
BHP48 - Solo
00:40 What makes a great leader
01:30 Managing your internal team
02:59 Leadership and self-awareness
04:35 Selling my vision and aligning my values
07:30 Being present
10:15 This is my vision
Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.
အားလုံး မင်္ဂလာပါ
ကျွန်မရဲ့ Being Human Podcast မှ ကြိုဆိုပါတယ် ..
ပြီးခဲ့တဲ့ တစ်ပတ်က လက်ရှိ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ အဲ့ဒီလိုမျိုး ရှုပ်ယှက်ခတ်နေတဲ့ အချိန်မှာ ကိုယ်က ဘယ်လိုမျိုး တည်ငြိမ်အောင်နေလို့ ရတယ်ဆိုတာတွေကို ပြောပြထားပါတယ်။ အဲ့ဒီ အကြောင်းကို နားမထောင်ရသေးရင် ဒါကို နားထောင်ပြီးရင် အဲဒီ Episdoe ကိုဆက်နားထောင်လိုက်နော်။
အခု Episode မှာတော့ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ကိုယ်ကကောင်းတဲ့အရာတွေ လုပ်နေတာထက် တခြားသူတွေကို ပိုမိုကောင်းမွန်တဲ့အရာတွေလုပ်ဆောင်ပေးနိုင်ဖို့ ကူညီလမ်းပြပေးတဲ့သူ ဆိုတာကို ပြောပြ ချင်ပါတယ်။
ကိုယ်ကိုယ်တိုင်ခေါင်းဆောင်မှုအပိုင်းကို ပိုလုပ်လာရတဲ့အခါမှာ ကျွန်မနားလည်လာတာတစ်ခုကတော့ ကျွန်မရဲ့ Team ကနေစပြီး ကျွန်မဘေးကလူတွေ၊ ကျွန်မသူငယ်ချင်းတွေ၊ ကျွန်မဆီကိုရောက်လာတဲ့သူတွေအကုန်လုံးကို သူတို့ဖြစ်ချင်တာတွေ၊ လုပ်ရမှာတွေအကုန်လုံးကို ဖြစ်နိုင်၊ လုပ်နိုင်အောင်ကူညီပေးနိုင်ဖို့ပါပဲ။
ခေါင်းဆောင်ကောင်း တစ်ယောက်မှာ Team အကြီးကြီးတစ်ခု ရှိနေဖို့၊ နောက်လိုက်အများကြီးရှိနေဖို့ မလိုပါဘူး။ တကယ်စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ ကိုယ့်မှာရှိတဲ့ Internal Team ကို သင့်သင့်မြတ်မြတ် ရှင်သန်တတ်အောင် သေချာစီမံခန့်ခွဲတတ်တဲ့သူကို ဆိုလိုတာပါ။
အားလုံးသိကြတဲ့ အတိုင်းပဲ လူတိုင်းမှာ Internal Team ဆိုတာ ရှိပါတယ်။ ကျွန်မရဲ့ Internal Team ထဲက လူတချို့ကို ကျွန်မ ငှားခဲ့ဖူးတယ်၊ အလုပ်ဖြုတ်ပစ်ဖူးတယ်၊ ရာထူးက ချခဲ့ဖူးတယ်။
ကျွန်မဆိုလိုတဲ့ Internal Team ဆိုတာက – ကျွန်မမှာ အမြော်အမြင်ကြီးပြီး လုပ်စရာရှိတာကို ပြတ်ပြတ်သားသားလုပ်တတ်တဲ့ Big Arabelle ရှိတယ်။ သူ့မှာ မျှော်မှန်းထားတဲ့ သူ့ Mission အကြီးကြီးရှိတယ်၊ လူတွေကိုပေးချင်တဲ့အရေးကြီးတဲ့ Message တစ်ခုရှိတယ် ပြီးတော့လူတွေအပေါ်မှာ ကောင်းတဲ့ သက်ရောက်မှုတွေရစေချင်တယ်၊ စသဖြင့်ပေါ့ …
