
BHP48 - Solo
You are a magical being that you can literally call in all that you desire, all that you want to have in your life.
But there’s a missing link. The missing link is – do we really want what we want to call in our life? Are we saying that we want it because everybody else around us wants it or we’ve been told that we should want it? But, we don’t really want it.
Goal setting has the mindset part and the practical side. First you have to believe and visualize that you have already received your desires. The next part is to take inspired and aligned actions that will move you closer to your dreams.
00:52 What you’re missing out while setting goals
02:24 Believe and Visualize
03:56 How you can achieve your goals
08:31 Your purpose and vision
Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.
Goals (ပန်းတိုင်) ထားတယ်လို့ ခေါ်ပေမယ့် တကယ်တမ်းပြောရရင် ဖြစ်ရပ်တွေကို တွေးခေါ်ရှုမြင်ပုံ၊ ဝိညာဉ်ရေးရာအပိုင်းတွေနဲ့အတူ ဒွန်တွဲတည်ရှိနေတဲ့ လက်တွေ့ကျတဲ့အရာတွေ ခေါ်တာပါပဲ။ ဒီဖြစ်စဉ်ကနေ အကောင်းဆုံးတွေရအောင် စွမ်းဆောင်ဖို့အတွက်ဆိုရင်တော့ ပန်းတိုင်ချမှတ်တဲ့အခါ တကယ့်ကိုစိတ်အာရုံနှစ်ပြီး လုပ်ဖို့လိုပါတယ်။ အဲဒီအခါ ကိုယ်ဘယ်လောက်အင်အားကြီးတယ်ဆိုတာ ကိုယ်ကိုယ်တိုင် အံ့အားသင့်သွားပါလိမ့်မယ်။ ကိုယ်ဟာ ကိုယ့်ဘဝထဲမှာ တောင့်တသမျှ၊ အလိုရှိသမျှအရာအားလုံးကို ရယူစွမ်းဆောင်နိုင်တဲ့ အံ့ဖွယ်ဖြစ်တည်မှုမျိုးပဲဖြစ်ပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ ကွင်းဆက်ပြတ်နေတဲ့နေရာတစ်ခုရှိတယ်။ အဲဒီပြတ်နေတဲ့ကွင်းဆက်နေရာက ဘာလဲဆိုတော့ ဒီအရာကို ကျွန်မတို့ တကယ်လိုချင်ရဲ့လား။ ပန်းတိုင်သွားတဲ့လမ်းမှာရော ဘယ်လိုအခက်အခဲတွေရှိနေမလဲ။ ကျွန်မတို့တစ်ခုခုကို လိုချင်တယ်လို့ပြောလိုက်တဲ့အခါ တကယ်လိုချင်တာရောဟုတ်ရဲ့လား။ ဒါမှမဟုတ် ကျွန်မတို့ပတ်ဝန်းကျင်မှာရှိတဲ့လူတွေက အဲဒါကို လိုချင်နေလို့ ကျွန်မတို့ကလည်း လိုချင်ပါတယ်ဆိုပြီး ပြောနေကြတာလား။ ဒါမှမဟုတ်ရင် ကျွန်မတို့ အဲဒါကို လိုချင်ရမယ်လို့ပြောပြောနေတဲ့ ဘေးစကားတွေကြောင့်လား။ ဒါပေမဲ့ အဲဒါက ကျွန်မတို့ တကယ်လိုချင်ကြတာ မဟုတ်ပါဘူး။
