BHP33 - Solo

Follow The Nudges of Your Soul

Listen now:

All of us have these little nudges in our life. It’s a gut feeling. It’s when your intuition hits. It’s like your spirit knocking from within that it’s time to wake up. It’s time to make things happen. It’s time to create an impact.

When we practice tuning more into it, we strengthen it like a muscle. It will guide us into making better aligned decisions. Whenever you hear these nudges, are you making decisions out of fear or are you making decisions out of strength and courage? Are you willing to listen to your gut and pave your own path?

In this episode, I share how I listened and followed the nudges of my soul and how these little nudges led me to big massive changes in my life. Tune in to find out more!

Timestamps

01:14​ The nudges in my life

06:06​ All of us have little nudges in our life

07:05​ Here’s my question for you

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

Hey there!

ဟိုးတစ်နေ့တုန်းက ဆောင်းပါးတစ်ပုဒ် ဖတ်ဖြစ်တော့ ကိုယ့်ဘဝမှာ တွန်းအားလေးတွေက ကြီးကြီးမားမား အပြောင်းအလဲတွေ ဖြစ်သွားအောင် လုပ်နိုင်တယ်ဆိုတာ တော်တော်လေး သဘောပေါက်မိတယ်။ အဲဒါကြောင့် ဒီနေ့မှာ ကိုယ်လိုချင်တဲ့ နေရာကို ရောက်ဖို့ ဘယ်လိုအတွေးအခေါ်မျိုးတွေ တွေးခေါ်ရင် အကူအညီဖြစ်စေလဲဆိုတာ မျှဝေပေးချင်ပါတယ်။ ကျွန်မ ခံစားခဲ့ရတဲ့၊ ကြုံတွေ့ခဲ့ရတဲ့၊ ကြားဖူးခဲ့ရတဲ့ တွန်းအားလေးတွေအကြောင်းနဲ့ အဲတွန်းအားလေးတွေ ဦးဆောင်ရာနောက် ဘယ်လိုလိုက်ခဲ့လဲဆိုတာ မျှဝေပေးချင်ပါတယ်။ အဲတွန်းအားလေးတွေက ကျွန်မဘဝကို တကယ်ပဲ ကြီးကြီးမားမား ပြောင်းလဲသွားစေပါတယ်။ ဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတစ်ဆင့် ဘယ်လိုအတွေးအခေါ်မျိုး တွေးခေါ်သင့်တယ် ပြီးတော့ အတွေးအခေါ်နဲ့ ပတ်သက်တဲ့ အတားအဆီးတွေကို ဘယ်လိုကျော်ဖြစ်နိုင်တယ်ဆိုတာ အရိပ်အမြွက် သိသွားစေမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး ပြောချင်တာက ဟိုးလွန်ခဲ့တဲ့ နှစ်တွေတုန်းက ကျွန်မမှာ အခြေတကျ အလုပ်တစ်ခု ရှိခဲ့တယ်။ ဒါပေမဲ့ ကျွန်မ တွန်းအားလေးတစ်ခုကို ခံစားခဲ့ရတယ်။ အလုပ်က အခြေတကျ ရှိနေပေမဲ့ အဲအလုပ်ကနေ ထွက်လိုက်တယ်။ အဲလိုအလုပ်ထွက်လိုက်တာက ကျွန်မလေ့လာဖို့လိုနေခဲ့တဲ့ အရာမှန်သမျှကို သင်ကြားပေးခဲ့တယ်။ ကျွန်မဘဝမှာ လုပ်ချင်တဲ့ အရာတွေကို လုပ်ခွင့်ရတဲ့ ဝင်ငွေတစ်ခု ဖန်တီးပေးခဲ့ပါတယ်။

