
BHP48 - Solo
In this episode, we’re going to talk about money, how we can clear the blocks that we have, and how we can become a vibrational match to it. We have this collective money story of attaching negativity and taboo to money. If we are going to continue listening to that, that becomes the subconscious hypnotic reaffirming within ourselves. So the question is, are we willing to rewrite those money stories? Are we ready to create new money beliefs?
When we can shift that and when we start to embody that different frequency, we start to take aligned actions that will support our new beliefs.
Everything is frequency. Everything is energy. When we start to vibrate in a new frequency, the universe starts to bounce back to us what matches our thoughts, beliefs, and actions that will allow the right people and opportunities to show up in our field.
01:16 Money Is energy
03:16 What’s Your Money Story?
04:56 How do you speak to money?
06:39 Energetic maximum and minimum
08:31 Rewrite your financial story
13:05 Embody what you want to manifest
Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.
အားလုံးပဲ မင်္ဂလာပါရှင်။
ဒီနေ့ပြောပြသွားမယ့် ခေါင်းစဉ်ကတော့ ကျွန်မတို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်တဲ့ အရေးကြီးအကြောင်းအရာတစ်ခုပဲဖြစ်ပါတယ်။ အဲဒါကတော့ ပိုက်ဆံအကြောင်း၊ ကိုယ့်မှာရှိတဲ့ အတားအဆီးတွေကို ဘယ်လိုရင်ဆိုင်တိုက်ဖျက်မယ်၊ ကိုယ်နဲ့ လှုပ်ရှားမှုစည်းဝါးကိုက်အောင် ဘယ်လိုလုပ်မယ် စတာတွေကို ပြောပြသွားမှာဖြစ်ပါတယ်။
ဒီအကြောင်းအရာကတော့ ကျွန်မလတ်တလောသင်ပေးဖြစ်နေတဲ့ ဖြစ်စဉ်တစ်ခုပဲဖြစ်ပါတယ်။ အခုကတော့ အတိုချုံးပြောပြပေးသွားမှာပါ။ ဒါပေမဲ့လည်း တတ်နိုင်သလောက် စုံစုံလင်လင် တင်ဆက်ပေးဖို့ ကြိုးစားသွားပါ့မယ်။
ပိုက်ဆံဆိုတာက energy (စွမ်းအင်) ပါ။ ပိုက်ဆံဆိုတာ ကိန်းဂဏန်းပုံစံတစ်မျိုး ဒါမှမဟုတ် စက္ကူတစ်မျိုးပဲဖြစ်ပါတယ်။ ပြီးတော့ ပိုက်ဆံဆိုတာ ကျွန်မတို့အနေနဲ့ တစ်စုံတစ်ခုကို အပေးအယူလုပ်နိုင်ဖို့အတွက် ကိုယ့်မှာရှိတာနဲ့ တစ်ပါးသူဆီမှာရှိတာကို ဖလှယ်တဲ့သဘောမျိုးပဲ ဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ လူ့အဖွဲ့အစည်းကြီး တိုးတက်လာတာနဲ့အမျှ ’ပိုက်ဆံ’ လို့ခေါ်တဲ့ ဥစ္စာပစ္စည်းတစ်မျိုးကို တီထွင်ခဲ့ကြပါတယ်။ ကျွန်မတို့တွေဟာ အကြောင်းအမျိုးမျိုးကြောင့် အထူးသဖြင့် ပိုက်ဆံအတွက်နဲ့ ကိုယ့်အတွက် မကောင်းတဲ့ ဒီလို အမည်းစက်တွေ၊ မလုပ်သင့်မလုပ်အပ်တဲ့ အပြုအမူတွေ၊ တရားသေအယူဝါဒတွေ၊ တလွဲယုံကြည်မှုတွေကို ဖက်တွယ်မိတတ်ကြပါတယ်။
