BHP31 - Solo

7 Tips on Letting Go

Listen now:

Are you constantly calling in your desires in life and end up disappointed because it’s not showing up in your field? Are you always focusing on lack – what you don’t want in your life or what you currently don’t have?

Many of us want to redesign our life into what we actually want. But to do that, we need to create space in our life for what we truly want and value. In order to make that space, we need to let go of certain things. And we have our own belief and reasons why we’re holding onto things, people, relationships. It can be out of fear, anger, emotional attachments, and more.

What we fail to see is how letting go is a sign of growth, a test, and a pivotal moment of transformation. Because in that process of letting go, we gain so much more. Holding on to the old is heavier than letting go. It is only when we make space and let go, new opportunities can come into our life.

Tune in to the full episode for 7 tips to help you let go and free yourself from attachments.

Timestamps

00:39 Where your focus goes, your energy flows

02:27 How to redesign a life that we want

03:38 Why don’t we want to let go?

04:52 Why do we need to let go?

05:59 Accept and be grateful

07:03 Forgive

07:55 Allow yourself to feel

08:42 Claim your power

09:22 Open your heart

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

လူတော်တော်များများက ဘဝမှာ ကိုယ်မလိုချင်တဲ့အရာတွေ၊ ထပ်ပြီး မကြုံချင်တော့တဲ့ အဖြစ်အပျက်တွေ၊ ရှောင်ပြေးချင်တဲ့ ကိစ္စတွေအကြောင်းကို အချိန်အကြာကြီးယူပြီး ပြောပြကြလိမ့်မယ်။ သူတို့ကို “ ဘာလိုချင်တာလဲ” လို့ မေးလိုက်တဲ့အခါမှာတော့ ဖြေဖို့ရာ အဖြေမရှိကြဘူး။

ဦးနှောက်အလုပ်လုပ်ပုံက အရမ်းရိုးစင်းပါတယ်။ ကိုယ်တွေးနေတဲ့ အတွေးတွေပေါ်ကိုပဲ ဦးနှောက်က အာရုံစိုက်ပါတယ်။ ဒါကြောင့် ကိုယ်မလိုချင်တဲ့အရာကို တွေးနေရင် ဦးနှောက်က အဲတာကို အာရုံစိုက်မှာပါပဲ။

ကိုယ်အာရုံစိုက်တဲ့ဆီကို ကိုယ့် energy (စွမ်းအင်) ကစီးဆင်းပါတယ်။

ထပ်ပြောမယ်နော်။ ကိုယ်အာရုံစိုက်တဲ့ဆီကို ကိုယ့် energy (စွမ်းအင်)က စီးဆင်းပါတယ်။ ပြီးတော့မှ ကိုယ်မလိုချင်တဲ့အရာတွေ ဖြစ်လာတဲ့အခါ ၊ အဲအရာတွေကို ဆွဲငင်မိနေတဲ့အခါ ကျွန်မတို့ အံ့အားသင့်ကြပြန်ရော။ အဲဒါကြောင့် ကိုယ့်အတွေးတွေကို ကိုယ်သိနေဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်မအနေနဲ့ ကိုယ်တွေးနေတဲ့ အတွေးတွေ၊ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေတဲ့ စကားတွေကို အာရုံစိုက်တဲ့ အလေ့အထတစ်ခုကို နေ့စဉ် အမြဲမပြတ် လုပ်ပါတယ်။ ကိုယ့်စိတ်က အမြဲနားစွင့်နေတာမို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေတဲ့ စကားတွေကို ဂရုစိုက်ရပါမယ်။

