BHP21 - Solo

Awakening Your Purpose

Listen now:

Timestamps

00:27 Growing Up in Burma

02:18 What pushed me to go to the jungle

07:15 My experience in the jungle

12:03 Shedding layers that no longer serve you

15:00 Everything is medicine

18:01 Are having desires greed?

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

အားလုံး မင်္ဂလာပါ …

ကျွန်မရဲ့ Being Human Podcast မှ ကြိုဆိုပါတယ် ..

ကျွန်မက မြန်မာလူမျိုးတစ်ယောက်ပါ။ မြန်မာပြည်မှာ ကြီးပြင်းလာရတာရဲ့ ကောင်းတဲ့တစ်ချက်လို့ပဲ ပြောရမလားတော့ မသိဘူး .. ကျွန်မတို့က ပြည်ပနိုင်ငံတွေနဲ့ အထိအတွေ့သိပ်မရှိခဲ့ရတော့ မြန်မာလူမျိုး တော်တော်များများက ရှေးဆန်ပြီး ကိုယ့်ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာကို တန်ဖိုးထားပြီး ထိန်းသိမ်းကြတယ်။  ကျွန်မတို့နိုင်ငံက အင်မတန်မှ ဘာသာရေး ကိုင်းရှိုင်းတယ်။ ကျွန်မတို့နိုင်ငံက ဗုဒ္ဓဘာသာ တိုင်းပြည်ဖြစ်တဲ့အတွက် ဝိပဿနာ နဲ့ သတိတရား ဆိုတာကို မွေးကင်းစ ကလေးဘဝ တည်းက ရင်းရင်းနှီးနှီး အကျွမ်းတဝင်ဖြစ်ခဲ့ပါတယ်။

ကျွန်မထင်တယ် … တခြားနိုင်ငံတွေရဲ့ ရိုးရာအစဉ်အလာ တွေတော်တော်များများက မွေးလာတည်းက ကျောင်းသွားမယ်၊ ကျောင်းမှာ အမှတ်ကောင်းကောင်းရအောင် လုပ်မယ်၊ တက္ကသိုလ် တက်မယ်၊ ပြီးတော့ အလုပ်ခွင်ထဲ ဝင်မယ်၊ ရာထူးတက်အောင်ကြိုးစားမယ်၊ အိမ်ထောင်ပြုမယ်၊ ကလေးယူမယ်၊ အိမ်တွေ ကားတွေဝယ်မယ်၊ စသဖြင့်ပေါ့။  အဲ့ဒီ ဖြစ်ရိုးဖြစ်စဉ်က ဘာမှ မှားမနေပါဘူး။ ဒါပေမဲ့ အဲ့တာက ကျွန်မအတွက်တော့ မဟုတ်ခဲ့ဘူး။ ဒါတောင်မှ ကျွန်မအသက်၂၄ နှစ်လောက်အထိ အစဉ်အလာအတိုင်း ကျော်ဖြတ်ခဲ့သေးတယ်။

ကျွန်မ Corporate world ထဲကို စဝင်ပြီး ရာထူးအမြင့်တွေရအောင် ကြိုးစားခဲ့တယ်။ ရလည်း ရခဲ့ပြီး ပိုက်ဆံတွေ အများကြီးရှာနိုင်ခဲ့တယ်။ ဘာလို့လဲ ဆိုတော့ ငွေ၊ ရာထူး၊ အောင်မြင်မှု၊ အသိုင်းအဝိုင်းမှာ နေရာတစ်ခု ရဖို့ ဆိုတာတွေက အရေးကြီးတယ်လို့ ယူဆခဲ့လို့ ကျွန်မ အားလုံးကို ရအောင်လုပ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မ သတိထားမိတာ တစ်ခုက .. ဒါတွေကို ရနေပေမဲ့ ဘာလို့ ကျွန်မ ပျော်မနေတာလဲ? ဘာဖြစ်လို့ တစ်ခုခု လိုနေတယ်လို့ ခံစားနေရတာလဲ?

တကယ်က ကျွန်မရင်ထဲက Soul က ကျွန်မကို အတွင်းထဲကနေ တံခါးခေါက်နေတာပဲ။ ကျွန်မ မသိစိတ်က ကိုယ့်ကိုယ်ကိုယ် ခဏခဏ မေးခွန်းထုတ်နေခဲ့တာ။ ကျွန်မပတ်ဝန်းကျင်က လူတွေ ဘယ်သူကမှ ဒီလိုမေးခွန်းမျိုးကို မမေးကြတော့ ကျွန်မလည်း ဒါကို လူကြားအောင် မမေးရဲ ခဲ့ဘူးပေါ့။ မမေးတာတောင်မှ ကျွန်မက သူများနဲ့ သိပ်မတူတဲ့ သူတစ်ယောက် ဖြစ်နေခဲ့ပြီးပြီ။ ဒါ့ထက်ပိုပြီး ကိုယ့်ကို ပတ်ဝန်းကျင်က သွေဖယ်လိုက်မှာကို မလိုချင်ခဲ့ဘူး။ ကျွန်မ အဲ့သလို လုပ်ရင်းလုပ်ရင်းနဲ့ အားလုံးက ရင်ထဲမှာ စုစုလာတယ်။

အဲ့အချိန်တုန်းက သြစတြေးလျ နိုင်ငံရဲ့ အချမ်းသာဆုံး အမျိုးသမီးတစ်ယောက်ဆီမှာ ကျွန်မ အလုပ်လုပ်နေတဲ့အချိန် .. ကျွန်မတို့ လုပ်ရတဲ့ အလုပ်က ဘီလီယံဒေါ်လာတန်တဲ့ ပရောဂျက်တွေ။ အလုပ်ခွင်အနေအထားအရဆိုရင်တော့ တကယ်ကို ဂုဏ်ယူစရာ အနေအထား တစ်ခုပေါ့။ ကျွန်မလုပ်နေတာက ဓါတ်သတ္တု တူးဖော်တဲ့ Mining ကုမ္ပဏီ ကျွန်မတို့တွေ အားလုံး ကိုယ့်မှတ်တိုင် (milestone) တွေအပေါ်မှာ ဂုဏ်ပြုပွဲကျင်းပနေတဲ့အချိန်၊ အလုပ်မှာ တူးဖော်တာတွေ ဖောက်ခွဲတာတွေကို လုပ်ပြနေကြတာ .. ကျွန်မ အရင်တုန်းက Mining ဆိုတာက ဘာမှန်းတောင် မသိခဲ့ဘူး။

