ။ အာရုံစိုက်ပေးထားပါ။ ဘာလို့လဲဆိုတော့ ကျွန်မက အပြင်မှာ လူတွေပြောပြောနေတဲ့ ယုံတမ်းစကားတွေအများကြီးကို အဆုံးသတ်ပေးမှာမို့လို့ပဲ။ ရှင်တို့ချက်ချင်း အကောင်အထည်ဖော်လို့ရမယ့် လက်တွေ့ကျတဲ့ အကြံတွေပါတစ်ခါတည်း ပေးမှာ။

Manifesting (ထင်ထင်ရှားရှားရုပ်လုံးပေါ်လာမှုဆိုတဲ့) ဖြစ်စဉ်တစ်ခုလုံးက အားအပြည့်နဲ့ တုန့်ပြန်ခံစားမှုမြင့်တဲ့ အဆင့်မှာ စဖြစ်လာတယ်။ အဲ့စကားလုံးတွေကို ကျွန်မပြောတဲ့အခါတိုင်း ကျွန်မက သိပ္ပံပညာရပ်နဲ့ ပတ်သက်တဲ့ သုတေသနအသိုင်းအဝိုင်းကလူဆိုတာကို အမှတ်ရပေးနော်။ ကျွန်မတို့အားလုံးက အားအင်အပြည့်နဲ့ လူသားတွေပါ။ အဲ့ဒါကြောင့်မို့ “ငါဒီနေ့တော့ အားမရှိဘူး။ ငါဒီနေ့တော့ အားအပြည့်ပဲ။ သူတော်တော်လေး လန်းဆန်းနေတယ်။” ဆိုတာမျိုးတွေ ပြောကြတာမလား။ ဒီတော့ ထင်ထင်ရှားရှားရုပ်လုံးပေါ်လာမှုဆိုတဲ့ ဖြစ်စဉ်တစ်ခုလုံးက အားအပြည့်ရှိတဲ့အဆင့်မှာ စတယ်။ တစ်နည်းပြောရရင် တုန့်ပြန်ခံစားမှုမြင့်တဲ့ အဆင့်မှာစတယ်။ ၉၀% သော ထင်ထင်ရှားရှားရုပ်လုံးပေါ်လာမှုက အဲ့အဆင့်မှာ ဖြစ်တာ။ အဲ့တော့ ဒီဖြစ်စဉ်က ဘယ်လောက်ထိ အင်အားကြီးလဲ ကျွန်မတို့ အဲ့ဖြစ်စဉ်ကိုဖြတ်သန်းဖို့အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။

ကျွန်မတို့က အတွင်းကနေအပြင်ပြန်ထွက်လာတဲ့ ပုံစံမျိုးမရှိတော့တဲ့ အရေးကြီးနေတဲ့ အချိန်တစ်ခုကို ရောက်နေပြီ။ အခုအချိန်က အပြင်မှာရှိနေရင် အတွင်းထဲကို ဝင်ရတော့မယ့်အချိန်ဖြစ်နေပြီ။ အပြင်ပြန်ထွက်မလာတော့ဘဲ အတွင်းထဲကို လှည့်ပြန်ဝင်ရမယ့်အချိန်။ ဒီအချိန်က ကိုယ့်ကိုယ့်ကိုယ် ပြန်လည်ဆန်းစစ်ရမယ့်အချိန်၊ ပြန်ရှာဖွေရမယ့်အချိန်။ ဒီအချိန်က ကိုယ့်အတွေးတွေ၊ စိတ်ခံစားမှုတွေကို သေချာအာရုံစိုက် ဖော်ထုတ်ရမယ့်အချိန်၊ အဲ့အတွေးတွေ စိတ်ခံစားမှုတွေက ကိုယ့်ရဲ့ အားအင်အပေါ် ဘယ်လောက်ထိကြီးတဲ့ သက်ရောက်မှုရှိလဲဆိုတာ သတိထားရမယ့်အချိန်ပါ။ ဘာလို့ဆို ရှင်တို့ရဲ အားအင်ကို တခြားသူတွေက ခံစားနိုင်လို့ပဲ။

