BHP16 - Solo

You Are What You Tell Yourself

Listen now:

Timestamps

01:12 Last Episode’s Recap

01:51 Never running out of life struggles

03:23 How conscious uncoupling led to my growth

05:02 How do you know if your purpose is complete

06:18 We are what we define ourselves

12:05 Energy flows where your focus goes

14:21 Tell yourself what you are

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

အားလုံး မင်္ဂလာပါ

ကျွန်မရဲ့ Being Human Podcast မှ ကြိုဆိုပါတယ် ..

အခုချိန်မှာ အားလုံး အန္တရာယ်ကင်းကင်းနဲ့ ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို သေသေချာချာ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီး၊ နောက်ထပ်ဖြစ်လာမယ့် ပြောင်းလဲမှုတွေအတွက် ကိုယ်က ဘယ်လမ်းကို ရွေးချယ်မယ် ဆိုတာကို သဲသဲကွဲကွဲ သိနေပြီလို့ မျှော်လင့်ပါတယ်။

ပြီးခဲ့တဲ့ တပတ်က လက်ရှိ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ အဲ့လို  ရှုပ်ယှက်ခတ်နေတဲ့ အချိန်မှာ ကိုယ်က ဘယ်လိုမျိုး တည်ငြိမ်အောင်နေလို့ ရတယ်ဆိုတာတွေကို ပြောပြထားပါတယ်။

အဲ့ဒီအကြောင်းကို နားမထောင်ရသေးရင် ဒါကို နားထောင်ပြီးရင် အဲဒိီ Episdoe ကိုဆက်နားထောင်လိုက်နော်။

ပြီးတော့ ကျွန်မရဲ့ Facebook Page မှာ Livestream လုပ်လိုက်တော့ တော်တော်များများက အဲ့ဒါနဲ့ပတ်သတ်ပြီး ဘာတွေဖြစ်နေတယ် ဆိုတာ သိရဖို့အတွက် သူတို့ကို  Documentaries တွေ ရှယ်ပေးဖို့ လာမေးကြတယ်။ အဲ့တာကြောင့် ကျွန်မရဲ့ Instagram Story မှာ ရှယ်လုပ်ပေးထားပါတယ်။သိချင်တယ် ဆိုရင် ကျွန်မကို Instagram မှာ Direct Message လုပ်ပေးပါ။  အတတ်နိုင်ဆုံး ပြန်ဖြေပေးပါ့မယ်။

အခု ဒီတပတ်မှာတော့ ကိုယ့်ရဲ့ Soul က ပြောတဲ့ စကားကို နားထောင်ဖို့ ဘယ်လောက်ထိ အရေးကြီးသလဲ ဆိုတာရယ်၊ ကိုယ်ကြောက်တဲ့ အရာအပေါ်ကို ပိုပြီးမြင်အောင် လုပ်ဖို့ရယ်၊ ကိုယ့်ဘဝကို ကိုယ်ကိုယ်တိုင် လိုချင်တာဖြစ်လာဖို့ ကိုယ့်အမြင်၊ ကိုယ့် စိတ်ကူးမျှော်မှန်းချက်တွေကို သေချာ ဆုပ်ကိုင်ပြီး ကိုယ်ဖြစ်ချင်တဲ့သူ ဖြစ်ဖို့ ထပ်ခါထပ်ခါ သတိပေးဖို့ လိုအပ်ကြောင်း  စတာတွေကို ပြောပြချင်ပါတယ်