ကျွန်မက ဒီပရောဂျက်မှာ လုပ်နေတယ်ဆိုပေမဲ့ ရုံးတွင်းမှာ လုပ်ရတာဖြစ်လို့ မိုင်းတွင်းအကြောင်းကို သေချာမသိဘူး။ သူတို့တွေ မိုင်းတူးတာ၊ မိုင်းခွဲတာတွေ လုပ်ပြီး ကမ္ဘာမြေကြီးထဲကို တွင်းတွေတူး၊ ဒိုင်းနမိုက်တွေထည့်၊ ပြီးတော့ ဖောက်ခွဲလိုက်တာ။  အဲ့တာ မိုင်းတူးတာပဲ။ အဲ့အချိန် မရောက်ခင်အထိ မိုင်းတူးတာ ဘာလဲဆိုတာ ကျွန်မ မသိခဲ့ဘူး။ လူတိုင်းကလက်ခုပ်တွေတီးပြီး ပျော်နေကြတဲ့အချိန်မှာ ကျွန်မက လူတွေနဲ့ဝေးရာ အခန်းရဲ့ဟိုးအနောက်မှာ စိတ်ညစ်နေခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးကြည့်တယ် “ငါဘာဖြစ်နေတာလဲ?” “သူများအကုန် ပျော်နေကြတဲ့အချိန်မှာ ဘာလို့ ငါက မပျော်နိုင်ရတာလဲ? အဲ့အချိန် အခိုက်အတန့် .. အားလုံးကို ကျွန်မ ရှေ့မှာသဲသဲကွဲကွဲမြင်လိုက်ရတယ်။

ပထမဆုံး ကျွန်မ ကြားရတာက  “နင်ကတကယ်တော့ သူတော်ကောင်းယောင် ဆောင်ထားတာပဲ .. နင်ပြောတော့ ကမ္ဘာကြီးကို ချစ်တယ်၊ သဘာဝတရားကို ချစ်တယ်ဆိုပြီးတော့ ဒီလိုနေရာမှာ အလုပ်လုပ်နေတယ်။ “

ကျွန်မ အလုပ်ကို မကောင်းဘူး လို့ ပြောတာမဟုတ်ပါဘူး။  ဒီအလုပ်ကို လုပ်တာက ကျွန်မ ပိုက်ဆံအများကြီး ရလို့လုပ်နေတာ။ ဒီတော့ ကိုယ့်ကိုယ်ကိုယ် “ငါဟာ ဘယ်လို လူစားမျိုးလဲ?” “ငါ ဒီအလုပ်ကို တကယ်လိုချင်တာလား?” “မဟုတ်ရင် ဒီနည်းနဲ့ ငွေရှာချင်တာလား?” “ငါ့အိပ်မက်ကို ဒီနည်းနဲ့ အကောင်ထည် ဖော်ချင်တာလား?” ဆိုပြီးမေးကြည့်တော့ .. အဖြေက …. NO!

ကျွန်မလည်း ဘာမှန်းမသိတဲ့ “အရာ” ကို ရှာဖွေဖို့ စပြီး ကြိုးစားခဲ့တယ်။ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေပြန်ထုတ်ခဲ့တယ် .. ငါ ဘယ်နေရာတွေမှာ တော်သလဲ .. ငါ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ .. ငါဒီကို ရောက်လာတာ ဘာလုပ်ဖို့လဲ .. ဒါပေမဲ့ အဖြေ မရခဲ့ပြန်ဘူး။ ဟိုးအရင်အချိန်တွေက ပြန်ကြည့်လိုက်တော့ ငယ်ငယ်ကတည်းက ကျွန်မနားမှာရှိတဲ့ လူတွေ၊ သူငယ်ချင်းတွေက ကျွန်မကိုဆိုရင် သူတို့ရဲ့  လျှို့ဝှက်ချက်တွေ၊ အကြောက်တရားတွေ၊ ပြဿနာတွေ ကို လာပြောလေ့၊ တိုင်ပင်လေ့ ရှိကြတယ်။ ကျွန်မနဲ့ တိုင်ပင်ကြတယ်။ ကျွန်မလည်း သူတို့လို ပါပဲ .. ထူး မနေပါဘူး။ ဒါပေမဲ့ ကျွန်မနဲ့ ပတ်သက်တဲ့ တစ်စုံတစ်ခုက သူတို့ကို Safe ဖြစ်စေတယ်လို့ ခံစားရလို့။

ကျွန်မလည်း အဲ့ကနေ အစပြုခဲ့တယ်။ ဒီလိုသာဆိုရင် လူတွေနဲ့ အလုပ်လုပ်ရတာနဲ့ ပတ်သက်ပြီး တစ်ခုခုကို ကျွန်မ လုပ်လို့ရနိုင်မယ်လို့ ထင်တယ် .. ဘာလည်း ဆိုတာတော့ မသိသေးဘူး .. ကျွန်မလည်း Google ကို မေးကြည့်၊ ရှာကြည့်တာပေါ့ .. သင်တန်းတချို့ကို တွေ့တယ် .. ဒါဆိုရင် ကျွန်မ Counselling လိုမျိုး တစ်ခုခု စ သင်ကြည့်မယ်၊ တစ်ခုခု ရရင်လည်း မဆိုးပါဘူး ဆိုပြီး Clinical Psychotherapy ကို စပြီး လေ့လာပြီး Psychotherapist ဖြစ်လာခဲ့တယ်။

သင်တန်းပြီးသွားတော့… “ကဲ .. အခု ဒီလမ်းကြောင်းပေါ်ကို ယုံကြည်မှု ရှိရှိလျှောက်နိုင်အောင်  အရင်က ကြိုးစားဆောက်တည်လာခဲ့တဲ့ အရာအားလုံးကို စွန့်လွှတ်လိုက်တော့မယ်” လို့ ဆုံးဖြတ်လိုက်တယ်။ အဲ့တာတွေက ဘာတွေလဲ ဆိုတော့ .. ကျွန်မရဲ့ အလုပ်၊ ဝင်ငွေ စတဲ့ အရာအားလုံးပါပဲ။ ဒီလိုနဲ့ ဒီလမ်းကြောင်းအပေါ် ကျွန်မရောက်လာခဲ့တယ်။ ဒါပေမဲ့ အဲ့အချိန်တုန်းက ကျွန်မ Sacred Medicine ကိုလည်း မသိသေးသလို၊ အခုလိုမျိုး Awakening လည်း မရသေးဘူးပေါ့။ အိပ်ရေးပျက်ခဲ့တဲ့ ညပေါင်း မနည်းမနောနဲ့၊ ကြောက်စိတ်တွေနဲ့၊ တခြားအကြောင်းအရာတွေ အများကြီးနဲ့၊ တခြားသူတွေ ကိုယ့်ကို ပြောတာတွေကို  ပြန်ပြီး နားမထောင်မိအောင် ကြိုးစားရတာတွေ အများကြီး ကြုံခဲ့ရတယ်။

