BHP15 - Solo

How To Choose Love When Everything is F*cked

Listen now:

Timestamps

00:51 Love in the midst of the global changes

02:36 The rabbit hole of the global politics and mainstream media

07:48 Start choosing to expand in love and not contract in fear

11:03 Choosing the energy of love and the frequency of expansion

11:49 Let love in

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

အားလုံး မင်္ဂလာပါ

ကျွန်မရဲ့ Being Human Podcast မှ ကြိုဆိုပါတယ်

ဒီနေ့တော့ ကျွန်မက “အချစ်ကိုရွေးချယ်ပါ” ဆိုတဲ့ အကြောင်းကို ပြောချင်ပါတယ်… ကျွန်မလုပ်နေတဲ့ အလုပ်နဲ့ မရင်းနှီးတဲ့ သူတွေကိုလည်း ပြောချင်တာက ကျွန်မ စမ်းကြည့်စေချင်တဲ့ အချစ် ဆိုတာ ပုံပြင်တွေထဲကလိုမျိုး အချစ် မဟုတ်ပါဘူး ..

ကျွန်မပြောတာက ကိုယ့် Energy ကိုပိုပြီး ကျယ်ပြန့်စေမယ့် ဖြစ်စေမယ့် အချစ်မျိုး၊ ကိုယ့်အတွက် အကျိုးရှိစေမယ့် အချစ်မျိုး၊ .ကမ္ဘာကြီးပေါ်မှာ အခု ဘာတွေဖြစ်နေလဲဆိုတာကို အမှန်အတိုင်းမြင်စေမယ့် အချစ်မျိုးကို ပြောတာပါ .. အခုလောလောဆယ်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဒီဗိုင်းရပ်စ် ကိစ္စကြောင့် နိုင်ငံရေး၊ လူတွေဟာ ကိုယ်ကိုင်တွယ်ထားတဲ့ အယူအဆတွေကို အမှန်တရားလို့ ယူဆပြီး တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်နေတဲ့ အဖြစ်အပျက်တွေ စတဲ့ အရာတွေအကုန်လုံးကို သေချာမြင်စေနိုင်မယ့် အချစ်မျိုး ကိုပြောတာပါ…

အခု Episode က ကျွန်မတစ်ဦးတည်းရဲ့ ရှုထောင့်ဖြစ်တဲ့အတွက်  လိုချင်ရင် ယူနိုင်သလို သဘောမကျရင်လည်း ရပါတယ် .. တစ်ခုလောက် ပြောချင်တာက သင့်မှာ ကားမောင်းနေတဲ့အချိန်ပဲ ဖြစ်ဖြစ်၊ ဟင်းချက်နေတဲ့ အချိန်ပဲ ဖြစ်ဖြစ်၊ အားကစားလုပ်ပြီး ပြေးနေတဲ့အချိန်ပဲ ဖြစ်ဖြစ် အဲ့အချိန်တွေထဲက ၁၀ မိနစ် ၁၅ မိနစ်လောက် ဖဲ့ပေးနိုင်မယ်ဆိုရင် နားထောင်ပေးဖို့ ဖိတ်ခေါ်ပါတယ် .. နားထောင်ပြီးမှသာ အဲ့ဒီထဲက ကိုယ့်အတွက် အကောင်းဆုံးအရာကို ရွေးချယ်လိုက်ပါ ..

အခု လက်ရှိကမ္ဘာကြီးပေါ်မှာ ဘာတွေဖြစ်နေသလဲ ဆိုတာကို မသိတဲ့ သူတွေအတွက်တော့ ကျွန်မ Instagram @arabelleyee ကို တိုက်ရိုက် စာပို့လိုက်ပါ .. ကျွန်မအနေနဲ့ အတတ်နိုင်ဆုံး reply လုပ်ပြီး ကိုယ်ကိုယ်တိုင် လေ့လာလို့ရနိုင်မယ့် Link တွေ ပို့ပေးလိုက်ပါမယ် ..