အခု ကိုယ့်စိတ်ထဲမှာ ငါကတော့ ကျရှုံးမှာပဲလို့ ထပ်ခါထပ်ခါ ပြောမိနေတာကြောင့် တကယ့်လက်တွေ့မှာလည်း အဲလိုဖြစ်လာတယ်လို့ တွေးကြည့်လိုက်။ ဘယ်လောက်ကြောက်စရာ ကောင်းလဲ။ အဲဒါကျွန်မတို့ရဲ့ အာရုံကြောလမ်းကြောင်းအလုပ်လုပ်တဲ့ပုံပဲ။ အကြောင်းအရာတစ်ခုကို ထပ်ခါထပ်ခါ တွေးနေတယ်ဆိုရင် ဦးနှောက်ထဲက ထွက်လာတဲ့ အီလက်ထရွန်တွေက အာရုံကြောလမ်းကြောင်းတွေ ဖြစ်ပေါ်စေပါတယ်။ အဲကနေ ကိုယ်မသိလိုက်ဘဲ ဝသီတစ်ခု ဖြစ်သွားရော။ အဲဒါကြောင့် ကိုယ်အာရုံစိုက်တဲ့ဆီကို စွမ်းအင်တွေ စီးဆင်းတာပဲ ဖြစ်ပါတယ်။ စွမ်းအင်ပိုင်းမှာဆိုရင်လည်း မကောင်းတဲ့ စိတ်ခံစားချက်တွေ၊ မကောင်းတဲ့ တုန်ခါမှုတွေ(vibrations) ပေါ်မှာ အာရုံစိုက်မိနေတယ်ဆိုရင် ကိုယ့်ဘဝထဲမှာ အဲဒီအရာတွေကို ဆွဲငင်မိလျက်သား ဖြစ်သွားပါလိမ့်မယ်။

ကိုယ်လိုချင်တဲ့ ဘဝတစ်ခု၊ လိုအင်တွေ ပြည့်ဝတဲ့ ဘဝတစ်ခုဖြစ်အောင် ပြန်ပုံဖော်နိုင်ဖို့အတွက် ကျွန်မတို့ရဲ့ ဖန်တီးနိုင်တဲ့စွမ်းအားတွေ ကွန့်မြူးဖို့ နေရာတစ်ခု ဖန်တီးရပါမယ်။ အဲလိုနေရာတစ်ခု ဖန်တီးနိုင်ဖို့ တချို့အရာတွေကို စွန့်လွှတ်ရပါမယ်။ တချို့လူတွေက ဆုပ်ကိုင်ထားတာ၊ တောင့်ခံထားတာကို ကြံ့ကြံ့ခံနိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ လက်လွှတ်ရမယ်လို့ သိဖို့နဲ့ တကယ်လက်လွှတ်လိုက်နိုင်ဖို့အတွက် ပိုပြီး ကြံ့ကြံ့ခံရတဲ့ အခါမျိုးတွေ ရှိပါတယ်။ ဘဝတစ်ကွေ့မှာ ကျွန်မတို့ရဲ့ အလုပ်အကိုင်၊ စီးပွားရေးလုပ်ငန်း၊ ချစ်မြတ်နိုးတဲ့သူတွေ၊ အိမ်မွေးတိရစ္ဆာန်လေးတွေ၊ တီရှပ်အဟောင်းလေးတစ်ထည်ကိုပဲဖြစ်ဖြစ် ကိုယ့်အသက်ငါးနှစ်လောက်ထဲက ရှိခဲ့တဲ့ ဝက်ဝံရုပ်အဟောင်းလေးကိုပဲဖြစ်ဖြစ် လက်လွှတ်ကြရပါမယ်။ ကျွန်မအနေနဲ့ လက်လွှတ်ခြင်းကို တိုးတက်လာတယ်ဆိုတဲ့ လက္ခဏာတစ်ခု၊ စာမေးပွဲတစ်ခု၊ ပြောင်းလဲဖို့ရာအတွက် အခရာကျတဲ့ အခိုက်အတန့်တစ်ခုလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ လက်လွှတ်လိုက်တဲ့အခါမှာ ပြန်ရတာက အများကြီး ပိုလို့ပါ။

အခု လက်လွှတ်ရဖို့ ကြုံလာတဲ့အခါမှာ တကယ်လက်လွှတ်လိုက်နိုင်ဖို့ ကျွန်မလုပ်ခဲ့တဲ့ အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။