အဲ့ဒီအချိန်တုန်းက ကျွန်မမှာ အိမ်ထောင်ရှိပါတယ်။ ကျွန်မရဲ့ အမျိုးသား (Ex-husband) ကိုလည်း အပြစ်မတင်ပါဘူး။ ဘာလို့လဲ ဆိုတော့ သူမှာလည်း သူ့ခံယူချက်နဲ့ သူ့ကမ္ဘာက သပ်သပ်လေ။ ကျွန်မတို့မှာက Mortgageတို့ ဘာတို့လည်း ရှိတာဆိုတော့ အင်မတန်မှ လစာကောင်းတဲ့ အလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးတစ်ခုကို စလုပ်ဖို့ကို သူက အားမပေးခဲ့ဘူး။ တစ်ချိန်မှာတော့ ကျွန်မ ဆုံးဖြတ်လိုက်တယ် .. သူပြောတာ လုပ်မလား? ဒီလမ်းကို ဆက်လျှောက်မလား?

ကျွန်မ ဒီလမ်းကို ဆက်လျှောက်ဖို့ ရွေးချယ်လိုက်တယ်။ အဲ့အချိန်က စပြီး ကျွန်မတို့ဟာ ကိုယ့်လမ်းကိုယ် ဆက်လျှောက်သွားကြတယ် ဆိုပါစို့။ အဲဒီအချိန်က ကျွန်မတို့ နှစ်ယောက်လုံးရဲ့ ဘဝကို ပြောင်းလဲလိုက်သလိုပဲ .. သူလည်း သူ့ရဲ့ Spiritual Practice အပေါ်မှာ အာရုံစိုက်သလို၊ ကျွန်မကလည်း ကိုယ့်ရဲ့ Spiritual Practice အပေါ်မှာ အာရုံစိုက်ခဲ့တယ်။

ဒါနဲ့ပဲ ကျွန်မ ပတ်ဝန်းကျင်က လူတချို့ တောထဲသွားပြီး ပြန်လာတော့ သူတို့ အလုပ်တွေ၊ ပိုင်ဆိုင်မှုတွေကို စွန့်လွှတ်ပြီး တောထဲမှာပဲ သွားနေကြတဲ့ သူတွေလိုမျိုး တောထဲကို သွားဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့တွေရဲ့ လုပ်ရပ်က ရူးရူးမိုက်မိုက်ဆန်တယ် ဟုတ်? ဒါပေမဲ့ သူတို့က ကျွန်မခေါင်းထဲကို အဲ့လို အတွေးအခေါ်တွေ အစပျိုးပေးသွားတာ။ တကယ်က ကျွန်မက သွားချင်တယ်သာ ပြောတာ . ဘယ်ကိုသွားပြီး ဘာတွေရှိမယ်၊ ဘာလုပ်ရမယ် ဆိုတာလည်း မသိ .. သူတို့ စကားကိုလည်း နားမလည်၊ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ထိ အဝေးကြီးသွားဖို့ မစဉ်းစားမိခဲ့ဘူး၊ ပိုက်ဆံလည်း အလုံအလောက် မရှိခဲ့ပေမဲ့ သွားဖို့ကို ဆုံးဖြတ်လိုက်တယ်။ ဒီကနေ အစပြုပြီး အရာအားလုံးဟာ ပြောင်းလဲခဲ့ပါတယ်။

လူတွေထင်တာက ဒီ Medicine ကို သောက်ပြီးမှသာ ဘဝမှာ အပြောင်းအလဲတွေ ကြုံတွေ့ရတာလို့ ထင်တာ။ တကယ်က မဟုတ်ပါဘူး။ အဲ့တာတွေက ပြင်ဆင်ပေးနေတာပဲ ရှိပါသေးတယ်။ ဒီတောထဲကို သွားတယ်ဆိုတာ ခရီးဆုံးမဟုတ်ပါဘူး။

တကယ်က အစပါ …. နောက်ထပ် ခရီးတစ်ခုရဲ့ အစပေါ့။ ကျွန်မ ပြောခဲ့သလိုပဲ ကျွန်မက Spiritual Background နဲ့ ကြီးပြင်းလာတဲ့သူ ဖြစ်တဲ့အတွက် Spirit တွေအတွက် သီးသန့်ကမ္ဘာ ရှိတယ်ဆိုတာတွေ၊ တခြားအယူအဆတွေက ကျွန်မနဲ့ မစိမ်းလှပါဘူး။ ကိုယ့်ရဲ့ Personal Growth အတွက်သာ ဒီအတွေးအခေါ်တွေကို အသုံးမချမိခဲ့တာ။ ကျွန်မ တောထဲမှာတုန်းက Dieta ကို လုပ်ခဲ့တယ်။ Dieta ဆိုတာက ဆေးရွက်ကြီးလိုမျိုး .. တော်တော်လေး ပြင်းတယ်။ ကျွန်မက ပင့်ကူကြောက်တဲ့သူဆိုတော့ အဲ့မှ ပင့်ကူတွေ အများကြီးပဲ။ သြစတြေးလျမှ နေတုန်းကတောင် ပင့်ကူကြောက်တဲ့သူက တောထဲက တဲလေးထဲမှာ ပင့်ကူအကြီးကြီးတွေနဲ့ နေရတာ။ Avatar ရုပ်ရှင်ထဲမှာတောင် မမြင်ဘူးတဲ့ မျိုးစုံသော တွားသွားအကောင်တွေ ကျွန်မနေတဲ့ တဲ လေးထဲကို ဝင်လာကြတာ။ ကျွန်မ အတွက်က ဆေးတန်းခိုးတောင် မပြသေးခင်မှာ ကိုယ့်ကြောက်စိတ်ကို ကောင်းကောင်းကြီး ရင်ဆိုင်နေရပြီး ထွက်ပြေးချင်စိတ်တွေလည်း တဖွားဖွား ပေါ်လာခဲ့တယ်။

