BHP14 - Solo

How To Tap Into Your Womb Wisdom

Listen now:

Timestamps

01:10 Energy is all there is

02:32 Manipulating your energy to create positive outcomes

04:10 4 Things that have been helping me

08:50 What is Womb Wisdom?

09:44 Our brain isn’t all we have

12:22 How to harness your womb wisdom

Thank you so much for tuning in. I’m very honoured that you’re here and I’d love to hear your thoughts on our conversation. I read all the comments here. If you love this podcast, please give us a 5-Star Rating in iTunes. It would help us HUGELY to spread the message.

[ Burmese Transcript ]

ကျွန်မရဲ့ Being Human Podcast မှ ကြိုဆိုပါတယ် ..

ဒါကလည်း ကျွန်မရဲ့နောက်ထပ် Solo Episode တစ်ခုပါပဲ .. Lockdown ကျနေတဲ့အချိန်ဖြစ်တာကြောင့်

ဘယ်သူမှ မရှိဘဲ ၂ နှစ်သား ကလေးတစ်ယောက်နဲ့နေနေရတာကြောင့် တခြားသူတွေနဲ့လည်း Interview

လုပ်ဖို့ဆိုတာကလည်း မလွယ်လှပါဘူး….

ပြီးခဲ့တဲ့ Episode မှာတုန်းက လက်ရှိ Melbourne မြို့ရဲ့Lockdown situation က ကျွန်မ မမြင်ရသေးတဲ့ အရာတွေကို မြင်လာဖို့ အကူအညီပေးခဲ့ကြောင်း ပြောခဲ့တယ် အဲ့ဒီအကြောင်းကို နားမထောင်ရသေးရင် ဒါကို နားထောင်ပြီးရင် ဆက်နားထောင်လိုက်ပါ

ဒီ Episode မှာတော့ အမျိုးသမီးတွေ အားလုံးကို အရေးကြီးတဲ့ မက်ဆေ့ချ့် ပေးချင်လို့ပါ .. အဲ့တာက ဘာလဲဆိုတော့ သူတို့အနေနဲ့ သူတို့ Womb Wisdom ကနေ တဆင့် ဘဝရဲ့ စိန်ခေါ်မှုတွေ၊ ဘဝအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတွေကို ဘယ်လိုမျိုး Tap in လုပ်လို့ ရသလဲဆိုတာ ပြောပြချင်ပါတယ် ..

တကယ်လို့ နားထောင်နေတဲ့သူဟာ ယောက်ျားလေး ဖြစ်နေမယ်ဆိုရင်လည်း ကျွန်မက Womb လို့ ပြောလိုက်တိုင်း သားအိမ်အစားကိုယ့်ရဲ့ ဝမ်းတွင်း၊ ဝမ်းဗိုက်လို့ မြင်ယောင် ပြီး အဲ့နေရာကနေ ကိုယ့် ဝမ်းတွင်းစိတ်ကို Access လုပ်ပါ ..

အားလုံး သိတဲ့အတိုင်းပဲ ကျွန်မက Energy ပတ်သတ်တဲ့ အကြောင်းတွေကို ပြောတယ်၊ သင်ကြားပေးတယ် .. ဘာကြောင့်လဲ ဆိုတော့ လောကမှာ အရာအားလုံးဟာ Energy ပါပဲ ..

Energy ဆိုတာ ကိုယ့်ဘဝမှာကောင်းကျိုးတွေ ရလာအောင်လို့  ကျွန်မနေ့တိုင်းလေ့ကျင့်ပြီး အသုံးပြုနေတဲ့ အရာလည်း ဖြစ်ပါတယ် .. Lockdown ဖြစ်နေလို့ လူတွေနဲ့ ထိတွေ့မှု မရှိပေမယ့် ကျွန်မ ဘဝက လုံးဝ ပျင်းစရာမကောင်းတာတော့ သေချာပါတယ် .. ဘာလို့လဲ ဆိုတော့ ကျွန်မအနေနဲ့ ကိုယ့် Energy နဲ့ ပတ်သတ်ပြီးတော့ ရှာဖွေလေ့လာစရာတွေ အများကြီး ရှိနေလို့ပါပဲ