ဒါတွေမပြောခင် ကျွန်မဘဝ ဖြတ်သန်းခဲ့ရတဲ့ ခရီးတစ်ခုအကြောင်း ပြောပြချင်ပါတယ်။ ဒီလို Story လေးက သင့်ကို တစ်ထောင့် တစ်နေရာကနေပြီးတော့ Inspire လုပ်မယ်လို့ လည်းမျှော်လင့်ပါတယ်။ ဒါကိုနားထောင်ပြီးတော့လည်း ဘယ်သူမှမရွေးချယ်တဲ့ ကိုယ့်လျှောက်ချင်တဲ့လမ်းသစ်တွေကိုလည်း ဖောက်ပြီးလျှောက်လှမ်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျွန်မသူငယ်ချင်းတစ်ယောက်ကပြောတယ် .. ကျွန်မဘဝရဲ့ အကြောင်းနားထောင်ရတာ Drama လိုလို Thriller လိုလို TV series ကြည့်နေရသလိုပဲ ရင်တထိတ်ထိတ်နဲ့တဲ့။

ဒါ အမှန်ပါပဲ။  ကျွန်မကို အဲ့သလို ပြောကြတာ ခဏခဏပါပဲ။

အသက်ကြီးလာတာနဲ့ အမျှ ကျွန်မဘဝကို ဘယ်လိုမျိုး ဖြတ်သန်းတဲ့အခါမှာ တချို့ ကိုယ်ယုံကြည်ထားခဲ့တာတွေက ကိုယ့်ကို ဘယ်လိုကူညီပေးပြီး တချို့ကတော့ ကိုယ့်ကို ရှေ့ဆက်သွားမရအောင် လုပ်ထားတယ် ဆိုတာကို သဲသဲကွဲကွဲ မြင်လာရတယ်။

ကျွန်မ ငယ်ငယ်တည်းက ဘဝဆိုတာ တိုက်ပွဲ/ရုန်းကန်ရတယ် ဆိုတာ ယုံကြည်ခဲ့တယ် .. အဲ့လိုတိုက်ပွဲဝင်၊ ရုန်းကန်ရတာ ကိုက ကျွန်မဘဝမှာ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာဖို့အတွက် ပိုတွန်းအားပေးတယ်လို့ ယုံကြည်တယ်လေ။ ဒါမျိုး ဘယ်သူက ခံယူထားသလဲ? ဒီယုံကြည်ချက်က ကျွန်မရင်ထဲမှာ အမြစ်တွယ်နေခဲ့တော့ ကျွန်မအတွက်ကတော့ ရုန်းကန်ရတာတွေ စိန်ခေါ်မှုတွေက အမြဲမပျက် ရှိနေခဲ့တယ်။

ဒီတစ်ပတ်မှာဘာအကြောင်းပြောရင်ကောင်းမလဲ လို့ စဉ်းစားရင်းနဲ့ ကျွန်မဘဝအတွက် တကယ့်ကို မှတ်မှတ်ရရ ရှိခဲ့တဲ့အရာတစ်ခုအကြောင်း၊ ကျွန်မ ဘဝကို လုံးဝပြောင်းလဲသွားစေတဲ့ အရာအကြောင်းကို သတိရသွားတယ်။

ကျွန်မ သေချာမှတ်မိနေခဲ့တယ် .. ကျွန်မနဲ့ ကျွန်မရဲ့ အရင်က အမျိုးသား နှစ်ယောက်အတူတူ စကားတပြောပြောနဲ့ မနက်စာ စားနေတုန်းမှာပဲ ရုတ်တရက် “အချိန်ကျပြီ” ဆိုပြီး နှစ်ယောက်လုံးကို သတိပေးလိုက် သလိုပဲ ..

ကျွန်မတို့ နှစ်ယောက်လုံး ကိုယ့်လမ်းကိုယ်လျှောက်ကြဖို့ အချိန်တန်ပြီဆိုတာပေါ့။

အဲ့လိုနဲ့ပဲ .. မနက်စာ စားရင်းတန်းလန်း တဝက်တပျက် နဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်ရင်း “အချိန်တန်ပြီ ထင်တယ်” … နှစ်ယောက်လုံးကလည်း အခြေအနေကို သေချာနားလည် လက်ခံလိုက်ပြီ ဆိုတဲ့ သဘောနဲ့ တပြိုင်နက်ထဲ ခေါင်းငြိမ့် လိုက်ကြတယ်။  အဲ့ကနေ တဆင့် ကျွန်မတို့တွေ ရှေ့ဆက်ပြီး ဘာဆက်လုပ်ကြမလဲ တိုင်ပင်ကြရော ..