ပန်းတိုင်ချမှတ်ခြင်းနဲ့ အကောင်အထည်ဖော်ခြင်းတို့ရဲ့ တွေးခေါ်ရှုမြင်ပုံအပိုင်းတွေက ဆက်နွှယ်နေပါတယ်။ ပထမဆုံးလုပ်ရမှာကတော့ ယုံကြည်ဖို့ပါပဲ။ ကျွန်မတို့အများစု ပြောကြတာက မျက်မြင်ဖြစ်မှ ယုံကြည်တယ်တဲ့။ အမှန်ကတော့ ယုံကြည်မှ မျက်မြင်ဖြစ်လာတာမျိုးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့အနေနဲ့ အရင်ဆုံးယုံကြည်ဖို့ လိုအပ်လို့ပါပဲ။ အနက်နဲဆုံး အသေးစိတ်စဉ်းစားကြည့်မယ်ဆိုရင် ကျွန်မတို့ဟာ စိတ်ထဲကနေ နှစ်နှစ်ကာကာ စတင်ယုံကြည်လိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်ထဲက အရာခပ်သိမ်းဟာ နိုးကြားလှုပ်ရှားပြီး ပြောင်းလဲလာပါတယ်။ အဲဒီနောက် စကြဝဠာကြီးထဲမှာ ပါဝင်တည်ရှိနေတဲ့သူတွေအားလုံးနဲ့ အရာခပ်သိမ်းဟာ ပြန်လည်စုစည်းသွားစေပါတယ်။ ကျွန်မတို့က ကျွန်မတို့ဖြစ်စေချင်တာတွေကို ရယူဖန်တီး အကောင်အထည်ဖော်နိုင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် ယုံကြည်လိုက်တာနဲ့ ဒါဟာ တာထွက်ကောင်းတဲ့ အခြေအနေမျိုး ဖြစ်သွားပါတယ်။ အကြောင်းကတော့ ကိုယ်တိုင်တောင်မှ ယုံကြည်ချက်မရှိဘူးဆိုမှတော့ ကိုယ်လုပ်မယ့်ကိစ္စ အောင်မြင်ဖို့ဆိုတာ ဘယ်လိုလုပ်ပြီးဖြစ်နိုင်တော့မှာလဲ။ လုပ်နိုင်တယ်လို့ ယုံကြည်ပါ။ ယုံကြည်မှုဆိုတာဟာ ကျွန်မတို့ စိတ်ထဲမှာ အစဉ်မပြတ်ထည့်ထားတဲ့ အတွေးစတစ်ခုပါပဲ။
ကိုယ့်အနေနဲ့ ကိုယ်လိုချင်တာကို ရအောင်လုပ်နိုင်တယ်လို့ ဆုံးဖြတ်ထားရပါမယ်။ ဆုံးဖြတ်ပြီးပြီဆိုတာနဲ့ အနာဂတ်အတွက် စီစဉ်စရာရှိတာတွေ စီစဉ်ထားရပါမယ်။ အဲဒီနောက် လုပ်ပြီးပြီဆိုတာကို နားလည်ပါ။ ကိုယ်က ဘာကိုလုပ်ရမှန်းမသိဖြစ်နေတဲ့ အခြေအနေမျိုးမှာဆိုရင် လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့ အတွေးနှစ်ခုစလုံးကို ပိုက်ထွေးထားရတာ ကိုယ့်ကို ပိုပြီး ဝန်ပိစေပါတယ်။ ဆုံးဖြတ်ချက်တစ်ခုကို ရေရေရာရာချမှတ်လိုက်ရင် ပိုပြီး ပေါ့ပါးသွားတာပေါ့။ ဒါကြောင့်မို့လို့ ယုံကြည်ချက်ထားပြီး ဆုံးဖြတ်ချက်ချလိုက်တာနဲ့ အရာခပ်သိမ်းက စတင်ပြောင်းလဲသွားပါတယ်။ နောက်တစ်ဆင့်လုပ်ရမှာကတော့ လုပ်ပြီးပြီဆိုတာကို သိဖို့ပါပဲ။ စိတ်ခွန်အားနယ်မြေထဲမှာ အဲဒါကို လုပ်ပြီးသွားပါပြီ။ အခု လက်တွေ့ဘဝမှာ အကောင်အထည်ပေါ်ဖို့ကတော့ ကိုယ့်အပေါ်မှာ မူတည်နေပါတယ်။ ဒါကတော့ ပန်းတိုင်ထားပြီဆိုရင် လက်တွေ့လုပ်ရမယ့်အပိုင်း၊ ကိုယ်လိုချင်တဲ့ပန်းတိုင်နဲ့ ကိုက်ညီတဲ့အလုပ်တွေ လုပ်ရမယ့်အပိုင်းပဲ ဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ စိတ်ကူးပုံဖော်ခြင်းဖြစ်စဉ်ပါ။