  1. ဘာလို့ လက်မလွှတ်ချင်ကြတာလဲ

    အကျိုးကျေးဇူးတစ်ခု ပြီးတော့ ကိုယ့်အတွက် အသုံးမဝင်တော့တဲ့ အရာတွေကို လက်လွှတ်ခြင်း၊ လက်မလွှတ်ခြင်းဆိုတာ ရှိပါတယ်။ သိစိတ်က လက်လွှတ်ချင်တယ်။ ဒါပေမဲ့ မသိစိတ်ထဲမှာ တချို့အရာတွေကို ဆုပ်ကိုင်ထားတယ်ဆိုတာ သိနေတယ်။ ဘာလို့များလဲ။ ပထမတစ်ချက်ကတော့ ကိုယ်မသိတဲ့အရာတွေကို ကြောက်တာပါ။ ကိုယ်ရှိနေတဲ့ နေရာလေးမှာ နေရတာ နေသားကျတယ်။ ဘာလို့လဲဆိုတော့ အနည်းဆုံး ကိုယ်သိတဲ့ နယ်နိမိတ်ထဲမှာ ရောက်နေတာလေ။ ကိုယ့်အတွက် အသုံးမဝင်တော့တဲ့ အရာတွေကို ဆုပ်ကိုင်ထားဖို့ထက် ကိုယ်မသိတဲ့နေရာတစ်ခုကို သွားဖို့က ပိုကြောက်ဖို့ကောင်းတယ်လေ။ နောက်တစ်ချက်က အဆင်သင့်မဖြစ်သေးတာပေါ့။ ကျွန်မတို့အားလုံးမှာ စိန်ခေါ်မှုတွေကို တောင့်ခံနိုင်ဖို့ရာအတွက် မမြင်နိုင်တဲ့ အတိုင်းအတာတစ်ခု၊ အကန့်အသတ်တစ်ခု ရှိပါတယ်။ ဒါပေမဲ့ ပြဿနာကြီးကြီးမားမားမတက်သေးဘူး၊ ဒုက္ခကြီးကြီးမားမားမရောက်သေးဘူးဆိုရင် လက်လွှတ်ဖို့ အဆင်သင့်မဖြစ်တတ်ကြပါဘူး။ တတိယအချက်ကတော့ ကိုယ်ပဲ ခံနေရတယ်ဆိုတဲ့ စိတ်ပါ။ ၉၉ ရာခိုင်နှုန်းသော လူသားတွေဟာ ကိုယ်ပဲ ခံနေရတယ်ဆိုတဲ့စိတ်နဲ့ နေထိုင်ကြပါတယ်။ ဘာလို့လဲဆိုတော့ အဲလိုဆိုရင် သူများတွေက စာနာကြမယ်၊ အာရုံစိုက်ကြမယ်၊ ချစ်ကြမယ်လို့ ထင်ကြလို့ပါ။ အဲလိုဆို အထီးကျန်တာလျော့လာတာတော့ အမှန်ပဲ။ ဒါကတော့ ပထမဆုံး အချက်ပါ။

  2. ဘာလို့လက်လွှတ်ဖို့ လိုတာလဲ?

    ဘာလို့လဲဆိုတော့ ကိုယ်က ပြောင်းလဲနေတာမို့ပါ။ ဒီအသံသွင်းထားတာကို နားထောင်နေတည်းက တိုးတက်ပြောင်းလဲနေပါပြီ။ ကိုယ့်အတွက် အသုံးမဝင်တော့တဲ့ အခြေအနေတစ်ခု၊ ကိုယ့်ရဲ့ အဓိကတန်ဖိုးထားမှုတွေနဲ့ မကိုက်ညီတော့တဲ့ အခြေအနေတစ်ခု၊ ကိုယ့်ကို ကိုယ်မဟုတ်တဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲစေတဲ့ အခြေအနေတစ်ခုရှိတယ်ပေါ့။ ကိုယ့်အတွက် အသုံးမဝင်တော့တဲ့ အခြေအနေတစ်ခုကို ကြောက်စိတ်၊ ဒေါသစိတ်ကြောင့်ပဲဖြစ်ဖြစ် ယုံကြည်မှုမရှိတာကြောင့်ပဲဖြစ်ဖြစ် ဆုပ်ကိုင်ထားတယ်ဆိုရင် သံမဏိထက် ခိုင်မာတဲ့ စိတ်ပိုင်းဆိုင်ရာ၊ စွမ်းအင်ပိုင်းဆိုင်ရာ ချိတ်တစ်ခုနဲ့ ချိတ်မိသွားပြီး အဲအခြေအနေမှာပဲ ပိတ်မိနေမှာ ဖြစ်ပါတယ်။ အဲဒီ ချိတ်ကို ဖြတ်တောက်ပစ်ဖို့၊ အဲဒီချိတ်ကနေ အပြီးအပိုင် လွတ်မြောက်နိုင်ဖို့က လက်လွှတ်လိုက်မှပဲ ရပါမယ်။ အတိတ်က ပစ္စည်းအဟောင်းတွေနဲ့ ပြည့်နေတဲ့ ခြင်းတောင်းတစ်ခုကို ဆွဲထားတယ်လို့ မြင်ကြည့်ပါ။ ဆွဲထားတာ ကြာလာတာနဲ့အမျှ၊ ပစ္စည်းတွေ ပြည့်လာတာနဲ့အမျှ တဖြည်းဖြည်း ပိုလေးလာပြီး ပစ္စည်းအသစ်တွေ ထည့်ဖို့ နေရာမကျန်တော့ပါဘူး။ ပစ္စည်းအသစ်တွေအတွက် နေရာတစ်ခု ရှိဖို့က ပစ္စည်းအဟောင်းတွေကို စွန့်လွှတ်လိုက်ခြင်းကသာ အဖြေပါပဲ။