ဒီ Episode မှာ အခုလတ်တလော ကျွန်မ ရှာဖွေတွေ့ရှိထားတဲ့အရာတွေကို ပြောပြချင်ပါတယ် … ပြီးသွားရင် Womb Wisdom နဲ့ Gut Energy ကို ဘယ်လိုအသုံးပြုရသလဲဆိုတာ ပြောပြသွားပါမယ်

အားလုံးသိတဲ့အတိုင်း ကျွန်မဟာ ၂ နှစ်သား ကလေးတစ်ယောက်ရှိတဲ့ Single Parent တစ်ယောက်ဖြစ် တဲ့ အတွက် ဒီ အလုပ်က လမ်းလျှောက်တတ်ခါစ စူးစမ်းလျှောက်သွားနေတဲ့ ကလေးငယ်အပေါ်မှာ ၂၄ နာရီလုံးလုံး အတတ်နိုင်ဆုံး Present ဖြစ်နေဖို့ လိုအပ်ပါတယ်

ကျွန်မရဲ့ အလုပ်ကလည်း သန်းပေါင်းများစွာသောလူတွေကို Personal Growth, Personal Empowerment, Personal Transformation စတာတွေနဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို ပို့ချသင်ကြားပေးနေတာပါ .. ကျွန်မရဲ့ အလုပ်က တနိုင်လုပ်နေတဲ့အလုပ်ဆိုပေမယ့် ကျွန်မရဲ့ Team ကတော့ နည်းနည်းကြီးပါတယ် ..

အဲ့ဒီတော့ ဆိုလိုတာကတော့ ကျွန်မအတွက် ၂၄ နာရီဟာ တကယ် မလောက်ပါဘူး .. ဒါပေမယ့် လက်ရှိ Melbourne မှာ ဖြစ်ပျက်နေတဲ့ အလွန်ရှုပ်ထွေးလှတဲ့ Lockdown အခြေအနေရယ်၊ ၂ နှစ်အရွယ်ကလေးနဲ့ ဘယ်မှ သွားမရဘဲ အိမ်မှာ အချိန်ပြည့်နေနေရတာရယ် ကြောင့် ကျွန်မအနေနဲ့ ကျွန်မ စီးပွါးရေးနဲ့ ဘဝကို ဘယ်လိုဆက်လုပ်ရမလဲဆိုတာကို သေချာစဉ်းစားဆုံးဖြတ်ရပါတယ် ..

စိတ်ဖိစီးတယ်၊ စိတ်ရှုပ်တယ်၊ ရှုပ်ရှုက်ခတ်တယ် လို့ ပြောရင်တောင် မလုံလောက်ပါဘူး .. ဒါကြောင့် တခါတလေဆိုရင် ငိုချလိုက်ရတဲ့ အချိန်တွေလည်း ရှိခဲ့တယ် ..

ဒါပေမယ့်လည်း ပြီးသွားရင် ပြုတ်ကျတဲ့နေရာကနေ ပြန်ထပြီးတော့ အခက်အခဲတွေအကုန်လုံးကို ရင်ဆိုင်ပြီး

ရှေ့ဆက်လျှောက်ရတာပါပဲ ..

ဒီအဖြစ်အပျက်ကနေ တချို့သောအရာတွေကကျွန်မကို တဖက်တလမ်းကကူညီပေးနေခဲ့တယ်..