ကိုယ်က အိမ်တစ်လုံးကို ဝယ်ချင်နေတယ် ဆိုကြပါစို့။ ကိုယ်ဝယ်မယ့်အိမ်ကို တွေးကြည့်ပါ။ အိမ်တန်ဖိုးဘယ်လောက်ကျမှာလဲ၊ အိမ်ကဘယ်နားမှာဖြစ်မှာလဲဆိုတာတွေကို သိဖို့လိုမယ်။ အိမ်က တစ်ထပ်အိမ်လား၊ နှစ်ထပ်အိမ်လား၊ ပန်းခြံနဲ့ ရေကူးကန်ပါလား၊ ကမ်းခြေဘေးမှာလား၊ ဒါမှမဟုတ် မြို့ထဲမှာလား၊ အိမ်ထဲမှာ ဘယ်လိုပရိဘောဂတွေ ထည့်ထားမလဲ စတာတွေကို သိထားဖို့လိုပါတယ်။ ဒါက ကိုယ်ကိုယ်တိုင် အမှန်တကယ် ထဲထဲဝင်ဝင် မြင်ယောင်ကြည့်တဲ့ အခြေအနေပါ။ အင်မတန် သတိကပ်ပြီး လုပ်တဲ့အလုပ်မျိုးပေါ့။ အကုန်လုံးကို စိတ်ကူးပုံဖော်ကြည့်ပြီးပြီဆိုရင် နောက်တစ်ဆင့်ကို ဆက်ပါ။ နောက်တစ်ဆင့်ကတော့ အမှန်တကယ်ခံစားဖို့ပါ။ ကိုယ် ဘယ်လိုခံစားရလဲ။ အခု ကိုယ် ဒီအိမ်ထဲမှာ ရှိနေတဲ့အချိန် ဘယ်လိုခံစားရလဲ။ ကိုယ့်အိမ်လို့ ယူဆပြီးပြီ။ ကိုယ်ဒီအိမ်ကို ဝယ်နိုင်တယ်လို့ ဆုံးဖြတ်ချက်ချပြီးပြီ။ ကိုယ့်အနေနဲ့လည်း စိတ်ခွန်အားနယ်မြေထဲမှာ လုပ်ဆောင်ပြီးမြောက်ပြီးပြီဆိုတာ သိပြီ။
နောက်တစ်ဆင့်ကတော့ အမှန်တကယ်ခံစားဖို့ပါပဲ။ ကိုယ်အကောင်အထည်ဖော်ရယူတော့မယ့် ဒီအိမ်ထဲမှာ ရောက်နေပြီဖြစ်တဲ့ ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်ပါ။ ဘယ်လိုခံစားရလဲ။ ကိုယ့်စိတ်ထဲမှာ ခံစားနေရတာကို သတိထားကြည့်ပါ။ ဘာလို့လဲဆိုတော့ အဲဒါက ကိုယ့်အိပ်မက်တွေ ဖြစ်လာဖို့အတွက် ပေါင်းစည်းလုပ်ဆောင်ဖို့ လိုအပ်သမျှကို နှိုးဆော်အသက်သွင်းပေးတော့မှာ ဖြစ်လို့ပါပဲ။ အဲဒီနောက်မှာ ဒီအပိုင်းကို ကိုယ် တကယ်လုပ်ချင်တာ ဟုတ်မဟုတ် သေချာအောင်ဆန်းစစ်ဖို့ လိုပါတယ်။ ဒီနေရာက အဓိကသော့ချက်ပါပဲ။ လူအများစုက “ငါ ဒါလိုချင်တယ်”၊ “အများကြီးလိုချင်တယ်”၊ “သက်ထက်ဆုံးချစ်ရမယ့်သူ ရှာတွေ့ချင်ပြီ” ဆိုပြီး ပြောကြတယ်။ ဒါပေမဲ့ အဲဒီအတွက် ကိုယ်လုပ်စရာရှိတာကိုယ်လုပ်ဖို့ရော ဆန္ဒရှိရဲ့လား။ ဘာလို့လဲဆိုတော့ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်ရတယ်ဆိုတာ ပန်းခင်းလမ်းချည်းပဲသက်သက် မဟုတ်ဘူး။ ကိုယ်ဝါသနာပါတဲ့အရာကို