BHP25 - Solo

The Power of Letting Go

Listen now:

As we move through life, we put on so much baggage. Some of this may be unnecessary. Some just weigh us down. It can be people, things, ideologies, stories, or beliefs that we’ve been holding on to for a long time that actually may no longer be serving us or our highest purpose. These attachments are burdening us over time. When we let go, make space, we give more room for the bigger things, greater things to come into our life.

Do an audit in your life. Tune into yourself and to what surrounds you. Release what holds you back from growth, from expansion, and from you accessing your unimaginable potential.

Timestamps

00:35 The baggage you carry in life

02:49 The human ecosystem

04:41 It’s time to do an audit in your life

06:50 Unlocking another level of transformation

08:42 Gratitude. integration, and embodiment

11:30 Letting go of attachments

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

မင်္ဂလာပါ။ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။

ဒီနေ့မှာတော့ လုပ်ခိုင်းချင်တာလေး နည်းနည်းရှိပါတယ်။ မျက်စိမှိတ်လိုက်ပါ။ အခု မြင်ယောင်ကြည့်၊ ကိုယ့်မှာ ခြင်းတစ်လုံးပဲရှိတယ်လို့ မြင်ယောင်ကြည့်။ ဒီလောကကြီးမှာ မွေးဖွားလာတုန်းက ခြင်းတစ်လုံးပါတယ်။ ဘဝတစ်လျှောက်လုံးလည်း ခြင်းဆိုလို့ ဒီတစ်လုံးပဲရှိမယ်။ မွေးကတည်းက ဒီခြင်းထဲကို ပစ္စည်းတွေ ထည့်လာလိုက်တာ အသက်ကြီးလာတာနဲ့အမျှ ခြင်းထဲမှာ ပစ္စည်းတွေ ပိုပိုပြီးများလာမှာပဲ။ ကိုယ့်အသက်က ၂၀၊ ၃၀ ပဲ ဖြစ်ဖြစ်၊ ၄၀၊ ၅၀၊ ၆၀ ပဲဖြစ်ဖြစ် ကိုယ်သယ်ထားရတဲ့ ပစ္စည်းတွေ ဘယ်လောက်များနေပြီလဲဆိုတာ မြင်ယောင်ကြည့်ပါ။ အဲဒီပစ္စည်းတွေကို ဝန်ထုပ် (baggage) လို့ ခေါ်ပါတယ်။

ကိုယ့်အသက် ၂ လတုန်းက ဝတ်ခဲ့တဲ့အဝတ်အစားတွေ အသက် ၆ လမှာ ဘယ်တော်ပါတော့မလဲ။ ဘာလုပ်လို့ရလဲ။ လက်လွှတ်လိုက်ဖို့ပဲ ရှိတာပေါ့။ ဘာလို့လဲဆိုရင် ကိုယ်နဲ့တော်မယ့် အဝတ်အစားသစ်တွေ ဝယ်ဖို့လိုတယ်လေ။