အဲ့ဒီအချိန်မှာကျွန်မတို့ Energy တွေက ချက်ချင်းဆိုသလို ပြောင်းလဲသွားတာ …

သာမန် မနက်စာစားနေတာကနေ အင်မတန်စိတ်လှုပ်ရှားစရာကောင်းတဲ့ စကားဝိုင်း ဖြစ်သွားတာ ..

ကျွန်မတို့ရဲ့ တိုးတက်ဖို့အတွက် နိဒါန်းအသစ် စတင်ခဲ့ကြတယ် ဆိုပါတော့ ..

ကျွန်မတို့ရှေ့လျှောက်ဘယ်လိုဆက်သွားမယ်၊ ဘာတွေဆက်လုပ်ကြမယ် စသဖြင့်ပြောနေကြရင်းနဲ့ပဲ သဲသဲကွဲကွဲ ကျွန်မတို့သိသွားတာက ကျွန်မတို့နှစ်ယောက်ရဲ့ Purpose ဆုံတွေ့ရခြင်း ဘဝရေစက်က ဒီမှာရပ်သွားပြီဆိုတာပါပဲ။

ကျွန်မကို အမေးများတဲ့ နောက်မေးခွန်းတစ်ခုက “ဘဝမှာ ကိုယ့် Purpose က ပြီးဆုံးသွားပြီ/ အဆုံးသတ်သွားပြီ ဆိုတာ ဘယ်လို သိနိုင်မလဲ” တဲ့ ..

Relationship မှာပဲ ဖြစ်ဖြစ်၊ အလုပ်အကိုင်၊ ကိုယ်လုပ်နေတဲ့ အလုပ် Project၊ တွေမှာပဲ ဖြစ်ဖြစ် .. အခုလို Sign လေးတွေ တွေ့လာပြီဆိုရင် ကိုယ့် Purpose ဟာ အဆုံးသတ်ပြီ ဆိုတာကို သိလာလိမ့်မယ်

  • ကိုယ့် Relationship မှာ ၊ အလုပ်မှာ အရင်ကလို တက်တက်ကြွကြွနဲ့ စိတ်ဝင်တစား မရှိတော့တဲ့ အချိန်

  • ကိုယ့်ရဲ့ ဟိုးရင်ထဲကနေ ဒါဟာ အချိန်တန်ပြီ လို့ သိပြီး ဒါဟာ မှန်သော ရွေးချယ်ခြင်းမို့ နောင်တဆိုတာလည်း မရှိတော့တဲ့အချိန်

  • ဒီ ဘဝသင်ခန်းစာဆုံးခန်းကို ရောက်ပြီး နောက်ထပ် သင်ခန်းစာအသစ်အတွက် စိတ်လှုပ်ရှား ပိုတက်ကြွလာတဲ့ အချိန်

  • နောက်ဆုံး တစ်ချက်က .. ကိုယ်ဟာ ဘယ်ဆက်သွားပြီး ဘာဆက်လုပ်ရမယ်မှန်း သေချာ မသိနေ ရင်တောင်မှ ရင်ထဲမှာ တွေဝေနေတာမျိုးမရှိ ပြတ်သားရှင်းလင်းနေပြီး .. ကိုယ့်ရှေ့ဆက်ရမယ့် ခြေလှမ်းတွေအတွက် ယုံကြည်မှု အပြည့်ရှိလာတဲ့ အချိန်

ဒါတွေက ကျွန်မကိုယ်တိုင်လက်တွေ့ ခံစားခဲ့ရတဲ့ အချက်တွေပါ။ နောက်ထပ် သင်ခန်းစာအတွက် အချိန်တန်ပြီ။ အဲ့ဒီဆုံးဖြတ်ချက်ကို ချလိုက်တဲ့အချိန်မှာ ကျွန်မဘဝက ၁၈၀ ဒီဂရီလို လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့တယ်။