Diet and exercise: ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာကို စားခြင်းဟာ ကျွန်မခန္ဓာကိုယ်အတွက်လိုအပ်တဲ့ စွမ်းအင်ကို ပေးပြီး လေ့ကျင့်ခန်းလုပ်တာက ကျွန်မရဲ့ Physical strength and Vitality ကို ကူညီမြှင့်တင်ပေးတယ်

Reading, listening or researching: ကျွန်မ မသိတဲ့ အရာတွေကို နေ့တိုင်း သင်ယူနေခဲ့တာ .. အဲ့လိုလုပ်ခြင်းအားဖြင့် ကျွန်မရဲ့ စိတ်ကိုလည်း Sharp ဖြစ်နေစေတယ် .. ကျွန်မအနေနဲ့ Computer ရှေ့မှာထိုင်ပြီး Research လုပ်ဖို့၊ စာဖတ်ဖို့ အချိန်မရတော့ AirPod နဲ့နားထောင်တာပဲ ဖြစ်ဖြစ်၊ Eli အိပ်တော့မှ စာဖတ်တာ Researchလုပ်တာမျိုးပဲ ဖြစ်ဖြစ် လုပ်ရပါတယ် ..

Meditations and breathwork:  ဒီ ၂ ခုကတော့ ကျွန်မအတွက် အကောင်းဆုံးပဲ ..  ကျွန်မကို တည်ငြိမ်စေရုံမှ မက ကျွန်မတို့ထက် ပိုမြင့်မားတဲ့ Higher Intelligence (အသိပညာ) တွေကို Access လုပ်နိုင်ရုံမှမက ကျွန်မဘဝမှာ   ဘယ်ကိုဆက်သွားရမလဲ (Direction) ဆိုတာတွေကိုလည်း အမြဲတမ်း လမ်းပြပေးပါတယ်

Tuning into my womb wisdom: ဒီဟာကလည်းအရေးကြီးပါတယ်.. ကျွန်မ Brain-Heart coherence (ဦးနှောက်နဲ့နှလုံးသား ဆက်စပ်အလုပ်လုပ်ပုံ)၊ Higher Intelligence၊ Channeling၊ Energy စတာတွေကို လေ့ကျင့်လာတာ နှစ်ပေါင်းမနည်းတော့ပါဘူး .. ဒါပေမယ့် ကျွန်မသားအိမ်ကနေတဆင့် အသက်ရှုခြင်း၊ ကျွန်မသားအိမ်ကနေတဆင့် Womb Wisdom ကို ရယူတာ၊ Womb Energy ကို အသုံးချတာ စတာတွေက ဒီလတ်တလောမှာကို ကျွန်မကိုယ်တိုင် လေ့ကျင့်နေတာ ဖြစ်ပါတယ်

ဥပမာ – Eli က အခုရက်ပိုင်း အိပ်ချိန်မမှန်ဘူး ဖြစ်နေတယ် .. တချို့ရက်တွေဆိုရင် နေ့လယ်အိပ်ချိန်မှာ လုံးဝကို မအိပ်တာ .. အဲ့လို မအိပ်တော့ သူ့အတွက်က ပိုပင်ပန်းတယ် .. သင်သာ မိဘဆိုရင် တချို့ကလေးတွေ တအားပင်ပန်းလာရင် လိုတာထက်ပိုပြီး Hyper ဖြစ်တာမျိုး ဖြစ်ဖြစ်၊ တအားဂျီကျပြီး အလိုမကျတာပဲ ဖြစ်ဖြစ် ဖြစ်တတ်တယ်ဆိုတာ သိမှာပါ ..

Melbourne မှာလက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေရယ်၊ ကျွန်မ ဘဝနဲ့ စီးပွါးရေးအခြေအနေတွေနဲ့  ကိုယ့်အတွက် နားဖို့တောင် အချိန်မရှိတဲ့အခါမျိုးမှာ ကျွန်မလည်း စိတ်ရှုပ်မိတာပါပဲ..

အပေါ်မှာ ကျွန်မပြောခဲ့သလိုပဲ လူက Break down ဖြစ်ပြီး ငိုမိသွားတဲ့ အချိန်တွေ လည်း ရှိတယ်ဆိုတာ .. ဘာလို့လဲ ဆိုတော့ လူက တော်တော်လေး စိတ်ပင်ပန်းနေတဲ့အချိန်မှာ “ငါဟာ မိခင်ကောင်း တစ်ယောက်မဟုတ်ဘူး” .. “ငါ့ကလေးကိုတောင် အိပ်အောင် မသိပ်နိုင်ဘူး” .. “ငါအသုံးမကျဘူး” စတဲ့ သံသယစိတ်တွေပါ ခေါင်းထဲ ရောက်လာတဲ့အချိန် လူက ဘယ်လိုမှ တောင့်မခံနိုင်တော့ဘူး ..