လုပ်ရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ ကိုယ်ဝါသနာပါတဲ့အတိုင်း လိုက်လုပ်တဲ့အခါ လမ်းတစ်လျှောက်မှာ ကြုံတွေ့နိုင်တဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ကိုယ့်အနေနဲ့ ရင်ဆိုင်ချင်စိတ်ရှိနေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ထိုက်တန်လို့ပါ။ ကိုယ့်အတွက် ရင်ဆိုင်ဖို့ ထိုက်တန်လို့ပါ။ ကိုယ်က အဲဒါကို တကယ်လိုချင်တာဖြစ်လို့ပါ။ လူတွေမေးကြတဲ့ နောက်ထပ်မေးခွန်းတစ်ခုကတော့ “အိမ်ပိုင်ရှိအောင် ဘယ်လိုလုပ်ရမှာလဲ” ဒါမှမဟုတ် “အိမ်ဝယ်နိုင်အောင် ဘယ်လိုလုပ်ရမှာလဲ” ဆိုတာတွေပါ။ အဲဒီ “ဘယ်လို” ဆိုတာက အရေးမကြီးပါဘူး။ “ဘာ”ကို လုပ်မယ်နဲ့ “ဘာကြောင့်” လုပ်မယ်ဆိုတာက အရေးကြီးတာ ဖြစ်ပါတယ်။ ကိုယ့်အနေနဲ့ ဘာကြောင့် အဲဒါကိုလိုချင်တယ်ဆိုတာ သိရပါမယ်။ ဘာကြောင့် ရယူချင်တာလဲ။ ဘာကို ရယူချင်တာလဲ။ ဘာကြောင့် အဲဒါကို ရယူဖန်တီးချင်ရတာလဲ။ ကိုယ်ဖန်တီးချင်တဲ့အရာက ဘာလဲ။ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်းသိပြီးတော့ စိတ်ခွန်အားအပိုင်းနဲ့ တွေးခေါ်ရှုမြင်ပုံအပိုင်းရဲ့ ပထမနှစ်ဆင့်ကို လုပ်ပြီးပြီဆိုတာနဲ့ “ဘယ်လို” ဆိုတာ ထွက်ပေါ်လာပါလိမ့်မယ်။ ကိုယ်နဲ့ ကော်ဖီဆိုင်တစ်ဆိုင်မှာ မထင်မှတ်ဘဲတွေ့ခဲ့တဲ့သူက ကိုယ့်ကိုလမ်းညွှန်ပေးနိုင်သလို ကိုယ့်သူငယ်ချင်းကလည်း လမ်းညွန်ပေးနိုင်ပါတယ်။ လမ်းညွှန်မှုဆိုတာ ကိုယ့်ရဲ့ စိတ်ဝိညာဉ်ဆီက၊ ဘုရားသခင်ဆီက၊ ရင်းမြစ်တစ်ခုခုက၊ ကံကြမ္မာဆီကနေ လာနိုင်ပါတယ်။ ဘယ်ကလာတယ်ဆိုတာ အရေးမကြီးပါဘူး။ လမ်းညွှန်မှုတွေ ရောက်ကိုရောက်လာပါလိမ့်မယ်။ ကျွန်မတို့ လုပ်ရမယ့်အလုပ်က “ဘာ” ကိုလုပ်မယ်နဲ့ “ဘာကြောင့်” လုပ်မယ်ဆိုတာနဲ့ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းသိဖို့ပဲဖြစ်ပြီး “ဘယ်လို” လုပ်မယ်ဆိုတာက နောက်မှ သိလာပါလိမ့်မယ်။ ကိုယ်လုပ်မယ့်အရာကို စိတ်ချမယ်၊ ယုံကြည်ချက်ရှိမယ်ဆိုရင် အဲဒီအရာက ဖြစ်ကိုဖြစ်လာပါလိမ့်မယ်။