အခု လောလောဆယ်အတွက် ပြောနိုင်တာကတော့ ကမ္ဘာကြီးမှာ အကြီးအကျယ်/အများကြီး ပြောင်းလဲနေပါတယ် ဆိုတာပါ ..

ကမ္ဘာပေါ်က တချို့မီဒီယာတွေက ပြောနေတဲ့ တချို့ကအရာတွေဟာ အမြဲတမ်းတော့ အမှန်တွေပဲ မဟုတ်ပါဘူး .. မီဒီယာတွေမှာလည်း သူ့အကြံအစည်နဲ့ သူ ရှိတယ် ..

ကျွန်မ ပြောနိုင်တာကတော့ ကိုယ့်ကျန်းမာရေး၊ ကိုယ့်ဘဝအတွက် လူတိုင်းက အမြဲတမ်း အကောင်းတွေပဲ စဉ်းစားပေးနေတာ မဟုတ်ဘူး ..

သူတို့အားလုံးဟာ လူဆိုးတွေလို့ ပြောတာတော့ မဟုတ်ပါဘူး .. တချို့ကတော့ တကယ်ကောင်းတဲ့  ရည်ရွယ်ချက် နဲ့ သင်တို့၊ ကျွန်မတို့၊ လူသားအားလုံးအတွက် အလုပ်လုပ်နေကြတာပါ ..

ဒါပေမယ့် ကျွန်မပြောချင်တာက အရာရာတိုင်းကို အပေါ်ယံလေးပဲ ကြည့်ပြီးတော့ ဒါကို အမှန်တရားလို့ မယူဆပါနဲ့ ..

ကျွန်မ ပြောတာတွေကို သဘောတူသည် ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ၊ သင့်ဆုံးဖြတ်ချက်ကို ကျွန်မ အလေးထားပါတယ် ..

လက်ရှိ Melbourne, Victoria တစ်ခုတည်းမှာ ဆိုရင်တောင် ဖြစ်ပျက်နေတာတွေ အများကြီးရှိပါတယ် .. Google မှာ ရှာကြည့်လို့လည်း ရပါတယ် .. Recovery rate (ပြန်လည်ကောင်းမွန်နိုင်တဲ့ အခြေအနေ) ၉၇-၉၉ % ရှိတဲ့ Covid-19 ကို သြစတြေးလျ အစိုးရက နိုင်ငံတစ်ခုလုံးရဲ့ ၉၅% ကို မဖြစ်မနေ Vaccine (ကာကွယ်ဆေး) ထိုးရမယ် ဆိုပြီးတော့ တွန်းအားပေးနေပါတယ် .. ကာကွယ်ဆေးဆိုတာ နှစ်ပေါင်းများစွာ စမ်းသပ်ပြီးမှ ထုတ်လုပ်ရတာမျိုးပါ .. ဒါပေမယ့် နှစ်ပေါင်းများစွာ သေချာစမ်းသပ်ထားတာ မဟုတ်ဘဲ အမြန်ထုတ်လုပ်ထားတဲ့ ဒီကာကွယ်ဆေးကိုထိုးဖို့ တွန်းအားပေး နေရုံမှမက တချို့လူတွေကလည်း ဒီဆေးထဲမှာ သန္ဓေသားတွေရဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတချို့လည်း ပါတယ် လို့လည်း ပြောကြတယ် .. ကျွန်မကတော့ ကျွန်မကိုယ်တိုင်ရော၊ ကျွန်မ သားကိုပါ အဲ့ဒီကာကွယ်ဆေးကို လုံးဝပေးမထိုးပါဘူး ..

လူတစ်ယောက် ပြောတာ တွေ့ဖူးတယ် .. မိုးရွာနိုင်ခြေ တစ်ရာခိုင်နှုန်း (၁%) ပဲ ရှိနေတာကို သွားလေရာ ထီးယူသွားမလား တဲ့ .. ကျွန်မကတော့ မယူပါဘူး ..