ဘာလို့လဲ ဆိုတော့ ကျွန်မက ကိုယ်တောင် မသိတဲ့ ကိုယ့်ရဲ့ အစိတ်အပိုင်းတွေ၊ ကိုယ် မမြင်ရသေးတဲ့ ကိုယ့် အစိတ်အပိုင်းတွေ အားလုံးကို မြင်တွေ့ဖို့ ဆိုတာကို ရွေးချယ်လိုက်တဲ့ အချိန်ကတည်းက ဆေး ရဲ့ အကူအညီမပါဘဲနဲ့တောင်မှ ဒီအကောင်တွေက ကျွန်မရဲ့ ကြောက်စိတ်ကို ပိုပြီး Trigger လုပ်နေခဲ့တယ်။ ညရောက်တော့ ကလေးဘဝတုန်းကလို စောင်လေးကို ပိုက်ပြီး ကျွန်မ အဖေနဲ့ အမေ အခန်းထဲကို ပြေးသွားချင်ခဲ့တာ။ ဒီကလေးလေးက ကျွန်မခရီးရဲ့ အဓိကဆိုလိုရင်းပဲ။ ကျွန်မ မသိတာက ဒီကလေးလေး ဆိုတာ ကျွန်မရဲ့ Inner child လေး၊ သူ့မှာ ဒဏ်ရာတွေရှိတယ်၊ သူ့ကိုယ်သူ ပြောနေတဲ့ ပုံပြင်တွေရှိတယ်၊ သူ့ကို ကူညီမယ့်သူ မရှိဘူး။ တကယ်က သူက ကျွန်မဘဝရဲ့ အစိတ်အပိုင်း အကြီးကြီးကို  ဦးဆောင်နေခဲ့တာ။

ကျွန်မ သိနေတယ် လို့ထင်ခဲ့တဲ့ အရာတွေထဲမှာ ကျွန်မတကယ် မသိခဲ့တာတွေ အများကြီးပဲ။ ကိုယ့်ကိုယ်ကိုယ် အမြင်ကျယ်တယ်၊ ကိုယ့်နှလုံးသားက လက်ခံနိုင်စွမ်းရှိတယ်လို့ ထင်နေခဲ့ပေမဲ့ တကယ်က မဟုတ်ခဲ့ဘူး။ တကယ်က လူတိုင်းမှာ ကိုယ်တိုးတက်ဖို့အတွက် နေရာက ရှိနေပြီးသားပါ။ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတာတွေ အများကြီးရှိသလို၊ တခြား ကမ္ဘာ တွေဟာလည်း ဒီကမ္ဘာ ကြီးပေါ်မှာတင် တည်ရှိနေတာ ဖြစ်တဲ့အတွက် ကျွန်မကသာ ရွေးချယ်ခဲ့မယ်ဆိုရင် ကျွန်မ ရှာဖွေလို့၊ မြင်လို့ ရတယ်။ ကျွန်မတို့အားလုံးဟာ သွားရမယ့်လမ်း ကို ပြပေးမယ့်သူ ရှိပြီးသားပါ။ ဒါပေမဲ့ တချို့ လူတွေက ဒါတွေကို ရှိနေရက်သားနဲ့ ကိုယ်ဟာ အထီးကျန်နေသလို၊ ကိုယ်က ခံရတဲ့သူ (Victim) လိုမျိုး မသိသလို ဟန်ဆောင်နေကြတယ်။ ကျွန်မတို့ အားလုံးဟာ စိန်ခေါ်မှုတွေကို ကြုံတွေ့ရမှာပဲ .. ဒါ အမှန်တရားပဲ။ ကိုယ်ခံစားနေရတာတွေကလည်း မှန်တာပဲ။

ဒါပေမဲ့ .. ကျွန်မရဲ့ တောထဲက အတွေ့အကြုံအရ …. ကျွန်မက မြေကြီးပေါ်မှာ ဘေးမှာ ချုံပုတ်တွေ၊ ရွှံ့တွေနဲ့ ညစ်ပတ်နေပေမဲ့ .. ကျွန်မကို “ဟိုမှာ လှေကားရှိတယ်။ ၁၀ ထပ်အထိ တက်သွားရင် ဘာတွေဖြစ်နေသလဲ ဆိုတာ သေသေချာချာ မြင်ရလိမ့်မယ်” လို့ ပြောတယ်။ ဆိုတော့ ကျွန်မလည်း လှေကားအတိုင်းတက်သွားပြီး ကြည့်လိုက်တယ်။ အဲ့ဒီအချိန်မှာ … တကယ်က ကျွန်မရွေးလို့ရတဲ့ လမ်းတွေ အများကြီးပါလား။ နောက်တော့ လမ်းမှားတွေလည်း ရှိနေပါလား ..ဆိုတာကို သိလိုက်ရတယ်။

ကျွန်မမှာ အမျှော်အမြင်ကြီးတဲ့၊ ကြိုးစားတဲ့၊ ငွေကိုဘယ်လို ရှာရမယ်မှန်းသိတဲ့ စတဲ့  အပိုင်းတွေလည်း ရှိသေးတယ်။ ဒါတွေအားလုံးက ကျွန်မ အလုပ်ကို လုပ်နေတဲ့အချိန်မှာမှ သိလာရတာ၊ ပေါ်လာတာ တွေပါ။ တကယ်က ကျွန်မ ဘဝရဲ့ အခြေအနေတော်တော်များများကို Little Arabelle က ကြိုးကိုင်နေခဲ့တာ။ သူထွက်ပေါ်လာတယ် .. ပြီးတော့ ဆေးရွက်ကြီး Dieta လည်း သောက်လိုက်တဲ့ အချိန်မှာ ကျွန်မ ကမ္ဘာတစ်ခုလုံးလည်း ပေါက်ကွဲလွင့်ထွက် သွားခဲ့တယ်။

တကယ်တော့ ကျွန်မက အဓိပ္ပါယ် မရှိတဲ့အရာတွေ အပေါ်မှာ ထိုင်နေပြီး ကိုယ့်ဟာကိုယ် ညည်းနေတာ။ ကျွန်မသာ သေသေချာချာ ကြည့်မယ်ဆိုရင် ကိုယ့်ရှေ့မှာ လှေကားက ရှိနေပြီးသား .. ကိုယ်က လှေကားအတိုင်းတက်သွားပြီး အတွေ့အကြုံအသစ်တွေ ရှာဖွေလို့၊ မိတ်ဆွေ သူငယ်ချင်း အသစ်တွေနဲ့ တွေ့လို့ ရတယ်။ ကိုယ့်ရဲ့ ပထမ အလွှာ တစ်ခုကို ဖယ်ရှားလိုက်တာနဲ့ ကျွန်မရဲ့ဘဝက သိသိသာသာ ပြောင်းလဲသွားတယ်။ ဒါပေမဲ့ ပြောင်းလဲခြင်းတွေ အကုန်လုံးက လှပနေတာတော့ မဟုတ်ပါဘူး။ အတက်အကျတွေလည်း ရှိဆဲပါ။ ဘယ်လိုပုံစံနဲ့ ချဉ်းကပ်တယ်ဆိုတဲ့ အယူအဆကို ပြောင်းလဲ လိုက်တဲ့အခါမှာ ကျွန်မ ကူညီပေးနေတဲ့ လူတွေအပေါ်မှာပါ Domino Effect လိုမျိုး သက်ရောက်သွားတာပါ။

