
BHP48 - Solo
Are you ready to receive and allow your desires to manifest in your reality? In order for us to be able to manifest powerfully, we need our mind, body, and spirit in alignment.
Tune in to the full episode to know how you can manifest your desires in 5 steps.
Timestamps
00:33 What I manifested in my life
02:35 3 questions you need to ask yourself before manifesting
03:17 The 5 step process of manifestation
08:15 Being in alignment with what you’re trying to manifest
Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.
အားလုံးပဲ မင်္ဂလာပါ။ ပြန်လည်ကြိုဆိုပါတယ်ရှင်။
ကျွန်မတို့ manifesting (စိတ်ကူးပုံဖော်မယ့်) အကြောင်း ပြောကြမယ်။ ဒီတစ်ပတ်ခေါင်းစဉ်ကတော့ manifesting (စိတ်ကူးပုံဖော်ခြင်း) ပေါ့။ စိတ်ကူးပုံဖော်တယ်ဆိုတာက ကျွန်မရဲ့ဘဝမှာ ကိစ္စတော်တော်များများကို စိတ်ကူးပုံဖော်နိုင်စေခဲ့တဲ့ အစွမ်းထက်တဲ့ နည်းစနစ်တစ်ခုပါ။ ကျွန်မရဲ့ အတွေ့အကြုံကို နည်းနည်းလောက် ပြောပြမယ်နော်။ ကျွန်မအနေနဲ့ နိုင်ငံတကာက ထောင်ဂဏန်း၊ သောင်းဂဏန်းရှိတဲ့ လူတွေအများကြီးရှေ့မှာ စင်ပေါ်တက်ပြီး စကားပြောနိုင်ဖို့၊ နိုင်ငံတကာကနေ ကျွန်မကို လမ်းညွှန်သင်ကြားပေးဖို့၊ သင်တန်းပေးဖို့ ငှားတာမျိုး၊ ကျွန်မ အလုပ်အတူတူတွဲလုပ်ဖို့ အိပ်မက်ထားခဲ့တဲ့ clients နဲ့ အလုပ်တွဲလုပ်နိုင်ဖို့၊ စီးပွားရေးလုပ်ငန်း လုပ်နေရင်းနဲ့ ခရီးသွားနိုင်ဖို့ ပြီးတော့ ကျွန်မဘဝကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး အလိုက်သင့်ဖြတ်သန်းနိုင်ဖို့အတွက် အဲဒီ manifest (စိတ်ကူးပုံဖော်တာ)က အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ကျွန်မတို့ manifesting (စိတ်ကူးပုံဖော်မယ့်) အကြောင်း ပြောကြမယ်။ ဒီတစ်ပတ်ခေါင်းစဉ်ကတော့ manifesting (စိတ်ကူးပုံဖော်ခြင်း) ပေါ့။ စိတ်ကူးပုံဖော်တယ်ဆိုတာက ကျွန်မရဲ့ဘဝမှာ ကိစ္စတော်တော်များများကို စိတ်ကူးပုံဖော်နိုင်စေခဲ့တဲ့ အစွမ်းထက်တဲ့ နည်းစနစ်တစ်ခုပါ။ ကျွန်မရဲ့ အတွေ့အကြုံကို နည်းနည်းလောက် ပြောပြမယ်နော်။ ကျွန်မအနေနဲ့ နိုင်ငံတကာက ထောင်ဂဏန်း၊ သောင်းဂဏန်းရှိတဲ့ လူတွေအများကြီးရှေ့မှာ စင်ပေါ်တက်ပြီး စကားပြောနိုင်ဖို့၊ နိုင်ငံတကာကနေ ကျွန်မကို လမ်းညွှန်သင်ကြားပေးဖို့၊ သင်တန်းပေးဖို့ ငှားတာမျိုး၊ ကျွန်မ အလုပ်အတူတူတွဲလုပ်ဖို့ အိပ်မက်ထားခဲ့တဲ့ clients နဲ့ အလုပ်တွဲလုပ်နိုင်ဖို့၊ စီးပွားရေးလုပ်ငန်း လုပ်နေရင်းနဲ့ ခရီးသွားနိုင်ဖို့ ပြီးတော့ ကျွန်မဘဝကို လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး အလိုက်သင့်ဖြတ်သန်းနိုင်ဖို့အတွက် အဲဒီ manifest (စိတ်ကူးပုံဖော်တာ)က အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါတယ်။
ကျွန်မတို့ စိတ်ကူးပုံဖော်နေတာတွေကို လက်ဆုပ်လက်ကိုင် မမြင်ရခင်မှာ အဲဒီစိတ်ကူးပုံဖော်တဲ့ နည်းစနစ်ရဲ့ ၉၀ ရာခိုင်နှုန်းလောက်က vibrational (တုန်ခါတဲ့) အဆင့်မှာ ဖြစ်နေတာပါ။ ဒါကြောင့် ကျွန်မတို့ စိတ်ကူးပုံဖော်တာတွေကို တကယ့်လက်တွေ့မှာ လက်ဆုပ်လက်ကိုင် မမြင်ရခင်၊ မရသေးခင်မှာ စိတ်ကူးပုံဖော်ဖို့နဲ့ စိတ်တွင်းကျင့်စဉ်တွေကို ကျင့်နိုင်ဖို့အတွက် အားအင်ပြည့်ဝပြီး စိတ်ဓာတ်ရေးရာ ပြင်ဆင်ထားဖို့ အရမ်းအရေးကြီးပါတယ်။
ဒါပေမဲ့ မစခင်မှာ ဒီမေးခွန်းသုံးခုကို ဖြေရပါမယ်။ အဆင်သင့်ဖြစ်ပြီလား?
၁။ ကိုယ့်ရဲ့ဘဝမှာ ချစ်ခြင်းမေတ္တာ၊ ကြွယ်ဝချမ်းသာမှု၊ ကာယစိတ္တသုခ ပြည့်စုံမှုနဲ့ မျက်လှည့်ဆန်ဆန် ဖြစ်ရပ်တွေ ဖြစ်လာဖို့ ထိုက်တန်တယ်လို့ ထင်လား။
၂။ကိုယ့်ရဲ့ လိုအင်ဆန္ဒတွေကို လက်တွေ့ဘဝမှာ manifest (စိတ်ကူးပုံဖော်ဖို့) လက်ခံနိုင်ပြီလား။
ခွင့်ပြုနိုင်ပြီလား?
၃။ ကိုယ့်ရဲ့ဘဝမှာ ဘယ်လိုရလဒ်တွေပဲ ရလာလာ ယုံကြည်ဖို့ ကိုယ့်စိတ်ကို ပြန်ပြီး မေးခွန်းထုတ်နိုင်ပြီလား။ ကိုယ့်ရဲ့ နှလုံးသားကို ခွင့်ပြုနိုင်ပြီလား?
အခုအဲမေးခွန်း သုံးခုလုံးကို လုပ်နိုင်ပြီ ဖြေနိုင်ရင် ရှေ့ဆက်သွားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ စလိုက်ရအောင်… manifesting (စိတ်ကူးပုံဖော်) ဖို့ အဆင့် (၅) ဆင့် ရှိပါတယ်။ အဲအဆင့်တွေ အားလုံးဆီကို ကျွန်မနဲ့အတူတူ ခေါ်သွားပေးမယ်။ သွားကြစို့။
၁။ ကိုယ်ဘာလိုချင်လဲဆိုတာ ဆုံးဖြတ်ပါ