ကျွန်မတို့အားလုံးနဲ့ဆိုင်တဲ့ ပိုက်ဆံနဲ့ပတ်သက်တဲ့ ဇာတ်လမ်းပုံပြင်တွေကလည်း ကျွန်မတို့အတွက် ကောင်းကျိုးမပေးပါဘူး။ ကျွန်မတို့ဆီမှာ ချမ်းသာတဲ့သူတွေက ချမ်းသာသထက် ချမ်းသာပြီး ဆင်းရဲတဲ့သူတွေက ဆင်းရဲသထက် ဆင်းရဲတယ်ဆိုတဲ့ အယူမျိုးရှိကြပါတယ်။ ကိုယ့်အတွက် အဟန့်အတားဖြစ်စေတဲ့ ဒီလို အားလုံးနဲ့ဆိုင်တဲ့ ဇာတ်လမ်းပုံပြင်တွေကို ကျွန်မတို့ ပြောဆိုမိတတ်ကြပါတယ်။ ဟုတ်ပါတယ်။ အဲဒီထဲကမှ တစ်ချို့ကို ငွေရှင်ကြေးရှင်တွေက ပြောခဲ့တာပါ။ အဲဒီငွေရှင်ကြေးရှင်တွေကို အပြစ်မဖို့တော့ဘဲနဲ့ ဒီကိစ္စရဲ့လက်သည်တရားခံဖြစ်တဲ့ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ်ပဲ ဆန်းစစ်လေ့လာကြည့်ကြရအောင်။
ဘာလို့လဲဆိုတော့ ပြောင်းလဲမှုတွေကို ကျွန်မတို့ကပဲ စလုပ်ခဲ့တာဖြစ်လို့ပါ။ အပြောင်းအလဲလုပ်ပြီးတော့ မတူတော့တဲ့ frequency ( ကြိမ်နှုန်း ) ကို ပုံဖော်လိုက်နိုင်တဲ့အခါ ကျွန်မတို့အနေနဲ့ ဘာမှပြောစရာ၊ လုပ်စရာ မလိုတော့တဲ့အတွက်ကြောင့်ပါ။ ကျွန်မတို့က ကျွန်မတို့ပါပဲ။ ကျွန်မတို့ကို လူတွေက “ဒါတွေဘယ်လိုလုပ် ဖြစ်နေနိုင်တာလဲ၊ မင်းအတွက် ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” စသဖြင့် မေးခွန်းတွေမေးကြတယ်။ ဒါတွေကပဲ တခြားသူတွေရဲ့ စိတ်ဓာတ်ကို လှုံ့ဆော်ပေးပြီး တက်ကြွစေတဲ့ အကြောင်းရင်းတွေဖြစ်ကြတယ်။ ပြီးရင် သူတို့က အဲဒီခြေလှမ်းတွေအတိုင်း လိုက်လုပ်ကြတယ်။ ဒါကြောင့် ဒီနေ့တော့ ကျွန်မတို့ ကိုယ့်ကိုယ်ကိုယ် ဦးတည်ချက်ထားကြည့်ကြရအောင်။
ကျွန်မတို့ရဲ့ ဘေးပတ်ဝန်းကျင်က ကျွန်မတို့အပေါ်ကို အင်မတန် လွှမ်းမိုးသက်ရောက်မှုရှိပါတယ်။ ကျွန်မတို့အနေနဲ့ လုပ်ရမှာကတော့ ပိုက်ဆံနဲ့ပတ်သက်ပြီး ခုနကပြောခဲ့တဲ့ အတွေးအခေါ်တွေ ယုံကြည်ချက်တွေရှိတဲ့ လူတွေအနားမှာနေတာပဲဖြစ်ဖြစ်၊ အဲလိုအသိုက်အဝန်းတွေ၊ လူတွေကို ကျွန်မတို့ဘေးမှာရှိနေတဲ့သူတွေအဖြစ် ဖန်တီးရှာဖွေတာဖြစ်ဖြစ် လုပ်ဖို့ပဲဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တာက အင်မတန်အကျိုးများပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့အနေနဲ့ သူတို့တွေဆီမှာရှိတဲ့ ကောင်းမွန်တဲ့ ယုံကြည်ချက်တွေကို အတုခိုးတာတွေ ရပ်လိုက်နိုင်တယ်၊ အဲဒီအတိုင်း ကျင့်ကြံနိုင်ပြီးတော့ ကိုယ်နဲ့ကိုက်မကိုက် လိုက်လုပ်ကြည့်နိုင်တဲ့အတွက်ကြောင့်ပါ။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကိုယ်နဲ့ ကိုက်ညီလာပြီဆိုရင် အဲဒီလို ဇာတ်လမ်းပုံပြင်တွေအတိုင်း အမှန်တကယ် စလုပ်မိလာနိုင်ပါတယ်။