ဒါပေမဲ့လည်း ဘဝဆိုတာကတော့ Challenges တွေ စိန်ခေါ်မှုတွေရှိတာပေါ့။ ပိုဆိုးတာက ကျွန်မရဲ့အရင်တုန်းက ယုံကြည်ချက်က “ဘဝဆိုတာ ရုန်းကန်မှုပဲ .. ကိုယ်က ရုန်းကန်လေလေ ကိုယ့်အတွက် ပိုတိုးတက်လာလေလေ” ဆိုတော့ စိန်ခေါ်မှုတွေကရောက်လာတာပေါ့။

“No pain No gain” အနာခံမှ အသာစံရမယ် တို့

“You need a breakdown before you get a breakthrough”, ကိုယ့်ဘဝအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ ကိုယ်တိုင်ပြိုလဲကျဖို့ အရင်လိုအပ်တယ် တို့

စတဲ့ စကားပုံတွေ ကြားဖူးတယ်ဟုတ်?

တကယ်က ဒါတွေက ကိုယ့်ကို စိတ်အားထက်သန်လာအောင် မြှင့်တင်ပေးတဲ့ စကားတွေ ဆိုပေမယ့် ကျွန်မကတော့ ဒါတွေကို ယုံတမ်းစကားတွေလို့ ယူဆတယ် ..

သင့်အနေနဲ့ Breakthrough ဖြစ်လာဖို့ ပြိုလဲကျဖို့ မလိုသလို .. အသာစံရဖို့လည်း အနာခံနေဖို့ မလိုဘူး .. ကျွန်မကတော့ ကိုယ့်တိုးတက်မှု အတွက် ရုန်းကန်ဖို့ မလိုအပ်ဘူး လို့ ထင်တယ် …

ဒါပေမဲ့ ကျွန်မလည်း ဒါတွေကို လွယ်လွယ်နဲ့ သိခဲ့ရတာ မဟုတ်ပါဘူး ..

ကျွန်မတို့ လမ်းခွဲပြီး ကိုယ့်လမ်းကိုယ် စလျှောက်တဲ့ အချိန်မှာ စ တာပဲ။  ကျွန်မဘဏ်ထဲမှာ ဒေါ်လာ ၁၅၀၀ ပဲ ရှိတယ်။  နေစရာ အိမ် မရှိဘူး။ ပေးစရာ အိမ်ငှါးခ မရှိဘူး။ တချို့အချိန်တွေ ကားဆီ ဖြည့်ဖို့တောင် ပိုက်ဆံ အလုံအလောက်မရှိလို့ ကျွန်မနဲ့ ကျွန်မခွေးလေးနဲ့ လမ်းလျှောက်ခဲ့ရချိန်တွေ ရှိခဲ့တယ်။  ကိုယ်လုပ်ခဲ့တာ မှန်ရဲ့လား လို့တောင် ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်း ထုတ်မိတယ်။. ဒီ Relationship ပြီးသွားတဲ့ အချိန်မှာ ကျွန်မကိုယ်ကျွန်မတောင်ဘယ်သူလဲဆိုတာ မသိတော့ဘူး။ ငါဘယ်သူလဲ  ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ဒွီဟစိတ်တွေနဲ့ ဝေဝါး နေခဲ့တယ်။

နေ့တိုင်းလိုလို ခေါင်းထဲမှာ မေးနေမိတာက ဘာ့ကြောင့်လဲ? ဘာ့ကြောင့်ငါ့ကိုမှ ရွေးဖြစ်ရတာလဲ? ငါဘာလို့ ဒီလောက် ကံမကောင်းတာလဲ? ငါ့ကို ဘာလို့ ဘယ်သူမှ မချစ်ကြတာလဲ? ငါက ဘာလို့ အချစ်နဲ့ မထိုက်တန်ရတာလဲ? ကျွန်မက အဲ့သလို ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်လေလေ .. ဘဝက ကျွန်မကို စိန်ခေါ်လေလေပဲ။