ကျွန်မတို့ရဲ့ ဘဝဟာလည်း ဒီ တင်စားပြောတဲ့ ဥပမာလိုပါပဲ။ ကိုယ့်အသက်က ၂၀၊ ၃၀ ပဲဖြစ်ဖြစ်၊ ၅၀၊ ၆၀ ပဲဖြစ်ဖြစ် တစ်ခါတလေ ဒီခြင်းထဲမှာ ပစ္စည်းပေါင်းစုံထည့်ထားချင်တဲ့စိတ်မျိုး ရှိတတ်ကြတယ်။ ကိုယ်ကိုယ်တိုင်တောင် သတိမမူမိဘဲ လုပ်ဖြစ်တာမျိုးပေါ့။ တချို့လူတွေဆိုရင် ထည့်လို့ရသမျှ အကုန်ထည့်ကြတာ၊ အဲလိုလူတချို့လည်း တွေ့ဖူးတယ်။ တချို့က အဝတ်အစားတွေ သိမ်းထားတယ်။ တချို့က စက္ကူပုံးတွေ သိမ်းထားတယ်။ အကြောင်းရင်းမေးရင်တော့ ငွေကုန်သက်သာအောင် လုပ်ကြတာပါပဲ။ ဒါပေမဲ့ မေးရမှာက ဒီပစ္စည်းတွေကို တကယ်ရော သုံးဖြစ်ရဲ့လား။ တကယ့်လက်တွေ့မှာတော့ စတိုခန်းမှာပဲဖြစ်ဖြစ် အဝတ်ဗီရိုမှာပဲဖြစ်ဖြစ် နေရာအများကြီးပေးလိုက်ရတာပဲ အဖတ်တင်ပါတယ်။ ဘဝမှာလည်း ဒီလိုပဲ။ ကိုယ့်ဘဝမှာ ပိုကောင်းတဲ့အရာတွေ၊ ကြီးမြတ်ခမ်းနားတဲ့အရာတွေ ရှိစေချင်တယ်ဆိုရင် ပစ္စည်းထပ်ထည့်လို့ရအောင် ကိုယ့်ရဲ့ခြင်းကို နည်းနည်းရှင်းထုတ်ပစ်ဖို့ လိုပါတယ်။ ကိုယ်တစ်ဘဝလုံး ထမ်းပိုးလာခဲ့တဲ့ ဝန်ထုပ်တွေရဲ့ ဖိစီးလေးလံမှုကို လွှတ်ချပစ်ဖို့ လိုပါတယ်။ ဒါမှ တကယ် ပေါ့ပါးလွတ်လပ်မှုကို ခံစားရမှာပေါ့။ ဒီနေ့ပြောတာကို နားထောင်ရင်း အဲဒီခြင်းကို မြင်ယောင်ပြီး စဉ်းစားကြည့်ပါ။
ကျွန်မတို့ လူတွေအားလုံးမှာ ကိုယ့်ကမ္ဘာနဲ့ကိုယ် ကျင်လည်တဲ့ အဝန်းအဝိုင်းလေးတွေ ရှိကြပါတယ်။ အဲဒီ အဝန်းအဝိုင်းထဲမှာ ကိုယ့်သူငယ်ချင်းတွေပါမယ်၊ ဘေးပတ်ဝန်းကျင်ကသူတွေ ပါမယ်၊ ကိုယ့်ရဲ့ စီးပွားရေးပါမယ်၊ ကိုယ်လုပ်တဲ့အလုပ် ပါမယ်၊ ကိုယ့်ကိုယ်ကိုယ် ခံယူထင်မြင်ထားတဲ့ ဖြစ်တည်မှုခံယူချက်တောင် ပါလို့ရသေးတယ်။ ကျွန်မတို့အားလုံးက ကိုယ့်ကိုယ်ကိုယ် အမေ၊ လုပ်ငန်းရှင်၊ ခေါင်းဆောင်၊ ညီအစ်မ၊ အလုပ်ကို ဖိဖိစီးစီးလုပ်တဲ့သူ၊ မဟုတ်လည်း ရဲစွမ်းသတ္တိရှိတဲ့သူ စတာမျိုးတွေ တစ်ခုခုတော့ တံဆိပ်ကပ်ထားကြတာပဲ။ ဒါပေမဲ့ တကယ် နောက်တစ်ဆင့်ကို တက်လှမ်းချင်တယ်၊ ဘဝဟောင်းကိုစွန့်ပြီး သိထားခဲ့သမျှတွေကို ပြန်ဖြေဖျောက်နှိုင်းဆတဲ့ လမ်းကိုလျှောက်ရင်း ရလာတဲ့ ဉာဏ်ပညာကို လက်တွေ့အသုံးချပြီး နေထိုင်ချင်တယ်ဆိုရင် ကျွန်မတို့ တကယ်လိုအပ်တာက တစ်ခါတလေမှာ ကိုယ့်ရဲ့ ဖြစ်တည်မှုအလွှာတချို့ကို ခွာချပစ်ဖို့ပါပဲ။ အရမ်းကို လေးလံတယ်လေ။ တကယ် ဆွဲဆုတ်ပစ်ဖို့၊ ခွာချပစ်ဖို့၊ လက်လွှတ်ပစ်ဖို့ဆိုတာ၊ အထူးသဖြင့် ကိုယ့်ရဲ့ Personal Identity (ပုဂ္ဂလဖြစ်တည်မှုခံယူချက်ကို) ခွာချပစ်ဖို့ဆိုတာ အရမ်းကို ခက်ခဲတဲ့အလုပ်ပါ။