  3. လက်ခံပါ၊ ကျေးဇူးတင်ပါ

    ဒါဆို ဘယ်လိုလက်ခံမှာလဲ၊ ကျေးဇူးတင်မှာလဲ။ လုပ်ငန်းကိစ္စညှိနှိုင်းတာ အဆင်မပြေတဲ့အခါ၊ ဆက်ဆံရေးပျက်ပြားတဲ့အခါ၊ ချစ်တဲ့သူတွေက နာကျင်အောင် ဒဏ်ရာတွေပေးတဲ့အခါမှာ တော်တော်များများက တုန်လှုပ်ကြတယ်၊ ငြင်းဆန်ကြတယ်။ ဒါပေမဲ့ ပြီးတာက ပြီးပြီပဲလို့ လက်ခံလိုက်တဲ့အခါ ဒေါသစိတ်၊ ဝမ်းနည်းစိတ်၊ မွန်းကြပ်စိတ် ဒါမှမဟုတ် ပူပန်စိတ်တွေကို ရင်ဆိုင်လိုက်တာပဲ ဖြစ်ပါတယ်။ အဲလိုရင်ဆိုင်လိုက်ရင် ဆောက်တည်ရာမရဖြစ်သွားတာမျိုးမဖြစ်စေဘဲ စိတ်ကိုစုစည်းနိုင်စေပါတယ်။ ဒါဟာ ဘဝရဲ့ စိန်ခေါ်မှုတွေကို ကိုယ်ဘယ်လိုတုံ့ပြန်လဲဆိုတာ မြင်နိုင်တဲ့ အရေးကြီးတဲ့ အခိုက်အတန့်တစ်ခုပါ။ ကိုယ်ကပဲ ခံနေရတယ်ဆိုပြီး သူများကို အပြစ်တင်နေမလား ဒါမှမဟုတ် စိတ်သဘောထားကြီးပေးပြီး နာကျင်ခဲ့ရရင်တောင်မှ ရခဲ့တဲ့ အတွေ့အကြုံတွေအတွက် ကျေးဇူးတင်မလားဆိုတာ ရွေးချယ်လို့ရပါတယ်။ ဘာလို့လဲဆိုတော့ ဒီလို စိန်ခေါ်မှုတွေနဲ့ ကြုံရတဲ့ အခိုက်အတန့်တွေမှာ တစ်ခုခု သိလိုက်ရစေတဲ့အတွက်၊ ဘဝမှာ နောက်တစ်ဆင့် တက်နိုင်အောင် တွန်းပို့ပေးတဲ့အတွက် နှလုံးသားကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်နိုင်ပါတယ်။ အဲဒီအချိန်ဟာဆိုရင် နောက်တစ်ဆင့် ပြောင်းလဲတိုးတက်ဖို့ရာအတွက် လမ်းစပွင့်သွားတဲ့ အချိန်ပါပဲ။