အဲ့သလိုနဲ့ တစ်ရက်ကျတော့ ကျွန်မနဲ့ ခွေးလေး တောင်ကုန်းပေါ်တက်လမ်းလျှောက်နေတဲ့ အချိန် .. လူက မောလည်းမော . အသက်ရှူဖို့လည်း ခက်လာ .. မျက်ရည်တွေ ကျွန်မပါးပေါ် စီးကျ လာခဲ့တယ်။ အရာအားလုံးကို အရှုံးပေးချင်လာတယ်။ အဲ့အချိန်မှာ မိုးကောင်းကင်ကြီးကိုမော့ကြည့်ပြီး ကျွန်မ ပြောလိုက်တာက

အရှင်ဘုရား၊ စကြာဝဠာကြီး၊ ကောင်းကင်တမာန်များ၊ တန်ခိုးရှင်တွေ ဘယ်သူပဲ ဖြစ်ဖြစ် .. ဟုတ်တယ် ကျွန်မ မေးခွန်းအမှားတွေကိုပဲ တချိန်လုံး မေးနေခဲ့တယ် … ဒါပေမယ့် ကျွန်မအပေါ်မှာ မေတ္တာတရားလေး ရှိသေးတယ်ဆိုရင် ကျွန်မကို Sign တစ်ခုခုဖြစ်ဖြစ်၊ Message လေး ဖြစ်ဖြစ်၊ အိမ်မက်လေး ဖြစ်ဖြစ် တစ်ခုခုတော့ ပြပေးပါ .. ဘာလို့လဲဆိုတော့ ဒီဘဝကနေ လွတ်မြောက်ဖို့ ကျွန်မအဆင်သင့် ဖြစ်နေပါပြီ

ကျွန်မ ဒါ့ထက်မြင့်မားတဲ့နေရာကို သွားဖို့ အဆင်သင့်ဖြစ်ပါပြီ .. ကိုယ်မ လိုက်လျောညီထွေ စီးမျောဖို့ အဆင်သင့် ဖြစ်နေပါပြီ ..

ကမ္ဘာကြီးအတွက် ကြီးမားတဲ့သက်ရောက်မှုတစ်ခု ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ .. လက်ခံဖို့လဲ အဆင်သင့် ဖြစ်နေပါပြီ .. ချစ်ဖို့လဲ အဆင်သင့်  ဖြစ်ပါပြီ .. ပျော်ရွှင်ဖို့လဲ အဆင်သင့် ဖြစ်ပါပြီ ..

အဲ့စကားလုံးတွေကို ပိုကျယ်အောင် ပြောလေလေ ကျွန်မ Energy က ပို Shift ဖြစ်လာလေလေ ကျွန်မ မျှော်လင့်ချက် ရှိလာလေလေ ကျွန်မရဲ့ အနာဂတ်ကို ပိုမြင်လာလေလေ နောက်ထပ် ဆက်ပြီး ..

ကျွန်မဟာ အချစ်နဲ့ ထိုက်တန်တဲ့သူ .. ကျွန်မဟာ ပြည့်စုံကြွယ်ဝမှုနဲ့ ထိုက်တန်တဲ့သူ .. ကျွန်မဟာ ပျှော်ရွှင်မှုနဲ့ ထိုက်တန်တဲ့သူ .. ကျွန်မကိုယ်တိုင်ပဲ အချစ် . ကိူယ်တိုင်သာ ပြည့်စုံကြွယ်ဝသူ .. ကိုယ်တိုင်သာ ပျော်ရွှင်ခြင်း .. ကျွန်မကထိုက်တန်တယ် 

