BHP29 - Solo

Reconnecting with Your Inner Fire

Listen now:

As a child, we had dreams that lit us up. There was no room for our fears and for our doubts. But as we grow older,  we have all these fears that hold us back from doing what we actually want to do.

In this episode, we will reconnect with our childhood dreams and find one thing that actually makes our hearts sing for joy. When we rediscover our dreams and gifts, we can reconnect with our inner fire to fuel our passions and dreams in life. So today, promise yourself to do even just one thing that makes you genuinely happy and start doing it today.

Timestamps

00:30 Your childhood dream

02:39 We are programmed by society

06:15 Integrity

07:12 Step out of your comfort zone

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

အားလုံးပဲ မင်္ဂလာပါ။

ဒီနေ့မှာတော့ ကိုယ်ကလေးဘဝတုန်းက ဓာတ်ပုံတွေကို ပြန်ရှာကြည့်ဖို့ ပြောချင်ပါတယ်။ အသက် ၅ နှစ်၊ ၁၀ နှစ်လောက်တုန်းက ပုံလေးတွေပေါ့။ ဒါလေးတစ်ချက် သတိရပါ။ ကျွန်မတို့ အသက် ၅ နှစ်ကနေ ၁၃ – ၁၄ နှစ်အရွယ်လောက်အထိ အိပ်မက်တွေ ရှိခဲ့ကြတယ်။ ကြောက်စိတ်ဆိုတာ မရှိသလောက်ပဲ။ စူးစမ်းလိုစိတ်တွေ အရမ်းပြင်းပြခဲ့ကြတယ်။ အဲဒါကြောင့် ကလေးလေးတစ်ယောက်လို အပြစ်ကင်းအောင်နေ၊ ဒါပေမဲ့ “ ကလေးမဆန်နဲ့” လို့ ပြောကြတာပေါ့။ ဆိုလိုတာက စူးစမ်းလိုစိတ်ပြင်းပြပါ။ ကျွန်မတို့ အခုသာ ကလေးလေးတစ်ယောက်ဖြစ်နေမယ်ဆိုရင် လမ်းမှာ ဗွက်အိုင်တစ်ခု တွေ့ရင် ဘာလုပ်မလဲ။ ကျွန်မတို့ ဗွက်အိုင်ထဲ ခုန်ပစ်လိုက်မှာပဲ။ ဟုတ်တယ်မလား။ အခုလူကြီးဖြစ်နေတဲ့အခါမှာကြတော့ “ဗွက်တွေနဲ့ ပေပွကုန်မှာ”၊ “ထပ်လျှော်နေရဦးမယ်” အဲလိုမျိုးတွေ တွေးမိကြတယ်။ ကလေးတုန်းကကြတော့ အဲလိုမျိုး မတွေးမိဘူးလေ။ ကလေးဘဝတုန်းက ပျော်ဖို့က အဓိကပဲ။ အပြစ်ကင်းစင်ကြတယ်။ စူးစမ်းလိုစိတ်တွေ အရမ်းပြင်းပြပြီးတော့ ဘာလဲဆိုတာ လေ့လာ ရှာဖွေကြတယ်။

ဒါကြောင့် ကိုယ်ကလေးဘဝတုန်းက မက်ခဲ့တဲ့ အိပ်မက်တွေကို ပြန်ရှာဖွေစေချင်ပါတယ်။ ငယ်ငယ်တုန်းက ဆော့တဲ့အခါမှာ ဘာလုပ်တမ်း ဆော့ချင်ခဲ့လဲ။ ကျွန်မကတော့ ဆရာမလုပ်တမ်း ကစားလေ့ ရှိတယ်။ တစ်နေ့နေ့မှာ တခြားသူတွေကို စာသင်ပေးတဲ့၊ မျှဝေပေးတဲ့ ဆရာမတစ်ယောက် ဖြစ်ချင်တယ်လို့ ကျွန်မ အမြဲပြောခဲ့တယ်။ အဲဒါက ကျွန်မ အခုလုပ်နေတဲ့ အရာပါပဲ။ စကားမစပ် ကျွန်မ ဆရာဝန်လုပ်တမ်းလည်း ကစားတယ်။ ကျွန်မ တကယ်လည်း ဆေးကျောင်းဝင်ခွင့် ရခဲ့တယ်။ ဒါပေမဲ့ ကျွန်မ ဦးစားပေး မှန်ခဲ့ပါတယ်။ ဆရာဝန်ဖြစ်ချင်တာလား ဒါမှမဟုတ် အပြင်မှာ သွားသွားလာလာ၊ ပျော်ပျော်ရွှင်ရွှင်နဲ့ စာတွေသင်ရင်း လွတ်လွတ်လပ်လပ်နေချင်တာလားဆိုပြီး ကျွန်မကိုယ်ကျွန်မ မေးခွန်းထုတ်ခဲ့တယ်။ အဲဒါကြောင့် တခြားတစ်ခုကို ရွေးချယ်ခဲ့ပြီးတော့ အဲဒါက ကျွန်မအခုလက်ရှိ လုပ်နေတဲ့ အရာပဲ ဖြစ်ပါတယ်။