ဒါပေမယ့်လည်း ထပ်ပြောပါမယ် .. ဒါဟာ လူ တစ်ဦးတစ်ယောက်ချင်းစီ ရဲ့ဆုံးဖြတ်ချက်ပါ .. နောက်တော့ ကိုယ်တိုင် သေချာလေ့လာပါ ..

အခုဆို သြစတြေးလျ မှာ ဆူပူသောင်းကြမ်းတာတွေ၊ ဆန္ဒပြပွဲတွေ၊ Civil War (ပြည်တွင်းစစ်ပွဲ)တွေ၊ လူတွေအချင်းချင်း ဖြစ်လာနိုင်ချေရှိတဲ့ ပဋိပက္ခတွေက အခုတည်းက ဖြစ်နေပြီ .. ထပ်လည်း ဖြစ်တော့မယ် ..   US, New Zealand စတဲ့ နိုင်ငံတွေမှာလည်း ရွေးကောက်ပွဲတွေ လုပ်နေကြပြီ .. အဲ့ဒီရွေးကောက်ပွဲ အစီအစဉ်တွေက ကျွန်မတို့ မသိပေမဲ့ ကျွန်မတို့အပေါ် အများကြီးသက်ရောက်မှု နေပါတယ် ..

အခု  သြစတြေးလျ မှာဆိုရင် Covid ကူးစက်နှုန်းကို လိုတာထက်ပိုဆိုးအောင် ကိန်းဂဏန်းတွေကို လိမ်ပြောနေကြတယ် လို့လည်း ပြောနေကြတယ် .. ကျွန်မပြောတာ တမျိုးမထင်ပါနဲ့ .. ဒီဗိုင်းရပ်စ်က တကယ်ရှိပါတယ် .. ဒါပေမယ့် အခု ဒီမှာ ပြောနေ ကြသလိုပေါ့ တကယ်တမ်းက လူတွေကိုသတ်နေတာက ဒီဗိုင်းရပ်စ် မဟုတ်ဘူး .. နိုင်ငံရေး သမားတွေပါတဲ့ ..

ထပ်ပြီး ပြောလိုက်ပါအုံးမယ် .. ကျွန်မ ပြောသမျှ အကုန် မယုံပါနဲ့ .. ကိုယ့်ဟာကိုယ်လည်း သေချာ လေ့လာပါ ..

တစ်ခုတော့ သတိပေးချင်ပါတယ် .. ကျွန်မပြောတဲ့ Research တွေကို မီဒီယာမှာ နားထောင်လို့ ရမှာ မဟုတ်ပါဘူး…

ကျွန်မတို့ အင်တာနက်ပေါ်မှာ ရနေတဲ့ အချက်အလက်တွေဟာလည်း  အကုန်အမှန် မဟုတ်ပါဘူး .. ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ မိဘတွေ ကလေးတွေကို Netflix, YouTube တို့ ကြည့်တဲ့အခါ သူတို့နဲ့ မသင့်လျော်တာတွေ မကြည့်ဖြစ်အောင် Parental Controls လုပ်တာမျိုးပေါ့ .. အခု ကျွန်မတို့ကိုလည်း သူတို့ မြင်စေချင်တာတွေကိုသာ မြင်လို့ရအောင် လုပ်ထားတာပါ ..

အမှန်အတိုင်း ပြောရရင် နိုင်ငံရေးနဲ့ ပတ်သတ်လို့ အသိပညာကြွယ်ဝတဲ့ မိသားစုကနေ ဆင်းသက်လာပေမယ့် ကျွန်မ ဘယ်တုန်းကမှ နိုင်ငံရေးကို စိတ်မဝင်စားခဲ့ပါဘူး ..