နောက်ပြီးတော့ ကျွန်မမှာ Little Arabelle လည်း ရှိသေးတယ်။ သူကတော့ သူ့ကိုယ်သူ မသေချာဘူး၊ သူ့ကိုယ်သူ သံသယတွေရှိတယ်၊ တခါတလေကျတော့ သူဟာ အသုံးမကျဘူး လို့ ခံစားရတယ်။ တခါတလေကျတော့လည်း သူ့ကိုယ်သူ ပြန်ပြီးဝေဖန်သုံးသပ်နေတာနဲ့ပဲ ရှေ့မရောက်တော့ပဲ Analysis Paralysis ဖြစ်သွားပြန်တယ်။ ဒါတွေက ကျွန်မဆီမှာ ရှိနေတဲ့ Balance မမျှတဲ့၊ အချင်းချင်း သဟဇာတဖြစ်မနေတဲ့ အစိတ်အပိုင်းတချို့ပါ။
ကျွန်မတို့အားလုံးက “ကျွန်မတို့ကိုယ်တိုင်ရဲ့ခေါင်းဆောင်တွေပါပဲ” လို့ ကျွန်မက ပြောချင်တယ်။ တကယ်တမ်းတော့ Leadership (ခေါင်းဆောင်မှု) ဆိုတာ ကိုယ့်ရင်ထဲ ကိုယ့်စိတ်ထဲ ကိုယ်ပြန်ကြည့်ပြီး “ငါ့ Team က အခြေအနေဘယ်လိုရှိလဲ?” “အဆင်ရော ပြေရဲ့လား?” “ငါ မတော်တဆ COO လုပ်လိုက်တဲ့ သူက နေ့တိုင်း Facebook ကြည့်လိုက်၊ သူ့ကိုယ်သူ တခြားသူတွေနဲ့ နှိုင်းယှဉ်လိုက်၊ သူ့ကိုယ်သူ သံသယတွေဝင်လိုက်၊ လိုအပ်တဲ့အချိန်ကျရင် ပေါ်မလာလိုက်၊ ကျွန်မရဲ့ Message တွေကို Share မလုပ်ပေးဘဲ သူလုပ်ချင်တာတွေ ပေါက်ကရလျှောက်လုပ်နေတာလား?” စတာတွေကို မေးခွန်းထုတ်ရမှာပါ။
Leadership (ခေါင်းဆောင်မှု) ဆိုတာ ရင်ထဲက လာတယ်ဆိုတာကို ကျွန်မက အကြွင်းမဲ့ ယုံကြည်ပါတယ်။
တကယ်တော့ တခြားသူတွေကိုသူတို့ရဲ့ဘဝ၊ အလုပ်အကိုင်၊ စီးပွါးရေးတွေကောင်းမွန်လာအောင် အကူအညီ မပေးခင်မှာ ကိုယ့်ရင်ထဲက Internal team ကိုစည်းချက်ညီနေအောင်အရင်ဆုံးလုပ်ရမှာပေါ့။
ကျွန်မတို့ ဘဝမှာ နေ့စဉ်ကြုံတွေ့နေကျ သာမာန်လုပ်နေကျ ရိုးရိုးရှင်းရှင်းအရာတစ်ခုနဲ့ စလိုက်ရအောင် … အဲ့တာက ဘာလဲဆိုတော့ .. “ငါ့ကို လူတွေက ပြောကုန်တော့မှာပဲ” .. “ငါ့ကိုရူးနေတယ်လို့ ထင်ကုန်တော့မှာပဲ” .. “ဒါကို မလုပ်နဲ့ “.. စတဲ့ ကိုယ့်ကိုပြောနေတဲ့ စကားသံ ခပ်တိုးတိုးလေးတွေ လူတိုင်းမှာ ရှိကြမှာပါ။
အဲ့တာတွေကို သေချာသိလာလေလေ ကိုယ့် Team ထဲမှာ ကိုယ့် Vision နဲ့ Mission နဲ့ မကိုက်ညီတဲ့ သူတွေ ရှိ မရှိ ဆိုတာကို ပိုသိလာလေလေ ဖြစ်မှာပါ။ ကျွန်မတို့ အားလုံးမှာ ကိုယ့်ဘဝ၊ကိုယ်လုပ်နေတဲ့ အလုပ်အပေါ် လာကန့်ကွက်လေ့ရှိတဲ့ အစိတ်အပိုင်းတွေ ရှိတတ်ကြတယ်။