ကိုယ့်ဘဝကိုယ် ဆန်းစစ်တာမျိုး စလုပ်ကြည့်ပါ။ ပိုက်ဆံဆိုတာ အန္တရာယ်များပါတယ်။ ပိုက်ဆံဆိုတာ သစ်ပင်ပေါ်မှာ အလကားပေါက်နေတဲ့အရာမျိုးမဟုတ်ပါဘူး။ ပိုက်ဆံကို ကြိုးစားပမ်းစားရှာရပါတယ်။ ပိုက်ဆံကြောင့်ဖြစ်လာနိုင်တဲ့ အမည်းစက်တွေနဲ့ ဆိုးကျိုးတွေ အများကြီးရှိပါတယ်။ အဲဒါတွေကို လိုက်လုပ်ပြီးရင်းလုပ်မိနေမယ်ဆိုရင် ကျွန်မတို့ရဲ့မသိစိတ်ကနေ အဲတာမျိုးတွေကို လုပ်လို့ရတယ်၊ လုပ်လို့ဖြစ်တယ်ဆိုပြီး တွေးမိလာနိုင်ပါတယ်။ ဒီနေရာမှာမေးမယ့်မေးခွန်းကတော့ ပိုက်ဆံနဲ့ပတ်သက်တဲ့ ဒီလိုဇာတ်လမ်းပုံပြင်တွေကို ပြန်ပြုပြင်ဖို့ ကူညီပေးနိုင်တဲ့ ဘယ်လိုလူမျိုးကို ကျွန်မတို့ရှာရမလဲ။ ကျွန်မတို့ရဲ့ ဘဝတစ်လျှောက်မှာ ဘယ်လိုမျိုး ဇာတ်လမ်းပုံပြင်တွေကို အတုခိုးမိခဲ့လဲ။
ကျွန်မတို့ဟာ မွေးကင်းစကနေ အသက် ၈ နှစ်အရွယ်အထိ ရေမြုပ်တစ်ခုနဲ့တူပါတယ်။ ကျွန်မတို့ အနီးဝန်းကျင်မှာရှိတဲ့ ပိုက်ဆံနဲ့ပတ်သက်တဲ့ ဇာတ်လမ်းပုံပြင်တွေကို စုပ်ယူမှတ်သားခဲ့ကြတယ်။ ပိုက်ဆံနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့နဲ့ အကျွမ်းတဝင်ရှိတဲ့ စံတန်ဖိုးတွေနဲ့ ယုံကြည်ချက်တွေကို စောင့်ကြည့်လေ့လာသင်ယူပြီး ရိုက်သွင်းခံခဲ့ကြရတယ်။ ကျွန်မတို့အနေနဲ့ ပိုက်ဆံကြောင့် ရုန်းကန်ရှင်သန်နေရတဲ့ မိသားစုတစ်ခုမှာ ကြီးပြင်းလာခဲ့ကြမယ်ဆိုရင် ပိုက်ဆံဆိုတာ အခက်အခဲတစ်ခုလို့ ယူဆထားမိနိုင်တယ်။ ပိုက်ဆံရှာဖို့အတွက်ဆိုရင် အလုပ်ကို ကြိုးစားပမ်းစားလုပ်ရမယ်လို့ ယူဆတဲ့ မိသားစုတစ်ခု၊ ဒါမှမဟုတ် ပတ်ဝန်းကျင်တစ်ခုမှာ ကြီးပြင်းလာခဲ့ပြီး အလုပ်မကြိုးစားဘဲ ပိုက်ဆံရနေတယ်ဆိုရင်အဲဒီပိုက်ဆံတွေက ကိုယ်နဲ့ မထိုက်တန်ပါဘူး။ အဲဒါတွေက ကိုယ်ရထိုက်တဲ့ပိုက်ဆံတွေ မဟုတ်ဘူး။ အဲဒီနောက်မှာ ပိုက်ဆံတွေက ကိုယ်နဲ့ထိုက်တန်တယ်၊ ကိုယ့်ပိုက်ဆံတွေဖြစ်ထိုက်တယ်လို့ခံစားလာရတဲ့အထိ ရေကုန်ရေခမ်း ကြိုးစားရှာရမှာဖြစ်ပါတယ်။ ကျွန်မတို့ဟာ ပိုက်ဆံကို သက်သက်သာသာ အလွယ်တကူ အေးအေးလူလူ ရခဲ့မယ်ဆိုရင် အဲဒီပိုက်ဆံတွေက ကျွန်မတို့ရဲ့ ယုံကြည်ချက်ကို ထင်ဟပ်မနေတဲ့အတွက် ကျွန်မတို့ဟာ မသိစိတ်ကဖြစ်လာတဲ့ အဖျက်အမှောင့်တစ်ခုခုကို ဖန်တီးမိပြီး ဒီပိုက်ဆံတွေကို ကုန်အောင် သုံးဖြုန်းတဲ့အလုပ်ကို လုပ်မိတတ်ကြပါတယ်။ ကိုယ်ကျင့်သုံးနေပြီး ကိုယ်အတုခိုးကျင့်ကြံကြီးပြင်းလာတဲ့ ပိုက်ဆံနဲ့ပတ်သက်တဲ့ ယုံကြည်ချက်တွေ၊ ဇာတ်လမ်းပုံပြင်တွေက ဘာတွေလဲဆိုတာကို အထူးအာရုံစိုက်ဖော်ထုတ်ပါ။
နောက်တစ်ချက်ကတော့ ပိုက်ဆံနဲ့ပတ်သက်ပြီး ကျွန်မတို့စကားဘယ်လိုပြောမလဲဆိုတာ သတိထားဖို့လိုပါတယ်။ “ပိုက်ဆံရှာဖို့၊ ကိုယ့်စရိတ် ကိုယ့်ဘာသာကိုယ်ပေးနိုင်ဖို့ဆို အလုပ်တွေ အများကြီးကြိုးစားလုပ်မှဖြစ်မယ်” စတဲ့စကားမျိုးတွေပေါ့။ အဲလိုစကားမျိုးတွေက ပိုက်ဆံဆိုတာ ကိုယ့်အတွက် ကောင်းကျိုးမပေးဘူး၊ ကောင်းကျိုးမပေးသည့်တိုင် ပိုက်ဆံဆိုတာ ကိုယ့်စရိတ်ကို ကိုယ့်ဘာသာပေးနိုင်ဖို့အတွက် ကျွန်မတို့ကို ရုန်းကန်စေတဲ့ အခက်အခဲတစ်မျိုးပဲဖြစ်တယ်၊ အဲဒါနဲ့ပတ်သက်ပြီး ကောင်းတယ်ထင်ရတာ တစ်ခုမှမရှိပါဘူးလို့ ပြောတာနဲ့တူတယ်။ ဒါဆိုရင် ပိုက်ဆံနဲ့ပတ်သက်ပြီး ကျွန်မတို့ဘယ်လိုပြောကြမလဲ။ ပိုက်ဆံသာ လူဖြစ်ခဲ့မယ်ဆိုရင် ကိုယ်အဲလိုပြောလို့ သူကကိုယ့်ဆီလာချင်ပါဦးမလား။ ပိုက်ဆံနဲ့ပတ်သက်ရင် ကိုယ့်အနေနဲ့ အင်မတန်ကြမ်းတမ်းပြီး အဆိုးမြင်နေတဲ့အခါ ပိုက်ဆံတွေကိုယ့်ဆီရောက်လာဖို့၊ ကိုယ့်ဆီကနေ ထွက်သွားဖို့အတွက် အခြေအနေကောင်းတစ်ခုကို ဖန်တီးပေးထားမိပါရဲ့လား။ ပိုက်ဆံနဲ့ပတ်သက်ပြီး ကိုယ်ဘယ်လိုပြောနေမိလဲဆိုတာကို သတိထားပါ။ ပိုက်ဆံနဲ့ကိုယ့်ရဲ့ဆက်ဆံရေးကို ပြောင်းလဲနိုင်ဖို့အတွက် ပထမဆုံးလုပ်ရမှာကတော့ ပိုက်ဆံရှာတာကို အခက်အခဲ၊ မလုပ်သင့်မလုပ်အပ်တဲ့ အပြုအမူတစ်ခုကို မြင်နေတာထက် ကိုယ့်ရဲ့ဘဝအဖော်လို့မြင်ထားဖို့ပဲဖြစ်ပါတယ်။
အခုပြောခဲ့တာတွေ အကုန်လုံးကို သတိထားမိလာတဲ့အခါ ဒီအတွေးတွေက မိဘတွေ၊ မိတ်ဆွေသူငယ်ချင်းတွေ၊ ကိုယ့်အနီးဝန်းကျင်ကလူတွေဆီကနေ ကိုယ့်ဆီ လက်ဆင့်ကမ်းရောက်ရှိလာတယ်ဆိုတာကို ခံစားမိနိုင်ပါတယ်။ မကျေမချမ်းဖြစ်စရာတွေ အများကြီးပေါ်ပေါက်လာနိုင်ပေမဲ့ ခွင့်လွှတ်ဖို့က အဓိကသော့ချက်ပါပဲ။ ပိုက်ဆံကိုဘယ်လိုစုရမယ်၊ ဘယ်လိုထိန်းသိမ်းရမယ်၊ ဒါမှမဟုတ် ဘယ်လိုသုံးရမယ် စသဖြင့် ပိုက်ဆံနဲ့ပတ်သက်တဲ့ ဇာတ်လမ်းပုံပြင်တွေကို ပြောတဲ့သူက ဘယ်သူတွေပဲဖြစ်ဖြစ် အဲဒီတဒင်္ဂမှာ သူတို့က ကိုယ့်ကို သူတို့သိထားတာတွေကို သင်ကြားပြောပြတာသာဖြစ်ပါတယ်။ သူတို့ သိသလောက်ပြောပြတာဖြစ်တဲ့အတွက် ကိစ္စမရှိပါဘူး။ ဒါဟာ သူတို့သွားမယ့်လမ်းစဉ်ပဲဖြစ်ပါတယ်။ ကိုယ့်အတွက် ကောင်းကျိုးမရှိတဲ့ အရာတွေကို အရင်ကလုပ်ခဲ့ပြီး အဲဒါတွေကြောင့် ကိုယ်က ငွေရေးကြေးရေးအခက်အခဲဖြစ်ခဲ့တယ်ဆိုရင်တောင်မှ ကိုယ့်က အကောင်းဆုံးလို့ထင်တာကို လုပ်ခဲ့တာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်နိုင်မယ့် နည်းလမ်းကို ရှာပါ။ အရေးကြီးတာ ကိုယ်က အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲပြင်ဆင်ဖို့အတွက် ကြိုးစားနေဖို့ပါပဲ။
ကိုယ့်ရဲ့ဘဏ်ထဲမှာ ပိုက်ဆံဘယ်လောက်ပဲရှိစေကာမူ အဲဒီပိုက်ဆံတွေက ကိုယ်ချုပ်တည်းထားတာကို ပြနေပါတယ်။ တစ်ချို့က ကိုယ့်မှာရှိတဲ့ ဒေါ်လာ ၅,၀၀၀ ထဲက ကိုယ်ထိန်းသိမ်းထားချင်တဲ့ အနိမ့်ဆုံးပမာဏကို ဒေါ်လာ ၅၀၀ သို့မဟုတ် ဒေါ်လာ ၁,၀၀၀ လို့ သတ်မှတ်ထားကြပါတယ်။ ကျွန်မတို့အနေနဲ့ အဲဒီအောက် လျော့အောင်တော့ မသုံးကြပါဘူး။ တစ်ချို့ကတော့ အနုတ်လက္ခဏာပြတဲ့အထိ သုံးတတ်ကြတယ်။ ဒါက ကျွန်မတို့ချုပ်တည်းထားတာကို ပြနေတာဖြစ်တယ်။ ဒါပေမဲ့လေ ကျွန်မတို့အတွက် ကောင်းကျိုးမရှိဘူးဆိုရင် ဘာလို့ချုပ်တည်းနေကြဦးမှာလဲ။ အခုက ဒေါ်လာတစ်သန်း ရှာဖို့ ရည်မှန်းထားတာမျိုးလည်းမဟုတ်သလို ကျွန်မတို့လုပ်နိုင်တယ်ဆိုတာကို