နောက်တော့ အဲဒီအချိန်တုန်းက ဝင်ငွေအကောင်းဆုံး အလုပ်တစ်ခု ရခဲ့တယ်။ အဲအလုပ်မှာလည်း အရမ်း ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ဘာဖြစ်လဲဆိုတော့ ကျွန်မဆေးရုံတက်ရရော။ တစ်ရက်မှာ ဗိုက်ထဲကနေ မခံမရပ်နိုင်အောင် အောင့်တက်လာတယ်။ ဆရာဝန်တွေက အူအတက်ရောင်တယ်လို့ ယူဆတော့ ဒရစ်ချိတ်ပေးပြီး တစ်ခြားဆေးတွေ အကုန်ပေးတယ်။ ရောင်ရမ်းတာတွေ လျော့လာတယ်။ သက်သာလာတယ်။ ဒါပေမဲ့ ဆေးရုံက ဆင်းတော့မယ့်အချိန်မှာ တွေးမိတယ်။ တွန်းအားလေးနောက် ထပ်လိုက်သွားခဲ့တယ်။ အဲအချိန်မှာ တွန်းအားလေးက “အူအတက်က လိုတာလည်းမဟုတ်ဘူး။ ဆေးရုံမှာ ရောက်နှင့်ပြီးသားပဲ။ ဖြတ်ပစ်လိုက်လို့ ရတာပဲ” လို့ ပြောခဲ့တယ်။ အဲဒါနဲ့ ကျွန်မ ခွဲခန်းထဲ ဝင်ခဲ့တယ်။ နောက်တော့ ဘာဖြစ်လဲ မသိတော့ဘူး။

ကျွန်မ ပြန်ထွက်လာတဲ့အချိန်မှာ သတိမေ့နေတုန်းပဲ။ ပြီးတော့ ကျွန်မ သေသွားတယ်လို့ အိပ်မက်မက်ခဲ့တယ်။ အဲဒီနောက် အခွင့်အရေးတစ်ခု ရခဲ့တယ်။ ပြန်လာချင်လား၊ သွားချင်လားဆိုပြီး မေးတယ်။ အဲဒီအိပ်မက်ထဲမှာ ပြန်လာမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာမြေပေါ်မှာ၊ ဒီဘဝမှာ ကျွန်မလုပ်နိုင်တဲ့အရာတွေ၊ လုပ်ရမယ့်အရာတွေ အများကြီး ရှိနေသေးတယ်လေ။ အဲဒါကြောင့် ကျွန်မ ပြန်လာခဲ့တယ်။ နိုးလာခဲ့တယ်။ အဲဒီမှာ ဆရာဝန်က ကျွန်မကို ခွဲစိတ်ဖို့ ဆုံးဖြတ်လိုက်တာ ကံကောင်းတယ်လို့ ပြောလာရော။ ဘာလို့လဲဆိုတော့ အူအတက်ရောင်တာမဟုတ်ဘဲ ကိုယ်တွင်းသွေးယိုတာ ဖြစ်နေတယ်။ ကျွန်မ မသိခဲ့ပါဘူး။ ခွဲစိတ်ဖို့ တွန်းအားလေးနောက် လိုက်ခဲ့ရုံပါပဲ။ ဆရာဝန်က ကျွန်မသာ မခွဲစိတ်ခဲ့ရင် သေနိုင်တယ်လို့ ပြောပါတယ်။

ပထမတွန်းအားက ကျွန်မကို ခွဲစိတ်ဖို့ ပြောခဲ့တယ်။ ဒုတိယတွန်းအားကကြတော့ အလုပ်ထွက်ပြီး တစ်နေရာရာကို သွားဖို့ လိုတယ်လို့ ပြောခဲ့တယ်။ ကျွန်မဆေးရုံတက်နေတုန်းပဲ အလုပ်ထွက်လိုက်တယ်။ သူတို့က ပြောတယ် “နင်အခု အများကြီး ခံစားနေရတာ၊ ဆေးကုခံနေရတုန်းမို့လို့ ကောင်းကောင်းမတွေးနိုင်တာ နေမယ်” လို့ ပြောပါတယ်။ အဲအချိန်တုန်းက ခရီးသွားခွင့်ရမယ့် ရာထူးကြီးကြီးတိုးဖို့ လျာထားခံရတဲ့ အချိန်ပေါ့။ ကျွန်မကတော့ တွန်းအားနောက်လိုက်ခဲ့တယ်။ အလုပ်ထွက်လိုက်တယ်။ တစ်နိုင်ငံပြီး တစ်နိုင်ငံ ရွှေ့ပြောင်းနေခဲ့တယ်။