အဲ့ဒီအချိန်မှာ ကျွန်မတို့ဟာ ကိုယ့်ကိုယ်ကိုယ် သေချာနားလည် သဘောပေါက်တယ် ဆိုရင် .. အဲ့တာက ကျွန်မ သင်တန်းတိုင်းရဲ့အခြေခံ အုတ်မြစ်တစ်ခု ဖြစ်တဲ့ Self Awareness (ကိုယ့်ကိုယ်ကိုယ်သေချာ နားလည်သိရှိခြင်း) ပါပဲ .. ကျွန်မတို့ အားလုံးဟာ ကိုယ့်ကိုယ်ကိုယ်သာ သေချာသိတယ်ဆိုရင်… ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး မေးခွန်းထုတ်လာနိုင်မယ်၊ ကိုယ့်ဆီမှာ ဒီလို အစိတ်အပိုင်းတွေ ရှိနေတယ် ဆိုတာကို ပိုသိလာနိုင်မှာပါ။
ကျွန်မတို့ဟာ တကယ့်လုပ်ငန်းတွေ၊ စီးပွားရေးတွေ၊ အလုပ်တွေလုပ်ပြီး Team Meetings တွေ၊ Board Meetings တွေ၊ One on One Meetings တွေ၊ Discussions တွေ လုပ်တဲ့နေရာမှာတော့ တော်ချင် တော်ကြမယ်။ ဒါပေမဲ့ ကိုယ့်ရင်ထဲက Internal Team Meeting အတွက်တော့ အချိန် မပေးမိကြဘူး။ ကိုယ့် Internal Team နဲ့ Meeting လုပ်ဖို့ မစီစဉ်မိကြဘူး။ ဒီလိုလုပ်မဲ့အစား ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် Shut down လုပ်ချလိုက်တာပဲ ဖြစ်ဖြစ်၊ ဒါတွေက ကျွန်မတို့အတွက် မကောင်းတဲ့ အရာတွေ လို့ပဲ ဖြစ်ဖြစ် သတ်မှတ်လိုက်လေ့ ရှိတယ်။ ကျွန်မတို့က သူတို့ကို စကားပေး မပြောဘူး။ တကယ်ကတော့ အဲဒီ Meeting ကို စီစဉ်ဖို့အတွက် စဉ်းစားရမှာ။ တကယ်ကို ထိုင်ပြီးတော့ စကားပြောဖို့ လိုအပ်တဲ့ Meeting မို့လို့ ကျွန်မကတော့ Board Meeting လို့ သုံးနှုန်းလိုက်မယ်။
အခုပြောနေတာတွေ အားလုံးဟာ ကိုယ့်ရဲ့အတွင်းစိတ်ဖြစ်တဲ့ Internal Team ကို စီမံခန့်ခွဲတာပဲ .. ကိုယ့်ရင်ထဲက ခံစားချက်တွေကို လွတ်မြောက်ခွင့်ပေးလိုက်တာပဲ။ ဘာလို့လဲဆိုတော့ .. ကိုယ့်ရဲ့ သံသယတွေ၊ ကြောက်စိတ်တွေကို ကိုယ်သွားမဲ့လမ်းခရီးမှာ Driver အနေနဲ့ မမောင်းနှင်မိစေဖို့ပဲ။
ကျွန်မရဲ့ Internal Team ကို သေချာ ကိုင်တွယ်တတ်လာလေလေ၊ ကျွန်မရဲ့ အပြင်က ကျွန်မလုပ်ငန်းရဲ့ Team ကိုလည်း ပိုပြီး ကိုင်တွယ်နိုင်လေလေပဲ။ တကယ်တေ့ာ ပြဿနာတွေ၊ ခက်ခဲတဲ့ စကားတွေ၊ ခက်ခဲတဲ့ အချိန်တွေကို ကိုယ့် Team နဲ့ အတူတူကျော်ဖြတ် နိုင်တယ် ဆိုတာတွေက ကိုယ့် Vision ပေါ်မှာပဲ မူတည်ပါတယ်။ ဒါကို ကျွန်မ တထစ်ချ ယုံကြည်တယ်။
ကျွန်မ Team မှာ အလုပ်ခန့်တဲ့အခါ ကျွန်မရဲ့ Vision ကို သူတို့ကို ပြောပြတယ်။ ကျွန်မရဲ့ Vision ဆိုတာက ကျွန်မ အိမ်ကောင်းကောင်းမှာ နေရဖို့၊ ဇိမ်ကျတဲ့ ဘဝမှာ နေရဖို့ မဟုတ်ပါဘူး .. ကျွန်မရဲ့ Vision က ကမ္ဘာပေါ်မှာရှိတဲ့ လူတွေ အများကြီးကို သက်ရောက်စေဖို့။ ဒီ Vision ကို သူတို့ယုံကြည်ဝေမျှလာတဲ့အခါ၊ သူတို့ကိုယ်တိုင်အလိုလို ဒီ Vision မှာပါဝင်ပြီးသားဖြစ်နေပြီပေါ့။