ကျွန်မ အသက် ၃၆ နှစ်သက်တမ်းမှာ တော်တော်များများကိုလည်း မြင်တွေ့ဖူးတော့ ကမ္ဘာ့ရေးရာတွေကို စိတ်ဝင်တစား မရှိခဲ့ဘူး .. အခုချိန်အထိပေါ့

အခုတော့ ကျွန်မမှာ သားလေးရှိနေတာမို့ ရွေးချယ်စရာမရှိတော့ဘဲ ကမ္ဘာနဲ့တဝန်း ဘာတွေ ဖြစ်ပျက်နေတယ်ဆိုတာကို သေချာ သင်ယူရပါတော့တယ် ..

သင်အခုနားထောင်နေတယ်ဆိုရင်ကမ္ဘာပေါ်မှာ ဘာတွေဖြစ်နေလဲ ဆိုတာ သိဖို့ လိုအပ်တယ်လို့ ယူဆရင် မီဒီယာတွေရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်နေလဲ ဆိုတာကို Research လုပ်ကြည့်ပါ ..

တစ်ခုတော့ ရှိတယ်နော် .. သင် တကယ် စ လုပ်ပြီ ဆိုတာနဲ့ သင်ဟာ အဆုံးမရှိနိုင်တဲ့ Rabbit Hole လိုမျိုး တွင်းအနက်ကြီးထဲကို ဝင်သွားရမှာ ..

ကိုယ်များများ တူးဖော်လေလေ .. ကိုယ့်အနေနဲ့  အရင်က ယုံကြည်နေခဲ့တဲ့ အရာတွေဟာ ယုံကြည်စရာ မကောင်း တော့တဲ့ အခါ အဲ့ဒွိဟ၊ သံသယတွေကိုပါ ခံစားလာရမှာပါ ..

အဲ့အချိန်မှာ သင့်အနေနဲ့ “ဒါတွေက ငါလက်ခံနိုင်တဲ့ အတိုင်းအတာထက်များသွားပြီ .. တော်ပြီ ငါ သိခဲ့တဲ့ အရာတွေကိုပဲ ပြန်ပြီး လက်ခံ လိုက်တော့မယ် ” ဆိုပြီး ဖြစ်သွားနိုင်သလို “ဒါတွေက တကယ့်မှတ်သားစရာ အများကြီးပဲ .. ဒါပေမယ့် ငါဒါ့ထက်ပိုပြီး နားလည်နိုင်အောင် ဘာတွေလုပ်လို့ ရနိုင်အုံး မလဲ” ဆိုပြီးလည်း ဖြစ်သွားနိုင်ပါတယ် ..

ရွေးချယ်မှုက ကိုယ့်ဆီမှာပါ ..

ကျွန်မ ခုလိုပြောနေတာတွေက ကြောက်အောင် ခြောက်နေတာ မဟုတ်ဘူးနော် ..

တကယ်တော့ ကျွန်မရဲ့ ရည်ရွယ်ချက်က သင့်ကို အချစ် ဆိုတဲ့ “အချစ်မေတ္တာ” ကို သာ ရွေးချယ်စေချင်တာပါ ..

ကျွန်မကိုယ်တိုင်လည်း ဒီအရာတွေကို စပြီး လေ့လာခဲ့တုန်းက မီဒီယာတွေက ပြောမပြခဲ့တဲ့ အရာတွေကို မြင်လိုက်ရတဲ့ အချိန်မှာ ဘာဆက်လုပ်ရမှန်း မသိတဲ့ စိတ်တွေ၊ စိုးရိမ်ပူပန်စိတ်တွေနဲ့ အဲ့ထဲကို မျောပါသွားခဲ့ဖူးတယ် ..

စိတ်ပူပန်တာတွေများပြီး ရှိတဲ့ ငွေကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားခဲ့တယ် ..  ကျွန်မတို့ရဲ့ ခံယူချက်တွေ အပေါ်မူတည်ပြီး လူတွေ အချင်းချင်းမှာ “ငါတို့” နဲ့ “သူတို့” ဆိုပြီးတော့  ခွဲခြားတဲ့ စိတ်တွေ ဖြစ်လာတယ် ..   အိပ်မပျော်တဲ့ ညတွေ များလာခဲ့ပြီး မနက်ဆို အတွေးပေါင်းစုံနဲ့ လေးလံနေတဲ့ ရင်ဘတ်ကြီးနဲ့ နိုးလာခဲ့ရတယ် ..

အဲ့ဒီအချိန်မှာပဲ အခုကျွန်မ ဝေမျှပေးမယ့် တကယ့်ကို အင်အားကြီးမားတဲ့အရာက ကျွန်မကို သတိပေးခဲ့တယ် ..

အချစ်ကို ရွေးချယ်ပါ 

ကျွန်မတို့တွေ အားလုံးက ကြောက်လာတဲ့အချိန်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိတေ့ာတဲ့ အချိန်တွေ မှာ ကျွန်မတို့ရဲ့ Energy က ပိုပြီးတော့  ကျုံ့ (Contract) သွားတတ်တယ် ..

ဘာလို့လဲဆိုတော့ ကျွန်မတို့ဟာ ဘဝမှာ Control မရှိတာ့ဘူးလို့ ခံစားရတဲ့အချိန်၊ ဒါမှ မဟုတ် ကူညီမယ့်သူ မရှိဘူးလို့  ခံစားရတဲ့အချိန်၊ ဒါမှမဟုတ် ကိုယ်က Victim (အမြဲ ခံရတဲ့သူ) လို့ ခံစားရတဲ့အချိန်တွေမှာ မှာ Energy က Contract ဖြစ်တတ်ပါတယ် ..

ဒါပေမယ့် “အချစ်မေတ္တာ” က ကျွန်မတို့ရဲ့ Energy ကို ကျယ်ပြန့်စေပါတယ်  …

ဘဝမှာ ယုံကြည်မှုသာ ရှိမယ်ဆိုရင် ရှေ့မှာ ဘာဆက်ဖြစ်မယ်ဆိုတာကို မမြင်ရရင်တောင်မှ ကိုယ့်ရဲ့ Energy ကျယ်ပြန့်လာတာကို ခံစားလို့ ရပါတယ် ..

ကျွန်မ တစ်ခုလောက် မေးပါရစေ .. ကိုယ့်ပတ်ဝန်းကျင်က လူတွေက မလုပ်နဲ့လို့ ပြောနေပေမယ့် ကိုယ့်ရင်ထဲက လုပ်သင့်တယ်ဆိုတာ သိတယ် .. ဒါကြောင့်လည်း အရာတစ်ခုကို လုပ်လိုက်တယ်.. လုပ်လိုက်တဲ့ အချိန်မှာလည်း ကိုယ်ဟာ တိမ်တွေပေါ်မှာ လမ်းလျှောက်နေသလိုမျိုး ခံစားရတယ် .. အဲ့တာမျိုး ကြုံဖူးပါသလား? ကြုံခဲ့ဖူးတယ် ဆိုရင်တော့ အဲ့ဒီအချိန်မှာ ခံစားရတဲ့ ခံစားချက်ဟာ  Energy Expansion ပါပဲ ..

ကိုယ့်ရဲ့ လက်ရှိအသိတရားထက် ပိုမြင့်မားတဲ့အပိုင်းက လောကမှာ အရာရာတိုင်းက အကျိုးနဲ့အကြောင်းကြောင့် ဖြစ်လာတာ ဆိုတာကို သိတယ် ဆိုရင်၊ ကိုယ့်ကို ချစ်တဲ့ သူတွေလည်း ရှိတယ်၊ ကိုယ့်ကို ကူညီပေးချင်တဲ့ သူတွေလည်း ရှိတယ် ဆိုတာကို ရင်ထဲကနေ အပြည့်အဝ သိတယ် ဆိုရင် ကျွန်မတို့ရဲ့ Energy ဟာ ကျယ်ပြန့်လာပါတယ် ..

ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ကိုယ်က Control မလုပ်နိုင်ရင်တောင်မှ ကျွန်မတို့ရဲ့ အတွင်း ကမ္ဘာငယ်လေး ထဲမှာ ဖြစ်ပျက်နေတဲ့ အရာတွေကို ကိုယ်တိုင် Control လုပ်နိုင်တယ် ဆိုတာကို သိတယ်ဆိုရင် ကျွန်မတို့ဟာ Energy ရဲ့ ကျယ်ပြန့်မှုကို ခံစားရတယ် .. နောက်ပြီးတော့ ကျွန်မတို့ဟာ ကိုယ့်ဘဝနဲ့ ကိုယ့်အမှန်တရားကို ပဲ့ကိုင်နိုင်တဲ့ ဖန်တီးရှင်တွေဆိုတာကို အပြည့်အဝ ယုံကြည်တယ် ဆိုရင် ကျွန်မတို့ဟာ Energy ရဲ့ ကျယ်ပြန့်မှုကို ခံစားရတယ် ..

အခုလက်ရှိ ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေအကုန်လုံးဟာ တကယ်တမ်းတော့ ကျွန်မတို့ကို ပန်းချီကား အလွတ်တစ်ချပ် ချပေးလိုက်တာနဲ့ အတူတူပါပဲ .. ဒီပန်းချီကားကို ဘယ်လိုပုံစံ ဆေးခြယ်မလဲ ဆိုတာကတော့ ကျွန်မတို့ အပေါ်မှာပဲ မူတည်ပါတယ် ..

ကျွန်မ အတွက်တော့ အချစ်ဆိုတာ ဘဝမှာ ကိုယ်မမြင်ရ၊ မသိရသေးတဲ့ အရာတွေကို အပြည့်အဝ ယုံကြည်မှု ရှိတာ .. ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင်ဖန်တီးတာ .. ကိုယ့်ကို ဘေးပတ်ဝန်းကျင်က အရာတွေက Contract ဖြစ်စေမယ့် အားပေးမှုတွေ ရှိနေရင်တောင်မှ ကိုယ့်ရဲ့ Energy ကို ကျယ်ပြန့်အောင် လုပ်ဖို့ကိုသာ အမြဲရွေးချယ်တာ ..

ကျွန်မ အတွက်တော့ အချစ်ဆိုတာ ရွေးချယ်မှုပဲ .. ကိုယ်ဘယ်လို ခံစားချင်သလဲ၊ ကိုယ်က ကိုယ့်ကိုယ်ကိုယ် ဘယ်လို မြင်စေချင်သလဲ၊  ကိုယ်က ကမ္ဘာကြီးအတွက် ဘယ်လိုမျိုး ဝေမျှပေးချင်သလဲ ဆိုတာတွေကို ရွေးချယ်ခြင်းပါ ..

တကယ်လို့ သင်ဟာ ကမ္ဘာပါ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေပဲ ဖြစ်ဖြစ်၊ ကိုယ့် ဘဝထဲမှာ လက်ရှိဖြစ်ပျက်နေတဲ့ အရာ တွေပဲ ဖြစ်ဖြစ် အဲ့အရာတွေကို ပြောင်းလဲလို့ မရဘူးလို့၊ ကူညီမယ့်သူ မရှိဘူးလို့  ခံစားနေရတယ် ဆိုရင် အားလုံးကို သတိပေးချင်ပါတယ် ..  ပြောင်းလဲမှုတိုင်းဟာ ကျွန်မတို့ ရင်ထဲကနေ အစပြုတာပါ ..

ဘဝမှာ မတူညီတဲ့ ရွေးချယ်မှုတွေ လုပ်တဲ့အခါ၊ အချစ်ရဲ့ စွမ်းအင်ကို ရွေးချယ်လိုက်တဲ့အခါ၊ Expansion ရဲ့ ကြိမ်နှုန်းကို ရွေးချယ်တဲ့အခါ၊ Empowerment ရဲ့ Energy Vibration စတာတွေကို ကို ရွေးချယ်လိုက်တာနဲ့ ကိုယ့်ဘဝအတွက် မတူညီတဲ့ အနာဂတ်ကို ကိုယ်တိုင်ရေးခြယ်နိုင်လိမ့်မယ် ..