  4. ခွင့်လွှတ်ပါ

    လက်ခံလိုက်ပြီး ကျေးဇူးတင်ပြီးတဲ့အခါမှာ နောက်ထပ်လုပ်လို့ရတာတစ်ခုက ခွင့်လွှတ်တာပါ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာပါ။ တစ်ဖက်လူ ဒါမှမဟုတ် အခြေအနေတစ်ခုကြောင့် ကိုယ်က ဒုက္ခရောက်ရတယ်ဆိုရင်တောင် အဲဒီဝေဒနာ၊ ဒဏ်ရာတွေကို ဆုပ်ကိုင်ထားမယ်ဆိုရင် အဲမှာပဲ သံသရာလည်နေမှာ ဖြစ်ပါတယ်။ ခွင့်လွှတ်တယ်ဆိုတာက အဲလူ ဒါမှမဟုတ် အဲအခြေအနေနဲ့ တုပ်နှောင်မိနေတဲ့ ကြိုးကို ဖြေလွှတ်လိုက်တာပါပဲ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်ဖို့ လိုပါတယ်။ အမှားတစ်ခုခု လုပ်မိတဲ့အခါ ဒီထက်ပိုပြီး သိခဲ့သင့်တယ်၊ ဒီထက်ပိုကောင်းအောင် လုပ်ခဲ့သင့်တယ်ဆိုပြီး ကိုယ့်ကိုယ့်ကိုယ် အပြစ်တင်တတ်ကြပါတယ်။ ကိုယ့်ဘဝမှာ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေက အဲအချိန်တုန်းက သိတဲ့ အသိပေါ်မှာ မူတည်ပြီး ချမှတ်ခဲ့တာပါ။ အမှားတစ်ခု လုပ်ခဲ့မိတယ်ဆိုရင်တောင် အဲဒါက ပုထုဇဉ်သဘာဝပါပဲ။ ကိုယ့်ကိုယ်ကိုယ် ကြင်နာပါ။ အဲဒါကြောင့် ကျရှုံးခဲ့တယ်လို့ ခံစားရရင်တောင် နောက်တစ်ခါကျရှုံးတဲ့အခါ အရင်လောက် မပြိုလဲအောင် လုပ်ရုံပေါ့။

  5. ကိုယ့်ကိုယ်ကိုယ် ခံစားခွင့်ပြုပါ

    များသောအားဖြင့် ကျွန်မတို့ဟာ စိတ်ထိခိုက်ရတာတွေ၊ နာကျင်ရတာတွေ၊ ဒေါသစိတ်၊ မွန်းကျပ်စိတ်လိုမျိုး စိတ်ခံစားချက်တွေကို ကြောက်ကြတာကြောင့် အဲဒီခံစားချက်တွေကို တားဆီးဖို့ အာရုံလွှဲတတ်ကြပါတယ်။  အဲလိုခံစားချက်တွေ မခံစားရရင် ပြီးရောဆိုပြီး အလုပ်တွေ ဖိလုပ်တယ်၊ အရက်သောက်တယ်၊ ဈေးဝယ်ထွက်တယ်။ တစ်ခုရှိတာက အဲလိုအာရုံလွှဲလိုက်တယ်ဆိုတာ ခံစားချက်တွေကို မျိုသိပ်လိုက်တာပဲ ဖြစ်တာကြောင့် ပေါက်ကွဲခါနီး ချိန်ကိုက်ဗုံးတစ်လုံးလို ဖြစ်လာပါတယ်။ ပေါက်ကွဲတဲ့အခါလည်းကြရော ထိန်းမနိုင်သိမ်းမရဖြစ်ကုန်ရော။ ဒီနေရာမှာ အဓိကကျတာက စိတ်ခံစားချက်တွေနဲ့ အလိုက်သင့်နေဖို့ပါပဲ။ ပစ္စုပ္ပန်တည့်တည့်ရှုပါ။ စိတ်ကို စုစည်းပြီး ခံစားချက်တွေကို ဖြစ်ခွင့်ပေးလိုက်တဲ့အခါမှာ အဲဒီခံစားချက်တွေက အကြာကြီး ကပ်တွယ်မနေဘူးဆိုတာ လက်တွေ့မြင်အောင် အကဲခတ်ပါ။