နောက်ကို တစ်လှမ်းဆုတ်၊ ကိုယ့်ကိုယ်ကိုယ် စေ့စေ့ငုငုကြည့်ပြီး “ဒီဂျာကင်က နည်းနည်းတောင် စုတ်နေပြီ။ ဝတ်တာလည်း ၃၄ နှစ် ရှိပြီကိုး။ ဆက်မဝတ်တော့တာ ပိုကောင်းမယ်ဆိုတော့ ထားလိုက်ပါတော့မယ်” လို့ မြင်အောင်ကြည့်နိုင်ဖို့ပါပဲ။ ကိုယ့်ရဲ့ အဝန်းအဝိုင်းကိုလည်း ဒီလိုပဲ ပြန်ကြည့်ရအောင်။ ကိုယ့်ကိုယ်ကိုယ် ကြည့်သလို အဲဒီ အဝန်းအဝိုင်းထဲမှာ ကိုယ်က ဘယ်လိုလူလဲဆိုတာကိုလည်း ကြည့်ရပါမယ်။ သူငယ်ချင်းတွေကနေ စလိုက်ရအောင်။ ကိုယ့်မှာ သူငယ်ချင်းတစ်ဖွဲ့တော့ ရှိမှာပဲ။ လူတစ်ယောက်ကို ဆုံးဖြတ်ချင်ရင် သူ့ဘေးမှာရှိတဲ့လူ ၅ ယောက်ကိုကြည့်ပြီး ဆုံးဖြတ်လို့ရပါတယ်။ ကိုယ့်ဘေးမှာရှိတဲ့ သူငယ်ချင်းတွေနဲ့ စိတ်ဝင်စားတာတွေ တူမယ်၊ စကားပြောဆိုရတာတွေ အစပ်အဟပ်တည့်မယ်၊ ဘဝပေး အခြေအနေတွေလည်း ဆင်တူနိုင်တယ်ပေါ့။ လူတွေအားလုံးက တစ်ယောက်နဲ့တစ်ယောက် တည်ငြိမ်နေအောင် ဖေးမ နေထိုင်နေကြတာပါ။ ဒါကြောင့်ပဲ ကော်ဖီဆိုင်မှာထိုင်ပြီး စကားပြောရင် စိတ်ပါလက်ပါနှစ်ပြီး ပြောလို့ရတာပေါ့။ အကြောင်းကတော့ ပြောနေတဲ့သူတွေက ကြိမ်နှုန်းတစ်ခုမှာ တူညီခံစားပြီး ပြောနေကြလို့ပါပဲ။
ကိုယ့်ဘဝကိုယ် စာရင်းစစ်တယ်လို့ တွေးလို့လည်းရပါတယ်။ ဒီလိုစာရင်းစစ်တဲ့အခါ သူငယ်ချင်းတွေကိုတင် မဟုတ်ဘူး၊ ကိုယ့်ရဲ့ လက်တွဲဖော်ပါမယ်၊ မိသားစုဝင်တွေ ပါမယ်၊ ဆွေမျိုးသားချင်းတွေတောင် ပါနိုင်သေးတယ်။ တစ်ခါတလေ ဘဝမှာ “ငါက တခြားသူအနေနဲ့ မွေးလာရင်ကောင်းမယ်” တို့၊ “ကိုယ့်ဘဝကိုယ် တကယ် လုံးဝပုံစံပြောင်းပစ်ချင်ပြီ” တို့၊ “ငါ အသင့်ဖြစ်နေပြီ” တို့ တွေးမိကြတတ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အသွင်ပြောင်းလဲတဲ့လမ်းကို မြဲမြဲမြံမြံလျှောက်ရင် မကြာခင်မှာပဲ မလွှဲမရှောင်သာ ကြုံလာရမယ့် ဆုံးဖြတ်ချက်တစ်ခုက ကိုယ့်အတွက် အသုံးမတည့်တော့တဲ့ အရာတွေအများကြီး၊ လူတွေအများကြီး၊ အတွေးအမြင်တွေ အများကြီးကို လွှတ်ချလိုက်ဖို့ပါပဲ။

ကျွန်မတို့ရဲ့ ဘေးပတ်ဝန်းကျင်မှာ အရာပေါင်းမြောက်များစွာ ရှိပါတယ်။ အရာတွေဆိုတာထက် ပိုတာပေါ့။ တချို့အရာတွေက ကျွန်မတို့ကို၊ တွေးမြင်ခံယူချက်တွေကို ကိုယ်စားပြုနေတာပါ။ ဥပမာပြောရရင် ကျွန်မ အခုလုပ်နေတဲ့ စီးပွားရေးက ကျွန်မအတွက်တော့ စီးပွားရေးဆိုတာထက် အများကြီးပိုပြီး အဓိပ္ပါယ်ရှိပါတယ်။ လူတွေကို အသွင်ပြောင်းလဲပေးဖို့ဖြစ်သလို ကျွန်မကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆောက်တည်ဖို့ဆိုလည်း မှန်ပါတယ်။ ကျွန်မရဲ့ စီးပွားရေးကြောင့် ကျွန်မကိုယ်တိုင်ဟာ အသွင်ပြောင်းလဲနိုင်ခဲ့တာပါ။ တွေးမြင်ခံယူချက်တွေ၊ အရာတွေဟာ လူ့စိတ်ထဲမှာ အမြစ်စွဲတတ်ပါတယ်။