အဲ့ညနေ အိမ်ပြန်လာတဲ့လမ်းတလျှောက်မှာ ကျွန်မဟာ အခုမှအသစ်တဖန် ပြန်မွေးဖွား လာသလို ခံစားရတယ် .. ကျွန်မရင်ထဲ အသဲထဲက အရာအားလုံး ဖြေးဖြေးချင်းနဲ့ သေချာပေါက် ပြောင်းလဲလာလိမ့်မယ်ဆိုတာ သေချာသိနေတယ်။  တကယ်လည်း အရာအားလုံး ပြောင်းလဲခဲ့တယ် …

ကျွန်မထင်ထားတာထက် ပိုက်ဆံတွေ အများကြီး ပိုရှာနိုင်လာတယ်။ ကျွန်မအတွက် တကယ်စစ်မှန်တဲ့ ကျွန်မလိုအပ်ရင် အပြေးလေးရောက်လာမယ့် သူငယ်ချင်း မိတ်ဆွေတွေကို ရလာတယ်။ ကျွန်မ တစ်ပတ်ခြား တစ်ခါလောက် ခရီးတွေသွားပြီးတော့ မိတ်ဆွေအသစ်တွေ တိုးလာတယ်။ Workshop တွေ၊ စကားပြောပွဲတွေ ထပ်ခါထပ်ခါ လုပ်ခဲ့တယ်။ ဒီလိုနဲ့ပဲ လ အနည်းငယ်အတွင်းမှာကို အရာအားလုံးက ပြောင်းလဲသွားလိုက်တာ အရင်က အခက်အခဲတွေက မဖြစ်ခဲ့သလိုပဲ လို့တောင် ထင်ရတယ် ..

အခုဆို သင်လည်း တွေးချင်တွေးနေမှာပေါ့ .. “ဟုတ်ရဲ့လား Arabelle ရယ် .. မိုးပေါ်မျှော်ကြည့်ပြီး အဲ့လိုစကားလုံးတွေ လျှောက်အော်ပြော လိုက်တာနဲ့ပဲ ဘဝက တကယ်ပြောင်းလဲ သွားရောလား” ဆိုပြီး

တကယ်က…

ကိုယ်ဟာ… ကိုယ့်ကိုကိုယ့် နေ့တိုင်းဘယ်သူပါလို့ပြောလေလေ အဲဒိီလူဖြစ်လာလေလေ

ကိုယ်ဟာ… ကိုယ့်ကိုကိုယ့် ဘယ်ကသူလို့ သတ်မှတ်လေလေ အဲဒိီလူတစ်ယောက်လို ပြုမူနေထိုင်လေလေ

ကိုယ်ဟာ… ကိုယ့်ခေါင်းထဲမှာ အခါအခါတွေးနေတဲ့အတွေးတွေပါ

တကယ်က ကျွန်မတို့ရဲ့ အတွေးတွေက မသိစိတ်ကို အခေါက်ပေါင်းများစွာ ညွှန်ကြားနေတာ။

ကျွန်မ တောင်ကုန်းပေါ် မရောက်ခင်တုန်းက မေးနေခဲ့တဲ့ မေးခွန်းတွေ၊ ကိုယ့်ကိုယ်ကိုယ် ပြောနေခဲ့တဲ့ အရာတွေ၊ Negative အဖျက်စိတ်တွေကို ပဲ ခေါင်းထဲမှာ ကြိမ်ဖန်များစွာ တွေးနေခဲ့တာ .. အဲ့အခြေအနေမှာ ကျွန်မက

ကိုယ့်ကိုယ်ကိုယ် ခံရတဲ့သူ ဆိုပြီး သတ်မှတ်လိုက်တာ .. ကျွန်မ ကိုယ်တိုင်က ကူညီမယ့်သူ မရှိတဲ့ ဘဝကို ရွေးချယ်လိုက်တာ ..