ကျွန်မတို့ အသက်တွေ ကြီးလာလေလေ အသိုင်းအဝိုင်းရဲ့ ပုံသွင်းမှုဒဏ် ခံရလေလေပါပဲ။ ကျွန်မတို့ရဲ့ အနီးနားမှာ ရှိတဲ့သူတွေက ကျွန်မတို့ကို ပုံသွင်းကြပါတယ်။ စိတ်အာသီသနောက် မလိုက်ဖို့ တားမြစ်ကြပါတယ်။ ဘာလို့လဲဆိုတော့ ပိုက်ဆံမရလို့။ အထင်ကြီးလောက်စရာ မဟုတ်လို့။ ရာထူးဂုဏ်ဒြပ်တွေ မရလို့။ ကိုယ့်မိသားစုဝင်တွေ အကုန်လုံးက အလုပ်တစ်ခုတည်းကိုပဲ အားလုံး လုပ်နေကြတာမို့။ ကိုယ်လုပ်ချင်တဲ့အရာနဲ့ မတူညီတဲ့ လမ်းကြောင်းတစ်ခုကို ရွေးချယ်ဖို့ ပြောကြတယ်၊ သင်ပေးကြတယ်။ အဲဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ ကိုယ်ငယ်ငယ်လေးတည်းက ရှိခဲ့တဲ့ ကိုယ့်ရဲ့ စိတ်အာသီသတွေနဲ့ အိပ်မက်တွေအားလုံးကို တကယ်ကြီး စွန့်လွှတ်လိုက်ကြတယ်။ တစ်ခုရှိတာက ငယ်ငယ်တုန်းက ကိုယ့်နားမှာ ရှိတဲ့သူတွေကို အတုခိုးရုံသက်သက်လည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ကိုယ်ငယ်ငယ်တုန်းက ဖြစ်ချင်ခဲ့တဲ့ အရာတွေက ကိုယ့်ရဲ့ ပါရမီဖြစ်နိုင်လားဆိုပြီးရော တွေးကြည့်ဖူးလား။

ဒါကြောင့် ငယ်ငယ်တုန်းက ဓာတ်ပုံတွေကို ပြန်ရှာပါ။ ပြီးတော့ ကိုယ်နဲ့ တကယ့်ကို အချိတ်အဆက်မိ တယ်လို့ ခံစားရတဲ့ ဓာတ်ပုံတစ်ပုံကို ရွေးထုတ်ပါ။ ကိုယ်မက်ခဲ့တဲ့ အိပ်မက်တွေက ဘာတွေလဲ။ ကိုယ်ဘာဖြစ်ချင်ခဲ့တာလဲ။ ဘာလုပ်ရရင် ပျော်ခဲ့လဲ။ အားတဲ့အချိန်မှာ ဘာတွေလုပ်ခဲ့လဲ။ ကျောင်းကနေ ပြန်လာတိုင်း ဘာတွေ လုပ်ခဲ့လဲ။ သူငယ်ချင်းတွေနဲ့ ရှိတဲ့အချိန်မှာ ဘာတွေလုပ်ခဲ့လဲ။ သူငယ်ချင်းတွေနဲ့ ဘာအကြောင်းတွေ ပြောခဲ့လဲ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ကိုယ်လျှောက်ခဲ့တဲ့ ဘဝခရီးလမ်းတစ်လျှောက် ဘာတွေ ပြောင်းလဲသွားလဲ။ အရင်ကနဲ့ ယှဉ်ရင် အခုဘယ်နေရာမှာ ရောက်နေသလဲ။