ကျွန်မ တစ်ခုပြောပြမယ်။ စီမံကိန်းတွေ စီမံချက်တွေ ရေးဆွဲဖန်တီးဖို့ ရက်သတ္တပတ်တွေချီ၊ လတွေချီပြီး အလုပ်လုပ်ခဲ့ဖူးတယ်။ ပြီးတော့လည်း ဘာမှမဟုတ်သလို အကုန်လုံးကို လွှတ်ချပစ်ခဲ့ရတာပဲ။ လွယ်တယ်ထင်လား။ လုံးဝ မလွယ်ဘူး။ ကိုယ် သွေးနဲ့၊ ချွေးနဲ့၊ မျက်ရည်တွေနဲ့ရင်းပြီး တည်ဆောက်ခဲ့ရတဲ့ အရာတစ်ခုကို လက်မလွှတ်ချင်စိတ်ကြောင့် ဆုံးဖြတ်ချက်ချရမယ့်အချိန်ရောက်တော့ အရမ်းခက်ခဲခဲ့တယ်။ ဒီလို လက်မလွှတ်ချင်ရတဲ့ အကြောင်းရင်းကတော့ ကျွန်မတို့ဟာ အရာတွေမှာ အဓိပ္ပါယ်ရှိတယ်ဆိုပြီး တံဆိပ်ကပ်ပေးလိုက်လို့ပါပဲ။ လက်လွှတ်တယ်ဆိုတာ ကိုယ့်ဘဝကိုယ် စာရင်းစစ်တာပါပဲ။ ကိုယ့်ရဲ့ တစ်ကိုယ်ရေ ဖွံ့ဖြိုးမှုရှိဖို့၊ ဝိညာဉ်ရေးရာ ဖွံ့ဖြိုးမှုရှိဖို့၊ မဟုတ်လည်း ကိုယ်ဆန္ဒရှိတဲ့နယ်ပယ်မှာ ဖွံ့ဖြိုးမှုရှိဖို့အတွက် သူငယ်ချင်းတွေက တကယ်ရော အသုံးတည့်ရဲ့လား။ မိသားစုကရော။ မိသားစုဆိုတဲ့အတိုင်းပဲ သူတို့နဲ့ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်ရတာ အရမ်းခက်ပါတယ်။ ပြီးတော့ မိသားစုဝင်တွေကို စွန့်လွှတ်ပစ်ဖို့ မလိုပါဘူး။ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် မတူတဲ့ရှုထောင့်ကနေ စေ့စေ့ငုငု သုံးသပ်လို့ရအောင် နောက်ကို ခြေတစ်လှမ်းဆုတ်၊ ပြီးမှ ဒီအဝန်းအဝိုင်းထဲ ပြန်ဝင်လာဖို့ ပြောတာပါ။