Relationship တိုင်းမှာ စိန်ခေါ်မှုတွေ ကြုံလာရတိုင်း သူတို့ တန်ဖိုးထားတဲ့အရာတွေ မတူညီတဲ့အခါမှာ ပဋိပက္ခ (Value Clash) တွေ ဖြစ်ကြတယ်။
ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်Teamရဲ့ သူတို့ရဲ့စစ်မှန်တဲ့တန်ဖိုးကို သိနေတဲ့အခါ လက်ရှိဖြစ်နေတဲ့အ ခြေအနေနဲ့ ချိန်ဆပြီး သူတို့တန်ဖိုးထားတဲ့အရာနဲ့ ပြန်ပြီးချိတ်ဆက်ပေးလိုက်တဲ့ အခါမှာ အခြေအနေ တစ်ခု လုံးကို ပြောင်းလဲသွားစေပါတယ်။ နောက်တော့ တကယ်လို့ တချို့က ဒီ Vision နဲ့ သဘောထားချင်း မတိုက်ဆိုင်တော့တာပဲ ဖြစ်ဖြစ်၊ စိတ်မပါတော့တာပဲ ဖြစ်ဖြစ် ဆိုရင် သူတို့ကိုယ်သူတို့တောင် ပြန်မကြည့်ချင်တော့ ဘူး။ အဲ့အချိန်ကျရင်လည်း ဒါဟာ နှုတ်ဆက်ဖို့ အချိန်ရောက်လာပြီဆိုတာကိုလည်း သိလာရလိမ့်မယ်။ ဒါပေမဲ့ အဲ့တာက ဘာမှ မဖြစ်ပါဘူး။
ကျွန်မပြောချင်တာက ကိုယ်ကနေ အရင် အစပြုပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ “ငါ့ရဲ့ Top Value (တကယ်တန်ဖိုးထားတဲ့ အရာ) က ဘာလဲ? “
ကျွန်မက ကျွန်မအတွက် ပညာရေးကအရေးကြီးတယ်လို့ ပြောကောင်းပြောနေလိမ့်မယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၆ နှစ်အတွင်းမှာ ပညာရေးနဲ့ ပတ်သက်တဲ့ စာအုပ်တစ်အုပ်တောင် မဖတ်ရသေးဘူး၊ ပညာရေးနဲ့ ပတ်သက်တဲ့ Program တစ်ခုလေးတောင် နားမထောင်ဖြစ်ဘူးဆိုရင် ….. ဒါဟာ ကျွန်မ တကယ်တန်ဖိုးထားတဲ့ အရာ ဟုတ်နိုင်ပါ့မလား? ဘယ်ဟုတ်နိုင်မလဲ။ တကယ်တော့ အဲ့တာက တခြားတစ်ယောက်ရဲ့ တန်ဖိုးတွေ ကိုယ့်ခေါင်းထဲ ရောက်နေတာ .. ဘာလို့လဲဆိုတော့ အဲ့ဒါက လူတွေကြားချင်တဲ့ အရာဖြစ်နေလို့။
နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကိုယ် သေချာပြန်မေးကြည့်ပါ .. “ငါ့ဘေး ပတ်ဝန်းကျင်ကိုဘာတွေနဲ့ ဝန်းရံထားသလဲ?” “ငါ့ Energy နဲ့ ပိုက်ဆံတွေကို ဘယ်နေရာမှာ အသုံးများသလဲ?” “လူတွေနဲ့ စကားပြောတဲ့အခါမှာ ဘယ်အကြောင်းပြောရတာကို သဘောကျလဲ?” “ဘယ်လို စကားဝိုင်းမှာ ဝင်ပါရတာကို ကြိုက်သလဲ?” အဲ့မေးခွန်းတွေကို ဖြေရင်းဖြေရင်း နဲ့ ကိုယ်တကယ်တန်ဖိုးထားတဲ့အရာက ဘယ်ဟာလဲ ဆိုတာကို သိလာ ပါလိမ့်မယ်။