“ကိုယ့်ရဲ့ စိတ်အာသီသကို ကိုယ်မသိဘူး။ ကိုယ့်ရဲ့ ပါရမီက ဘာလဲဆိုတာ မသိဘူး” လို့ တော်တော်များများက ပြောကြတယ်။ ဒီမှာ သူငယ်ချင်း မင်းမှာ မွေးကတည်းက ပါရမီပါလာပြီးသားပါ။ ပြီးတော့ ကျွန်မတို့အားလုံးဟာ ဒီကမ္ဘာကြီးထဲ မမွေးဖွားလာခင်မှာ ပါရမီတစ်ခုခု လက်ဆောင်ရလာပြီးသား လို့ အပြည့်အဝ ယုံကြည်ပါတယ်။ ကိုယ့်ရဲ့ ကလေးဘဝက အိပ်မက်တွေနဲ့ ပြန်ပြီး ချိတ်ဆက်ရအောင်။ စူးစမ်းလိုစိတ်တွေ၊ စိတ်အာသီသတွေ၊ ပျော်ရွှင်မှုတွေ၊ စိတ်အားထက်သန်မှုတွေ၊ လှုံ့ဆော်မှုတွေ၊ ဉာဏ်ကွန့်မြူးမှုတွေ၊ စိတ်ဝင်စားမှုတွေနဲ့ ပြည့်နှက်နေတဲ့ ကလေးဘဝနဲ့ ပြန်ပြီး ချိတ်ဆက်ကြရအောင်။ ကိုယ့်ဘဝရဲ့ အဲဒီအပိုင်းအခြားလေးနဲ့ ချိတ်ဆက်ပြီးတော့ ကိုယ်လျှောက်ခဲ့တဲ့ ဘဝခရီးလမ်းတစ်လျှောက် ဘာတွေ ပြောင်းလဲသွားသလဲဆိုတာ စဉ်းစားကြည့်ရအောင်။

ပြီးတော့ အရေးကြီးဆုံးအပိုင်းက အခုဘာကို စလုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားလဲ ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ အသိရှိတာက ကောင်းပါတယ် ဒါပေမဲ့ သိနေရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ့်ဘဝခရီးလမ်းတစ်လျှောက် ဘာတွေ ပြောင်းလဲသွားခဲ့လဲ၊ ပြီးတော့ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ သိလာတဲ့အခါမှာ ဘယ်သူ့ဘယ်သူကိုမှ အပြစ်တင်ဖို့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ အနာဂတ်ကို နိုးနိုးကြားကြားနဲ့ တည်ဆောက်နေတဲ့ လူတစ်ယောက်ဖြစ်ဖို့ အဓိကပါ။ ပြီးတော့ ဒီနေ့ကစပြီး ဘာတွေ လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားလဲ။ အခု ကိုယ့်ကိုယ်ကိုယ် ကတိပေးပြီးပြီဆိုတော့ အဲကတိကို တည်အောင် လုပ်ရပါ မယ်။ ဒီလိုအသေးအမွှားလေးတွေ လုပ်နေရင်းနဲ့ ကိုယ့်အကြောင်း ကိုယ်ပိုနားလည်လာမယ်လို့ ထင်ပါတယ်။ ကိုယ့်အကြောင်းကိုယ် ပိုသိလာပါလိမ့်မယ်။ ကိုယ်လက်လွှတ်နိုင်တဲ့အရာတွေကို မြင်လာပါလိမ့်မယ်။ ပြီးတော့ ကိုယ်လုပ်မယ်လို့ ကတိပေးထားတဲ့ အရာတွေကို တကယ်ပြည့်ဝအောင် လုပ်ဆောင်လာပါလိမ့်မယ်။

Integrity (တည်ကြည်မှု) က အဓိကပါပဲ။ Integrity (တည်ကြည်မှု) ဆိုတာ တခြားသူတွေနဲ့ ပြောဆိုဆက်ဆံနေတဲ့ အချိန်မှာပဲ တည်ကြည်နေဖို့ မဟုတ်ပါဘူး။ တည်ကြည်မှုဆိုတာ ကိုယ့်အတွင်းစိတ်သန္တာန်ကနေ အခြေတည်ပါတယ်။ တည်ကြည်မှုဆိုတာ ကျွန်မတို့ ဘာလုပ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ပြောတဲ့ စကားတွေကနေ အခြေတည်ပါတယ်။ ဒီနေ့ ကိုယ်သက်သောင့်သက်သာ စီးမျောနေတဲ့ နေရာကနေ ရုန်းထွက်မယ်။ ကိုယ်သက်သောင့်သက်သာ စီးမျောနေတဲ့ နေရာရဲ့ အပြင်ဖက်မှာ အခွင့်အလမ်းတွေ ရှိနေပါတယ်။ အဲဒါကြောင့် ကိုယ်သောင့်သောင့်သက်သာဖြစ်တဲ့ နေရာလေးမှာပဲ လုံခြုံတယ်လို့ ခံစားနေရတယ်၊ အဲနေရာလေးထဲမှာပဲ ပုန်းနေတယ်ဆိုရင် ကိုယ်လုပ်နိုင်မယ်လို့ မထင်ထားတဲ့ နေရာတစ်ခုကို ရောက်အောင် ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ်က တွန်းလေလေ ပိုတိုးတက်လာလေလေဖြစ်ပြီး ကိုယ်လုပ်နေတဲ့ အရာတိုင်းကို ပိုကောင်းအောင် လုပ်နိုင်လာလေလေပါပဲ။