ကျွန်မ လေ့ကျင့်နေတဲ့ Medicine နဲ့ Spiritual Practice တွေအရ  ကျွန်မတို့လူတွေ တော်တော်များများ က ကိုယ်အခု လက်ရှိမှာ ရှိနေတဲ့ တွေ့နေရတဲ့ အရာကသာလျှင် ကိုယ့်အတွက် အခွင့်အရေးလို့ ယူဆလေ့ ရှိကြတယ်။ အားလုံးကို မဆိုလိုပါဘူး .. အများစုပေါ့။ ဘာလို့လဲ ဆိုတော့ ဒါက ကျွန်မတို့ကို Program တစ်ခုလိုမျိုး ရေးဆွဲထားပြီးသား ဖြစ်နေလို့။ ဒါက သတ်မှတ်ချက် တစ်ခု ဖြစ်နေလို့။ ကိုယ်ကသာ မေးခွန်းတွေ မမေးခဲ့ဘူးဆိုရင် အခုလက်ရှိ အခွင့်အရေးအပြင် တခြားဘာ အခွင့်အရေးတွေ ရှိနေမလဲဆိုတာကို သိနိုင်မှာ မဟုတ်ဘူး။ ကျွန်မ ဘဝရဲ့ အလွှာတွေကို ခွာချ၊ စွန့်လွှတ်နိုင် လေလေ ကိုယ့်ရဲ့ စစ်မှန်တဲ့ပန်းတိုင်က ဘာလဲ၊ ကိုယ်က ဘာလို့ဒီကို ရောက်လာရတာလဲ၊ ကိုယ့်ရဲ့ အနှစ်သာရက ဘာလဲ ဆိုတာ ပိုသိလာလေလေပဲ။ နောက်တော့ လူတွေအနေနဲ့လည်း ဒါကို ရှာဖွေဖို့ လိုအပ်တယ်ဆိုတာ သိလာရတယ်။

ကျွန်မ လူတစ်ယောက်နဲ့ အလုပ်လုပ်တဲ့အခါမှာ အတွေ့အကြုံအရ သူတို့ဘဝမှာ သူတို့က ဘယ်အခြေအနေတစ်ခုမှာ ရောက်နေသလဲဆိုတာကို သိပါတယ်။ သူတို့အနေနဲ့ ဘယ်လောက်ထိ လုပ်နိုင်စွမ်းရှိတယ်၊ ဘယ်နေရာအထိ ရောက်အောင်သွားနိုင်တယ် ဆိုတာကိုလည်း သိတယ်။  ဒါပေမဲ့ ကျွန်မဆရာတွေဆီက သင်လာရတဲ့ အတွေ့အကြုံအရ သူတို့ကို အရာအားလုံးကို မပြောမိအောင် ထိန်းရတယ်။ သူတို့ကို … ကိုယ်တိုင် ရှာဖွေခိုင်းရတယ်။ သူတို့ကိုယ်တိုင်ပဲ အဖြေရှာရတယ်။ သူတို့ကိုယ်တိုင် ဒီအလွှာတွေကို ခွာချနိုင်အောင် သင်ယူရတယ်။

  1. Connect with yourself

ကျွန်မ လုပ်လေ့ရှိတာက သူတို့ကိုယ်ကိုယ် ပြန် Connect လုပ်မိအောင် ပထမဆုံး လုပ်ပေးလိုက်တယ်။ ဘာလို့လဲ ဆိုတော့ ကျွန်မဆီကို ရောက်လာတဲ့သူတိုင်းလိုလိုက …” ငွေအများကြီး ရှာချင်တယ်။”  .. “ကိုယ့်အိမ်ထောင်ဖက်နဲ့ ကောင်းမွန်တဲ့ Relationship တစ်ခု တည်ဆောက်ချင်တယ်”…”The one ကို ရှာတွေ့ချင်တယ်။” …  “လူတွေအပေါ်မှာ စိုးမိုးချင်တယ်။” …  စသဖြင့် လိုချင်တာတွေနဲ့ ရောက်လာကြတာများတယ်။ ကျွန်မက အရာအားလုံးက ကိုယ့်ရင်ထဲက အစပြုရတယ်ဆိုတာကို ယုံကြည်တယ်။ ကိုယ်ကသာ ကိုယ့်ကိုယ်ကိုယ်နဲ့ အရင် ကောင်းမွန်တဲ့ Relationship သာ မရှိနေရင်၊ ကိုယ့်ကိုယ်ကိုယ်မှ နားမလည်ဘူး ဆိုရင်၊ ကိုယ့်မှာ အလွှာတွေရှိနေတာကိုတောင် မသိဘူး ဆိုရင်၊ အဲ့ဒီအလွှာတွေကြားမှာ ကိုယ်က နစ်မြုပ်နေတာ ဆိုရင်၊ ကိုယ်ဘာတွေကိုပဲ လုပ်ချင် လုပ်ချင်၊ ဘယ်သူနဲ့ ကောင်းမွန်တဲ့ Relationship ပဲ လိုချင်လိုချင် တော်တော်ကြီးကို ခက်ခဲမယ့် အပြင် Wrong Person၊ Wrong Opportunity တွေကိုပဲ ဆွဲဆောင်နေမိလိမ့်မယ် ဆိုတာ သေချာပါတယ်။

