
BHP48 - Solo
Can’t wait to be successful? Excited to have your dream lifestyle? But, have you asked yourself if you have what it takes to be that person you want to be?
In this episode, let me share with you the 3 mindset that high performers have in common. It’s time to shift to a growth mindset. These mindsets have guided successful people and helped them to be where they are today.
Are you ready to dive into the 3 mindset shifts you need to do right now? Tune in to the full episode and let me know your takeaway in the comments below!
Timestamps
01:03 The 1st Mindset Shift
02:11 The 2nd Mindset Shift
03:20 The 3rd Mindset Shift
05:44 Fulfilling our purpose with the right mindset
Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.
Hey there!
ဒီနေ့တော့ ကျွန်မဘဝမှာ လက်ရှိ ကျင့်သုံးနေတဲ့ အရာ သုံးခုကို မျှဝေပေးချင်ပါတယ်။
ကျွန်မတို့အားလုံးဟာ လူသားတွေဖြစ်တဲ့အတွက် လုံခြုံမှုရှိချင်ကြသလို အခြေတကျလည်း ရှိချင်ကြပါတယ်။ ပြီးတော့ ကိုယ့်ဘဝက ဘယ်ကိုဦးတည်နေသလဲဆိုတာ ကိုယ်သိတယ်ဆိုတာကို လိုချင်ကြတယ်။ ပြီးတော့ ကိုယ်ရှေ့ဆက်လျှောက်မယ့်လမ်းကိုလည်း သဲသဲကွဲကွဲမြင်ချင်ကြတယ်။
အရေးပါတဲ့အရာတွေကို တည်ငြိမ်အောင်ထားပြီး ကျန်တာတွေကို စွန့်လွှတ်နိုင်ဖို့ ပြင်ဆင်ပါ။
သင့်အတွက် အသုံးဝင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးပါမယ်။
ဒါက ကျွန်မကိုယ်တိုင် ဘဝမှာ အဓိက ကျတာတွေကိုသာ ချန်ထားပြီး ကျန်တာတွေကိုတော့ ကံစီမံတဲ့အတိုင်း စွန့်လွှတ်တတ်အောင် ဘယ်လိုလုပ်နေသလဲ ဆိုတာကို ပြောပြချင်ပါတယ်။
“အခုကျွန်မပြောတဲ့ အရေးပါတယ်၊ အဓိက ကျတယ်ဆိုတာက ဘာလဲ?”
ကျွန်မဘဝရဲ့ vision အရ ကိုယ်ဘယ်ကိုသွားနေတယ်ဆိုတာ ကျွန်မသိပါတယ်။
ကျွန်မ vision ကို ခိုင်မာအောင်ထားနိုင်တာ ဘာဖြစ်လို့လဲဆိုတော့ .. ဘယ်နေရာမှာပဲရှိနေပါစေ ကျွန်မဖြစ်ချင်တဲ့အရာ တကယ် ဖြစ်လာမယ်ဆိုတာ သေချာနေလို့ပါပဲ….