နောက်ထပ် ကျွန်မပြောပြချင်တဲ့ အကြောင်းအရာကတော့ ပန်းတိုင်ထားတာနဲ့ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးပြောဆိုကြတဲ့အခါ ကျွန်မတို့ အမှန်တကယ်မလိုချင်တဲ့ ပန်းတိုင်တွေကို ချရေးကြပါတယ်။ ဘာလို့အဲဒါတွေကို ချရေးတာလဲဆိုတော့ ကျွန်မတို့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့လူတိုင်းမှာ အဲဒီအရာတွေ ရှိနေကြတယ်၊ ကျွန်မတို့အနေနဲ့ အဲဒီအရာကို လက်လွှတ်ဆုံးရှုံးရမှာ ကြောက်ကြတယ် ဒါမှမဟုတ် ကျွန်မတို့မှာ အဲဒီအရာ ရှိကိုရှိသင့်တယ်လို့ ခံစားကြရတယ် ဒါမှမဟုတ် ကျွန်မတို့ရဲ့ဘဝမှာ ဒီဟာကိုဖြစ်ချင်ရမယ်၊ ဒီလိုမျိုး ဖြစ်ချင်ရမယ် စသဖြင့်အပြောခံပြီးတော့ ကြီးပြင်းလာခဲ့ကြရလို့ ဖြစ်ပါတယ်။ ကိုယ်က အဲလိုတွေးပြီး “လုပ်သင့်” တဲ့ အရာတွေအပေါ် အခြေတည်ပြီးတော့ အကောင်အထည်ဖော်တဲ့အခါ ကိုယ်အကောင်အထည်ဖော်တဲ့အရာက ဖြစ်လာမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့ဖြစ်မလာတာလဲဆိုတော့ ကိုယ့်ရဲ့အသွေးအသားထဲထိ ထဲထဲဝင်ဝင် စူးစမ်းကြည့်တဲ့အခါ အမှန်တကယ်မှာ ကိုယ်အဲလောက်ထိ အသည်းအသန်လိုချင်နေတဲ့အရာ မဟုတ်လို့ပါ။ တကယ်လိုချင်နေတာ မဟုတ်ပါဘူး။ ဒီနေရာမှာ ကိုယ့်ကိုယ်ကိုယ်မေးရမယ့် မေးခွန်းကတော့ တကယ်ကို ရိုးရှင်းပါတယ်။ ကိုယ် အဲဒါကို လိုချင်ပါသလား။ အမှန်တကယ် လိုချင်တာ ဟုတ်ပါသလား။ တစ်ခါတလေကျရင်တော့ ရှိထားတာကောင်းပေမဲ့ ကျွန်မတို့ တကယ်လိုချင်တာမျိုး မဟုတ်ပါဘူး။ လိုချင်စိတ်ဆိုတာဟာ ထည့်သွင်းစဉ်းစားရမယ့် အလွန်ပြင်းပြတဲ့ စွမ်းအားတစ်မျိုးဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ လိုချင်စိတ်ကပဲ အံ့ဖွယ်စွမ်းအားတွေကို ကျွန်မတို့ရဲ့ဖြစ်တည်မှုထဲမှာ ဖန်တီးပေးပြီး ဒီစွမ်းအားတွေက ကျွန်မတို့လိုချင်တဲ့ အရာတွေကို လက်တွေ့ဘဝမှာရလာအောင် ညှို့ငင်ဆွဲဆောင်ပေးပါတယ်။ ကိုယ်လိုချင်တဲ့အရာတစ်ခုက မကောင်းပါဘူးလို့ ကိုယ်တိုင်တောင်မှထင်နေရင် အဲဒီအရာကို ဘယ်လိုလုပ်ရနိုင်တော့မှာလဲ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ပါ။ ကိုယ်တကယ်လိုချင်တာ ဟုတ်ရဲ့လား။
ကိုယ်လိုချင်တဲ့အရာက ကိုယ့်ဆီမှာရှိမနေဘူးဆိုရင် ဘယ်လိုအတားအဆီးတွေကြောင့်လဲ။ ပုံမှန်အားဖြင့်တော့ ယုံကြည်ချက်ကြောင့်ပါ။ ကျွန်မတို့နဲ့အတူ ကြီးပြင်းလာတဲ့သူတစ်ယောက်ယောက် ဒါမှမဟုတ်ရင် ကျွန်မတို့ရဲ့ ဘေးပတ်ဝန်းကျင်မှာရှိတဲ့လူတွေဆီကနေ ကျွန်မတို့ကိုယ်တိုင် ကူးယူပြီး ကိုယ့်စိတ်ထဲကိုယ် ရိုက်သွင်းထားတဲ့ တန်ဖိုးတစ်စုံတစ်ရာဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ ပန်းတိုင်တွေကို စတင်ချမှတ်တဲ့အခါ၊ နောက်နှစ်ထဲမှာ ကိုယ်က ဝိတ် ၁၀ ကီလို