
BHP48 - Solo
During our bad days and when we are filled with anger, fear, and all the negative emotions that weigh us down, it can be difficult to find the light. We may be in situations where things are beyond our control, but what we can control are our thoughts, our response, and what we make of that situation.
These breakdowns – even the smallest simplest thing – build our resilience and push our growth. These breakdowns allow us to dive deeper into our consciousness, question our beliefs, and change how we view life. When we choose to reframe our perspective, we find infinite possibilities and new chances from our situation. Sometimes, it’s all about trusting the process, trusting that you are being guided by the universe, trusting that soon everything will fall into its place, and trusting that a breakthrough is waiting for you.
Timestamps
01:06 Why do things fall apart?
02:32 Life is a rollercoaster ride
04:31 Let your Soul be the CEO
06:00 There is nothing against you in the universe
Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.
Hey there!
အားလုံးကို ကြိုဆိုပါတယ်။ နားထောင်ပေးကြတာ အရမ်းကျေးဇူးတင်ပါတယ်။
ဟိုးတစ်ရက်တုန်းက ခရီးသွားတော့ သဘောကောင်းတဲ့ မိသားစုတစ်စုရဲ့ အိမ်လှလှလေးတစ်လုံးမှာ တည်းခဲ့တယ်။ အိမ်ရှင်က အဲဒီအိမ်ကို သူတို့ဝယ်တုန်းက မြို့စွန်ရပ်ကွက်ထဲမှာ ရုပ်အဆိုးဆုံးအိမ်လို့ ပြောပြတယ်။ အခုကျတော့ အဲဒီအိမ်ဟာ ရပ်ကွက်ထဲက အလှဆုံးအိမ်တွေထဲက တစ်အိမ်ဖြစ်နေတယ်။ ရှုခင်းက အရမ်းလှတယ်။ တောင်ကုန်းပေါ်မှာ ဆောက်ထားတာဆိုတော့ မြို့တစ်ခြမ်းလုံးကို စီးပြီး မြင်ရတယ်။ အတွင်းပိုင်း – အားလုံးက ကိုယ့်အိမ်ကိုယ့်ရာလို နွေးထွေးပြီး အဲဒီမှာ တစ်သက်လုံး နေဆိုရင် နေနိုင်ပါတယ်။
အဲဒီအိမ်နဲ့နှိုင်းယှဉ်ပြီး တွေးစရာတွေ ပေါ်လာတယ်။ ကိုယ့်မှာ အိမ်တစ်လုံးရှိတယ်လို့ စိတ်ကူးကြည့်ပါ။ အဲဒီအိမ်က ၁၉၈၀ ဝန်းကျင်ဖြစ်ဖြစ် ၁၉၉၀ ဝန်းကျင်ဖြစ်ဖြစ် ၁၉၇၀ ဝန်းကျင်လောက်တုန်းကဖြစ်ဖြစ် ဆောက်ထားတဲ့ အိမ်ပဲ ဆိုပါတော့။ အခုအဲဒီအိမ်ကို ကိုယ်လိုသလို ပြန်ပြင်ဖို့၊ ဖန်တီးဖို့၊ အခန်းဖွဲ့ဖို့ စိတ်ကူးရှိတယ်ပေါ့။ ဂျာကူဇီကို ဘယ်နေရာမှာ ထည့်ချင်တယ်၊ အပြင်ဘက်မှာ ထမင်းစားခန်း ဘယ်လိုဖွဲ့ချင်တယ်၊ ရုပ်ရှင်ကြည့်ဖို့အခန်းကို ဘယ်လိုဖွဲ့ချင်တယ်၊ မီးဖိုချောင်ကို ဘယ်လိုမျိုး ဆောက်ချင်တယ်စသဖြင့် အခန်းဖွဲ့စည်းပုံတွေနဲ့ အကြံအစည်တွေ ရှိထားပြီးသားပေါ့။ အိမ်ကို ပြန်ပြင်ဖို့ ကန်ထရိုက်တာနဲ့ ဆွေးနွေးတော့ ကန်ထရိုက်တာက “အကြီးစားပြင်ဆင်တာဖြစ်လို့ အိမ်ကို ဖြိုချဖို့ လိုနိုင်တယ်” လို့ပြောလာတယ်။
အဓိကက အဲဒါပါပဲ။ တစ်ခါတစ်လေကျရင် ဘဝမှာ နေရာတကျဖြစ်ပြီး အောင်မြင်မှုရရှိဖို့အတွက် တစ်စစီ ပြိုလဲရတတ်ပါတယ်။ အဲလိုပဲ ကိုယ်လိုချင်တဲ့ ဖွဲ့စည်းပုံအတိုင်းထွက်တဲ့ အိမ်တစ်အိမ်ဆောက်ဖို့ဆိုရင်၊ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း တည်ဆောက်နိုင်ဖို့ဆိုရင်၊ အပိုင်းအစတွေ အားလုံးကို ပြန်ဆက်ဖို့ဆိုရင် တစ်ခါတစ်လေမှာ အိမ်ကို ဖြိုချလိုက်ဖို့ လိုပါတယ်။ ဆိုတော့ ဒါက ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု။ ငြမ်းစင်ထားတာ အပြည့်ပဲ။ နေရာတကာ ဘိလပ်မြေတွေ ပြန့်ကျဲနေမယ်။ နေရာတကာ ဖုန်တွေ ပွထနေမယ်။ ဆောက်လုပ်ရေးလုပ်သားတွေ ရှိတယ်။ အမှိုက်တွေလည်း ပွထနေတာမျိုးလည်း ရှိနိုင်တယ်။
အဲဒီအိမ်ဆောက်နေဆဲကာလမှာ အိမ်ထဲ ဟိုနားဒီနား ထိုင်လိုက်၊ မှိုင်တွေငေးမောလိုက်နဲ့ ဒါကအဓိပ္ပာယ်မရှိအလကားကြီးပါလို့ ပြောနေလား။ ဒါမှမဟုတ် ကိုယ်ပြောင်းနေရမယ့် အိမ်အသစ်အကြောင်းတွေးရင်း စိတ်တွေ စပြီးလှုပ်ရှားနေလား။ ဒီအိမ်အသစ်မှာ လူတွေ ဖိတ်မယ်၊ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပမယ်၊ စာဖတ်ဖို့၊ စာရေးဖို့၊ တရားထိုင်ဖို့ ကိုယ်ပိုင် စတူဒီယိုခန်းလိုမျိုး ကိုယ်ဖွဲ့ချင်တဲ့ အခန်းဖွဲ့စည်းပုံတွေ ရှိမယ်။ ကိုယ်က အဲဒီနေရာနဲ့ စိတ်ပိုင်း၊ စွမ်းအင်ပိုင်းအရ ချိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ ကိုယ်ပြန်ပြုပြင်နေတဲ့ အိမ်အသစ်အကြောင်း စပြီး စိတ်ကူးလိုက်တဲ့အချိန်မှာ အဲဒီနေရာနဲ့ စိတ်ပိုင်း၊ စွမ်းအင်ပိုင်းအရ ချိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ အိမ်ထဲမှာ ဟိုထိုင်ဒီထိုင်နဲ့ မှိုင်တွေငေးမောတာမျိုး မလုပ်ကြပါဘူး။ ကိုယ်တည်ဆောက်နေတဲ့ အိမ်မှာ အဲလိုမျိုး မလုပ်ကြပါဘူး။ ဒီဥပမာပေး နှိုင်းယှဉ်နေတဲ့ အိမ်မှာကျ အဲလိုမလုပ်ကြဘဲ ကိုယ့်ဘဝမှာကျတော့ ဘာလို့အဲလို လုပ်ကြတာလဲ။