ဒီ အသွင်ပြောင်းလဲခြင်းလမ်းကိုလျှောက်ရင် တစ်ခါတလေမှာ ကိုယ့်ရဲ့ သာမန်ဘဝ (Ordinary World) ကနေ ချိုးဖောက်ပြီး ထွက်ရပါတယ်။ သာမန်ဘဝဆိုတာ ကျွန်မတို့ အခုလက်ရှိ နေထိုင်နေတဲ့ကမ္ဘာပေါ့။ ပြီးရင် ဘယ်ဆီဘယ်ဝယ် ကြိုမမြင်နိုင်တဲ့ အသွင်ပြောင်းလဲခြင်းလမ်းကို လျှောက်ရပါမယ်။ ဘာအစီအစဉ်မှ မရှိသလို နောက်တစ်လှမ်းအနေနဲ့ ဘာလုပ်ရမယ်လည်း မသိဘူး။ ဒါပေမဲ့ ယုံယုံကြည်ကြည်နဲ့ တိုးဝင်ပြီး လျှောက်ဖို့က အဓိကပါ။ အခုလိုလျှောက်ပြီဆိုတာနဲ့ စိန်ခေါ်မှုအကြီးကြီးတွေ၊ trigger တွေ (ကိုယ့်ကို စိတ်ခံစားမှု ပြင်းပြင်းထန်ထန်ဖြစ်စေမယ့် အရာတွေ) အများကြီးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ ဒီလိုကြုံလာပြီဆိုရင် ဆုံးဖြတ်ချက်တွေအများကြီး ချရမယ်၊ ခက်ခက်ခဲခဲ ရွေးချယ်ရတာတွေ ရှိလာမယ်၊ စိန်ခေါ်မှုတွေ ပြည့်နေတဲ့ အခိုက်အတန့်တွေ ကြုံရမယ်။ ဒါဟာ သူရဲကောင်းတို့လျှောက်ရာလမ်းပါပဲ။ ကျွန်မတို့အနေနဲ့ လက်နက်ချဖို့လိုအပ်တဲ့ အခိုက်အတန့်ပါပဲ။ မယိုင်မနဲ့တဲ့ ယုံကြည်မှုကို စွဲကိုင်ထားဖို့ လိုပါတယ်။ ကျွန်မတို့ကို ရှေ့ဆက်လျှောက်လှမ်းဖို့ တွန်းအားပေးနေတာ ယုံကြည်မှုကလွဲပြီး တခြားမရှိပါဘူး။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ပျောက်ဆုံးသွားတဲ့နေ့မှာ ဘာတွေဖြစ်လာမလဲ တွေးကြည့်လိုက်ပါ။ ကျွန်မတို့ ယုံကြည်စရာ ဘာများရှိတော့လို့လဲ။ လမ်းပျောက်သွားပြီလို့ ခံစားရမှာ အသေအချာပါပဲ။ ကျွန်မတို့ရဲ့ သူရဲကောင်းတို့လျှောက်ရာလမ်းမှာ ဒီစိန်ခေါ်မှုတွေအားလုံးကို ရင်ဆိုင်ဖြေရှင်းပြီး သင်ခန်းစာယူပါတယ်။

ကျွန်မတို့အနေနဲ့ လက်ခံ၊ သင်ခန်းစာယူပြီး ကိုယ့်ဘဝကိုယ် စာရင်းစစ်လိုက်တဲ့အခါ တကယ်ပဲ ရိုးသားဝံ့တဲ့သတ္တိ ရှိတယ်ဆိုရင် ကိုယ့်အနေနဲ့ လက်လွှတ်လိုက်ဖို့လိုတယ်လို့ သိနေတဲ့ အရာတွေ၊ ကိုယ့်ဘေးပတ်ဝန်းကျင်က လူတွေ၊ ကိုယ် စွဲကိုင်လက်ခံလာခဲ့တဲ့ အရာတွေကို မြင်နိုင်မှာပါ။ ဒါတွေကို လက်လွှတ်လိုက်ပြီး တစ်ဖက်ကမ်းကို အရောက်ကူးနိုင်ပြီဆိုတာနဲ့ အကျိုးခံစားရမှာပါပဲ။ ဘဝမှာ အသွင်ပြောင်းလဲခြင်း နောက်တစ်ဆင့်ကို တက်လှမ်းနိုင်တဲ့အတွက် ရတဲ့အကျိုးပေါ့။ တစ်ဖက်ကမ်းကို ရောက်ပြီ၊ အကျိုးခံစားရပြီဆိုတာနဲ့ ကိုယ်ဟာ ခရီးအစ သာမန်ဘဝတုန်းကလူပုဂ္ဂိုလ် မဟုတ်တော့ပါဘူး။

ကိုယ့်ကိုယ်ကိုယ် ပိုပြီး နားလည်မှုရှိလာတယ်။ တခြားသူတွေကိုလည်း ပိုပြီး ထိုးထွင်းမြင်လာတယ်။ ဒီအဆင့်မှာ လူအတော်များများက “ဟာ၊ ဒီလူက တော်တော်အဆိုးမြင်တာပဲ။ ငါ့စွမ်းအင်စက်ကွင်းထဲ ဒီလိုလူမထားချင်ဘူး” တို့၊ “ငါ ဒီလူကို ဘလော့လိုက်မှပါ” တို့ ဖြစ်လာကြတာပါပဲ။