ကိုယ်ဘာလိုချင်လဲဆိုတာ ဆုံးဖြတ်ဖို့က ပထမအဆင့်ပါ။ ကျွန်မတို့ လိုချင်တဲ့ အရာတွေ အများကြီးရှိပေမဲ့ အဲဒီအရာတွေကို တကယ့်လက်တွေ့မှာ ရရှိနိုင်ဖို့က ပထမဆုံးအနေနဲ့ အရာတစ်ခုတည်းကိုပဲ အာရုံစိုက်ရပါမယ်။ အဲဒါကို လုပ်ပြီးပြီဆိုရင် တခြားကိုယ်လိုချင်တဲ့အရာတွေကို ဆက်ပြီးလုပ်နိုင်ပါတယ်။
၂။ အခိုင်အမာ အဓိဌာန်ပြုပါ၊ ကျေးဇူးတင်ပါ
ဒီနေရာမှာ တကယ်ဖြစ်နေပြီလို့ တွေးဖို့ အရေးကြီးပါတယ်။ ယုံကြည်မှုရှိဖို့က အဓိကပါ။ ဥပမာတစ်ခု ပြောပြမယ်နော်။ အဲဒါက ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ကျွန်မရေးခဲ့တဲ့ဟာပါ။ “လူအယောက် ၅၀၀ လောက် ရှေ့မှာရှိတဲ့ စင်ပေါ်မှာ ငါမတ်တပ်ရပ်နေတယ် ပြီးတော့ စိတ်အေးချမ်းသာနေတယ်။ အရမ်းကို စိတ်အားတက်ကြွနေတယ်။ ငါ့ရဲ့ သတင်းစကားတွေကို မျှဝေပေးနိုင်တဲ့ အခွင့်အရေးရတာ၊ အကျိုးပြုနိုင်တာ အရမ်းကျေးဇူးတင်တယ်။” အဲဒါတွေကို တကယ်ဖြစ်နေပြီ၊ ကျွန်မက လူအယောက် ၅၀၀ ရှေ့က စင်ပေါ်မှာ ရောက်နေပြီလို့ စိတ်ကူးပုံဖော်ပြီး ချရေးခဲ့တာပါ။ ကျွန်မတို့ ခံစားနေတဲ့အရာတွေက ကျွန်မတို့ ဖန်တီးနေတဲ့ လက်တွေ့ဖြစ်ရပ်မှန်အပေါ်မှာ အများကြီး သက်ရောက်မှုရှိပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ ခံစားနေတဲ့ အရာတွေက ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေကို ဖော်ဆောင်ပေးလို့ပါ။ ကျွန်မတို့ရဲ့ စိတ်ခံစားချက်တွေက ကျွန်မတို့ရဲ့ vibration (တုန်ခါမှုတွေ)ကို ဖော်ဆောင်ပေးပါတယ်။ ပြီးတော့ အဲဒီကနေပြီး ကျွန်မတို့ရဲ့ လုပ်ဆောင်ချက်တွေကို ဖြစ်ပေါ်စေတဲ့ အပြုအမူတွေအပြင် ကျွန်မတို့ နေထိုင်မယ့် လက်တွေ့ဘဝကို ဖော်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မပြောတာယုံပါ။ တကယ်အလုပ်ဖြစ်ပါတယ်။
၃။ ကိုယ့်ရဲ့ အဓိဌာန်တွေကို ချရေးပါ
ချရေးတဲ့အခါမှာ လေးလေးနက်နက် ခံစားပြီး ရေးစေချင်ပါတယ်။ ကျွန်မပြောခဲ့သလိုပဲ ခံစားချက်က အဓိကပါ။ စိတ်ခံစားမှုတွေက အဓိကပါ။ ဘာလို့လဲဆိုတော့ အဲဒီစိတ်ခံစားမှုတွေကနေ ကိုယ်စိတ်ကူးပုံဖော်နေတဲ့အရာနဲ့ သွားပေါင်းစည်းမယ့် vibration (တုန်ခါမှုလေး) ကို ဖြစ်ပေါ်စေမှာ၊ အသက်ဝင်စေမှာ မို့လိုပါပဲ။ ပြီးတော့ ချရေးနေတဲ့အခါမှာ စက္ကုအာရုံနဲ့ မြင်ယောင်ကြည့်ဖို့ လိုတာကတော့ အသေအချာပဲပေါ့။ အဲဒီကနေ ကိုယ့်ဦးနှောက်ရဲ့ တွေးခေါ်ပုံတွေကို ပြန်လည်ပြင်ဆင်ပြီး ကိုယ့်ဘဝမှာ ဒီအရာတကယ်ဖြစ်လာဖို့ စိတ်ပိုင်းဆိုင်ရာ အသင့်ပြင်ပေးမှာပဲ ဖြစ်ပါတယ်။