ချချင်တယ်ဆိုကြပါစို့။ အဲဒါဟာ ကိုယ်အစွမ်းကုန်ကြိုးပမ်းပြီးမှ အရယူနိုင်မယ့် ပန်းတိုင်ရော ဟုတ်ရဲ့လားဆိုပြီး ကိုယ့်ကိုယ်ကိုယ်သုံးသပ်ကြည့်ပါ။ ကိုယ်အလွယ်တကူလုပ်နိုင်တဲ့အရာမျိုး ဖြစ်နေလား။ လွယ်ကူနေမှတော့ ဘာလို့ ပန်းတိုင်ချနေဦးမှာလဲ။ ကိုယ့်အတွက် သက်တောင့်သက်သာရှိတဲ့ အခြေအနေထဲမှာပဲ နေနေတဲ့အတွက် ကိုယ်က ဘယ်တော့မှ အစွမ်းကုန်ကြိုးပမ်းပြီး လုပ်မှာမဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ ကျွန်မတို့အနေနဲ့ ပန်းတိုင်တွေချမှတ်တဲ့အခါ ကျွန်မတို့အနေနဲ့ အစွမ်းကုန်ကြိုးစားပြီးလုပ်ရမယ့် ပန်းတိုင်တွေကို ချမှတ်ရပါမယ်။ ဒါပေမဲ့ အဲဒီပန်းတိုင်က အရမ်းအလှမ်းဝေးနေလားဆိုတာကိုလည်း စစ်ဆေးဖို့လိုပါတယ်။ ဆိုကြပါစို့။ အခုအချိန်မှာ ကိုယ်က တစ်လဝင်ငွေ ဒေါ်လာ ၂,၀၀၀ ရှိတယ်။ ကိုယ့်ပန်းတိုင်က နောက်နှစ်မှာ ဒေါ်လာတစ်သန်း ဝင်ငွေရဖို့။ အခြေခံအားဖြင့်တော့ အလုပ်ဖြစ်နိုင်တယ်။ ကိုယ် ဖြစ်အောင်လုပ်နိုင်တယ်။ ဒါပေမဲ့ ဖြစ်မလာဘူးဆိုရင် ကွင်းဆက်လွတ်နေတဲ့ နေရာရှိနေပြီ။ ဘာကြောင့်လဲဆိုတော့ ဒီဖြစ်စဉ်မှာ ကိုယ့်ကိုယ်ကိုယ် ထည့်မတွက်မိလို့ပဲ ဖြစ်ပါတယ်။ အခုက တစ်လကို ဒေါ်လာ ၂,၀၀၀ ကနေ ဒေါ်လာတစ်သန်းဖြစ်အောင်လုပ်ဖို့ဆိုတော့ တွေးမိမှာ သေချာပေါက်ပဲလေ။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ပေါ့။ ကိုယ်က တစ်လကို ဒေါ်လာ ၂,၀၀၀ ဝင်ငွေရှိပြီး ကိုယ့်ပန်းတိုင်က တစ်လကို ဒေါ်လာ ၂၀,၀၀၀ ဆိုရင် ဒါဟာ ကိုယ်အစွမ်းကုန်ကြိုးပမ်းပြီး လုပ်ရမယ့်အရာဖြစ်တယ်။ လုံးဝဖြစ်နိုင်သလို ကိုယ်ကိုယ်တိုင်ကလည်း ယုံကြည်ချက်ထားလို့ရပါတယ်။ ကျွန်မပြောခဲ့သလိုပဲ ယုံကြည်မှုဆိုတာ ကိုယ့်စိတ်ထဲ အစဉ်မပြတ်ထည့်ထားတဲ့ အတွေးစပဲလေ။ ဒါကြောင့် ကိုယ်က တစ်လကို တကယ်ပဲ ဝင်ငွေ ၂၀,၀၀၀ ရအောင်လုပ်နိုင်တယ်လို့ စတွေးဖို့ ကိုယ့်ကိုယ်ကိုယ် စလေ့ကျင့်ပေးလိုက်ပြီဆိုရင် လုံးဝဖြစ်နိုင်သွားပါတယ်။ ကျွန်မတို့တွေဟာ လှေကားထစ်လို အဆင့်ဆင့်သွားကြရပါတယ်။ ပထမအဆင့်အနေနဲ့ ဒေါ်လာ ၂,၀၀၀ ကနေ ဒေါ်လာ ၂၀,၀၀၀ ရအောင် လုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့ အခြေအနေရောက်အောင် လုပ်ရပါမယ်။ ငါ ဒါကို ဖြစ်အောင်လုပ်နိုင်တယ်လို့ ငါယုံတယ်။ ငါက အဲဒါကို ရဖို့ထိုက်သင့်တယ်။ ငါနဲ့ ထိုက်တန်တယ်။ ငါလုပ်စရာရှိတာကို လုပ်ချင်စိတ်လည်းရှိတယ်။ ဒီအဆင့်ထိ ကိုယ့်ကိုယ်ကိုယ် တကယ်ဆွဲခေါ်သွားနိုင်ပြီဆိုတာနဲ့ ကိုယ့်ကိုယ်ကိုယ် အစွမ်းကုန်ကြိုးပမ်းဖို့ ထပ်ပြီးနှိုးဆော်ရပါတယ်။ ပြီးရင် နောက်တစ်ဆင့်ကိုလုပ်ပါ။