ကျွန်မ ပြောင်းလဲမှုတွေ လုပ်ရတော့မယ်ဆိုတာ သိတယ် .. ကျွန်မ အမြဲပြောနေကြ အတိုင်းပဲ ပြောင်းလဲမှုတိုင်းဟာ ကိုယ်ကနေ အရင်စလုပ် ရမှာပါ .. ဒါကြောင့် ကျွန်မရဲ့ Womb Energy ကို စအသုံးပြုပြီးပြောင်းလဲမှုတွေ လုပ်ခဲ့တယ် ..

ဒီနေ့ဆိုရင်လည်း  Eli ကို နေ့လယ်သိပ်တာ သူမအိပ်ဘူး ..ဒါနဲ့ပဲ ကျွန်မ အသက်ရှူတဲ့အချိန်မှာ ကျွန်မသားအိမ်ကနေ အသက်ကို ရှူသွင်းပြီးတော့  ရှူထုတ်လိုက်တဲ့အသက်ဟာ Energy မှ တဆင့် သူ့ဆီကို သက်ရောက်သွားတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက်ကိုရှူသွင်းရှူထုတ် လုပ်တယ် ..  အဲ့လိုရှူထုတ်လိုက်တဲ့ အသက်တိုင်းမှာလည်း သူ့အပေါ်မှာ ငြိမ်သက်ခြင်း (Calmness)၊ ချစ်ခြင်း (Love)၊ ငြိမ်းချမ်းမှု (Peace) တို့ သက်ရောက်ပါစေ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက်ကို ရှူလိုက်တယ် .. ကျွန်မ အသက်ကို ပိုပြီး နက်နက်နဲနဲရှူလာလေလေ၊ သူ့အပေါ်မှာ ကျွန်မ Focus ကို အပြည့်အဝထားနိုင်လာလေလေ သူကလည်း ပိုပြီးတည်ငြိမ်လာလေလေပဲ ..ဒီ Process အားလုံးက  ၁၅ မိနစ်လောက်ပဲ ကြာတယ် .. Eli လည်း လွယ်လွယ်ကူကူ အိပ်ပျော်သွားတယ်

တကယ်တမ်းက ကျွန်မက Stress out တွေဖြစ်ပြီး ကိုယ်က စိတ်သက်သာရာရမနေတော့  အဲ့ဒီ Energy တွေက Eli အပေါ်မှာပါ သွားပြီး သက်ရောက်နေတာ .. ဒါ့ကြောင့် ကျွန်မကိုယ်တိုင်က တည်ငြိမ်ဖို့ အရေးကြီးတယ် ..

ဒါမျိုးတခါမှ မကြားဘူးဖူးဆိုရင် “အဓိပ္ပါယ်မရှိဘူး”  “အလကားပဲ” လို့ ပြောမယ့်အစား .. မယုံရင် စမ်းကြည့်ပါ  .. အရှုံးဆိုတာထက် အမြတ်တွေကြီးပဲ ရလာပါလိမ့်မယ် ..

ကျွန်မ ဒီနည်းလမ်းကို ဘဝရဲ့ အခြားနေရာတွေ – Manifest လုပ်တဲ့နေရာ၊ တခြားသူတွေကို Heal လုပ်တဲ့နေရာမှာ၊ ကျွန်မကိုယ် ကျွန်မ ပြန်ပြီးတည်ငြိမ်လာအောင် လုပ်တဲ့နေရာမှာ အသုံးပြုပါတယ် ..

အဲ့လိုလုပ်လိုက်တိုင်းလည်း  အမြဲတမ်း အပြည့်အဝ သက်ရောက်မှုရှိတယ် ..