ပြောင်းပြီး နှစ်ပတ်အတွင်းမှာပဲ အရင်ထက် ၅၀ ရာခိုင်နှုန်း ဝင်ငွေ ပိုရတဲ့ အလုပ်တစ်ခု ရခဲ့တယ်။ ကျွန်မအဲလိုရမယ်လို့ သိခဲ့လား။ မသိခဲ့ပါဘူး။ တွန်းအားနောက် လိုက်ခဲ့ရုံပါပဲ။ အဲအလုပ်မှာ လုပ်တယ်။ သက်မွေးဝမ်းကျောင်းလမ်းလည်းခိုင်မာခဲ့တယ်။အမြင့်ကိုတက်ခဲ့တယ်။ ကျွန်မလုပ်ရမယ့်အရာမှန်သမျှကို လုပ်ခဲ့တယ်။ နောက်နှစ်နည်းနည်းကြာတော့ တွန်းအားနောက်တစ်ခု ခံစားမိပြန်တယ်။ အဲဒီတစ်ခေါက်ကြတော့ နောက်နိုင်ငံတစ်ခုကို ပြောင်းဖို့ ပြောတယ်။ ကျွန်မ လုပ်ခဲ့တာ အဲဒါအကုန်ပဲ။ ကျွန်မနားထောင်တယ်လေ။ တွန်းအားနောက် လိုက်ခဲ့တယ်။ နိုင်ငံတစ်နိုင်ငံကို ပြောင်းခဲ့တယ်။ ဘဝ တစ်ဆစ်ချိုး အပြောင်းအလဲတွေ အများကြီး ကြုံရပြီး ပထမဦးဆုံး အိမ်ဝယ်နိုင်ခဲ့တယ်။ ကျွန်မဟာ အဲဒီတွန်းအားလေးနောက် လိုက်ရင်း၊ နားထောင်ရင်းနဲ့ အိပ်မက်တွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ခဲ့တယ်။

ကျွန်မလိုချင်တာတွေအားလုံး ရခဲ့ပေမဲ့ တစ်ခုခုလိုနေတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မဟာ စက်ရုပ်တစ်ရုပ်လို ဖြစ်နေတာကို သဘောပေါက်ခဲ့တယ်။ ဒီနေရာနဲ့ မကိုက်ဘူးလို့ ဘာလို့ခံစားနေရတာလဲ။ နောက်တော့ ကျွန်မဟာ တွန်းအားလေးကို မသိကျိုးကျွန်ပြုနေတယ်ဆိုတာ သိလိုက်တယ်။ အဲဒီနောက်တော့ တွန်းအားကို ထပ်ကြားရပြန်တယ်။ အလုပ်ထွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ စီးပွားရေးလုပ်ငန်းစလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ စီးပွားရေးစလုပ်မယ်ဆိုတော့ ဖြစ်သလို လုပ်တာမဟုတ်ဘူး။ အများကြီး ပြင်ဆင်ခဲ့တယ်။ ဘဝမှာ အဲဒီတွန်းအားလေးတွေကို လိုက်နာခဲ့တာကြောင့် ကျွန်မအတွက် အရေးပါတဲ့ အချိန်၊ ငွေကြေး၊ နေရာဆိုင်ရာ လွတ်လပ်မှုတွေ ရခဲ့တယ်။ ကျွန်မ မြတ်နိုးတဲ့ အရာတွေ လုပ်ဖို့၊ အကျိုးသက်ရောက်မှုရှိအောင် လုပ်နိုင်ဖို့၊ လူတွေကို ကူညီဖို့၊ လူတွေနဲ့အတူတူ အလုပ်လုပ်နိုင်တဲ့ အခွင့်အရေးရဖို့၊ သူတို့ရဲ့ဘဝနဲ့ လုပ်ငန်းတွေမှာ ကူညီဖို့ လွတ်လပ်ခွင့်ရပြီး လိုက်လျောညီထွေ နေထိုင်ခွင့်ရတယ်။