ရည်ရွယ်ချက်ဆိုတာ အခြေခံအားဖြင့် ကိုယ့်အနေနဲ့ တစ်စုံတစ်ရာကို ပြုလုပ်ရတဲ့ အကြောင်းရင်းပဲဖြစ်ပါတယ်။ ဆိုလိုတာက ကိုယ်လုပ်တဲ့အရာကို ဘာကြောင့်လုပ်ရတာလဲဆိုတာမျိုးပေါ့။ ကျွန်မတို့အများစုဟာ ရည်ရွယ်ချက်တွေကို ရှာဖွေရင်းနဲ့ အလုပ်ရှုပ်နေတတ်ကြပါတယ်။ ကိုယ့်ရည်ရွယ်ချက်က ကိုယ့်ဘဝ ဘယ်အခြေအနေကို ရောက်နေပြီလဲဆိုတဲ့အပေါ်မူတည်ပြီး ပြောင်းလဲတတ်ပါတယ်။ ကိုယ့်ရည်ရွယ်ချက်က ကိုယ့်ရဲ့အကြောင်းရင်းဖြစ်ပြီး ရည်မှန်းချက်ကတော့ ကိုယ့်ရဲ့မဟာဗျူဟာပဲ ဖြစ်ပါတယ်။ ကိုယ့်ရည်မှန်းချက်က ကိုယ်လှမ်းချီဖို့လိုတဲ့နေရာ၊ ကိုယ့်ကိုယ်ကိုယ် ရောက်စေလိုတဲ့ နေရာပဲဖြစ်ပါတယ်။ ပန်းတိုင်တွေကတော့ ကိုယ်လုပ်ဆောင်ရမယ့် ခြေလှမ်းအဆင့်တွေပေါ့။ ကိုယ့်ရည်ရွယ်ချက်ကို ချမှတ်တဲ့အခါ အများကြီးမတွေးပါနဲ့။ အများကြီးစတွေးလာတာကြောင့် ကိုယ့်ရဲ့ဝေဖန်ဆန်းစစ်တတ်တဲ့စိတ်က ကိုယ့်ကိုအမှန်တကယ် လွှမ်းမိုးသွားပါတယ်။ ယုံကြည်ခြင်းက မျက်မြင်ဖြစ်ခြင်းဖြစ်တယ်လို့ပြောလိုက်တဲ့အခါ ကျွန်မတို့ဟာ အကောင်အထည်ပေါ်မလာသေးတဲ့ တစ်စုံတစ်ရာကို အမှန်တကယ် စတင်ယုံကြည်လာကြပါတယ်။ ယုံကြည်ပြီးတော့ စိတ်ခွန်အားနယ်မြေထဲမှာ အကောင်အထည်ဖော်လိုက်တာနဲ့ လက်တွေ့ဘဝမှာပါ အကောင်အထည်ပေါ်လာပါလိမ့်မယ်။ ကျွန်မတို့ နေ့စဉ်မှတ်တမ်းရေးတဲ့အခါမှာလည်း ဒီအတိုင်းပါပဲ။ တွေးမနေပဲနဲ့ ကိုယ့်လက်ကရေးတဲ့နောက်ကိုသာ လိုက်သွားပါ။ တစ်ခါတလေ ကျွန်မရဲ့နေ့စဉ်မှတ်တမ်းထဲမှာ ရေးထားတာတွေကို ကျွန်မကြည့်တယ်၊ ပြီးရင် အဲဒါကိုပြန်ဖတ်တယ်။ အဲဒီအချိန်မှာ “ငါဒါကိုရေးခဲ့တာလား” ဆိုပြီး ဖြစ်သွားတယ်။ ဘာဖြစ်သွားတာလဲဆိုတော့ ကိုယ်က ကိုယ့်ရဲ့ Highest Self (အမြင့်မားဆုံးသဏ္ဍာန်) နဲ့ တိုက်ရိုက်ဆက်သွယ်လိုက်နိုင်ပြီး ဆန္ဒတွေပြည့်လာတာပါ။ ကိုယ့်အနေနဲ့ ဘာလုပ်ဖို့လိုလဲဆိုတော့ ကိုယ့်ဘဝအတွက် ပိုကြီးမားတဲ့ရည်ရွယ်ချက်ကိုသာ ချရေးလိုက်တာပဲဖြစ်ပါတယ်။ ဒီဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ရည်ရွယ်ချက်ကဘာလဲ။ ကိုယ် ဒီကမ္ဘာကြီးပေါ်မှာ ရှိနေရတဲ့ အကြောင်းရင်းကဘာလဲ။ ကိုယ်က ဒီကမ္ဘာပေါ်မှာ တည်ရှိဖို့တစ်ခုတည်းအတွက်၊ နေရာယူဖို့တစ်ခုတည်းအတွက် ရောက်နေတာမဟုတ်ပါဘူး။ ကျွန်မတို့အားလုံးက ဒီကမ္ဘာပေါ်မှာ အကြောင်းရင်းတစ်ခုခုကြောင့် နေထိုင်ရှင်သန်နေကြတဲ့သူတွေပဲဖြစ်ပါတယ်။ နောက်လာမယ့် ၁၂ လမှာ ကိုယ့်ကိုယ်ကိုယ် ဘယ်အနေအထားလောက်မှာ ရောက်နေမယ်ထင်ပါသလဲ။ ကိုယ်တိုင် အစွမ်းကုန်ကြိုးပမ်းပြီးတော့ နောက် ၃ နှစ်အတွင်း ကိုယ်ဘယ်အနေအထားမှာရှိနေမလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ကိုယ့်ရဲ့အလုပ်နဲ့ပတ်သက်တာဖြစ်ဖြစ် မိသားစုနဲ့ပတ်သက်တာဖြစ်ဖြစ် ငွေရေးကြေးရေးနဲ့ပတ်သက်တာဖြစ်ဖြစ် အရေးမကြီးပါဘူး။ ကျွန်မတို့တစ်တွေဟာ ကိုယ့်ကိုယ်ကို အမြဲတမ်းပြုပြင်ပြောင်းလဲနေပြီး တိုးတက်မှုရှိအောင် ပြင်ဆင်နေရပါမယ်။
ကိုယ့်အနေနဲ့ အဲဒါကို အမှန်တကယ်ရုပ်လုံးပေါ်အောင် လုပ်ဖို့အတွက် လာမယ့်လအနည်းငယ်မှာ လုပ်ရမယ့် နောက်တစ်ဆင့်ကတော့ နောက်သုံးနှစ်က ကိုယ့်ကိုယ်ကိုယ် စဉ်းစားကြည့်ပါ။ ကိုယ် ဘယ်သူဖြစ်လာပြီလဲ။ နောက်သုံးနှစ်မှာဖြစ်လာမယ့် ကိုယ့်ကိုယ်ကိုယ်တွေးကြည့်လိုက်ရင် ကိုယ်အခုဖြစ်နေတာနဲ့ မတူကွဲပြားတဲ့သူဖြစ်သွားပါပြီ။ တွေးခေါ်ပုံတွေ မတူတော့ဘူး။ လျှောက်လှမ်းပုံတွေ မတူတော့ဘူး။ ကိုယ်က အခုနဲ့မတူတော့တဲ့ ဖြစ်တည်မှုတစ်ခုထဲကို ရောက်သွားပါတယ်။ နောက်ပြီး ဘာလုပ်လဲဆိုတော့ ဖြစ်ပျက်ခဲ့တာတွေကို ပြန်ပြောင်းသုံးသပ်ကြည့်တယ်။ ကျွန်မတို့ လုပ်လက်စတွေ အရှိန်ပျက်ပြီး ဆက်မလုပ်ဖြစ်တော့တဲ့ အကြောင်းရင်းတွေထဲကတစ်ချက်ကတော့ အလွန်ကြီးမားပြီး အစွမ်းကုန်ကြိုးပမ်းတာတောင် မဖြစ်နိုင်တဲ့ ပန်းတိုင်တွေနဲ့ မျှော်မှန်းချက်တွေကို ချမှတ်ထားခဲ့ကြလို့ပါပဲ။ လိုက်နာလုပ်ဆောင်ဖို့အတွက် ကျွန်မတို့နဲ့ တစ်ကိုယ်ရေကိုက်ညီတဲ့အရာတွေမရှိကြလို့ပါ။ ရည်မှန်းချက်တစ်ခုချင်းစီကို အထောက်အပံ့ဖြစ်စေဖို့အတွက် ကိုယ်လုပ်ဖို့လိုတဲ့ အရာ သုံးခုကနေ ငါးခုအထိ စဉ်းစားကြည့်ပါ။ အခုဆိုရင် ကိုယ်က ခွဲခြမ်းစိတ်ဖြာပြီးဖြစ်တဲ့အတွက် အဲဒီအရာကို လုပ်တဲ့အခါ ကိုယ့်အတွက် လွယ်ကူသွားပါလိမ့်မယ်။ အလွန်အကျွံမလုပ်ပါနဲ့။ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးပါနဲ့။ တစ်ခုခုကို စဉ်းစားပါ။ ကိုယ့်ဦးနှောက်ကို အစွမ်းကုန်အသုံးချပြီး လာမယ့်လအနည်းငယ်အတွင်း တောက်လျှောက် ပြင်ဆင်မွမ်းမံနေလိုက်ပါ။
XO,
Arabelle