ဒါပေမယ့် အခုလိုမျိုး အင်မတန် Hyper ဖြစ်တဲ့ကလေးတစ်ယောက်အပေါ်မှာလည်း ဒီနည်းလမ်းကို အသုံးပြုလို့ ရတယ်ဆိုတာ သိလိုက်ရတဲ့အချိန်မှာ ကျွန်မအတွက်က တကယ့်ဖော်မပြနိုင်တောင် ပျော်ရွှင်မိပါတယ် .. အဲ့လိုလုပ်ခြင်းအားဖြင့် ကျွန်မတို့ ၂ ယောက်လုံးအတွက်လည်း တကယ်အကျိုးရှိစေတယ်လေ ..

ဒီတော့ Womb Wisdom ဆိုတာ ဘာလဲ?

ကဲ .. သူငယ်ချင်းတို့ရေ  .. သားအိမ်ဆိုတာ ကျွန်မတို့ မိန်းမတွေ ဆီမှာပဲ ရှိနေတာ အကြောင်းရှိပါတယ် .. သားအိမ်ဆိုတာ ဘဝတစ်ခု စတင် မွေးဖွားလာတဲ့ နေရာပါ .. သင်ဟာ ကလေးမရှိဘူး ဆိုရင်တောင်မှ သင့်မှာ အဲ့ဒီ Lifeforce Energy ရှိပါတယ် ..

Feminine Energy ဆိုတဲ့ စွမ်းအင် ဟာ သဘာဝရဲ့ စွမ်းအင်ပါ .. ကမ္ဘာကြီး၊ သမုဒ္ဒရာကြီးတွေ၊ သက်ရှိတွေ နဲ့ အလုံးစုံသော အရာတွေမှာ ဒီFeminine Energy တွေ စီးဆင်းနေပါတယ် ..

ဒီစွမ်းအင်က အသက်တစ်ချောင်းကိုဖန်တီးနိုင်တယ်ဆိုရင်  တခြားသော အရာတွေအကုန်လုံးကိုလည်း ဒီ Lifeforce

Energy က ဖန်တီးနိုင်တယ် … သင့် အနေနဲ့ ဒါကို Love၊ Money, Leadership and Influence အတွက်လည်း အသုံးပြုနိုင်ပါတယ် ..

*** အရေးကြီးသောအချက်။ ။ ဒါကို သူများကိုအသုံးချရုံသတ်သတ်တော့ သွားမလုပ်ပါနဲ.။ ကိုယ့်ကိုယ်ကိုယ်ပဲပြန်ပြီးဒုက္ခပေးသလို ဖြစ်သွားပါလိမ့်မယ်။

ကျွန်မတို့လူတွေ တော်တော်များများဟာ ဦးနှောက်ကို အသုံးချဖို့ သင်ယူခဲ့ကြတယ် .. ဦးနှောက်ဟာ အင်မတန်အ ရေးပါပါတယ် .. ဒါပေမယ့် ကျွန်မတို့ဆီမှာ ဦးနှောက်တစ်ခုပဲ ရှိတာ မဟုတ်ပါဘူး ..

ကျွန်မတို့ရဲ့ နှလုံးသား၊ဝမ်းတွင်းနဲ့ သားအိမ် စတာတွေအားလုံးဟာ အသုံးချတတ်မယ်ဆိုရင် သူ့နေရာနဲ့သူ  အသိပညာတွေ အပြည့်ရှိကြတယ် …

သင့်အနေနဲ့ ဒီအစိတ်အပိုင်းတွေကို ပိုအသုံးချနိုင်လေလေ သင့်ဦးနှောက်၊ သားအိမ်၊ဝမ်းဗိုက် အားလုံးက ပိုပြီး Align ဖြစ်လေလေပါပဲ …  အဲ့လိုဖြစ်လေလေ သင့်ဘဝစိန်ခေါ်မှုတွေ၊ ဘဝကို ဖြတ်သန်းတဲ့နေရာတွေမှာ ပိုပြီး မှန်မှန်ကန်ကန် တွေးခေါ်ဆုံးဖြတ်နိုင်လေလေ ဖြစ်ပါလိမ့်မယ်

လူတွေက မေးကြတယ် .. အဲ့ဒီလိုအချိန်တွေမှာ ကျွန်မဘယ်လိုများ Strong ဖြစ်ဖြစ်ရင်ဆိုင်သလဲတဲ့ ?