ကျွန်မတို့အနေနဲ့ ကိုယ့်ရဲ့ လောကအစစ်အမှန်နဲ့ ပြန်ပေါင်းစည်းဖို့လည်း လိုပါတယ်။ ဒီလို ပြန်ပေါင်းစည်းလိုက်တဲ့အခါ ကျွန်မတို့ဟာ နှိမ့်ချရိုကျိုးတဲ့သူတွေ ဖြစ်လာတယ်။ ကိုယ့်ရဲ့ ဖြစ်တည်မှုခံယူချက်လို့ လက်ခံစွဲကိုင်ထားခဲ့သမျှ အရာအားလုံး မရှိတော့ဘူး။ ကိုယ်ဟာ ဘယ်သူပါ၊ ဘာလုပ်တဲ့သူပါဆိုပြီး အဓိပ္ပါယ်ဖွင့်၊ ကျင့်ကြံနေထိုင်တဲ့ အတွေးအမြင်တွေ မရှိတော့ဘူး။ မြေမှုန်တစ်ပွင့်လိုပဲ နှိမ့်ချရိုကျိုးတဲ့စိတ်နှလုံးသားနဲ့လူ ဖြစ်လာတယ်။ ဝမ်းနည်းလို့မဟုတ်ဘဲ၊ အကြောက်တရားကြောင့်မဟုတ်ဘဲ “ကျွန်မရဲ့ သဏ္ဍာန်အစစ်အမှန်ကို ရှာတွေ့အောင် လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုတာမျိုး၊ “ကိစ္စအဝဝကို မတူတဲ့ရှုထောင့်ကနေ စေ့ငုနိုင်တဲ့ ရဲစွမ်းသတ္တိနဲ့အခွင့်အရေး ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုတာမျိုး၊ “မြေမှုန်တစ်ပွင့်လို နှိမ့်ချရိုကျိုးတဲ့စိတ်ကို ပေးပြီး လူတွေကို ကူညီရတယ်ဆိုတာ ဘယ်လိုမျိုးလဲ သိစေတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုတာမျိုး ထုတ်ပြောပြီး နင့်နင့်သည်းသည်းခံစားရတဲ့ ကျေးဇူးတင်စိတ်ကြောင့် မျက်ရည်စက်လက် ဖြစ်ခဲ့ရပါတယ်။

ဒီလို အသွင်ပြောင်းလဲသွားပြီဆိုတာနဲ့ အဲဒီအတိုင်းပဲ ကျင့်ကြံနေထိုင်ဖြစ်မှာပါ။ ကျွန်မ တရားထိုင်ရင် တစ်ခါတလေမှာ ၂ နာရီကနေ ၄ နာရီ၊ ၆ နာရီကြား ကြာတတ်ပါတယ်။ တစ်ခေါက် တရားထိုင်ရင်း “ငါ အခုလို အသွင်ပြောင်းလဲတဲ့လမ်းကို လျှောက်နေတာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ ဒီအတွေ့အကြုံတွေအားလုံးကို လက်တွေ့ပြန်သုံးဖို့ဆိုရင် ငါ ဘာလုပ်ဖို့လိုမလဲ” လို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ မလွယ်ပါဘူး။ ကျွန်မပြောတာ ယုံ။ အရမ်းကို ခက်ခက်ခဲခဲလုပ်ရတာ။ “ဒါတွေကို အစစ်အမှန်လောကနဲ့ ဘယ်လို ပေါင်းစည်းရမလဲ”၊ “ဒီ အသွင်ပြောင်းလဲမှုတွေ၊ အသစ်ရလာတဲ့ အသိနဲ့ဉာဏ်ပညာတွေကို ဘယ်မှာသုံးရမလဲ။ အရင်ကအရာဟောင်းတွေကို မေ့ပစ်တာ၊ ခွာချပစ်တာတွေလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လူသစ်တစ်ယောက်အဖြစ် ပြောင်းလဲဖို့ ဘာလုပ်ရမလဲ” ဆိုတာမျိုး မေးဖြစ်ပါတယ်။ အဖြေကတော့ “ကျင့်ကြံနေထိုင်” ဖို့ကလွဲပြီး တခြားမရှိပါဘူး။ ဒီလိုလုပ်တာဟာ ထိရောက်ပါတယ်။ အကြောင်းကတော့ အသွင်ပြောင်းလဲမှုဆိုတာ သူများတွေကို ဘာလုပ်ပါ ညာလုပ်ပါ ဆိုပြီး နှုတ်ကပြောနေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့စွမ်းအင်ကို၊ ဉာဏ်ပညာကို သူများတွေ ခံစားရတာကနေတစ်ဆင့် ဒီလမ်းကိုလျှောက်ချင်တဲ့ဆန္ဒ ဖြစ်လာကြအောင် ကိုယ်တိုင် ကျင့်ကြံနေထိုင်ဖို့ အဓိကကျပါတယ်။ ဒါကြောင့်ပဲ သူရဲကောင်းတို့လျှောက်ရာလမ်းလို့ တင်စားတာပါ။