တကယ်လို့ ဒီ Episode ကို နားထောင်ပြီး သင့်အတွက် တစ်ခုလေးသာ ရရှိသွားမယ်ဆိုရင် အဲ့အရာက  “Let Love in” “အချစ်မေတ္တာကို ဝင်ခွင့်ပေးလိုက်ပါ” 

ကိုယ့်စိတ်ထဲမှာ ထွက်ပေါက်မရှိဘူးလို့ ခံစားနေရရင်၊ စိတ်ရှုပ်နေတယ် ဆိုရင်၊ ကြောက်နေတယ် ဆိုရင်၊ စိုးရိမ်နေတယ် ဆိုရင် “အချစ်ကို ဝင်ခွင့်ပေးလိုက်ပါ”

အခက်အခဲတွေ ကြုံနေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ .. ဒီအချိန်မှာ အချစ်က ဘာကို ရွေးချယ်မလဲ?  ဒီအချိန်မှာ အချစ်က ဘာတွေလုပ်မလဲ?

ဘာလို့လဲဆိုတော့ အချစ်ဟာ ကြောက်စိတ်နဲ့ မတူတဲ့ အရာကို အမြဲတမ်း ရွေးချယ်မှာ မို့လို့ ..

နောက်တော့ အချစ် နဲ့ ကြောက်စိတ် ရဲ့ Energy ဆိုတာ  တခြားစီပါ .. ကြောက်စိတ်ရဲ့Frequency က အရမ်းနိမ့်ပြီး တော့ အချစ်ရဲ့ Frequency က အရမ်းမြင့်ပါတယ် ..

ဒီမတူညီတဲ့ Energy ၂ ခုကြောင့် အချစ်နဲ့ ကြောက်စိတ် ဟာ တစ်နေရာထဲမှာ ဘယ်လိုမှ အတူမရှိနိုင်ပါဘူး ..

တစ်ခုပြောချင်တာက ကိုယ်ဟာ  “အချစ်မေတ္တာ” ကို အမြဲ မရွေးချယ်နိုင်ရင်လည်း ကိုယ့်ကိုယ်ကိုယ် အပြစ်မ တင်လိုက်ပါနဲ့ ..  ဘာကြောင့်လဲဆိုတော့ ကျွန်မတို့ဟာ အရာအားလုံးကို Perfect ဖြစ်အောင် မလုပ်နိုင်ပါဘူး .. ဒါပေမယ့် ကိုယ်ဟာ နေ့တိုင်းနေ့တိုင်း ကိုယ့် Energy ကို ကျယ်ပြန့်ဖို့နဲ့ အချစ် ကို ရွေးချယ်နိုင်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပိုလွယ်လာပါလိမ့်မယ် .. ပြီးတော့ ဘဝမှာ လုပ်စရာရှိတာတွေကို ပိုပြီး သဲသဲကွဲကွဲ မြင်လာမယ် .. ကိုယ်ဟာ ပိုပြီးတော့ တည်ငြိမ်လာမယ် .. လောကကြီးမှာအတွက်လည်း ပိုကောင်းတဲ့ အရာတွေကို လုပ်နိုင်လာလိမ့်မယ် ..

အခု ကျွန်မတို့ ဒီ Episode လေးရဲ့ အဆုံးသတ်ကိုလည်း ရောက်လာပြီ .. နောက်အပတ်ကြမှပဲ တွေ့ကြမယ်နော်

အခုလောလောဆယ် ဒီ Episode လေးကို နားထောင်ပြီးသွားရင် ဆိုရင် ဒီ Episode ကနေ သင့်အတွက် ဘာတွေ ရရှိသွားတယ်၊ သင့် အနေနဲ့ ဒီနေ့က စပြီး ဘယ် အရာကို ရွေးချယ်မလဲ ဆိုတာကို Comment လုပ်ခဲ့ပေးပါ ..

အချစ်များစွာဖြင့် xx