အဲလိုတွေ ဘာလို့ လုပ်နိုင်ရတာလဲ။ ကျွန်မဘဝတစ်လျှောက် တွန်းအားလေးတွေကို နားထောင်ခဲ့လို့ပဲဆိုတာ သိလိုက်ပါတယ်။

ဒီနေရာမှာ ပြောချင်တာက ခုနက ပြောခဲ့တဲ့ ဥပမာလေးခုကို ကြည့်ပါ။ လူတွေက ကျွန်မကို အမျိုးမျိုး ပြောတယ်။ ရူးနေတယ်ပေါ့။ ဘာလို့ ထွက်သွားပြီး ရုန်းကန်ချင်နေတာလဲ။ လုံခြုံနေပြီးသားကို ဘာလို့ ကိုယ်မသိတဲ့ နေရာစိမ်းကို သွားမှာလဲ။ ကျွန်မအတွင်းစိတ်ထဲက တွန်းအားလေးတွေ ပြောတာကို ကြားရလို့ တစ်နိုင်ငံပြီး တစ်နိုင်ငံ ပြောင်းနေတဲ့အခါ၊ နေရာသစ်တွေဆီ ပြောင်းတဲ့အခါ၊ အလုပ်အသစ်တွေ ပြောင်းတဲ့အခါ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မသိပါဘူး။ ကျွန်မသိတဲ့သူတစ်ယောက်မှ မရှိတဲ့ နိုင်ငံတွေကို ပြောင်းနေခဲ့ပါတယ်။ အလုပ်ရပါ့မလားဆိုတာ မသိတဲ့ နေရာတွေကို ပြောင်းခဲ့ပါတယ်။ ဒါပေမဲ့ တစ်ပတ်၊ နှစ်ပတ်အတွင်းမှာ လစာကောင်းတဲ့ အလုပ်တစ်ခု အမြဲရပါတယ်။ ကျွန်မဘဝမှာ ဒီနေ့အထိ လူကောင်းတွေ အများကြီးနဲ့ တွေးခဲ့ရပြီး သူတို့ဟာ ကျွန်မနဲ့ ရင်ဘတ်ချင်းနီးတဲ့ မိသားစုဝင်တွေ ဖြစ်ပါတယ်။

လုံခြုံပြီး သက်သောင့်သက်သာရှိနေတဲ့အချိန်မှာ ဘာကြောင့် ထွက်သွားပြီး ရုန်းကန်ချင်နေတာလဲ၊ လက်ဆုပ်လက်ကိုင်မမြင်ရတဲ့ တွန်းအားနောက်ကို ဘာလို့လိုက်ချင်နေတာလဲ။ အဲဒါက ထိတွေ့ကိုင်တွယ်လို့ မရပါဘူး။ ဒါပေမဲ့ ကျွန်မကို ဒီအခြေအနေထိ ရောက်စေခဲ့ပါတယ်။

ကျွန်မတို့အားလုံးရဲ့ဘဝတစ်လျှောက်မှာ တွန်းအားလေးတွေ ရှိပါတယ်။ ကျွန်မတို့ အားလုံးမှာ ရှိပါတယ်။

လက်ရှိကိုယ့်ဘဝမှာ တွန်းအားလေးတွေိကို မသိကျိုးကျွန်ပြုမိနေလား။ သူတို့နောက် လိုက်နေလား။ ဘာလို့လဲဆိုတော့ အာရုံစိုက်ဖို့၊ ကြားလိုတဲ့စိတ်နဲ့ နားထောင်ဖို့က အရေးအကြီးဆုံးမို့လို့ပါ။