လက်လွှတ်တဲ့အကြောင်းကို ပြန်ပြောရမယ်ဆိုရင် ဒါဟာလည်း ဟို သူရဲကောင်းတို့ခရီးနဲ့ အင်မတန်ဆင်ပါတယ်။ ကိုယ့်ဘဝကိုယ် စာရင်းစစ်တဲ့အနေနဲ့ ကိုယ့်ဘေးမှာရှိတဲ့သူတွေ၊ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ ပုံပြင်ဆန်မှန်း သိသိကြီးနဲ့ မက်မက်မောမော ဖက်တွယ်နေမိတဲ့အရာတွေကို စေ့ငုကြည့်ပါ။ တစ်ခါတလေ အလျင်လိုလို့ အနှေးလျှောက်ရတဲ့အချိန်မျိုး ရှိတတ်သလို အရာကိစ္စတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် နားလည်ဖို့ နောက်ကို ခြေတစ်လှမ်းဆုတ်ရတဲ့အချိန်မျိုးလည်း ရှိပါတယ်။ ကိုယ့်ဘဝကိုယ် စာရင်းစစ်ပြီး ကိုယ့်အတွက်မလိုအပ်တော့မှန်းသိသိကြီးနဲ့ ဖက်တွယ်ထားမိတဲ့ အရာတွေကို မြင်အောင်ကြည့်ပါ။

အခုနက ကျွန်မပြောတဲ့ ရှင်ထမ်းပိုးထားရတဲ့ခြင်းက အင်မတန်လေးလံနေမယ်ဆိုတာ သိပါတယ်။ ဘာတွေများ ထည့်ထားမိလဲ။ ကိုယ့်ကြမ္မာကိုယ်ဖန်တီးတဲ့လမ်းမှာ ဒီခြင်းကို သယ်လာရတယ်လို့ မြင်ယောင်ကြည့်ပါ။ ကိုယ်ဖန်တီးရမယ့် ကံကြမ္မာကို မသိသေးရင်လည်း ကိစ္စမရှိပါဘူး။ ဒါပေမဲ့ ဥမင်တစ်ဖက်စွန်းက အလင်းရောင်ဆီ ဦးတည်သွားနေတယ်လို့တော့ မြင်ယောင်ကြည့်ပါ။ မျက်စိမှိတ်ပြီး ဒီပြေးလမ်းအဆုံးမှာ ကိုယ့်ကို တကယ်ပျော်ရွှင်စိတ်လှုပ်ရှားစေတဲ့အရာ တစ်ခုခုက စောင့်ကြိုနေတယ်လို့ မြင်ယောင်ကြည့်ပါ။ ကိုယ့်တစ်ဘဝလုံး ထမ်းပိုးလာခဲ့တဲ့အရာတွေနဲ့ ပြည့်နေတဲ့ ဒီခြင်းကြီးကို တရွတ်တိုက်ဆွဲပြီး ဒီပြေးလမ်းပေါ်မှာလျှောက်နေရတယ်လို့ မြင်ယောင်ကြည့်ပါ။ တစ်ခုပြီးတစ်ခု ခြင်းထဲကနေထုတ်ပြီး ကြမ်းပြင်ပေါ်ချကြည့်လိုက်။ အရာရာတိုင်းကို အပေါ်စီးကနေ အုပ်မိုးစေ့ငုကြည့်ပါ။ ငါ ဒီခြင်းထဲကို ဘာတွေထည့်ထားမိလဲ။ မြင်ယောင်ကြည့်ဖို့အတွက် တစ်ခါမကကြိုးစားဖို့ လိုနိုင်ပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းက တကယ်ထိရောက်တာမို့ လိုက်လုပ်ကြည့်ပါ။ ဖယောင်းတိုင်ထွန်းဖို့၊ အခန်းမီးမှိန်ဖို့ လိုတယ်၊ လုပ်ချင်တယ်ဆို လုပ်ပစ်လိုက်။ အင်မတန်ငြိမ့်ညောင်းတဲ့ တေးသံတစ်ခုခုကို ဖွင့်ထားရမှဆိုလည်း ဖွင့်ပစ်လိုက်။ ကိုယ့်အနေနဲ့ ငြိမ်းချမ်းအေးမြပြီး တည်တည်ငြိမ်ငြိမ်ရှိတဲ့ စိတ်အခြေအနေကိုရဖို့ လိုတာမှန်သမျှ လုပ်ပါ။ ဒီအဆင့်က လက်လွှတ်ဖို့မဟုတ်သေးဘူး။ ကိုယ့်မှာရှိတဲ့ သူငယ်ချင်းတွေက ဘယ်လိုလူမျိုးတွေလဲ ဆိုတာကို၊ ကိုယ့်အတွက် အသုံးမတည့်ဘဲ ဘဝထဲမှာ လက်ခံထားမိနေတဲ့သူတွေ၊ ဖက်တွယ်ထားမိနေတဲ့အရာတွေကို မြင်အောင်ကြည့်ရမယ့် အဆင့်ပါ။