အဲ့ဒါကြောင့်မို့ပဲ … ကျွန်မတို့ အချင်းချင်းမသိကြတဲ့ လူတွေအခန်းတစ်ခုထဲမှာ ထိုင်နေတယ်ပဲထားပါတော့။ အဲ့မှာ တစ်ယောက်ယောက်က အဲ့အခန်းထဲကို ဝင်လာရင် ကျွန်မတို့က “ဒီလူအကြောင်းတော့ မသိဘူး၊ ဒီလူ့ကိုလည်းမသိဘူး။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး ဒီသဘောကျတဲ့/ သဘောမကျတဲ့အချက် ရှိတယ်” ဆိုတာမျိုးတွေပြောကြတယ်လေ။ အဲ့ဒါပါပဲ။ ကိုယ်ဟန်အမူအရာတွေနဲ့ မသိစိတ်ကနေ ကျွန်မတို့လုပ်လိုက်တဲ့ ဒီအမူအရာသေးသေးလေးတွေအပြင် ကျွန်မတို့ခံစားနိုင်တဲ့ အစိတ်အပိုင်း အကြီးကြီးတစ်ခုရှိပါတယ်။ အဲ့ဒါကြောင့် ခံစားမှုက အရမ်းအရေးကြီးတယ်လို့ ကျွန်မပြောတာပါ။ ပြောရရင် ကျွန်မတို့ဘဝထဲမှာ ကြီးကြီးမားမား ရလဒ်တွေကိုဖန်တီးဖို့အတွက် အသုံးချနိုင်မယ့်ခံစားချက်တွေကို ရှာဖွေခြင်းပါပဲ။ အဲ့ဒါက တုန့်ပြန်ခံစားမှုမြင့်တဲ့ ခံစားမှုအဆင့်မှာဖြစ်တယ်။ ဒီလောက်သိရင်ကိုပဲ ကျွန်မတို့လုပ်မယ့် ပြောင်းလဲမှုနဲ့ပတ်သက်တဲ့ အလုပ်တွေရဲ့ အရေးပါမှုကို သိနိုင်မှာပါ။

လူတော်တော်များများထင်တာ တစ်ခုခုကတော့ ပြန်ပြင်ဖို့လိုတဲ့ အရာတစ်ခုခုရှိတယ်ပေါ့။ ဘဝမှာအခက်အခဲတွေရဲ့ တွေ့ဆုံဖြတ်သန်းနေရရင်တောင်မှ … ဒါနဲ့ ကျွန်မလည်း အခက်အခဲတွေနဲ့ တွေ့နေရတာပဲ သိလား.. လူတိုင်းတွေ့နေရတာပါ .. အဲ့တော့ အခက်အခဲတွေရှိနေရင်တောင်မှ ကျွန်မတို့က ပြောင်းလဲပြင်ဆင်ဖို့ လိုနေတဲ့သူတွေ မဟုတ်ဘူးနော်။ လုပ်ရမှာက အရေခွံတွေခွာချဖို့၊ အကျင့်ဆိုးတွေ ဖယ်ပစ်ဖို့နဲ့ အတွင်းမှာရှိနေရာက အပြင်ကို မထွက်လာဘဲ အပြင်မှာရှိနေမှသာ အတွင်းကို ဝင်လာရုံပဲ။ ပြီးတော့ ဒါက ညာဘက်ဦးနှောက်နဲ့ ဘယ်ဘက်ဦးနှောက်ကြား ဟန်ချက်ထိန်းတာလည်း ဖြစ်တယ်။ ကျွန်မပြောတာကို နားမလည်ရင် ရှင်းပြမယ်။ ပြောချင်တာက ညာဘက်ဦးနှောက်က ဖန်တီးနိုင်စွမ်းကို ထုတ်ပေးတယ်။ စိတ်ခံစားမှုတွေနဲ့ သိမှုအာရုံတွေပေါ့။ ဘယ်ဘက်ဦးနှောက်ကတော့ ခွဲခြမ်းစိတ်ဖြာနိုင်တယ်။ ရှင်တို့ရဲ့ ယုတ္တိတန်တန်တွေးတောနိုင်စွမ်းပေါ့။ နောက်တစ်မျိုးပြောမယ်ဆိုရင် ကျွန်မတော့ ဒါက ကျွန်မတို့ရဲ့ ဉာဏ်ရည်နဲ့ နှလုံးသားလို့ပြောချင်တယ်။ နောက်တစ်မျိုးနာမည်တပ်ရရင် အတ္တနဲ့ အဇ္ဈတ္တပေါ့။ ဆိုတော့ ကျွန်မတို့က ဘယ်အချိန်မှာ ဘယ်အပိုင်းကိုသုံးမလဲဆိုတာပေါ်မူတည်ပြီးတော့ တကယ်အောင်မြင်တဲ့၊ စွမ်းရည်မြင့် လုပ်ဆောင်နိုင်တဲ့သူ ဖြစ်လာပြီး ဘဝရဲ့ရလဒ်တွေကို မြင်လာမှာပါ။ အခြေခံအားဖြင့် ပြန်ပြောရမယ်ဆိုရင်တော့ ထင်ထင်ရှားရှားရုပ်လုံးပေါ်လာတာပေါ့။