ကိုယ်တန်ဖိုးထားတဲ့ အရာတွေကို သိလာတဲ့အခါမှာ – Value ဆိုတာ တချို့အတွက်တော့ သူတို့ဘဝနေထိုင်မှု ဖြစ်မယ်၊ တချို့က ပိုက်ဆံဖြစ်မယ်၊ တချို့သူတွေအတွက်က မိသားစု ဘဝဖြစ်မယ် .. ဒါတွေက မတူညီပေမဲ့ ကိုယ်ကိုယ်တိုင်က ဒါကို လေ့ကျင့်နေတာဖြစ်လို့ တခြားသူတွေရဲ့ Highest Value ကိုလည်း ခန့်မှန်းတတ်လာ လိမ့်မယ်။
ကျွန်မ Programs, Seminars, Workshops, တွေအပြင် အမေဇုံတောနက်ကြီးထဲမှာ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ဖူးတယ်။ ကျွန်မလုပ်ခဲ့ဖူးတာတွေအများကြီးပဲ လုပ်ခဲ့ဖူးတဲ့အရာတိုင်းကလဲ ကျွန်မကို အကောင်းဆုံး ကူညီပေးခဲ့တယ်။
ကျွန်မ သင်ခဲ့ရတာတွေထဲက တစ်ခုကို ပြောပါဆိုရင် ကျွန်မရဲ့ လက်ရှိဘဝကို Workshop (အလုပ်ရုံ) တစ်ခုအနေနဲ့ အသုံးချပြီး “ကျွန်မကိုယ်ကျွန်မ ဘယ်လို တုန့်ပြန်နေသလဲ?” .. “ကျွန်မ ပတ်ဝန်းကျင်က လူတွေကို ဘယ်လို တုန့်ပြန်နေသလဲ?” .. “အခုလက်ရှိ ဖြစ်နေတဲ့ အဖြစ်အပျက်တွေအပေါ်မှာ ဘယ်လို တုန့်ပြန်နေသလဲ?” ဆိုတာကို ပြန်ကြည့်ပြီး သုံးသပ်ခြင်းပဲ။
ကျွန်မတို့ အားလုံးဟာ ဘဝမှာ ပုံစံအမျိုးမျိုးနဲ့ ထိခိုက်ခဲ့ဖူးကြတာပါပဲ။ အဲ့တာကို ကျွန်မတို့က ဘယ်လိုပုံစံနဲ့ တုန့်ပြန်မလဲ ဆိုတာကသာ အရေးကြီးတာပါ။
ကျွန်မသတိထားလိုက်မိတာက ကိုယ်ကရှေ့ကိုပဲဆက်လှမ်းချင်နေတာ၊ နောက်ဆက်လှမ်းမယ့် ခြေလှမ်းတွေဟာ ဘာတွေဖြစ်မလဲ ဆိုတာကိုပဲ အာရုံစိုက်နေတာ၊ စူးစမ်းရှာဖွေတာ၊ ပြီးတော့ တစ်ဆင့်ပြီးတစ်ဆင့် ထပ်ထပ်တက် ချင်နေတာတွေဟာ … တကယ်တော့ အာရုံလွှဲနေတာပါ။
ဘာလို့လဲဆိုတော့ ကိုယ့်ရှေ့မှာရှိနေတဲ့အရာတွေကို ရင်မဆိုင်ချင်လို့။ အမြဲလိုလို ကိုယ့်လက်ရှိမှာ ကြုံနေရတဲ့အရာတွေက ကိုယ့်အတွက်ခက်ခဲတဲ့ အရာတွေ ဖြစ်နေနိုင်ပါတယ်။ လက်ရှိကို ရင်ဆိုင်ရတာ ခက်ပါတယ်။ ကိုယ့်ရဲ့တစ်နေ့တာမှာဖြစ်ပျက်နေတဲ့ ကိစ္စပေါင်းများစွာကို ကိုင်တွယ်ဖြေရှင်းနေရတာမို့လို့ ပိုခက်ပါတယ်။
ကျွန်မကတော့ ဘယ်ကိစ္စတွေမှာ ဘယ်လိုတုန့်ပြန်တတ်သလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် အမြဲသုံးသပ်တယ်၊ ပိုမိုကောင်းမွန်တဲ့သူဖြစ်အောင်ပြောင်းလဲတယ်။
ကျွန်မ အဲ့ဒီလိုမျိုး ဆက်လုပ်နေပြီး ရှေ့ဆက်ဘာဖြစ်မလဲဆိုတာကို အာရုံမစိုက်တဲ့အခါမှာ ကျွန်မကိုယ်တိုင်က သိသိသာသာ တစ်ဆင့်ပြီးတစ်ဆင့် တက်လာတာကို မြင်ရတယ် .. ဘာလို့လဲဆိုတော့ ကျွန်မက ပစ္စုပ္ပန် မှာ နေနေလို့။