ဒါကြောင့်လည်း ကျွန်မစွန့်စားခဲ့တယ် … အသေးအမွှားလေးတွေက အစ ကိုယ့်အလုပ်၊ relationship တွေအထိ အရာအားလုံးကိုလည်း စွန့်လွှတ်ခဲ့တယ်။
တချို့ဆိုရင် ကျွန်မကိုအလုပ်ထွက်ပြီး၊ နိုင်ငံတွေပြောင်းတာမျိုး မလုပ်စေချင်ကြဘူး။ ဒါပေမဲ့ ကျွန်မ vision က ကြီးလွန်းတော့ သိပ်အရေးမကြီးတဲ့အရာတွေကို ဂရုစိုက်နေဖို့၊ အဲ့အတွက် အချိန်ကုန်ခံနေလို့ မဖြစ်ဘူးလေ။
ဒါကြောင့် ပထမဦးဆုံးလုပ်ရမယ့် အရာက …. အရေးကြီးတာတွေကို ချန်ထားပြီး ကျန်တာတွေကို စွန့်လွှတ်တတ်ဖို့ ပြင်ဆင်ပါ။
2. စည်းရိုးပေါ်ခွမထိုင်ပါနဲ့
ကျွန်မနားလည်ခဲ့တဲ့ ဒုတိယမြောက်အရာကတော့ တကယ်လုပ်နိုင်စွမ်းရှိသူတွေ၊ အောင်မြင်နေတဲ့ သူတွေဟာ စည်းရိုးပေါ်ခွမထိုင်တဲ့သူတွေ ဆိုတာပါ။ စည်းရိုးပေါ်ခွထိုင်တဲ့သူတွေ (စိတ်မပြတ်သားတဲ့ သူတွေ) က ဘာနဲ့တူလဲဆိုတော့ “ကိုယ့်ကိုယ်ကိုယ် ရင်းနှီးမြှပ်နှံသင့်လား မသင့်ဘူးလား။ အခုအခြေအနေမှာ တကယ်ရောအဲ့လိုလုပ်ဖို့ လိုရဲ့လား။ နောက်ထပ် (၆) လလောက် ထပ်စောင့်လိုက်ရင် ကောင်းမလား။ အိမ်ပြောင်းရင်ကောင်းမလား၊ မပြောင်းဘဲနေရမလား။ ဒီသင်တန်း တက်ရင်ကောင်းမလား၊ မတက်ဘဲ နေရမလား။ ဒီအလုပ်လက်ခံရင်ကောင်းမလား၊ လက်မခံဘဲ နေရမလား။” ဆိုတဲ့ သူတွေပဲ။
အဲ့ဒီ “လုပ်ရမလား၊ မလုပ်ရဘူးလား” ဆိုတာက စည်းရိုးခွထိုင်တာပါပဲ။ အဲ့အားက သိပ်လေးလွန်းအားကြီးတယ်။ ဘယ်လောက်တောင်လဲဆိုရင် လုပ်မယ်၊ မလုပ်ဘူး လို့ အပြတ်ပြောလိုက်တာထက်တောင် လေးပင်သေးတယ်။ သူတို့ပုံစံအတိုင်း၊ သူတို့တွေးခေါ်ပုံအတိုင်း၊ ဆုံးဖြတ်ချက်ချပုံအတိုင်းသွားနေတဲ့ တကယ်လုပ်နိုင်စွမ်းရှိတဲ့သူတွေနဲ့ ပတ်သက်ပြီး ကျွန်မနားလည်တာက သူတို့က စည်းရိုးခွမထိုင်ပါဘူး။ သူတို့အတွက်ကတော့ ဒါဟာ သူတို့ရွေးချယ်ထားတဲ့ လမ်းကဘာပဲဖြစ်နေနေ လက်ရှိလုပ်နေတဲ့အလုပ်နဲ့ ကိုယ့်ရဲ့လုပ်နိုင်စွမ်းအပေါ် တကယ်ကို ယုံကြည်ပြီး လုပ်နေတာပါပဲ။ သူတို့တစ်ခါမှ မသွားဖူးတဲ့ လမ်းဖြစ်နေရင်တောင်မှ၊ ဘယ်သူမှ မရွေးချယ်ဖူးတဲ့ လမ်းဖြစ်နေရင်တောင်မှ အဖြေရှာနိုင်မယ်ဆိုတာကို သူတို့သိတယ်၊ ယုံကြည်ထားကြတယ်။ Marie Forleo ပြောသလိုပဲ “ဘယ်လိုပြဿနာပဲဖြစ်နေပါစေ အဖြေထုတ်လို့ရတယ်”။ ဒါက တကယ်လုပ်နိုင်စွမ်းရှိတဲ့သူတွေရဲ့ စိတ်နေစိတ်ထားပဲ။ ပြီးတော့ ကျွန်မထပ်ပြီးသဘောပေါက်သွားတာက ဒါကကျွန်မ နေထိုင်လာတဲ့ပုံစံ၊ စီးပွားရေးလုပ်လာတဲ့ပုံစံ ဆိုတာပဲ။