ကျွန်မဖြစ်စေချင်တဲ့ အရာမှန်သမျှ ဖြစ်လာအောင် ကျွန်မဘယ်လိုလုပ်နိုင်နေတာလဲ။ ကျွန်မကံကောင်းလို့လို့ထင်လား။ လုံးဝမဟုတ်ဘူးနော်။ ကံကောင်းတယ်ဆိုတာကို ကျွန်မဘယ်လိုနားလည်လဲဆိုရင် အခွင့်အလမ်းက ကြိုတင်ပြင်ဆင်မှုနဲ့ တွေ့သွားတဲ့အခါ ကံကောင်းတယ်ဆိုတာ ဖြစ်လာတာပဲ။

ကျွန်မရှင်တို့ကို အခုဆက်ခေါ်သွားမယ့်ဖြစ်စဉ်၊ အခုရှင်တို့ ကျော်ဖြတ်ရမယ့်ဖြစ်စဉ်က ကြိုတင်ပြင်ဆင်မှုပါ။ အခွင့်အလမ်းတွေက ကျွန်မတို့နားမှာ နေရာအနှံ့မှာ ရှိနေပါတယ်။ အဲ့အခွင့်အလမ်းတွေကို သေချာသတိထားမိပြီး အာရုံစိုက်လာနိုင်ဖို့ရယ် အများကြီးမတွေးဘဲ နားစွင့်ပြီး ရှင်တို့ရဲ့ နှလုံးသားနောက်ကို လိုက်လာဖို့ပဲ လိုပါတယ်။

၁။ ကိုယ်ဘာလိုချင်တာလဲဆိုတာကို သေချာဆုံးဖြတ်ပါ။

ပထမအဆင့်ကတော့ ကိုယ်ဘာလိုချင်တာလဲဆိုတာကို သေချာဆုံးဖြတ်ဖို့ပါ။ ရိုးရိုးရှင်းရှင်းတစ်ခုလောက်နဲ့ စကြည့်ပါ။

၂။ ကိုယ့်အတွက်ကိုယ် အနာဂတ်စီမံကိန်းဆွဲပါ။

ဒုတိယအဆင့်ကတော့ ကိုယ့်အတွက်ကိုယ် အနာဂတ်စီမံကိန်းဆွဲတာပါ။ အဝေးကြီးထိ မစဉ်းစားနဲ့နော်။ အနည်းဆုံး နှစ်နှစ်ကနေ သုံးလေးငါးနှစ်လောက်ထိပဲ သွား။ အဲ့ဖြစ်စဉ်တစ်ခုတည်းနဲ့တင် ရှင်တို့ကို လက်တွေ့ဘဝပုံစံထဲမှာ ဘယ်လိုနေရမလဲဆိုတာနဲ့ အနာဂတ်မှာ အဲ့ပုံစံထဲကို ဘယ်လိုခြေလှမ်းလှမ်း ရမယ်ဆိုတာကို နားလည်အောင် ကူညီပေးလိမ့်မယ်။ “ဒီနေ့ဒီအခြေအနေထိရောက်လာအောင် ငါဘာတွေလုပ်ခဲ့လဲ၊ ဘယ်အဆင့်တွေကို ကျော်ဖြတ်ခဲ့လဲ။ အတိတ်ကိုပြန်ကြည့်တဲ့အခါ ဘယ်လိုအမှားတွေလုပ်ခဲ့လဲဆိုတာကိုရော သဘောပေါက်လား။” ဆိုတဲ့ မေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။

ရှင်တို့ဖြစ်စေချင်တဲ့၊ ရှင်တို့စိတ်ကူးပုံဖော်ထားတဲ့ လက်ဆုပ်လက်ကိုင်မမြင်ရသေးတဲ့ အရာက ဒီနေ့ရှင်ဖန်တီးလိုက်တဲ့ ရုပ်လုံးပေါ်နေတဲ့ အရှိတရားနဲ့ ထပ်တူ အရေးပါပါတယ်။ ပိုက်ဆံပဲဖြစ်ဖြစ်၊ ချစ်သူပဲဖြစ်ဖြစ်၊ ရာထူးတိုးတာပဲဖြစ်ဖြစ်၊ အိမ်ဆောက်တာပဲ ဖြစ်ဖြစ်၊ ခရီးသွားတာပဲဖြစ်ဖြစ်ပါ။