အားလုံးလည်း သိပြီးသား ဖြစ်မှာပါ .. Energy ဟာ ကျွန်မတို့ အာရုံစူးစိုက်တဲ့ဘက်ကို စီးဆင်းလေ့ ရှိတယ်။ ကိုယ့်အတွက် အလုပ်မဖြစ်တဲ့ အရာတွေအပေါ်ကို အာရုံစိုက်နေရင် ကိုယ့်အတွက်လည်း တကယ်အလုပ်ဖြစ်မှာ မဟုတ်ဘူး

တောင်ကုန်းပေါ်က အဖြစ်အပျက်တချို့ ပြန်ပြောရရင်

  • ကျွန်မ ဘဝအတွက်အဆင်မပြေတာတွေထက် ဖန်တီးချင်တာတွေကို စပြီးအာရုံစိုက်လာတယ်

  • ကျွန်မကို လမ်းပြပေးဖို့အတွက် Sign လေး တစ်ခုလောက်ပဲ ဖြစ်ဖြစ်၊ Message လေးပဲ ဖြစ်ဖြစ် ပေးဖို့ ဟိုးအထက်က မြင့်မားတဲ့ Universal Intelligence ဆီကအကူအညီတောင်းခဲ့တယ်။ တောင်းတဲ့အချိန်မှာလဲ ကျွန်မဖက်က လက်ခံဖို့ အပြည့်အဝရှိခဲ့တယ်

  • ကျွန်မဟာ ကို်ယ့်ကိုကိုယ် ဘယ်လိုသူဖြစ်ချင်တယ်ဆိုတာတွေခဏခဏပြောပြီး၊ ကိုယ်မဖြစ်ချင်တဲ့ပုံစံတွေကို ညည်းတွားမနေတော့ဘူး

  • အပြင်လူတွေ ပြောနေတဲ့ ဆူညံသံတွေထက် ကျွန်မ Soul ရဲ့ စကားတွေကို နားထောင်ပြီး သူ့လမ်းညွှန်မှုအတိုင်း လိုက်ဖို့ ရွေးချယ်ခဲ့တယ်

  • ကျွန်မအတွက် ကိုယ်မဖြစ်ချင်တာတွေထက် ကိုယ်ဖြစ်ချင်တာတွေ ဖြစ်လာဖို့ကိုပဲ ရွေးချယ်ခဲ့တယ်

အဲ့လိုပြောလို့ အခုကျွန်မဘဝကြီးက လုံးဝပြီးပြည့်စုံ သာယာပြီး စိန်ခေါ်မှုတွေ မရှိတော့ဘူး လို့ ပြောတာ မဟုတ်ပါဘူး။ ဆိုလိုတာက ကိုယ်ကိုယ်တိုင်က ကိုယ်ဘယ်သူပါ လို့ သတ်မှတ်လိုက်တဲ့အခါမှာ တခြားသူတွေက ကိုယ့်ကိုဘယ်သူလဲလို့ သတ်မှတ်လို့ မရတော့ဘူး။ တကယ်က ဘဝမှာ ဘယ်နေရာပဲသွားသွား၊ ဘယ်သူနဲ့ အတူရှိနေနေ၊ ဘယ်အခြေအနေပဲ ရောက်ရောက်၊ စိန်ခေါ်မှုတွေက ရှိစမြဲပါ .. ဒါမှ ဘဝ လို့ခေါ်တာလေ။

အသက်တစ်ချောင်း မွေးဖွားလာဖို့ အကောင်လေးတွေက ဥကနေကွဲထွက်လာရတယ်

မြက်ဆိုတာ နေရောင်မြင်ရဖို့ ကမ္ဘာမြေကြီးကိုတိုးဖောက်ပြီးထွက်လာရတယ်

ဆာမူရိုင်းဓါးတစ်ချောင်း ဖြစ်လာဖို့ မီးနဲ့ထိတွေ့ရ သလို ကြိမ်ဖန်များစွာ အထုထောင်းခံ ရတယ်။