ဒီနေရာမှာ မှားတယ် မှန်တယ်ဆိုတာ မရှိဘူး ဆိုပေမဲ့ ကျွန်မက လူတွေကို အကောင်းဆုံးပဲ ရသွားစေချင်တာ။ ဒါကြောင့်လည်း ပထမဆုံး အဆင့်က သူတို့ကိုယ်သူတို့ ဘယ်သူလဲ ဆိုတာ သေချာသိရှိဖို့၊ ကိုယ်မသိဘဲ ဘယ်အရာတွေကို ကိုယ်က တောက်လျှောက် သယ်လာခဲ့သလဲ – ယုံကြည်ခဲ့တဲ့ အရာတွေ၊ Patterns တွေ၊ Energetic Blocks တွေ စသဖြင့်ပေါ့။ ဒါတွေကို သူတို့ စမြင်လာပြီဆိုတာနဲ့ သူတို့ကို လိုအပ်တဲ့ နည်းလမ်းတွေ၊ အထောက်အကူပြုစေတဲ့ Tools တွေ ပေးပြီး ဆက်လုပ်စေပါတယ်။ အကောင်းဆုံးနဲ့ ၂၄ နာရီလုံးလုံးကျွန်မတို့ အားလုံးဆီမှာ ရှိနေပြီး အစွမ်းထက်တဲ့ အရာတစ်ခုက အသက်ရှူခြင်း ပါပဲ။ သူ့ကိုသာ ကျွန်မတို့က ဘယ်လိုအသုံးချရမလဲ ဆိုတာကို သိတယ် ဆိုရင်၊ သူ့ကို ဘယ်လို Tap in လုပ်ရမလဲ ဆိုတာကို သိတယ်ဆိုရင် ကျွန်မတို့တွေ ဆေးသောက်ဖို့တောင် မလိုပါဘူး။ အသက်ရှူခြင်းကနေဆင့် Psychedelic trip ကို သွားလို့ရပါတယ်။ Psychedelic က လူတိုင်းအတွက်တော့ မဟုတ်ပါဘူး၊ လူတိုင်းကလည်း ဒါကိုလုပ်ဖို့ အဆင်သင့် မဖြစ်သေးပါဘူး။  ပထမဆုံးအဆင့်က အသက်ရှူတာကနေ တဆင့် “ဘယ်ဟာက အလိမ်အညာတွေလဲ?”… “ကိုယ့်ကိုယ်ကိုယ်ဘယ်လိုတွေ လိမ်နေခဲ့တာလဲ?” … “ကိုယ်ကဘာတွေကို ငြင်းဆန်နေခဲ့ တာလဲ?” ဆိုတာတွေကို မြင်လာဖို့ပါ။

  1. Choose

အသိရှိလာဖို့က ပထမ အဆင့်ပါ။ ဒါပေမဲ့ အသိရှိနေတာ တစ်ခုတည်းနဲ့ ပြောင်းလဲလို့ မရပါဘူး။ ကိုယ်က အသိလည်း ရှိလာပြီ၊ ကိုယ့်ရှေ့မှာ ဘာတွေဖြစ်နေတယ်ဆိုတာကို သေချာ သဲသဲကွဲကွဲ မြင်လာရပြီ ဆိုရင် .. နောက်တဆင့်ကတော့ ရွေးချယ်ဖို့ပါ။ ကိုယ်က ဘာကို ရွေးချယ်မှာလဲ? ကိုယ်က ပုံပြင်တွေကိုပဲ ရွေးချယ်မှာလား? ကိုယ်သွားချင်တဲ့ လမ်းကြောင်း၊ ကိုယ်ဖြစ်ချင်တဲ့ အမြင်ကို ရွေးချယ်မှာလား?  2 မျိုးလုံးကိုတော့ ရွေးလို့ မရပါဘူး။ သူတို့အနေနဲ့ ကိုယ်က ဆင်ခြေတွေပဲ ဆက်ပေးသွားမှာလား … “ကိုယ့်ကိုယ်ကိုယ် Stories တွေပဲ  ပြောနေအုံးမှာလား?” … “ကိုယ့်ကိုယ်ကိုယ် ခံရတဲ့သူ အဖြစ်နဲ့ ဆက်နေသွားမှာလား?”…. “ကိုယ်ဖြစ်ချင်တဲ့ ကိုယ့် Vision ကို အကောင်အထည်ဖော်မှာလား?” … “ကိုယ့် အိပ်မက် ကို အကောင်အထည်ဖော်မှာလား?” .. “ဒီဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ ဘဝ၊ မိသားစု၊ ကိုယ်ချစ်ရ တဲ့သူတွေ အတွက် ဆက်လုပ်မှာလား?” … တစ်ခုကို ရွေးချယ်ရပါမယ်။

  1. Consistent Action

ကိုယ်က ဒါကိုလုပ်ဖို့ သေချာ Commit လုပ်လိုက်ပြီ ဆိုရင် .. တတိယ အနေနဲ့ ကိုယ့်ဘဝ တစ်လျှောက်လုံး ဒီအရာကို စွဲစွဲမြဲမြဲ အဆက်မပြတ် လုပ်သွားဖို့ လိုပါတယ်။

ဒါတွေကို လုပ်ဖို့ ဒီ “ဆေး” ရှိမှ လုပ်လို့ရတယ်လို့ မရှိပါဘူး။ ဘာလို့လည်း ဆိုတော့ အရာအားလုံးဟာ သုံးတတ်ရင် “ဆေး” လို့ ကျွန်မက ခံယူထားလို့ပါ။ တကယ်က ကိုယ်အပြင်မှာ ရှာဖွေနေတာတွေကို ကိုယ့်အတွင်းထဲမှာ ရှိနေတယ်ဆိုတာကို သိဖို့ပါ။ ကျွန်မ Light language ကို စသိလာတုန်းက  ကျွန်မစိ တ်ထဲမှာ ဘယ်သူမှ မကြားဘူး လို့ ထင်နေတာ။ “သူက တမျိုးပဲ” ….”လူတွေက ကျွန်မကို ရူးသွားပြီလို့ ထင်တော့မှာပဲ” …. “ဘာကြီးမှန်းလဲ မသိဘူး”… “ကျွန်မနဲ့လည်း မတူဘူး” လို့ ထင်ခဲ့တာ။ အဲ့တုန်းက Light language ဆိုတာ ဘာမှန်းလည်း ကျွန်မ မသိခဲ့ဘူး။ ဒါပေမဲ့ သူဘယ်ကနေပဲ လာလာ သူက ကျွန်မကို တည်ငြိမ်စေတယ်။ ကျွန်မ ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတဲ့အရာတွေကို .. ဒီ စကားသံကနေ တဆင့် ဆေးချလိုက်သလိုပဲ ခံစားရတယ်။ အရာအားလုံးက Release လုပ်လိုက်သလို ခံစားရတယ်။ ကျွန်မ “ဘာလို့ နေလို့ တအားကောင်းသွားတာလဲ?” .. “ဘာလို့ ဒဏ်ရာတွေ အားလုံးပျောက်သွားပြီလို့ ခံစားရတာလဲ?” … အဲ့အချိန်က စပြီး ကျွန်မတို့ လိုချင်တာတွေကို အပြင်မှာ ရှာဖွေနေခဲ့ပေမဲ့ တကယ်ကတော့ အဲဒီ “ဆေး” ဆိုတာက၊ ကျွန်မတို့ ကိုယ်တိုင်ပဲ ဆိုတာကို သိရှိခဲ့တယ်။ ကျွန်မတို့ စကားသံတွေကလည်း “ဆေး” ပါပဲ။ ကျွန်မတို့ အသက်ရှူတာကလည်း “ဆေး” ပါပဲ။ ကိုယ့်ကိုယ်ကိုယ်မှန်ထဲမှာ ပြန်ကြည့်ပြီး သုံးသပ်တာကလည်း “ဆေး” ပါပဲ။ ကျွန်မအတွေ့အကြုံအရ လူတွေကို ဒီလို Ceremonies တွေ မှာ ပြောင်းလဲသွားဖို့ ကူညီပေးပြီးတဲ့ အချိန်တွေမှာ သိလာရတာက လူတွေနဲ့ ဒီ ဆေးရဲ့ Relationship က တကယ်ကို ဆန်းကြယ်တယ် ဆိုတာပါပဲ။