“ဘဝက ရိုလာကိုစတာလိုပဲ” ဆိုတဲ့ စကားကို အားလုံး ကြားဖူးကြပါတယ်။ တကယ်လည်း ရိုလာကိုစတာလိုပါပဲ။ အတက်၊ အကျတွေ ရှိပါတယ်။ ဒါပေမဲ့ အတွေ့အကြုံတွေ အများကြီးရစေပါတယ်။ ဘဝက လုပ်လက်စ အလုပ်တစ်ခုလိုပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလိုပါပဲ။ အထူးသဖြင့် ခြေလှမ်းကြီးကြီးမားမား လှမ်းဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်၊ ကိုယ့်စွမ်းအားကို တကယ်မြှင့်တင်ဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင်၊ ကိုယ့်ရဲ့ ရိုးစင်းလွန်းတဲ့ဘဝကို တကယ်ပဲ စပြီးငြင်းဆန်လာပြီဆိုရင်၊ အကြောင်းပြချက်ပေးတာကို စပြီးငြင်းဆန်လာပြီဆိုရင်၊ အကျပ်ရိုက်နေတယ် ဒါမှမဟုတ် စိတ်ထိခိုက်နေတယ်ဆိုတဲ့ ခံစားချက်တွေကို စပြီးငြင်းဆန်လာပြီဆိုရင်၊ ကိုယ်နဲ့ ထိုက်တန်တဲ့ဘဝကို တကယ် လက်ခံလာပြီဆိုရင်၊ ကိုယ်ရဲ့စွမ်းအားကို လက်ခံလာပြီဆိုရင် အဲဒါလုပ်လက်စ အလုပ်ပါပဲ။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုလိုပါပဲ။ တစ်ခါတစ်လေမှာ ကျွမ်းကျင်ပညာရှင်တွေ၊ ဆောက်လုပ်ရေးပညာရှင်တွေနဲ့ ဆောက်လုပ်ရေးလုပ်သားတွေကို လုပ်ခွင့်ပေးပြီး ကိုယ်က နောက်ဆုတ်ပေးရပါမယ်။ သူတို့ကို အလုပ်လုပ်ခိုင်းမှ အိမ်ဆောက်လို့ပြီးမယ်။ အိမ်ဆောက်လို့ ပြီးတော့မှ ကိုယ်နေလို့ ရနိုင်မှာလေ။ တစ်ချိန်ချိန်မှာ ဆောက်လို့ ပြီးသွားမယ်ဆိုတာ သိပါတယ်။ ပြီးတော့ ကိုယ်ပြောင်းလာတဲ့အခါ အိမ်လှလှလေးမှာ နေရမှာပါ။
ဒါက စာအုပ်တစ်အုပ် အထူးသဖြင့် ဝတ္ထုတစ်အုပ် ဖတ်ရသလိုပါပဲ။ ကျွန်မက ဇာတ်သိမ်းကို တန်းသိချင်တဲ့လူမျိုးပဲ။ ဘယ်လိုဇာတ်သိမ်းလဲဆိုတာ သိချင်တယ်။ ဘာဆက်ဖြစ်မလဲဆိုတာ သိချင်တယ်။ ဇာတ်လမ်းအစနဲ့ အဆုံးကြားမှာ ရှိတဲ့ စာမျက်နှာတွေမှာမှ ဇာတ်လမ်းရဲ့ အနှစ် – တကယ့် အခရာက ပါတာပါ။ အခန်းတစ်ခန်းကို ကျော်လိုက်ရင် အများကြီး လွတ်သွားရော။ ပြီးတော့ ဘဝဆိုတာကလည်း အဲဒီအခန်းတွေအားလုံးနဲ့ ဖွဲ့စည်းထားတာပါ။ ကိုယ့်ဘဝမှာ တကယ်စပြီး ပြောင်းလဲလာပြီဆိုရင်၊ ဘဝက လုပ်လက်စအလုပ်တစ်ခုဆိုတာ တကယ် စသိလာပြီဆိုရင် စိတ်ရှည်ဖို့က အဓိကပါပဲ။ တစ်ခါတစ်လေမှာ နောက်နည်းနည်းဆုတ်လိုက်ဖို့ အရေးကြီးပါတယ်။ ကျွမ်းကျင်သူတွေ အလုပ်လုပ်ပါစေ။ ကျွန်မရဲ့ အဖွဲ့ထဲမှာ တစ်ခြားသူတွေ ရှိပြီး စိတ်ဝိဉာဉ်က တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ကျွန်မရဲ့ စိတ်ဝိဉာဉ်က အမှုဆောင်အရာရှိချုပ်ပါ။ ကျွန်မမှာ ဒါရိုက်တာဘုတ်အဖွဲ့လိုမျိုး တစ်ခြားအဖွဲ့ဝင်တွေလည်း ရှိပါတယ်။ ကျွန်မမှာ စိတ်ဝိဉာဉ်ရှိတယ်။ မျှော်မှန်းချက်ရှိတယ်။ ကျွန်မမှာ လမ်းညွှန်လို့ပဲပြောပြော နတ်ကောင်းနတ်မြတ်လို့ပဲပြောပြော စောင့်ရှောက်သူတွေ ရှိပါတယ်။ ကျွန်မမှာ အဖွဲ့တစ်ခုလုံး ရှိပါတယ်။