မယုံကြည်တာမျိုးလည်း မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ ထိန်းသိမ်းထားချင်တဲ့ အနိမ့်ဆုံးပမာဏကို ဖြည်းဖြည်းမှန်မှန်နဲ့ နည်းနည်းစီ မြှင့်တင်လိုက်တာပဲဖြစ်ပါတယ်။ အနိမ့်ဆုံးပမာဏကို ဒေါ်လာ ၅၀၀ ထားတာ အဆင်ပြေတယ်ဆိုရင် ဒေါ်လာ ၁,၀၀၀ ဖြစ်အောင် ဖြည်းဖြည်းချင်း တိုးမြှင့်ကြည့်လိုက်ပါ။ ပြီးရင်တော့ ကိုယ့်ယုံကြည်ချက်ကို အထောက်အပံ့ဖြစ်စေပြီး ချမှတ်ထားတဲ့ ပန်းတိုင်နဲ့ကိုက်ညီတဲ့ လုပ်ဆောင်ချက်တွေကို စပြီးလုပ်ရပါမယ်။ နောက်ဆုံးမှာတော့ ဒီယုံကြည်ချက်တွေဟာ ကျွန်မတို့တွေးပြီးရင်းတွေးနေတဲ့ စိတ်ကူးတွေပဲ ဖြစ်သွားပါတယ်။ ယုံကြည်ချက်အသစ်တွေကို ပြန်လည်ပြုပြင်ပြီး ထပ်တလဲလဲတွေးကြည့်မယ်ဆိုရင် အဲဒါတွေနဲ့ဆိုင်တဲ့ အခြေခံအုတ်မြစ်ကို ဖြစ်ပေါ်စေတဲ့ ယုံကြည်ချက်က စတင်ပုံပေါ်လာပါတော့တယ်။ အဲဒီနောက်မှာ ကိုယ်ထိန်းသိမ်းထားချင်တဲ့ အနိမ့်ဆုံးပမာဏကို တဖြည်းဖြည်း စတိုးမြှင့်နိုင်သွားပါတယ်။
ကျွန်မတို့ဆီမှာ ထိန်းသိမ်းထားနိုင်တဲ့ အမြင့်ဆုံးပမာဏလည်းရှိပါတယ်။ ဥပမာအားဖြင့် တစ်လကို ဒေါ်လာ ၁၀,၀၀၀ အထိ ဝင်ငွေရနိုင်ခြေရှိတာမျိုးပေါ့။ ကျွန်မတို့အနေနဲ့ အဲဒီပမာဏအထိ ရှာရတာအဆင်ပြေတယ်။ လုပ်နိုင်တယ်ဆိုတာ ယုံတယ်။ အဲဒီပိုက်ဆံနဲ့ထိုက်တန်တယ်ဆိုတာ ယုံတယ်။ လွတ်လွတ်ကျွတ်ကျွတ်စုနိုင်တယ်ဆိုတာကိုလည်း ယုံထားပါတယ်။ ဒါပေမဲ့ ကျွန်မတို့ဆီမှာ ဒေါ်လာ ၁၀,၀၀၀ ထက်ပိုတဲ့ ဝင်ငွေရှိတယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ လက်ရှိယုံကြည်ချက်၊ ဒါမှမဟုတ် ကျွန်မတို့အနေနဲ့ ထိန်းသိမ်းထားနိုင်တဲ့ အမြင့်ဆုံးပမာဏကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဲဒီနောက်မှာ ကျွန်မတို့က ကိုယ့်ရဲ့ယုံကြည်ချက်တွေကို ဖျက်လိုဖျက်ဆီးလုပ်မိပါလိမ့်မယ်။ ပိုက်ဆံတွေက အဘက်ဘက်ကနေ အကြောင်းအမျိုးမျိုးကြောင့် ထွက်နေတဲ့ ပလိုင်းပေါက်လို ဖြစ်သွားပါတယ်။ ပိုက်ဆံတွေက တဖြုတ်ဖြုတ်နဲ့ကုန်နေပြီးတော့ အဲဒီပိုက်ဆံတွေ ဘယ်လိုကုန်သွားတယ်ဆိုတာတောင် မသိတော့ပါဘူး။ ကိုယ့်အနေနဲ့ ထိန်းသိမ်းထားချင်တဲ့ အနိမ့်ဆုံးပမာဏက ဘယ်လောက်လဲ။ ပြီးတော့ ထိန်းသိမ်းထားနိုင်တဲ့ အမြင့်ဆုံးပမာဏကရော ဘယ်လောက်လဲ။ ဖြည်းဖြည်းချင်းသွားကြရအောင်။ ကိုယ့်အနေနဲ့ တိုးမြှင့်ထားရှိမယ့် ကိုယ်ထိန်းသိမ်းထားချင်တဲ့ နောက်ထပ် အနိမ့်ဆုံးပမာဏက ဘယ်လောက်လဲ။ တိုးမြှင့်ထားရှိမယ့် ကိုယ်ထိန်းသိမ်းထားနိုင်တဲ့ နောက်ထပ် အမြင့်ဆုံးပမာဏက ဘယ်လောက်လဲ။ ကိုယ့်အတွက် အဟန့်အတားဖြစ်စေတဲ့အရာတွေက ဘာတွေပဲဖြစ်ဖြစ်၊ အခုအချိန်မှာ ကိုယ်ဖော်ထုတ်ခဲ့ပြီးဖြစ်တဲ့ ကိုယ့်ယုံကြည်ချက်တွေ၊ အခုအချိန်မှာ ကိုယ်ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်တဲ့ ကိုယ့်ယုံကြည်ချက်တွေက ဘာတွေပဲဖြစ်ဖြစ် အဲဒါတွေကို ကျွန်မတို့က အမြဲတမ်း ပြင်ဆင်ပြောင်းလဲနိုင်ပါတယ်။