ကျွန်မတို့အားလုံးဟာ ရှာတွေ့ခံရဖို့ စောင့်နေတဲ့ စိန်အရိုင်းတုံးလေးတွေပါ။

အဲဒိီတော့ ဒီ episode လေးကနေ ကျွန်မပေးချင်တဲ့ message က ကိုယ့် Soul က လာတဲ့ စကားကို အမြဲ နားထောင်ပေးပါ။ ကျွန်မ Soul ရဲ့ စကားကို ဆန့်ကျင်မယ့်အစား တစ်ကမ္ဘာလုံးကိုသာ ဆန့်ကျင်လိုက်မယ်။ ဘာလို့လဲဆိုတော့ ကျွန်မ သူ့စကားကို နားမထောင်ခဲ့တိုင်း ကျွန်မဘဝရဲ့ မှန်ကန်တဲ့ alignment တွေအောက်ပြီး၊ စိန်ခေါ်မှုတွေကို အများကြီးပိုကြုံရတယ်။

သင်သာ သင့် Soul ရဲ့ စကားကို နားထောင်မယ်ဆိုရင် ကိုယ့်ဘဝ သင်ခန်းစာကို ဘယ်အချိန်မှာ အဆုံးသတ်ပြီး သင်ခန်းစာအသစ်တွေ ဘယ်ချိန်မှာ စတင်မလဲ ဆိုတာ သိလာပါလိမ့်မယ်။

ကိုယ်မသိတဲ့ ခရီးလမ်းဟာ မသေချာ မရောရာ နဲ့ ကြောက်စရာကောင်းနေပေမယ့်လည်း ကိုယ်က အဲ့လမ်းကိုလျှောက်နေရင်းနဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကိုလည်း ရှာတွေ့လာမှာပါ။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ကိုယ်ဟာဘယ်သူပါလို့ ကိုယ့်ကိုကိုယ်မသိစိတ်ကပြောနေတဲ့အရာတွေဟာ ကိုယ့်ကို ဖန်တီးနေတာပါ။ ဒါကြောင့် ကိုယ်ဘယ်သူလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပါ။

ကိုယ်ဘယ်လိုလူမျိုး ဖြစ်ချင်သလဲ… ဘယ်ကိုသွားချင်သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိအောင်လုပ်ပါ။

ကိုယ် မလိုချင်တဲ့အရာတွေထက် ကိုယ်ဖန်တီးချင်တဲ့အရာတွေကို အာရုံစိုက်ပါ။

ကိုယ့်အနာဂတ်အမြင်ကို ဆုပ်ကိုင်ထားပြီး စကြာဝဠာကြီးအပေါ်မှာလည်း ယုံကြည်ပါ။

ကိုယ်ကြောက်တဲ့အရာတွေကို ရှောင်မပြေးဘဲ ထိပ်တိုက် ရင်ဆိုင်ပါ။

အခုလို လာနားထောင်ပေးတဲ့အတွက် ကျွန်မ ရင်ထဲ အသဲထဲကနေ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အခုလို Solo Episodes တွေဖန်တီးနေရတာကို ကျွန်မအရမ်းနှစ်သက်ပါတယ်။ ဒါပေမဲ့ ဒီ Lockdown ပြီးသွားရင် တခြား ပညာရှင်တွေကိုလဲဖိတ်ခေါ်ပြီး Interview လေးတွေလုပ်ပေးပါအုံးမယ်။

ထုံးစံအတိုင်း အခု Episode လေးနားထောင်ပြီး ကိုယ့်ခံစားချက်နဲ့ ထပ်တူကြတယ်ဆိုရင် အောက်မှာ Comment ပေးခဲ့ပေးပါ။ ကျွန်မ အားလုံးရဲ့ Comment တွေကိုဖတ်ပါတယ်။

ဒီ Episode ကို သင့်ရဲ့ Instagram story မှာ ရှယ်လုပ်ပြီး ကျွန်မကိုလည်း Tag လုပ်ပေးပါ။ အချင်းချင်း မျှဝေပေးပါ။ အခုချိန်မှာ ခွန်အားဖြစ်စေမယ့် Message တွေကို အရင်ထက် အများကြီး ပိုလိုအပ်ပါတယ်။

You are seen. You are heard. You are loved. And you are more than enough.

အချစ်များစွာဖြင့်

Arabelle