ကျွန်မက အရာရာတိုင်းမှာ အဆင့်ဆင့်ဖြတ်သန်းသွားရတာမျိုး ရှိတယ်လို့ လက်ခံထားတယ်။ ဒီလမ်းကြောင်းပေါ်လျှောက်နေရင်း ကျွန်မနားလည်လာတာတစ်ခုက ကိုယ့်ရဲ့ ယုံကြည်သက်ဝင်ရာ အလိုက် ဖန်ဆင်းရှင် (the Divine) အပေါ် ယုံကြည်ဖို့ပါပဲ။ အရေးတော့မကြီးပေမယ့် ကျွန်မတို့ အခုဘာတွေလုပ်နေလဲဆိုတာကို အတိအကျသိနေတဲ့ ဖန်ဆင်းရှင်ပဲဖြစ်ဖြစ် မဟာဉာဏ်တော်ရှင်ပဲ ဖြစ်ဖြစ် ကျွန်မတို့ မသိမကြုံနိုင်တဲ့နေရာမှာ တကယ်ရှိနေတယ်လို့ ကျွန်မကတော့ ယုံတယ်။ ကျွန်မတို့ရဲ့ လူသားဖြစ်တည်မှုဆိုတာ ဒီအရာတွေနောက်ကို အသိမီအောင်လိုက်နေရင်း အဓိပ္ပါယ်ကို ကြိုးစားရှာဖွေနေရတာပါပဲ။ ပေါင်းစည်းခြင်းနဲ့ပတ်သက်ပြီး ကျွန်မကိုယ်တိုင် ကြုံဖူးတဲ့၊ လူတွေကိုလည်း ကူညီဖူးတဲ့ အကောင်းဆုံးနည်းလမ်းကတော့ ဆေးအရှိန်ပြယ်ခါစမှာ ဘယ်တော့မှ ဆုံးဖြတ်ချက်မချပါနဲ့။ ချက်ချင်း မဆုံးဖြတ်ပါနဲ့။ တစ်ခါတလေတော့လည်း ဒီဆုံးဖြတ်ချက်မျိုးက မှန်နိုင်ပါတယ်။ ဒါပေမဲ့ အချိန်ယူဖို့ အဆင်ပြေတယ်ဆိုရင် ပေါင်းစည်းသွားပါစေ။ တစ်ခါတလေကျရင် အဆိုးတကာ့အဆိုးဆုံး အခြေအနေတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ အဲဒီလိုအချိန်တွေမှာ စိတ်ထဲ အချစ်ခံရတယ်လို့ မခံစားရရင်တောင် ကိုယ့်ကို နက်နက်ရှိုင်းရှိုင်းချစ်တဲ့သူတွေ ရှိတယ်ဆိုတာကို သတိရပါ။ ကိုယ်နဲ့၊ ကိုယ့်ရဲ့ နောက်ခြေလှမ်းတွေနဲ့၊ ဒီအတွေ့အကြုံပြီးသွားချိန်မှာ ကိုယ့်ဖြစ်တည်မှုထဲ ပေါင်းစည်း ကျန်နေရစ်မယ့် တုန်ခါမှုကြိမ်နှုန်းတွေနဲ့ မကိုက်ညီတဲ့အရာ မှန်သမျှ၊ ကိုယ့်ရဲ့ အဆင့်ပိုမြင့်တဲ့ တုန်ခါမှုကြိမ်နှုန်း (Higher vibration) နဲ့ ထပ်တူမကျတာ မှန်သမျှ ပျောက်ပြယ်သွားပါလိမ့်မယ်။

တခါတလေကျရင် ကျွန်မတို့တွေဟာ ခေါင်းမာကြတယ်။ Dr. Joe Dispenza ကို ကျွန်မ သဘောကျတာက သူက ဒီ ကမ္ဘာနှစ်ခုရဲ့ ပေါင်းကူးတံတားဆိုလည်း ဟုတ်တယ်။ သူက လူတိုင်း နားလည်လက်ခံနိုင်အောင် သေသေချာချာ ရှင်းပြပေးနိုင်တယ်။ သူပြောသွားတဲ့ အထဲမှာ ကျွန်မ ကြိုက်တဲ့တစ်ခုက … “ကိုယ်က ဒီခံစားချက်ကို စသိလာပြီဆိုရင် .. ကိုယ်က Stuck ဖြစ်နေတယ်လို့ ခံစားနေရင် .. ကိုယ်က ဒီအရာတစ်ခုကိုပဲ ထပ်ခါထပ်ခါ နှစ်တွေလတွေ ကြာအောင် ကြုံတွေ့နေရရင် .. ဒါတွေအားလုံးဟာ ကိုယ့်ရွေးချယ်မှုပါပဲ”.. တဲ့။ ဟုတ်တယ် .. ဘဝ ဆိုတာ ကျွန်မအတွက်တော့ ရွေးချယ်မှုပဲ။ နေ့တိုင်းနေ့တိုင်း ရွေးချယ်နေရတာ .. တချို့အတွက်တေ့ာ ဒါဟာ ခက်ခဲတယ်။ ဒါပေမဲ့လည်း ကျွန်မတို့တွေက ခက်ခဲတဲ့ အရာကို စပြီး လုပ်လာပြီဆိုရင် .. နောက်ပြီး အဲ့အရာကို ကျော်ဖြတ်နိုင်ပြီဆိုရင် .. ကျွန်မတို့အတွက် ကြီးမားတဲ့ ဆုလာဘ် က စောင့်နေမယ် ဆိုတာကို ယုံကြည်ပါတယ်။

တချို့လူတွေက Mansion လို လှပတဲ့အိမ်ကြီးအိမ်ကောင်းမှာ နေချင်ကြတယ်။ တချို့က Cabin လိုမျိုး သစ်သားအိမ်ဖြူဖြူလေးနဲ့ နေချင်ကြတယ်။ သူတို့အတွက်က ဒါက သူတို့ရဲ့ ပြည့်စုံကြွယ်ဝမှုပဲ။ လူတစ်ဦး တစ်ယောက်ချင်းစီဟာ မတူညီကြပေမယ့် အားလုံးဟာ ပြည့်စုံကြွယ်ဝတယ်လို့ ကျွန်မက ယုံကြည်တယ်။ ကျွန်မတို့ စိတ်ကို သေချာထားနိုင်ရင် လုပ်နိုင်ရင်၊ ကျွန်မတို့ ဖြစ်ချင်တာမှန်သမျှကို ဖန်တီးနိုင်တယ်။