ကျွန်မတို့ဟာ ဇာတ်လမ်းအသစ်တစ်ပုဒ်၊ ယုံကြည်ချက်အသစ်တစ်ရပ်ကို ဖန်တီးကြပါတယ်။ ကျွန်မတို့အလိုရှိတဲ့ ဘဝနေထိုင်မှုပုံစံအတိုင်း နေထိုင်လေ့ရှိကြပါတယ်။ ဘုရားသခင်ကြောင့်၊ ရင်းမြစ်တစ်ခုခုကြောင့်၊ စိတ်ဝိဉာဉ်တစ်ခုခုကြောင့် ဒါမဟုတ် ကိုယ့်ရဲ့ အမြင့်မားဆုံးသဏ္ဌာန် (highest self) စတဲ့ အကြောင်းတစ်ခုခုကြောင့် ကျွန်မတို့ရဲ့ လိုအင်ဆန္ဒတွေဟာ ဖြစ်ပေါ်လာကြပါတယ်။ လိုအင်ဆန္ဒတွေကပဲ ကျွန်မတို့ကို အလုပ်လုပ်ဖို့ တိုက်တွန်းပေးပါတယ်။ ကျွန်မတို့ဆီမှာ လိုအင်ဆန္ဒတွေ ရှိလာတဲ့အချိန်နဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့အတွက် အခြေအနေတစ်ခုခုကို ဖန်တီးတဲ့အချိန်မျိုးတွေမှာ အလုပ်လုပ်ဖို့ စိတ်လိုလက်ရရှိလာတတ်ကြပါတယ်။ အဲဒီခံစားချက်တွေအတိုင်း တိုးချဲ့ခံစားပြီးတော့ ပန်းတိုင်နဲ့ကိုက်ညီတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ဖို့ စိတ်ဓာတ်တက်ကြွလာပါတယ်။ ဒါပေမဲ့ ပန်းတိုင်ဆီသွားတဲ့ လမ်းတစ်လျှောက် ကျွန်မတို့ဆီမှာရှိတဲ့ ယုံကြည်ချက်တွေ၊ သံသယတွေ၊ စိုးထိတ်မှုတွေနဲ့ ဇာတ်လမ်းပုံပြင်တွေကြောင့် လမ်းတစ်ဝက်မှာ ရပ်သွားတတ်တယ်။ လမ်းတစ်လျှောက်မှာရှိတဲ့ အဲလိုအတားအဆီးတွေကို သတိထားလုပ်ဆောင်ရမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဒီနေ့အတွက် ကိုယ်ဘာကို စွန့်လွှတ်ဖို့အဆင်သင့်ဖြစ်နေပြီလဲဆိုတာကို ရွေးချယ်တာပဲဖြစ်ပါတယ်။ ကိုယ်ဘာကို စွန့်လွှတ်ချင်လဲ။ အခုအချိန်မှာ စွန့်လွှတ်ဖို့အဆင်သင့်မဖြစ်သေးဘူးဆိုရင် စွန့်လွှတ်ဖို့ ကိုယ့်ကိုကြောက်စေတဲ့အရာကဘာလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်မေးပါ။ ကိုယ်ကစွန့်လွှတ်လိုက်ပြီဆိုရင် ဘာတွေဆက်ဖြစ်လာမယ်ထင်လဲ။ အဲဒီအရာကို ကိုယ်ကစွန့်လွှတ်လိုက်တာနဲ့ ကိုယ့်အတွက် တုံ့ဆိုင်းစေမယ့်အရာ ဘာတစ်ခုမှ မရှိတော့တဲ့အတွက်ကြောင့်လား။ ဆိုလိုတာကတော့ ကိုယ်က အမှန်တကယ် စတင်လုပ်ဆောင်ဖို့ဆိုရင် ကိုယ်လုပ်သမျှအတွက် ကိုယ့်ဘာသာကိုယ်တာဝန်ကိုယ်ယူရပါမယ်။ ဒါမှမဟုတ် မိမိကိုယ်ကိုယ်တန်ဖိုးထားမှုနဲ့ပတ်သက်ပြီးတော့ ကိုယ်နဲ့မထိုက်ဘူး၊ ကိုယ်နဲ့မတန်ဘူး၊ အဲဒါကြောင့် ငါကတော့ ဖျက်လိုဖျက်ဆီးလုပ်နေမှာပဲဆိုပြီး နက်နက်ရှိုင်းရှိုင်းဖြစ်ပေါ်လာတဲ့ ယုံကြည်ချက်မျိုးကြောင့်လား။ ဒါတွေအားလုံးက မသိစိတ်ကြောင့် ဖြစ်လာတာတွေပါ။