ကျွန်မအမြဲတမ်း Strong မဖြစ်ပါဘူး .. ပြောခဲ့သလိုပဲ ကျွန်မလည်း ပြိုလဲကျပြီး ငိုခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့တာပဲ ..ဒါပေမယ့် အဲ့တာက ပျော့ညံ့တာ မဟုတ်ဘူး ..

အဲ့တာကမှ တကယ့် Strength (ကြံ့ခိုင်မှု) ….. ဘာလို့လဲဆိုတော့ ကျွန်မဟာ ဘဝမှာ ခက်ခဲ့တဲ့ အရာတွေ၊ စိတ်မချမ်းမသာ ဖြစ်စေတဲ့ အရာတွေဆီကနေ ထွက်မပြေးဘဲနဲ့ တည့်တည့်ရင်ဆိုင်လို့ပါ ..

ဘယ်လိုအတွေး၊ ခံစားချက်တွေပဲ တက်လာလာ အကုန်လုံးကို ကျွန်မ အပြည့်အဝ လက်ခံတယ် .. အဲဒီ့တက်လာတဲ့ ခံစားချက်တွေကိုလည်း အပြည့်အဝ ခံစားခွင့်ပေးတယ် .. ဒါပေမယ့် ခံစားခွင့်ပေးတယ်ဆိုတာ သီချင်းနားထောင်ပြီး အဲ့ထဲမှာ စီးမျောသွားတာမျိုးကို ပြောတာ မဟုတ်ဘူးနော် .. ထွက်မပြေးဘဲ၊ ရင်ထဲမှာလည်း သိုသိပ်မထားဘဲနဲ့ အရှိ အရှိအတိုင်းကို လက်ခံပြီး မြင်အောင်ကြည့်တာကို ပြောတာပါ … ကျွန်မဟာ မိန်းမတစ်ယောက်ဖြစ်တဲ့အတွက် ကျွန်မရဲ့ အဓိက Essence (အနှစ်သာရ)က Feminine Energy ဖြစ်နေလို့ ..  ဒါကြောင့် အပေါ်မှာ ပြောခဲ့တဲ့ အတိုင်းပဲ ဒီ Energy ဟာ Creation Energy (ဖန်တီးနိုင်တဲ့ Energy)  .. ဒါကြောင့် ပင်လယ်တွေ၊ ရေတွေ၊လေတွေ စတဲ့အရာအားလုံးမှာ ဒီ Essence က စီးဆင်းနေတယ် …

ပင်လယ်တွေကို ကြည့်မယ်ဆိုရင်လည်း သူတို့ကို လှပစေတာဟာ အမြဲတမ်း တက်လိုက်ကျလိုက်ဖြစ်နေတဲ့ ရေလှိုင်းတွေ ရှိနေလို့ပါ ..

တချို့ ယောက်ျားတွေအတွက်တော့ မိန်းမတွေရဲ့ ခံစားချက်ကို လက်ခံဖို့ရာ ခက်ခဲပါတယ် .. ဘာလို့လဲ ဆိုတော့ သူတို့ရဲ့ ဖြစ်တည်မှုက ကျွန်မတို့နဲ့ မတူလို့ပါ .. အဲ့တာ သူတို့အမှား မဟုတ်ပါဘူး .. ယောက်ျားတွေဟာ လက်တွေ့ဆန်တယ်၊ ဝေဖန်ပိုင်းခြားနိုင်တယ်၊ ပြသနာတွေ ဖြေရှင်းချင်တယ် …  မိန်းမတွေအနေနဲ့လည်း ကိုယ့်ခံစားချက်နဲ့ Energy ကို ထိန်းတတ်အောင် သင်ယူဖို့၊ကြိုးစားဖို့ လိုအပ်ပါတယ် .. Feminine Energy က အရာအားလုံးကို ကုစားနိုင်တယ် .. ဖန်တီးနိုင်တယ် .. နောက်တော့မှ Feminine and Masculine Energies တွေ အကြောင်း ထပ်ပြောတော့မယ် .. အဲ့တာကလည်း အရေးကြီးလို့ပါ ..