ကျွန်မဘဝတစ်လျှောက်လုံး တစ်ခြားတွန်းအားတွေ အများကြီး ကြုံခဲ့ပါတယ်။ ကျွန်မဘဝရဲ့ ကြီးကြီးမားမား အရွေ့တွေ၊ အပြောင်းအလဲတွေအကြောင်းကိုပဲ ပြောနေတာ ဖြစ်ပါတယ်။ တကယ်သာ အာရုံစိုက်မယ်ဆိုရင် ကြားရပါလိမ့်မယ်။

စကြဝဠာကြီးလို့ပဲ ခေါ်ခေါ်၊ Soul (စိတ်ဝိဉာဉ်) လို့ပဲပြောပြော အဲဒီအရာဟာ ကျွန်မကို အမြဲပံ့ပိုးပေးနေတယ်၊ လမ်းပြပေးနေတယ်ဆိုတာ သိရှိယုံကြည်ပါတယ်။ အရာအားလုံးက အမြဲတမ်း အဆင်ပြေချောမွေ့နေမယ်လို့ မဆိုလိုပါဘူး။ တစ်ခါတစ်လေမှာ ခွဲစိတ်ရတာမျိုး၊ အသဲကွဲရတာမျိုး ကြုံရတာပေါ့။ ကျွန်မကို အမြဲတမ်း လမ်းပြပံ့ပိုးပေးနေတယ်ဆိုတာ သိပါတယ်။ ကျွန်မသာ နားထောင်မယ်ဆိုရင် ဘယ်ကိုသွားရမလဲဆိုတာ ပြောပြနေတဲ့ တွန်းအားလေးတစ်ခု အမြဲရမယ်ဆိုတာ သိပါတယ်။

ကျွန်မအနေနဲ့ နားထောင်နေသူတွေကို မေးချင်တာက ကျွန်မတို့ဘဝမှာ တွန်းအားလေးတွေ ရှိကြတယ်။ အဲဒီတွန်းအားတွေကို လိုက်နာနေကြလား၊ မသိကျိုးကျွန်ပြုနေကြလား။ တစ်ခါတစ်လေမှာ ကျွန်မတို့ရဲ့ အတွင်းသန္တာန်ထဲမှာ ရှိတဲ့ စိတ်ဝိဉာဉ် က နိုးထဖို့ အချိန်ရောက်ပြီလို့ လှုပ်နှိုးတာမျိုး။ အကောင်အထည်ဖော်ဖို့ အချိန်ရောက်ပြီ၊ အကျိုးသက်ရောက်မှု ရှိစေဖို့အတွက် မျှော်မှန်းချက်ကြီးကြီးမားမားထားဖို့ အချိန်ရောက်ပြီလို့ လှုပ်နိုးတာမျိုးပေါ့။ ကိုယ့်အပေါ် မူတည်ပြီး အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

ဒီတွန်းအားတွေကို ကြားရတိုင်း အကြောက်တရားနဲ့ ဆုံးဖြတ်ချက်ချနေတာလား ဒါမှမဟုတ် စွမ်းအား၊ သတ္တိနဲ့ ဆုံးဖြတ်ချက်ချနေတာလား။ ကျွန်မအတွက်ကတော့ အကြောက်တရားနဲ့ ဆုံးဖြတ်တိုင်း ဆုံးဖြတ်ချက်မှားတတ်ပါတယ်။ မှန်ကန်တဲ့ အတွေးအခေါ်နဲ့ လုပ်တာမဟုတ်တဲ့အတွက် ဘယ်သောအခါမှ မှန်တယ်လို့ မခံစားရသလို ဘယ်တော့မှလည်း မှန်တယ်လို့ ခံစားလာရမှာ မဟုတ်ပါဘူး။

ကိုယ့်ဝမ်းတွင်းအသိကို ပြန်နားထောင်ချင်စိတ်၊ ကိုယ့်လမ်းကိုယ်ဖောက်ချင်စိတ် ရှိကြလား။

XO,
Arabelle