3. အရာအားလုံး ပြီးပြည့်စုံသွားတဲ့အထိ မစောင့်ပါနဲ့
နောက်တစ်ချက်ကတော့ တကယ်လုပ်နိုင်စွမ်းရှိတဲ့သူတွေက အရာအားလုံးပြီးပြည့်စုံသွားတဲ့အချိန်ထိ မစောင့်တတ်ကြပါဘူး။ သူတို့မှာရှိတဲ့ဟာနဲ့ စလုပ်တတ်ကြတဲ့သူတွေချည်းပဲ။ ကျွန်မဒါကို ဘာလို့ထပ်ခါထပ်ခါ ပြောနေရလဲဆိုတော့ ရှင်တို့ကို ဇီဇာကြောင်တဲ့သူတွေ မဖြစ်စေချင်လို့ပါ။ အဲ့အစား ကိုယ်ဟာ အပြစ်ဆိုဖွယ်ရာမရှိတဲ့ ချို့ယွင်းချက်နဲ့လူတွေဆိုတာကို လက်ခံစေချင်တယ်။
စွန့်စားရဲတဲ့ သူတွေ၊ တကယ်လုပ်နိုင်စွမ်းရှိတဲ့သူတွေက ဘယ်လမ်းကြောင်းက အလုပ်ဖြစ်လဲ၊ အလုပ်မဖြစ်ဘူးလဲဆိုတာကို သူတို့ သိကြပါတယ်။
အဲ့ဒီလူတွေကလည်း သူတို့တစ်ချိန်ချိန်မှာ ကျရှုံးသွားနိုင်တယ်ဆိုတာကို သိသိကြီးနဲ့ သူတို့မှာရှိတာနဲ့ ဖြစ်အောင်စတင်ခဲ့ကြတဲ့ သူတွေပါ။ သူတို့မှာရှိသမျှ ပိုင်ဆိုင်မှု၊ စိုက်အား၊ အချိန်တွေ ပုံအောပြီးရင်းရင်တောင် ကျရှူံးနိုင်တယ်ဆိုတာ သိကြပါတယ်။ အဓိက ပြောချင်တာ အဲ့ဒါပဲ။ ကျွန်မဆက်တိုက်ပြောလာသမျှက အဲ့ဒါပဲ။ ကျွန်မတို့မှာ လုပ်စရာလုပ်ငန်းမရှိရင်တောင် ကျွန်မတို့လမ်းမှာ ကြုံလာရနိုင်တဲ့ အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းမယ့် မဟာဗျူဟာရှိထားတဲ့ စွန့်ဦးရင်းနှီးမြှပ်နှံတဲ့သူတွေရဲ့ စိတ်နေစိတ်ထားရှိသင့်တယ်။ ဘယ်လိုအခက်အခဲမျိုးတွေပဲ ရှိလာလာ၊ လာမယ့်ဘေးအတွက် ကြိုတင်ပြင်ဆင်ထားရမယ်။
တော်တော်များများ မသွားတဲ့လမ်းကို ကျွန်မသွားလေ့ရှိတယ်။ တော်တော်များများ မရွေးတဲ့လမ်းကို ကျွန်မရွေးတယ်။ ကျွန်မကြုံလာရသမျှကြောင့် ရှိလာတဲ့ရင့်ကျက်မှုတွေနဲ့ အခက်အခဲတွေ တော်တော်များများကို ကျော်ဖြတ်ခဲ့ဖူးပြီ။ ဒါက ဘဝရဲ့တစ်စိတ်တစ်ပိုင်းပဲလေ၊ အသက်တာရဲ့ တစ်စိတ်တစ်ပိုင်းပဲ။