ခုတော့ ဆက်ပြောမယ် ..

ကျွန်မရင်ထဲကထွက်ပေါ်လာတဲ့အရာတွေကို ထိန်းချုပ်မယ့်အစား ဆက်သွားခွင့် ပေးလိုက်တဲ့အချိန်မှာ Challenges (စိန်ခေါ်မှု) တွေကို ပိုပြီးလွယ်လွယ်ကူကူရင်ဆိုင်လာနိုင်တယ် .. ဒီကျန်ခဲ့တဲ့ ၈ လတုန်းက အခက်အခဲတွေကိုလည်း ဒီလိုမျိုး ရင်ဆိုင်လာခဲ့တာ … ကျွန်မသင်တန်းတွေ ဖြစ်တဲ့ Self Mastery, Relationship Mastery, Money Mindset Mastery, Soul Alignment Retreat OR Infinite Possibilities Retreat တွေမှာလည်း အဲ့အကြောင်းကို နည်းနည်းပါးပါး ထည့်ပြောထားပါသေးတယ် … ဒါပေမယ့် အခု ဒီ Episode လေးကို နားထောင်ပြီးသွားရင် စပြီးလုပ်ကြည့်လို့ရအောင် အောက်မှာ ရေးပေးထားမယ်

သင့် Womb Wisdom ကို အသုံးချတတ်ချင်တယ်ဆိုရင် ဒီအချက်တွေကို လိုက်လုပ်ကြည့်ပါ

  1. ကိုယ့်ကိုယ်ကိုယ် လုံးဝတည်ငြိမ်နေအောင်လုပ်ပါ .. ကိုယ့်သားအိမ်ထဲကနေတဆင့် အသက်ရှူပါ ..

  2. ကိုယ့်သားအိမ်ကို အသက်ကို ရှူသွင်းတယ်လို့ မြင်ယောင်ပြီး အဲ့ဒီစွမ်းအင်ကို သားအိမ်ကနေတဆင့် ကိုယ့်  Solar Plexus (ရင်ညွန့်နားအထိ) ပြီးတော့ ကိုယ့် နှလုံးအထိ ရောက်အောင် ပို့ပါ