ကိုယ့်ဘဝထဲမှာ အလိုရှိတဲ့အရာတွေအားလုံးက ကိုယ့်အတွက် စစ်မှန်တယ်ဆိုတာကို သတိရပါ။ ကျွန်မတို့တွေဟာ ကိုယ့်ကိုယ်ကိုယ်ဂုဏ်ယူတဲ့အခါ၊ ကိုယ့်လိုအင်ဆန္ဒတွေကို နောင်တကင်းကင်းနဲ့ ဖော်ပြတဲ့အခါ၊ အံ့အားသင့်ဖွယ်လမ်းညွှန်မှုမျိုးကို လိုက်နာလုပ်ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် လမ်းဖွင့်ပေးလိုစိတ်ရှိတဲ့အခါတွေဆိုရင် ကျွန်မတို့ရဲ့ခန္ဓာကိုယ်ထဲက လှုပ်ရှားမှုစည်းဝါးတွေကို စတင် ပြောင်းလဲပြင်ဆင်ကြပါတယ်။ အဲဒီနောက် ကမ္ဘာလောကထဲကို ထုတ်လွှတ်တတ်ကြပါတယ်။ ပါဝင်လုပ်ဆောင်သူတွေနဲ့ တခြားသူတွေအားလုံးကလည်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်ပြုပြင်ကြပြီးတာနဲ့ မတူညီတဲ့အရာတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်။ ကျွန်မတို့အနေနဲ့ မိမိကိုယ်ကိုယ်သာမက ကိုယ့်ရဲ့အကြံဉာဏ်တွေ၊ အနာဂတ်အမြင်တွေကို လမ်းဖွင့်ပေးလိုက်တဲ့အခါ ကျွန်မတို့ကိုယ်ထဲကနေ ထွက်ပေါ်စေချင်လာတဲ့ energy (စွမ်းအင်) တွေက အမှန်တကယ်ထွက်ပေါ်လာပါတယ်။ လက်တွေ့အကောင်အထည်ပေါ်လာပါတယ်။ ဒါတွေအကုန်လုံးက သတိထားမိတာကနေ စဖြစ်လာတဲ့အရာတွေပါ။
စွန့်လွှတ်ချင်တဲ့စိတ်ရှိနေတာ၊ အခုအချိန်မှာ လုပ်မနေတဲ့အရာတွေအတွက် ဖြစ်စဉ်ကိုဖြစ်ဖြစ်၊ ကိုယ့်ကိုယ်ကိုယ်ဖြစ်ဖြစ် ဝေဖန်တာမျိုးမလုပ်တာ၊ ကျွန်မတို့ အခုရောက်နေတဲ့နေရာကို အသိအမှတ်ပြုလက်ခံပေးတာနဲ့ ရှေ့ဆက်လုပ်ဆောင်ဖို့အတွက် ကိုယ်အဆင်သင့်ဖြစ်တဲ့အထိ ကိုယ့်ကိုယ်ကိုယ်အချိန်ပေးတာတွေက ကျွန်မတို့အတွက် ကောင်းကျိုးမပေးတော့တဲ့ အရာတွေကို စစ်ထုတ်ပေးပါတယ်။ ဒါဟာတိုးတက်မှုတစ်ခု၊ ဖြစ်စဉ်တစ်ရပ်ပဲဖြစ်ပါတယ်။ ပိုက်ဆံဆိုတာကတော့ ပြောင်းလဲမှုကို ဖြစ်စေတဲ့ အရာတစ်ခုသာဖြစ်ပါတယ်။ အလုပ်ဆိုတာ များသောအားဖြင့် မဟာဗျူဟာမဟုတ်ပါဘူး။ အလုပ်ဆိုတာ အတွင်းစိတ်ကလာတဲ့၊ ကျွန်မတို့ အခုဆွေးနွေးပြောဆိုနေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အလုပ်ဆိုတာ အတားအဆီးတွေကို သတိထားမိတာ၊ ကိုယ့်ဆီမှာရှိတဲ့ ထိန်းသိမ်းထားနိုင်တဲ့ အနိမ့်ဆုံးပမာဏနှင့် အမြင့်ဆုံးပမာဏတွေကို သတိထားမိလာတာ၊ အဲဒီပမာဏတွေကို တိုးမြှင့်ချင်စိတ်ရှိတာ၊ ငွေရေးကြေးရေးနဲ့ဆိုင်တဲ့ သမိုင်းသစ်ကို ပြင်ဆင်ရေးသားချင်စိတ်ရှိတာတွေဖြစ်ပါတယ်။ အလုပ်ဆိုတာ လက်ခံလိုစိတ်ရှိတာ၊ ကျွန်မတို့ရဲ့ အမြင့်ဆုံးလမ်းညွှန်မှုအတိုင်း လိုက်နာပြီး ချိတ်ဆက်လုပ်ဆောင်ချင်စိတ်ရှိတာဖြစ်ပါတယ်။ ကိုယ်လုပ်ရမှာတော့ လှုပ်ရှားမှုစည်းဝါးကိုက်အောင် လုပ်ဖို့ပဲဖြစ်ပါတယ်။
ကျွန်မကတော့ ကြီးမားထင်ရှားတဲ့ ပန်းတိုင်တွေကို ချမှတ်မယ်၊ လက်လှမ်းမီအောင် ကြိုးစားမယ်၊ အဲဒီပန်းတိုင်တွေဆီလျှောက်လှမ်းမယ်၊ ကိုယ့်ကိုယ်ကိုယ်တိုက်တွန်းမယ်။ ဒါက မယုံနိုင်လောက်ပေမဲ့ တစ်ချိန်တည်းမှာပဲ ဒီလိုလုပ်တာက ဘာတွေကို ဖြစ်စေလဲဆိုတာကို သိသွားတယ်။ ကိုယ့်ကို ပြတ်တောက်သွားစေတယ်။ ဘာလို့လဲဆိုတော့ စိတ်ဓာတ်လှုံ့ဆော်မှုတစ်ခုရှိတယ်ဆိုတာ ကောင်းတော့ကောင်းပေမဲ့ နက်နက်ရှိုင်းရှိုင်းလက်ခံထားတဲ့ ငွေရေးကြေးရေးအယူအဆတွေ ကိုယ့်မှာရှိနေတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးမိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ဖျက်လိုဖျက်ဆီးလုပ်မိပါလိမ့်မယ်။ ကျွန်မတို့ဟာ ဆင်ခြေဆင်လက်တွေပေးတတ်လာမယ်၊ အာရုံတွေပျက်ပြားလာမယ်၊ အချိန်ဆွဲတတ်လာမယ်၊ ပန်းတိုင်ကို မရောက်နိုင်တဲ့ အရာမှန်သမျှကို လုပ်မိလာနိုင်ပါတယ်။