  6. ကိုယ့်ကိုယ်ကိုယ် ပိုင်ဆိုင်တဲ့သူ တစ်ယောက်ဖြစ်အောင် လုပ်ပါ

    ကြုံတွေ့ခဲ့ရတာတွေကို တကယ်လက်ခံနိုင်သွားပြီ၊ သင်ခန်းစာတွေ ရခဲ့တဲ့အတွက် တကယ် ကျေးဇူးတင်တတ်ပြီ၊ တစ်ဖက်လူကိုရော၊ ကိုယ့်ကိုယ်ကိုယ်ပါ တကယ်ခွင့်လွှတ်နိုင်ပြီ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ချုပ်တည်းထားတာထက် စိတ်ခံစားချက်တွေ ခံစားခွင့်ပြုလိုက်နိုင်ပြီဆိုရင် ကိုယ့်ဘဝမှာ ကြုံရတဲ့ အခြေအနေတွေအပေါ် ကိုယ့်ရဲ့ တုံ့ပြန်မှုနဲ့ပတ်သက်ပြီး တာဝန်ယူတတ်လာတာပဲ ဖြစ်ပါတယ်။ အဲအချိန်ဟာ ကိုယ့်ကိုယ်ကိုယ် ပိုင်ဆိုင်တဲ့ အချိန်ပါပဲ။ ဘာလို့လည်းဆိုတော့ ကိုယ့်ကို ပြင်ပအရာတွေက ထိန်းချုပ်တာမျိုးကို လက်မခံတော့လို့ပါ။ အခြေအနေကို မထိန်းချုပ်နိုင်ပေမဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာ ရွေးချယ်လို့ ရတယ်လေ။

  7. ရင်ဖွင့်ပါ

    နာကျင်ခံစားရတဲ့အခါ နောက်ထပ်နာကျင်ခံစားရမှာ ဒါမှမဟုတ် နောက်ထပ်ကျရှုံးမှာကို ကြောက်ကြတဲ့အတွက် ကိုယ့်ပတ်ပတ်လည်မှာ တံတိုင်းတွေ ခတ်ကြတာဟာ သဘာဝပါပဲ။ ကျွန်မတို့ ခတ်လိုက်တဲ့ တံတိုင်းတွေက ကျွန်မတို့ကို လုံခြုံစေတာကတော့ အမှန်ပဲ။ ဒါပေမဲ့ အဲဒီတံတိုင်းတွေကပဲ ဘဝမှာ ကြီးကျယ်တဲ့ အရာတွေကို လုပ်ဆောင်ဖို့ ဒါမှမဟုတ် ကြီးကျယ်တဲ့ အရာတွေ ဖြစ်လာဖို့အတွက် အတားအဆီးဖြစ်စေမှာပါ။ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ရင်ဖွင့်ပြီး ကိုယ့်ကိုယ်ကိုယ် အားငယ်ခွင့်ပေးခြင်းဟာ ကိုယ့်ကိုယ်ကိုယ်ရော၊ ကိုယ့်ဘဝကိုပါ ယုံကြည်မှုရှိတယ်ဆိုတဲ့ လက္ခဏာပါပဲ။ ကိုယ့်ရဲ့ဘဝမှာ၊ လုပ်ငန်းမှာ ဖြစ်ပျက်တဲ့ ကိစ္စတိုင်းဟာ သင်ခန်းစာရစေပါတယ်။ အတွေ့အကြုံတိုင်းဟာ ကိုယ့်ဘဝမှာ နောက်တစ်ဆင့်တက်ဖို့အတွက်၊ ကိုယ့်ဘဝတစ်လျှောက်မှာ ကြုံတွေ့ရမယ့် အံ့အားသင့်ဖွယ် အလားအလာသစ်တွေအတွက် အဆင်သင့်ဖြစ်ပြီလားဆိုတာကို စမ်းသပ်တဲ့ စာမေးပွဲပါပဲ။

ကျွန်မရဲ့ဘဝမှာ ဒီအဆင့်တွေအကုန်လုံးကို ထပ်ခါထပ်ခါ လုပ်ခဲ့ပြီးပါပြီ။ နောက်တစ်ဆင့် ပြောင်းလဲတိုးတက်ဖို့ရာအတွက် အမြဲအကူအညီဖြစ်စေခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ အတိတ်က ကိစ္စတစ်ခုကို ဆုပ်ကိုင်ထားခြင်းက လွှတ်ချလိုက်တာထက် ပိုပြီး လေးလံပါတယ်။ ဘာလို့လဲဆိုတော့ လက်လွှတ်သင့်တာတွေကို လက်လွှတ်လိုက်ပြီး နေရာတစ်ခု ဖန်တီးပေးလိုက်တဲ့အခါမှသာ ကျွန်မတို့ရဲ့ ဘဝထဲကို အခွင့်အလမ်းအသစ်တွေ ဝင်ရောက်လာနိုင်တာမို့ပါ။