ဘဝမှာ အရာဝတ္ထုတွေအပေါ် ဖက်တွယ်မိနေသမျှ၊ အခြေအနေကို၊ လူတွေကို၊ အရာကိစ္စတွေကို ချုပ်ကိုင်လွှမ်းမိုးဖို့ ကြိုးစားမိနေသမျှ ကိုယ်ချုပ်ကိုင်လွှမ်းမိုးချင်တဲ့အရာက ကိုယ့်ကို ပြန်ပြီးချုပ်ကိုင်သွားမှာပါပဲ။ အခုချက်ချင်း ကိုယ့်ဘဝထဲမှာ ရှိသမျှအရာအားလုံးကို လက်လွှတ်ပစ်ဖို့ ပြောနေတာမဟုတ်သလို ဒါဟာ ခက်ခဲပြီး စိန်ခေါ်မှုတွေကြုံရမယ့် ဖြစ်စဉ်တစ်ရပ်ဆိုတာလည်း သိပါတယ်။ ဒါပေမဲ့ တကယ် အသွင်ပြောင်းလဲချင်ရင်တော့ အချိန်တိုလေးအတွင်း ပြီးပြတ်နိုင်တဲ့ကိစ္စပါပဲ။ ခြေလှမ်းသေးသေးလေးတွေနဲ့ တစ်လှမ်းချင်းစီ စရမှာပါ။ ပထမဆုံးခြေလှမ်းကတော့ ကိုယ့်အတွက်အသုံးမတည့်ပေမယ့် အခုချိန်အထိ ဖက်တွယ်ထားမိနေတဲ့ အရာတွေကို ထိုးထွင်းမြင်နိုင်ဖို့ပါပဲ။ နောက်တစ်လှမ်းကတော့ အခုလို ထိုးထွင်းမြင်နိုင်တဲ့အတွက် စပြီး ကျေးဇူးတင်တတ်ဖို့ပါ။ နောက်တစ်လှမ်းကတော့ ဒီအတိုင်းဆက်ထားမလား၊ လက်လွှတ်မလားဆိုတာကို ရွေးချယ်ရမှာပါ။ လက်လွှတ်တယ်ဆိုတာ “ဟေ့၊ မင်းကို ငါ စကားဆက်မပြောတော့ဘူး။ တာ့တာ” ဆိုပြီး လုပ်စရာမလိုပါဘူး။ နောက်ကိုနည်းနည်းဆုတ်ပြီး ကိုယ့်ကိုယ်ကိုယ် ကုစား၊ အသွင်ပြောင်းလဲပြီးမှ ဒီအဝန်းအဝိုင်းထဲ ပြန်ဝင်တာမျိုးကို ပြောတာပါ။

အခုလို ပြောပြခွင့်ရတာ ကျေးဇူးတင်ပါတယ်။ ရှင်တို့ဆီကနေ ကိုယ့်ရဲ့အမြင်အကြောင်း၊ ကိုယ့်စိတ်ကိုယ် တူးဆွရင်းနဲ့ နက်ရှိုင်းတဲ့မသိစိတ်ထဲမှာ ဘာတွေမြင်တွေ့လာရတယ်ဆိုတဲ့အကြောင်းကို ပြန်ကြားချင်ပါတယ်။ အခုလို လာပြီးနားထောင်တဲ့အတွက်လည်း ကျေးဇူးအရမ်းတင်ပါတယ်။ သိကြသလိုပဲ ရှင်တို့အားလုံးကို ချစ်တယ်နော်။ နောက်မှ ထပ်တွေ့ကြပါမယ်။

XO,

Arabelle