ကျွန်မတို့ရဲ့ ပင်ကိုယ်အကျင့်ကိုက ကိုယ်ယုံကြည်ရာနဲ့ ကိုက်ညီတာတွေကို လုပ်ချင်တယ်၊ အာရုံစိုက်ချင်တယ်၊ ဆွဲဆောင်ချင်တယ်။ မြန်မာနိုင်ငံကနေ၊ ဘာသာရေးကိုင်းရှိုင်းတဲ့ အသိုင်းအဝိုင်း ကနေလာတဲ့ ကျွန်မအတွက်က “လူဆိုတာ လိုချင်တပ်မက်မှုရှိတယ်။ အဲဒါ လောဘပဲ။ လောဘဆိုတာ မကောင်းဘူး။ ပိုက်ဆံပိုလိုချင်တာမျိုး မရှိသင့်ဘူး” ဆိုတာမျိုးတွေ ကြားနေကျပါပဲ။ ဒါကို မှန်တယ်၊ မှားတယ် ပြောနေတာမဟုတ်ပါဘူး။ တကယ်လို့ ကိုယ်က အသိဉာဏ်အလင်း (Enlightenment) ရဖို့ ကြိုးစားနေတာဆိုရင်တော့ မှန်ရင်မှန်မှာပေါ့။

ကျွန်မကတော့ ရုပ်ဝတ္ထုပစ္စည်းတွေ လိုချင်တယ်။ ငွေဆိုတာ ကိရိယာတစ်မျိုး၊ အရင်းအမြစ်တစ်မျိုးပဲ။ ကျွန်မတို့အားလုံးအတွက် လိုအပ်ပါတယ်။ ကိုယ်က ကောင်းမွန်တဲ့ဘဝမှာ နေချင်တယ် ဆိုရင်၊ လူတွေအပေါ် လွှမ်းမိုးချင်တယ်ဆိုရင်၊ ကိုယ့်ပတ်ဝန်းကျင်အတွက်၊ ကိုယ်ချစ်တဲ့သူတွေအတွက် လုပ်ပေးချင်တာတွေ ရှိတယ်ဆိုရင် ကျွန်မတို့ ငွေကို လိုပါတယ်။ ဒါပါပဲ။ ဒါဟာ အမှန်ပါပဲ။ ကျွန်မကတော့ storiesတွေရှိလို့ မရဘူးဆိုတာ အစကတည်းက  ကိုယ့်ကိုယ်ကိုယ် ရှင်းရှင်းလင်းလင်း သိထားပြီးသားပါ။ အဲဒီလမ်းကိုပဲ လိုက်သွားမိရင် ပိုက်ဆံရှိမှာ မဟုတ်ဘူး။ ပိုက်ဆံမရှိရင် ပေးစရာရှိတာတွေ ဘယ်လိုပေးရမှာလဲ။ အခုလုပ်နေတဲ့အလုပ်တွေ ဘယ်လိုလုပ်ရမှာလဲ။ ငွေမရှိဘဲ ဒါတွေလုပ်လို့ မရပါဘူး။

ကျွန်မအတွက်ကတော့ ငွေရှာတာ၊ ငွေရှာချင်စိတ်ရှိတာဟာ ကောင်းကျိုးဖြစ်စေတဲ့၊ စိတ်ကြည်နူးစေတဲ့ ပုံဇာတ်လမ်း (stories) တွေလိုမျိုးပါပဲ။ တကယ်လို့ သင်က ပုံဇာတ်လမ်း (stories) တွေနောက်ကို လိုက်တဲ့သူဆိုရင်လည်း ဘာမှမဖြစ်ပါဘူး။ ကျွန်မ ဘာမှဝေဖန်စရာမရှိဘူး။ ကျွန်မတို့ လူတွေရဲ့ ပင်ကိုယ်ဗီဇကိုက “တော်တော်ဆိုးနေပြီ။ ပြောင်းလဲမှရတော့မယ်” ဆိုတဲ့ အခြေအနေမျိုး မရောက်ခင် အထိ မပြောင်းလဲကြဘူးလေ။ ဒီတော့ အခုအတိုင်းပဲ ဆက်နေပါ။ ဘာမှမဖြစ်ဘူး။ ရုန်းကန်နေရ ရင်လည်း ဆက်ပြီး ရုန်းကန်လိုက်ပါဦး။ တစ်ချိန်ချိန်ကျရင်တော့ “တော်ပြီကွာ။ ငွေရှာဖို့ နည်းလမ်းစဉ်းစားတော့မယ်” ဆိုတဲ့အချိန်ကို ရောက်လာမှာပဲ။ အဲဒီအခါကျရင် ကိုယ်တိုင်လည်း အင်အားတွေရလာပါလိမ့်မယ်။ ဒီတော့ နွံနစ်နေတယ်ဆိုရင်လည်း ဆက်နစ်နေလိုက်ပါ။ ဘာမှမဖြစ်ဘူး။ ဒါဟာ အချိန်နဲ့အလိုက် ပြောင်းလဲသွားမယ့် ဘဝဖြတ်သန်းမှု တစ်ခုပါပဲ။ ဒါပေမဲ့ ကိုယ့်အနာဂတ်အတွက် တစ်ခုခုကို ရွေးချယ်ဖို့ စိတ်ကူးရှိထားရင်တော့ အခုချက်ချင်းပဲ ရွေးချယ်လိုက်ပါ။ သိပ်မကြာခင်မှာပဲ နွံထဲက လွတ်မြောက်သွားပါလိမ့်မယ်။

အခု ကျွန်မပြောပြနေတာတွေကို သဘောကျတယ်ဆိုရင် ကျွန်မရဲ့ @arabelleyee Instagram နဲ့လည်း ချိတ်ဆက်လိုက်ပါ။ နောက်တော့ ဒီနေ့ပြောသွားတဲ့ အထဲက ဘယ်ဟာကို ကြိုက်သလဲဆိုတာ ကျွန်မကို ပြောပြပေးပါ .. ကျွန်မ အနေနဲ့ ဘယ်လိုမျိုး ကူညီပေးလို့ ရမလဲ ဆိုတာလည်း ပြောခဲ့ပေးပါ။

XO,

Arabelle