၄။ ယုံကြည်ပါ၊ အပ်နှံပါ
ဒီနေရာမှာ ယုံကြည်ဖို့ အပ်နှံဖို့ အရေးကြီးပါတယ်။ ဒီအချိန်မှာ သံသယတွေ ဝင်လာနိုင်ပါတယ်။ “ဖြစ်ရောဖြစ်နိုင်လို့လား” ပေါ့။ အဲလိုမျိုး သံသယတွေ ဝင်လာတိုင်း လက်ခံလိုက်ပါ။ သိပေးလိုက်ပါ။ အကြောက်တရားတွေနဲ့ပတ်သက်ပြီး ကျွန်မပြောခဲ့သလိုပဲ ကိုယ်ဟာ ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ။ ကိုယ်ဟာ ယာဉ်မောင်းနေရာမှာ ထိုင်နေသူပါ။ အဲလို သံသယတွေ၊ အကြောက်တရားတွေ ဝင်လာတိုင်း၊ ကိုယ့်ကို လမ်းတစ်ဝက်မှာ တစ်ဝက်တစ်ပျက်နဲ့ ရပ်သွားအောင် ဘေးလူတွေက ဘယ်လိုပဲ ဝိုင်းပြောနေပါစေ သူတို့ကို ခရီးသည်ခုံမှာ ထိုင်ခိုင်းလိုက်။ ပြီးရင် “ဟေး။ ကျေးဇူးအရမ်းတင်တယ်။ ငါမင်းကို အသိအမှတ်ပြုတယ်။ လေးစားတယ်။ မြင်တယ်။ မင်းပြောတာကိုလည်း ကြားတယ်။ ဒါပေမဲ့ မင်းသိလား။ ငါက စတီယာရင် ကိုင်ထားတဲ့သူပဲ။ ငါရဲ့ လားရာပန်းတိုင်ဆီကို ငါမောင်းနှင်နေမှာပဲ။” လို့ ပြောလိုက်ပါ။
နောက်တစ်ခုက ကိုယ်ဘာကို မျှော်လင့်တာလဲဆိုတာ တိတိကျကျ ဖြစ်ဖို့ လိုပါတယ်။ တိတိကျကျ ဖြစ်ရမယ်ဆိုတာက ကိုယ်တကယ်လိုချင်တာကို မျှော်လင့်တာလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်မျှော်လင့်နေတဲ့အရာကို ရဖို့ အဆင်သင့်မဖြစ်သေးတာမျိုး ရှိနိုင်ပါတယ်။ ပြီးတော့ စိန်ခေါ်မှုတွေ၊ စမ်းသပ်မှုတွေ၊ အခက်အခဲတွေ ကြုံရပြီး ကြိုတင်ပြင်ဆင်ရတာမျိုးလည်း ရှိနိုင်ပါတယ်။ အခု ဒေါ်လာတွေ မီလီယံနဲ့ချီပြီး ဝင်မယ်လို့ စိတ်ကူးပုံဖော်မယ်ဆိုရင် ဒီနေ့ အဲဒေါ်လာတွေကို တကယ်ပေးမယ်ဆို ဘာလုပ်မှာလဲ။ တော်တော်များများက အဖြေနှစ်ခုကို ဖြေကြလိမ့်မယ်။ ကားဝယ်မယ်၊ အိမ်ဝယ်မယ်။ ဟိုဟာလုပ်မယ်။ ခရီးသွားမယ်။” သုံးမယ်ဆိုတာကြီးပဲပေါ့။ စုမယ်ဆိုတာ မရှိဘူးပေါ့။ ဒါမှှမဟုတ် အဲပိုက်ဆံကို ဘယ်လိုသုံးရမလဲဆိုတာ မသိလို့ ဖြေစရာ အဖြေမရှိဘဲ ဆိတ်ဆိတ်နေတာမျိုးလည်း ဖြစ်နိုင်တာပဲ။ ဒီမှာ ကျွန်မတို့ စိတ်ကူးပုံဖော်နေတဲ့ အရာတွေကို ချက်ချင်းမရဘူးဆိုတာက အဆင်သင့်မဖြစ်သေးလို့ပါ။ ကျွန်မတို့ရဲ့ ဘဝမှာ အဲဒီအရာကို စီမံဖို့၊ ခန့်ခွဲဖို့ အဆင်သင့်မဖြစ်သေးတာမို့ပါ။ တစ်ခါတစ်လေမှာ ကိုယ်စိတ်ကူးပုံဖော်ထားတဲ့ အရာတွေကို တကယ်ရရှိလာတဲ့ အချိန်မှာ အဆင်သင့်ဖြစ်နေဖို့အတွက် ဘဝတစ်လျှောက်လုံး ပြင်ဆင်ရတာမျိုးလည်း ရှိနိုင်ပါတယ်။