အတော်များများမရွေးတဲ့ လမ်းကို ရွေးလာခဲ့ပြီးတော့၊ အရေးပါတဲ့အရာတွေကို တည်ငြိမ်အောင်လုပ်လာပြီး ကျန်တာတွေကို စွန့်လွှတ်နိုင်ဖို့ပြင်ဆင်လာရင်းနဲ့ ဒီလိုတွေလုပ်နိုင်တာဟာ ရှေ့လျှောက်စွန့်လွှတ်ဖို့ကို ကိုယ့်ကိုယ်ကိုယ် အခွင့်ပေးထားလို့၊ ရှေ့လျှောက်ကျရှုံးမှုတွေရှိတယ်ဆိုတာကို လက်ခံနိုင်လို့၊ ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေကို အကြောက်တရားကနေမဟုတ်ဘဲ ခွန်အားကနေ သတ္တိကနေ ထွက်ပေါ်လာခွင့် ပေးထားလို့ဆိုတာ နားလည်ခဲ့တယ်။ ကျွန်မရဲ့ စိတ်နေစိတ်ထားနဲ့ ကျွန်မဆုံးဖြတ်ချက်ချပုံတွေက ယုတ္တိမရှိဘူးလို့ လူတွေကထင်ကြပေမဲ့ အခုတော့ လှိုင်းလိုပဲ တစ်ဆင့်ခြင်းသက်ရောက်မှုတွေ ဖန်တီးနေပါပြီ။ အားလုံးသိတဲ့အတိုင်း ကျွန်မကို ယုံကြည်လို့ အလုပ်အပ်တဲ့ သူတွေကို သူတို့ဘဝရဲ့ အရေးကြီးတဲ့နေရာတွေမှာ တည်ငြိမ်အောင်လုပ်ဖို့၊ သူတို့ဘဝရဲ့ ရည်ရွယ်ချက်ကိုရှာဖွေနိုင်ဖို့၊ သူတို့ရဲ့ယုံကြည်ချက်တွေ ကိုပြန်ရှာတွေ့ဖို့ … ပြီးတော့ ဘ၀မှာ ကောင်းတာတွေလုပ်ပြီး တစ်ဦးတစ်ယောက်ချင်းစီ သူတို့ဘဝ မြင့်မားလာစေဖို့ ကူညီပေးနိုင်နေပါပြီ။
ကျွန်မပြောတဲ့အတိုင်း တကယ်လိုက်လုပ်နေတဲ့ ကျွန်မပရိသတ်/ ကျွန်မကို အလုပ်အပ်ထားတဲ့သူ နှစ်ယောက်မှာ တစ်ပတ်နှစ်ပတ်အတွင်း သိသာခဲ့တယ်။ သူတို့က ကိုယ်ပိုင်လုပ်ငန်းတည်ထောင်နေကြတဲ့သူတွေ၊ နှစ်ယောက်လုံး မနက် ၉ ညနေ ၅ အလုပ်လုပ်ရတဲ့သူတွေချည်းပဲ။ သူတို့နှစ်ယောက်လုံး ကျွန်မဆီကို တစ်ပတ်အတွင်း လာပြောကြတယ်။ “ပြောပြစရာရှိတယ်။ ကျွန်တော်/ကျွန်မတော့ ရာထူးတိုးပြီ” တဲ့။ နှစ်ယောက်လုံးတစ်ပုံစံတည်းပဲ။ မိုက်တယ်နော်? အဲ့ရာထူးတိုးတာက သူတို့ဝင်ငွေနှစ်ဆဖြစ်သွားမှာ။ ကျွန်မက သူတို့အတွက် တော်တော်ပျော်နေတာ။ အဲ့တော့ “အဲ့ရာထူးကို ဘယ်တော့လက်ခံရမှာလဲ။ ရာထူးအသစ်မှာ ဘယ်တော့စလုပ်ရမှာလဲ” လို့ ကျွန်မမေးတော့ နှစ်ယောက်လုံးပြန်ပြောတာက “ကျွန်တော်/ကျွန်မ အဲ့ဒါကို ငြင်းလိုက်တယ်” တဲ့။ “ဘာလို့လဲ”လို့ မေးတော့ ကျွန်မကို ဘာပြန်ပြောလဲသိလား။ “Arabelle ရေ ကျွန်တော်/ကျွန်မရဲ့ လုပ်ငန်းတိုးတက်မယ်ဆိုတာသိလို့ ခင်ဗျား/ရှင်နဲ့ အလုပ်တွဲဖို့ ရွေးခဲ့တာ။ ကျွန်တော်/ကျွန်မရဲ့ လုပ်ငန်းက ဘဝတွေအများကြီးကို ပြောင်းပေးမှာ။ အခုတော့ ကျွန်တော်/ကျွန်မ ၉-၅ အလုပ်လုပ်နေရင်းနဲ့ပဲ ဒီဘက်မှာ လုပ်ငန်းအတွက်အချိန်တွေ ငွေတွေအများကြီး ရင်းနှီးနေတာ။