၃။ တိကျပါစေ

နံပါတ် (၃) အချက်ကတော့ လုံးဝတိကျသေချာနေဖို့ပါပဲ။ သိမှုအာရုံတွေ၊ နေ့စွဲတွေ၊ အသေးစိတ်အချက်အလက်တွေ၊ နံပါတ်တွေကစလို့ အကုန်လုံးပေါ့။ ရှင်တောင့်တတာ ငွေဆိုရင် ခံစားထားပါ၊ မြင်အောင်ကြည့်ပါ။ လက်တွေ့ကျသလို ပန်းတိုင်ကိုလည်း မြင့်မြင့်ထားပါ။ ရှင့်ဘဏ်အကောင့်ထဲက နံပါတ်တွေ၊ ကိန်းဂဏန်းတွေတက်လာတာကို မြင်ယောင်ပါ။ ဒါမှမဟုတ် ရှင် $100,000 ကို ရအောင်လုပ်ချင်တယ်ဆိုရင် ရှင့်ဘဏ်အကောင့်ထဲမှာ $100,000 ရှိပြီလို့မြင်ယောင်ပါ။

ကျွန်မတို့က အကောင်းမမြင်တတ်တဲ့ ခေတ်မှာ နေနေကြတာ။ “ဖြစ်ရောဖြစ်နိုင်ပါ့မလား။ ဖြစ်ရောဖြစ်လာပါ့မလား။” ဆိုပြီးပဲ တွေးနေတဲ့ခေတ်မှာ နေနေကြတာ။ ဒါပေမဲ့ ကိုယ့်အတွက်ကိုယ် အနာဂတ်အချိန်အတွက် စီမံကိန်းဆွဲထားပြီး အဲ့ဟာက အခုဖြစ်နေသလို သဘောထားပြီး နေထိုင်နိုင်မယ်ဆိုရင်ရော..

လုပ်ငန်းပိုင်ရှင်မဟုတ်ရင်တောင်၊ စွန့်ဦးရင်းနှီးမြှပ်နှံသူမဟုတ်ရင်တောင် အဲ့လူတွေရဲ့ တွေးခေါ်မှုတွေ စိတ်သဘောထားတွေ ရှိနေပါစေ။ အရေးပေါ်အခြေအနေတွေ စဉ်းစားထားပါ။ ဖြစ်လာနိုင်ချေရှိတဲ့ အတားအဆီးတွေက ဘာတွေလဲ။ ဟုတ်ပြီ ဘာအတားအဆီးတွေလဲတော့ သိပြီ … အထိအခိုက်နည်းအောင် ဘယ်အဆင့်တွေကို လုပ်လို့ရမလဲ ဆိုတာမျိုးပေါ့။ ဒါက ကြိုတင်ပြင်ဆင်မှုရဲ့ အရေးအကြီးဆုံးအပိုင်းပဲ။ အခွင့်အလမ်းက ကြိုတင်ပြင်ဆင်မှုနဲ့ တွေ့သွားတဲ့အချိန်ကို ကံကောင်းတယ်လို့ ခေါ်တယ်ဆိုတဲ့ စကားလေးကို သတိရပါ။

ဒါက ရှင်တို့ရဲ့ စိတ်ကိုပြင်ဆင်ခြင်းနဲ့ လေ့ကျင့်ခြင်းပဲ။ ရှင့်အတွက် အရာအရာဖြစ်နိုင်တယ်၊ ဘာမဆိုရနိုင်တယ်ဆိုတာ ကျွန်မပြောချင်တယ်။ ရှင်ယုံကြည်တဲ့အတိုင်း ဖြစ်လာလိမ့်မယ်။ ရှင်အာရုံစိုက်လုပ်ရင် လုပ်တဲ့အတိုင်း အောင်မြင်လာလိမ့်မယ်။ ဟင်နရီဖို့ဒ် ပြောတဲ့စကားရှိတယ် .. ကိုယ့်ကိုယ်ကိုယ် လုပ်နိုင်တယ်လို့ ထင်သည်ဖြစ်စေ မလုပ်နိုင်ဘူးလို့ ထင်သည်ဖြစ်စေ ခင်ဗျားတွေးတဲ့အတိုင်းပဲ ဖြစ်မှာ ..တဲ့။ အဲ့တော့ ဘာကိုအာရုံစိုက်မလဲ။ ဘာကိုတိုးပွားအောင် လုပ်ချင်လဲ။