ဒီနေ့ပြောပြချင်တဲ့ အကြောင်းအရာက “အိမ်တစ်လုံး ဆောက်တဲ့” နှိုင်းစာချက်ဥပမာကို သတိရဖို့ပါပဲ။ ဘဝဆိုတာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုပါ။ လုပ်လက်စအလုပ်တစ်ခုပါ။ ထိုင်နေရင်းနဲ့ မဖြစ်မြောက်သေးဘူးလို့ လျှောက်တွေးမနေပါနဲ့။ ကိုယ့်အိမ်နီးချင်းဆီ သွားလည်ချင်တယ်ဆိုရင် အိမ်တံခါးဝမှာ ရပ်ပြီး “ငါမရောက်သေးဘူး”လို့ လှမ်းအော်နေရင်တော့ မရောက်သွားပါဘူး။ အိမ်နီးချင်းရဲ့အိမ်က ဆယ်လှမ်းလောက်လှမ်းရင် ရောက်နေပြီကို တစ်လှမ်းတောင် မလှမ်းဘဲနဲ့ အဲဒီကို မရောက်သေးဘူးလို့ ပြောနေတယ်။ ဘာလို့များလဲ။ ရောက်အောင် မလှမ်းလို့ပေါ့။
တစ်ခါတစ်လေမှာ နည်းနည်းနောက်ဆုတ်ပြီး ကိစ္စတွေ သူ့ဟာသူ ပြီးသွားအောင် လွှတ်ထားပေးဖို့ ကိုယ့်ကိုယ်ကိုယ် သတိပေးရတယ်။ သူတို့က ကျွမ်းကျင်ပညာရှင်တွေဆိုတာ သိသာပါတယ်။ သူတို့ တာဝန်ယူပြီး လုပ်ပါစေ။ ပြီးတော့ ကိစ္စတွေ ပြီးသွားမယ်လို့ စိတ်ခံစားမှုပိုင်း၊ စွမ်းအင်ပိုင်းဆိုင်ရာ ချိတ်ဆက်ထားပါ။ ဘာလို့လဲဆိုတော့ စကြဝဠာထဲမှာ ရှိသမျှ အရာအားလုံးဟာ ကိုယ့်ကို ပံ့ပိုးပေးဖို့ ရှိနေသလို တစ်ခါတစ်လေမှာလည်း စိန်ခေါ်တတ်ပါတယ်။ ဒါပေမဲ့ အဲအရာတွေဟာ ကိုယ့်အတွက် ကောင်းကျိုးတွေပဲ ရစေပြီး ကောင်းကျိုးဆိုတာက ကိုယ့်ကိုတိုးပွားစေတာမျိုးပေါ့။ စကြဝဠာကြီးရဲ့ သဘောသဘာဝကတော့ တိုးပွားပြန့်ကားခြင်းပါပဲ။ မဟာစကြဝဠာပေါက်ကွဲမှုဟာ တိုးပွားပြန့်ကားနေတာ ဖြစ်တဲ့အတွက် ကိုယ်လည်း မတိုးပွားဘဲကို မနေပါဘူး။ စကြဝဠာကြီးရဲ့ သဘောသဘာဝက ကိုယ့်တိုးတက်လာအောင် ကူညီပေးဖို့၊ တွန်းအားပေးဖို့ ဖြစ်ပါတယ်။ ကြီးကြီးမားမား စိန်ခေါ်မှုတွေ ရှိတယ်လို့ ထင်ရပေမဲ့လည်း စကြဝဠာကြီးက ကိုယ့်ကို ဆန့်ကျင်တာမျိုး လုံးဝမလုပ်ပါဘူး။ ကိုယ့်ကို ပံ့ပိုးပေးဖို့၊ သင်ကြားပေးဖို့ ရှိနေပါတယ်။
မပြီးခင် ပြောရဦးမယ်။ တစ်ခါတစ်လေမှာ နေရာတကျဖြစ်ဖို့ တစ်စစီ ပြိုကွဲရတတ်ပါတယ်။ တစ်ခါတစ်လေ ဘဝမှာ တိုးတက်အောင်မြင်ဖို့ ရှုံးနိမ့်ရတတ်ပါတယ်။ ဘယ်အရာမဆို လုံးဝဖြစ်နိုင်တယ်ဆိုတာ သတိရပါ။ ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
XO,
Arabelle