ဒါဆို ကိုယ်သက်သောင့်သက်သာဖြစ်တဲ့ နေရာကနေ ဘယ်လိုရုန်းထွက်ကြမလဲ။ လွယ်ပါတယ်။ ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပေးနေမိတဲ့ ဆင်ခြေတွေကို သိအောင်လုပ်ပြီး လက်တွေ့ချရေးရပါမယ်။ ငါဒါကို မလုပ်နိုင်ဘူး။ ငါက သူများတွေလောက် မတော်ဘူး။ ငါက သူ့လို မတော်ဘူး။ အတွေ့အကြုံ လုံလုံလောက်လောက်မရှိဘူး။ အချိန်မရှိဘူး။ ဒါမရှိဘူး။ ကိုယ်နဲ့ ပြည့်ပြည့်ဝဝ ရင်းနှီးမှုမရှိတဲ့ နိုင်ငံမှာ ရောက်နေတယ်။ ပံ့ပိုးကူညီမှုမရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရောက်နေတယ် စသဖြင့်ပေါ့။ ဒါတွေက ခိုင်လုံတဲ့ ဆင်ခြေတွေပါပဲ။

အခုအချိန်မှာ အရင်းအမြစ်ရှိဖို့က အဓိက မကျပါဘူး။ အဓိကက ကြံဆဖို့ပါပဲ။ ကိုယ့်ကိုယ်ကိုယ် အမြဲပေးနေမိတဲ့ ဆင်ခြေတွေ၊ ကိုယ်လုပ်နိုင်တဲ့အရာတွေ၊ ကိုယ်မလုပ်နိုင်တဲ့ အရာတွေ အားလုံးကို စီပြီး ချရေးပါ။ အဲလို ဆင်ခြေတွေ ပေးဖို့ စိုက်ထုတ်ရတဲ့ အားအင်တွေကို ကိုယ်လုပ်ချင်တဲ့ အရာတွေ လုပ်ဖို့ အသုံးချလိုက်ရင် ဘာဖြစ်မလဲ။ နောက်တစ်လကနေ သုံးလအတွင်းမှာ ကိုယ့်ဘဝက ဘယ်လောက်ပြောင်းလဲသွားနိုင်သလဲ။ ဒါမှမဟုတ် နောက် ၂၄ နာရီအတွင်းမှာရော ဘယ်လောက်ပြောင်းလဲသွားနိုင်သလဲ။ စိတ်ကူးကြည့်ပါ။ အဲဆင်ခြေတွေ အားလုံးကို လက်တွေ့ ချရေးပါ။ ကိုယ်မလုပ်နိုင်ဘူးလို့ ပြောနေတဲ့ အရာတွေထဲက တစ်ခုလောက်ကိုပဲ လုပ်ဖို့ စိတ်ပိုင်းဖြတ်ပါ၊ လုပ်ဆောင်ပါ၊ လုပ်ဖို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ။ အဲလိုစလုပ်ဖို့ ဘယ်လိုကျွမ်းကျင်မှုတွေ လိုအပ်လဲ။ လူအများရှေ့ စကားပြောတာလား။ သင်တန်းတက်ဖို့ လိုလား။ ရာထူးတိုးဖို့လား။ ဘယ်လိုကျွမ်းကျင်မှုတွေ လိုအပ်လဲ။ လုပ်ငန်းတစ်ခု စလုပ်ဖို့လား။ ဘယ်လိုကျွမ်းကျင်မှုတွေ လိုအပ်လဲ။ ဘယ်သူ့ကို အလုပ်ခန့်ဖို့ လိုအပ်လဲ။ ဘယ်လို သင်တန်းပို့ချမှုတွေ လုပ်ရမလဲ။ တစ်ခုတည်းကနေပဲ စတင်ပါ။ ကိုယ့်ကိုယ်ကိုယ် ကတိပေးပြီး ဒီနေ့ပဲ စလုပ်ပါ။

‘Til the next episode,

Arabelle