ကိုယ်တိုးမြှင့်နိုင်တဲ့ ကိုယ့်ရဲ့ အမြင့်ဆုံးပမာဏကို စဉ်းစားကြည့်ပါ။ ကိုယ့်ကို ပြတ်တောက်သွားစေမှာ မဟုတ်ပေမဲ့ ကိုယ့်ကို သံသယတွေနဲ့ စိုးထိတ်မှုတွေဖြစ်ပေါ်စေတဲ့ အစွမ်းကုန်ကြိုးပမ်းသထက် ကြိုးပမ်းရမယ့်အရာကဘာလဲဆိုတော့ “ဒါကဖြစ်နိုင်ရဲ့လား။ ငါလုပ်နိုင်ရဲ့လား။ ဒါကို တခြားသူတွေကပဲလုပ်နိုင်တာလား” ဆိုတာတွေပဲဖြစ်တယ်။ ကိုယ်က အမှန်တကယ်လုပ်ပြီဆိုရင် လုပ်နိုင်ပါတယ်။ ဒါကြောင့်မို့လို အစွမ်းကုန်ကြိုးစားသထက် ကြိုးစားရမယ့်အရာက ကိုယ့်ရဲ့မျှော်မှန်းချက်ဖြစ်နေရင်၊ ကိုယ့်ရဲ့လက်တွေ့ဘဝဖြစ်နေရင်၊ ကိုယ့်အတွက်ရည်ရွယ်ထားတာဖြစ်နေရင်၊ ကိုယ့်အတွက်ဖြစ်တယ်လို့ကိုယ်ယုံရင်၊ ကိုယ့်အနာဂတ်အတွက် စီစဉ်ထားပြီးသားဖြစ်တယ်လို့ ယုံကြည်ရင် အဲဒါကိုလုပ်ဖို့အတွက် အခုအချိန်မှာ ကိုယ်ကဘယ်လိုလူမျိုးဖြစ်ရမှာလဲ။ ဒီလိုစဉ်းစားတာက energy ( စွမ်းအင် ) ကိုက်ညီဖို့ လုပ်ဆောင်ရတဲ့ လုပ်ငန်းစဉ်တစ်ခုပဲဖြစ်ပါတယ်။
ကိုယ်ကအခုအချိန်မှာ မီလျံနာတစ်ယောက်ဖြစ်တယ်ဆိုကြပါစို့။ ကိုယ်ကသာ မီလျံနာဖြစ်တယ်ဆိုရင် စကားကို ဘယ်လိုပြောမလဲ။ ဘာတွေကို ယုံကြည်ထားမလဲ။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဘယ်လိုပြောမလဲ။ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဘယ်လိုခံစားရမလဲ။
မီလျံနာတစ်ယောက်မဖြစ်ခင် အခုပြောခဲ့တာတွေအကုန်လုံးကို စတင်ပုံဖော်ကြည့်ပါ။ ဒီလိုလုပ်တာဟာ အလေ့အကျင့်တစ်ခုပဲဖြစ်ပါတယ်။ ကိုယ်ရှိချင်တဲ့ ကြိမ်နှုန်း (frequency) ထဲမှာ လုပ်ကိုင်လှုပ်ရှားနေတဲ့အထိ ကျွန်မတို့ရဲ့ဖြစ်တည်မှုဆဲလ်တစ်ခုချင်းစီထဲကနေ အမှန်တကယ်စတင် မယုံမချင်း နေ့စဉ် လုပ်ဆောင်ရမယ့် အလေ့အကျင့်တစ်ခုဖြစ်ပါတယ်။ အရာအားလုံးက ကြိမ်နှုန်း (frequency) ဖြစ်ပါတယ်။ အရာအားလုံးက energy (စွမ်းအင်) ဖြစ်ပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ကြိမ်နှုန်းထဲမှာ စတင်လုပ်ကိုင်လှုပ်ရှားတဲ့အခါ စကြဝဠာကြီးဟာ ကျွန်မတို့ကို ကိုယ်က ဘယ်သူတွေပါဆိုပြီး ပြန်ဦးမော့လာစေတဲ့ အရာတစ်ခု ဖြစ်သွားပါတယ်။ ကျွန်မတို့ဖြစ်ချင်တာဖြစ်နေတဲ့အခါ၊ ယုံကြည်ချက်ထားတဲ့အခါနဲ့ အဲဒီယုံကြည်ချက်အတိုင်းပြုမူတဲ့အခါမျိုးတွေမှာ စကြဝဠာကြီးက ကျွန်မတို့ရဲ့ energy (စွမ်းအင်) နဲ့ကိုက်ညီတဲ့အရာတွေကို ပြန်ပေးပါတယ်။ အဲဒီနောက် အခွင့်အလမ်းတွေ စတင်ပေါ်လာပါတယ်။ လူတွေ စတင်ဖြစ်ပေါ်လာပါတယ်။ ဒီလိုနဲ့ပဲ ကိုယ်က energetic match (စွမ်းအင်စည်းဝါးကိုက်) တဲ့သူ ဖြစ်လာပါတယ်။
Much love,
Arabelle