ကျွန်မက အခု လက်ရှိအခြေအနေကိုပဲ အာရုံစိုက်နေတဲ့အတွက် ဘာကိုမှ လက်လွတ် မသွားတော့ဘူး .. နောက်ပြီး ကိုယ့်အတွက် ဘယ်ဟာက အမှန်ဆုံး၊အကောင်းဆုံးလဲ ဆိုတာကို သိလာရတယ်။
Leadership နဲ့ ပတ်သက်တဲ့ နောက်တစ်ခုကတော့ Embodiment – ကိုယ်တိုင် အမှန်တကယ်လက်တွေ့ ကျင့်သုံးခြင်းပါ။ ကျွန်မ Vision အကြောင်းပြောတုန်းက ကျွန်မတစ်ယောက်တည်းရဲ့ Vision ကို ပြောပြ တယ်ဆိုတာထက် အဲ့ဒီ Vision နဲ့ ပတ်သက်ပြီး ကိုယ်တိုင်အမှန်တကယ်ကျင့်သုံးနေတာ၊၊ ကျွန်မလုပ်ခဲ့တဲ့ အလုပ်တွေ အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ လက်တွေ့ကျင့်သုံးတာကို ပြောတာပါ။
အဲ့အချက်ကလည်း ကိုယ်နဲ့ ကိုက်ညီတဲ့ Team ကို ဆွဲဆောင်တဲ့ အချက်ပါ။ ကိုယ့် Vision ကို ယုံကြည်သူတွေ၊ ကိုယ်နဲ့ ထပ်တူကျတဲ့ သူတွေကို ဆွဲဆောင်တဲ့ အချက်ပါ။
ကျွန်မ ပြောခဲ့တဲ့ Embodiment က ကိုယ်ကိုယ်တိုင် လက်ရှိ ပစ္စုပ္ပန်မှာ ရှိနေမှ ဖြစ်နိုင်တာပါ။ အပြင်မှာ ဖြစ်နေတာတွေ နောက်ကိုလိုက်နေတာမျိုး … ဘာဆက်ဖြစ်မလဲ လိုက်ရှာနေတာမျိုးကနေ မရနိုင်ပါဘူး။ ကိုယ့်ရှေ့မှာ ဘာဖြစ်နေသလဲဆိုတာကို အာရုံစိုက်ဖို့ကသာ အဓိကပါ။ ဒါမှလည်း ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အရည်အချင်းတွေကို အပြည့်အဝ ကျင့်သုံးနိုင်မှာပါ။
ကျွန်မတို့ ကိုယ်ခန္ဓာထဲကို ယူဆောင်လာလို့ရတဲ့ တန်ဖိုးအရှိဆုံးအရာတစ်ခုက အသက်ရှုခြင်းပါ။ အသက်ရှုမယ် .. ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင်လုပ်မယ် .. နောက်တော့ အဲ့ဒီအရာပေါ်မှာ နစ်မျော မသွားဖို့ကို ကိုယ့်ကိုယ်ကိုယ် သတိပေးမယ်။
ကျွန်မ ပြောသလို အားလုံး လိုက်လုပ်ရမယ်လို့ မဆိုလိုပါဘူး …. သင် ရွေးချယ်လို့ ရပါတယ်။
ဒါက အခု လက်ရှိမှာ ကျွန်မပတ်ဝန်းကျင်က လူတွေနဲ့ လုပ်နေတဲ့ အရာတွေပါ။ သူတို့ကို ကိုယ်အာရုံစိုက်နေတဲ့ အရာအပေါ်မှာ ရွေးချယ်တတ်ဖို့ သတိပေးနေတာပါ။ အခုအချိန်မှာ ကျွန်မတို့ အားလုံး ဘာကိုရွေးချယ်မလဲ ဆိုတာကို နာရီနဲ့အမျှ သတိပေးနေဖို့ က အရင်ထက်စာရင် တကယ်ကို လိုအပ်နေပါတယ်။
Vision လို့ ဆိုလိုက်တိုင်း အကြီးကြီး ဖြစ်ဖို့ မလိုပါဘူး။ “အခုချိန် ငါ့ခန္ဓာကိုယ်ထဲ ဘာကို ရှုသွင်းမလဲ .. လောလောဆယ် ဒါကိုပဲ ရွေးချယ်မယ်” ဆိုတဲ့ ရိုးရှင်းတဲ့ ကျင့်စဉ်လေးကနေ စလို့ ရပါတယ်။ “ငါ အသက်ရှုဖို့ကို ရွေးမယ်” .. “လောလောဆယ် ဒါကိုပဲ ရွေးချယ်မယ်..”