၅။ ကိုယ့်ရဲ့ intuition (မနောဓာတ်ကို) ဖွဖွ လှုပ်နှိုးပါ။ နားထောင်ပါ
ကြားလိုတဲ့ စိတ်နဲ့ နားထောင်ပါ။ လိုက်နာလိုတဲ့ စိတ်နဲ့ နားထောင်ပါ။ လက်ခံလိုတဲ့ စိတ်နဲ့ နားထောင်ပါ။ နားထောင်ပါလို့ ပြောတဲ့နေရာမှာ ကိုယ့်ရဲ့ စိတ်၊ မနောဓာတ်၊ ထိုးထွင်းအမြင်၊ အမှာစကားတွေအပြင် ကိုယ်နဲ့ တုန်ခါမှုရှိတယ်လို့ ခံစားရတဲ့ အရာတွေရဲ့ အသံကို နားထောင်ခိုင်းတာပါ။ နားထောင်ဖို့နဲ့ အာရုံစိုက်ဖို့ အဓိကပါ။ နောက်အရေးကြီးတာတစ်ခုက ကိုယ့်ရဲ့ လက်ခံနိုင်တဲ့ စွမ်းရည်ကို ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ပါ။ တကယ်ပြောတာပါ။ လက်ခံနိုင်ဖို့သာ အဓိကပါ။
ကိုယ် စိတ်ကူးပုံဖော်နေတဲ့ အရာတစ်ခုခု၊ ကိုယ့်ဘဝမှာ လိုချင်နေတဲ့ အရာတစ်ခုခု၊ တကယ့်လက်တွေ့မှာ လက်ဆုပ်လက်ကိုင်ရဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အရာတစ်ခုခုကို မရသေးဘူးဆိုရင် အခုချိန်မှာ vibrational match (တုန်ခါနှုန်းတွေ စည်းဝါးမကိုက်သေးတာ) ကြောင့်ပါ။ ကိုယ့်ရဲ့ higher self (မြင့်မားတဲ့သဏ္ဌာန်)က သိနေပါတယ်။ ကျွန်မတို့ တကယ်လိုချင်နေတဲ့ အရာတွေကို ရဖို့အတွက် တုန်ခါနှုန်းတွေကို မြှင့်တင်ဖို့ကသာ အဖြေပါပဲ။ ကျွန်မတို့ ထကြွဖို့ လိုပါတယ်။ ကျွန်မ အရမ်းမျှဝေပေးချင်တဲ့ အတွေးအခေါ်တစ်ခုက ကျွန်မတို့ရဲ့ လိုအင်တွေဟာ အမြဲပြည့်ဝတယ် ဆိုတာပါပဲ။ အဲဒါကြောင့် မပြည့်ဝသေးဘူးဆိုရင် ကိုယ်တကယ် မလိုချင်တာကို လိုချင်ယောင် ဆောင်နေလို့ပဲ။ ကိုယ်နဲ့ တုန်ခါနှုန်းတွေ စည်းဝါးကိုက်မှသာ ရရှိနိုင်ပါတယ်။
ဒါက အရမ်းကို ပျော်စရာကောင်းတဲ့ နည်းစနစ်လေးတစ်ခုပါ။ သိမ်မွေ့နက်နဲပြီး အစွမ်းထက်ပါတယ်။ အဲနည်းစနစ်က တကယ်အလုပ်ဖြစ်တယ်ဆိုတာ ကျွန်မက သက်သေပါပဲ။ အဲနည်းစနစ်ကို ကျွန်မ ကျင့်သုံးနေခဲ့တာ တော်တော်လေး ကြာနေပါပြီ။ အဲဒါကြောင့်မို့ ဒါကို သက်ဝင်ယုံကြည်၊ အပ်နှံပြီး စမ်းလုပ်ကြည့်ပြီးပြီလား။ ဘာများ အကျိုးယုတ်သွားမှာမို့လို့လဲ။ ဒီနည်းစနစ်ကို စမ်းကြည့်ပါ။ မွေ့လျော်ကြည့်ပါ။ လုပ်ကြည့်ပါ။
နောက်တစ်ခါ ပြန်ဆုံကြမယ်နော်။ အရာအားလုံးက ဖြစ်နိုင်တယ်ဆိုတာ သိထားပေးပါ။ နောက်မှ ဆက်ပြောကြတာပေါ့။
Much love,
Arabelle