အခု အဲ့ရာထူးကို လက်ခံလိုက်မယ်ဆိုရင် လခတော့အများကြီးရမှာပေါ့၊ ကိုယ့်ကိုယ်ကိုယ် ဂုဏ်လည်းယူနေမှာပဲ၊ ဒါပေမဲ့ ဘာဖြစ်မလဲသိလား။ အဲ့အလုပ်ထဲမှာ နေသားကျသွားမှာ။ ကျွန်တော်/ကျွန်မက ကိုယ့်ခွန်အားကိုယ် ရှာချင်တာ။ လစာများများရတဲ့ ရာထူးကိုလက်ခံလိုက်ရင် ကျွန်တော်/ကျွန်မ နေသားကျသွားပြီးတော့ အခုလက်ရှိပုံစံနဲ့ အရှိန်နဲ့ စိတ်အားထက်သန်မှုနဲ့ အရှိန်ပြင်းပြင်း စိတ်သွင်းထားတဲ့ ကျွန်တော်/ကျွန်မရဲ့ လုပ်ငန်းကို ဆက်တည်ဆောက်ချင်မှာ မဟုတ်တော့ဘူး။ ကျွန်တော်/ကျွန်မ ဘယ်ကိုသွားနေတယ်၊ ဘာအတွက် စိတ်ပိုင်းဖြတ်ထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပါတယ်” တဲ့။
သူတို့နှစ်ယောက်လုံးက တစ်ပုံစံတည်း အချိန်တစ်ပတ်အတွင်းမှာ ဒီလိုပြောလာတော့ ကျွန်မတော်တော်လေး စိတ်အားတက်သွားရတယ်။ ကျွန်မလုပ်နေတဲ့အရာတွေ၊ မျှဝေနေတဲ့အရာတွေကို လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ်အခွင့်ပေးခဲ့တဲ့ ကျွန်မကိုယ်ကျွန်မရော ကျွန်မကို သင်ကြားပြသပေးခဲ့တဲ့ သူတွေကိုပါ ကျေးဇူးတင်တဲ့စိတ်ဖြစ်လာတယ်။ တကယ်အလုပ်ဖြစ်တယ်၊ သက်ရောက်မှုရှိတယ်ဆိုတာကို ကျွန်မမြင်နေရပြီ။ သူတို့တွေက တကယ်အရေးပါတဲ့အရာတွေကို တည်မြဲအောင်ထိန်းထားပြီး ကျန်တဲ့အရာတွေကို စွန့်လွှတ်နိုင်ကြတယ်။ ကိုယ်ယုံကြည်ရာအတွက် ရပ်တည်ချက်ခိုင်မာလွန်းကြတယ်။ ဘာလို့လဲသိလား။ ဒီကမ္ဘာမြေပေါ်က သူတို့ရဲ့ဖြစ်တည်မှုအတွက် သူတို့လုပ်စရာရှိတာလုပ်ရမည်ဆိုတဲ့ အကြောင်းပြချက်ကြောင့်ပဲ။ သူတို့အတွက်တော့ ဒါဟာ သက်ရောက်မှုကို ဖန်တီးတာ၊ ညှိနှိုင်းပြီးနေထိုင်တာဖြစ်တယ်။ ရှင့်အတွက်ရော ဘယ်လိုဖြစ်မလဲ။ ကျွန်မအတွက်တော့ ဒါက ယုံကြည်ပေးတာပဲ၊ ကြီးမားတဲ့ ပြောင်းလဲမှုတွေကို ဖြစ်စေတဲ့ တွန်းအားသေးသေးလေးတွေ နောက်လိုက်တာပါပဲ။
ကျွန်မအနေနဲ့ နားထောင်နေသူတွေကို မေးချင်တာက ကျွန်မတို့ဘဝရဲ့ တွန်းအားတွေနောက်ကို လိုက်နေကြသလား? …. အခွင့်အရေးတွေရလာရင်ရော ကြောက်တဲ့နေရာကနေ ဆုံးဖြတ်ချက်တွေချနေသေးလား ?
အားလုံးဆီကအဖြေကို ကျွန်မ သိချင်ပါတယ်။
ဘယ်အရာမဆို ဖြစ်နိုင်တယ်ဆိုတာ အမြဲသိထားပါ။ နောက်တစ်ပတ်မှာ တွေ့ကြမယ်နော်။
Much love,
Arabelle