အဲ့ကနေမှ တစ်ဆင့်ပြီးတစ်ဆင့် စီးပွားရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ၊ ရင်းနှီးမြုပ်နှံမှုတွေ၊ ကိုယ့်ဘဝအတွက် အကောင်းဆုံးရွေးချယ်မှုတွေကို ဆက်လုပ်လို့ ရပါတယ်။ လူတွေ သူတို့ရဲ့ Message တွေကို ပြန်ပြောပြတဲ့ အခိုက်အတန့်၊ သူတို့ဘဝတွေ အရင်ထက်ပိုပြီး တစ်ဆင့်တက်လာတာတွေကို မြင်ရတဲ့ အခိုက် အတန့်တွေဟာ တကယ့်ကို ကြည်နူးစရာ ကောင်းပါတယ်။ လူတိုင်းလူတိုင်းမှာ မတူညီတာတွေ ရှိနေဖို့ လိုအပ်တာမို့ သူတို့ လိုအပ်တာတွေကလည်း မတူညီနိုင်ပါဘူး။ ဒါပေမယ့် .. ကိုယ်က Show up လုပ်ရုံနဲ့ လူတိုင်းကို ကူညီပြီးသား ဖြစ်နေမှာပါ။ အခု လက်ရှိအခြေအနေက ကျွန်မကို အမေ တစ်ယောက်အနေနဲ့၊ ခေါင်းဆောင် တစ်ယောက်အနေနဲ့၊ စွန့်ဦးတီထွင်သူ တစ်ယောက်အနေနဲ့ Show Up လုပ်ဖို့ တွန်းအားပေးနေပါတယ်။
အခုချိန်မှာ ကျွန်မရဲ့ Vision က ကျွန်မရဲ့အမိမြေ ဖြစ်တဲ့ မြန်မာနိုင်ငံကို ပြန်ပြီးဦးတည်ရမဲ့ အချိန်ပါ။ ကျွန်မရဲ့ အချိန်တွေ Energy တွေကို မြန်မာနိုင်ငံကသူတွေအတွက် အားစိုက်ပြီး သူတို့ကို ကူညီနေခဲ့တယ်။ နောက်ထပ် လာမဲ့ ၁၂ လ ကနေ ၂၄ လ လောက်အထိ ကျွန်မ ချမှတ်ထားတဲ့ Vision ကလည်း မြန်မာနိုင်ငံက လူတွေ အတွက်ပါ။ ကျွန်မ Vision က တကယ့်ကို Massive Social Change တစ်ခု ဖြစ်ပြီး အဲ့ကနေတဆင့် လူတိုင်းကို Self Awareness (ကိုယ့်ကိုယ်ကိုယ်သေချာ နားလည်သိရှိခြင်း) ဆိုတာ ဘာလဲ၊ Embodiment (ကိုယ်တိုင် အမှန်တကယ်လက်တွေ့ကျင့်သုံးခြင်း) ဆိုတာ ဘာလဲ၊ Self leadership (ကိုယ့်ကိုယ်ကိုယ် ဦးဆောင်နိုင်ခြင်း) ဆိုတာဘာလဲ … စတာတွေကို သိဖို့၊ နားလည်ဖို့ ကူညီ သင်ကြားပေးချင်တာပါ။
အခုလိုမျိုး အချိန်ပေးပြီး နားထောင်ပေးတဲ့အတွက် အားလုံးကိုကျွန်မရင်ထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။
ထုံးစံအတိုင်း အခု Episode လေးနားထောင်ပြီး ကိုယ့်ခံစားချက်နဲ့ ထပ်တူကျတယ်ဆိုရင် အောက်မှာ Comment ပေးခဲ့ပေးပါ။ ကျွန်မ အားလုံးရဲ့ Comment တွေကိုဖတ်ပါတယ်။
Xo Arabelle