  3. အသက်ရှူထုတ်လိုက်တဲ့အချိန်မှာ ရှူထုတ်လိုက်တဲ့အသက်ဟာ Womb Energy ကို သယ်ယူလာတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှူထုတ်ပြီးတော့ ကိုယ့်ဘဝမှာ ဖန်တီးချင်တဲ့အရာတွေကို အဲ့အသက်ထဲ သွင်းပါ ..  ကိုယ်လိုချင်တဲ့ အချစ်ပဲဖြစ်ဖြစ်၊ ပိုက်ဆံပဲဖြစ်ဖြစ်၊ ကိုယ့်ကလေးကို တည်ငြိမ်ဖို့ပဲ ဖြစ်ဖြစ် အဲ့ဒီ Womb Energy ကို ရှူသွင်းပါ ..  ဥပမာ – ငွေကြေးပြည့်စုံမှုတွေကို ကိုယ့်ဘဝထဲမှာ ဖန်တီးချင်တယ်၊ ဆွဲဆောင်ချင်တယ်ဆိုရင် အဲ့အထဲကို ကိုယ့်အသက်ကို ရှူသွင်းပါ .. ကိုယ်ဆွဲဆောင်ချင်တဲ့ အရာထဲကို အသက်ကို ရှူသွင်းပါ ..  ကိုယ်ဖန်တီးချင်တဲ့ အရာဟာ ကိုယ့်ဆီလာနေပြီ ဆိုတာကို အပြည့်အဝ ယုံကြည်ပြီး စိတ်ကူးယဉ်ပုံဖော်ပါ .. ကိုယ့်ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အသွေးအသား Cells တွေ အထိ ခံစား လေ့ကျင့်ပါ .. ဥပမာ – ကျွန်မ Eli နဲ့တုန်းက အဲ့ဒီ Womb Energy ကို ရှူထုတ်တဲ့အချိန်မှာ သူ့ခန္ဓာကိုယ်ထဲကို အဲ့အသက်ကို ရှူသွင်းသွင်းတယ် … အဲ့လို သူ့ ခန္ဓာ ကိုယ်ထဲ အသက်ကိုသွင်းတဲ့ အချိန်မှာ သူဟာ ပိုပြီးတည်ငြိမ်လာတယ်၊ Relax ဖြစ်လာတယ်၊ သူ့မျက်လုံးလေးတွေဟာ တဖြည်းဖြည်းပိတ်လာတယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အသက်ကို ရှူသွင်း ရှူထုတ် လုပ်ပါတယ် .. အဲ့လိုလုပ်ရင်းနဲ့ပဲ သူဟာ တဖြည်းဖြည်းအိပ်ပျော်သွားတယ် .. တကယ်တမ်းတော့ကျွန်မလုပ်လိုက်တာက အသက်ရှူတာရယ်၊ အဲ့ Energy ကို ရွေ့လျှားတာရယ်၊  ရည်ရွယ်ချက်တစ်ခု အပြည့်ထည့်တာရယ် ဒါပဲ လုပ်တာပါ ..

  4. အဲ့လိုလုပ်တဲ့အချိန်မှာ ကိုယ့်ရည်ရွယ်ချက်က စစ်မှန်တဲ့ နှလုံးသားကနေလာတဲ့ ချစ်ခြင်းမေတ္တာ၊ ၊ ကရုဏာတွေ ဖြစ်ဖို့ အရေးကြီးပါတယ်

  5. ပြီးတော့မှ ကိုယ်ဖြစ်ချင်တဲ့အရာကို ဆုတောင်း၊ မျှော်မှန်းလိုက်ပါ

ဒါကို နေ့တိုင်းလေ့ကျင့်ပြီး ဘာဆက်ဖြစ်လဲဆိုတာ စောင့်ကြည့်ပါ .. ပြီးသွားရင် ပြန်လာပြီး ဒီ Episode မှာ Comment လုပ်ပေးပါ .. ကျွန်မ နားထောင်ချင်ပါတယ်

ဒီအလေ့အကျင့်ကို ကျွန်မဘဝနဲ့ ကျွန်မ အလုပ်မှာပါ ကျင့်သုံးလာတာ နှစ်ပေါင်းများစွာရှိပါပြီ .. ဘယ်သူ့ကိုမှ မထိခိုက်ဘဲနဲ့ပေါ့ .. ဘာလို့လဲဆိုတော့ ကျွန်မဒါကို ယုံယုံကြည်ကြည်နဲ့ ကျင့်သုံးနေလို့ပါ ..ဒါကို ကျွန်မရင်ထဲကနေ အကြွင်းမဲ့ ယုံကြည်ပါတယ် .. ကျွန်မ ပိုလုပ်လေလေ ပိုကျွမ်းကျင်လာလေ၊ ကျွန်မရဲ့ Manifestation ကလည်း ပိုမြန်လာလေလေ ..

ပြီးတော့ .. ဒီ Episodes တွေက သင့်အတွက် အကျိုးရှိတယ်ဆိုရင် iTunes မှာ 5 Star Review ပေးပေးပါ .. ဒီ Podcast ကို နားထောင်လို့ရတဲ့ Platforms တွေ အများကြီးရှိပါတယ် .. YouTube, Facebook, Instagram, Spotify, Stitcher, Apple iTunes တို့တွေ မှာ နားထောင်နိုင်ပါတယ် ..

လာရောက်နားထောင်ပေးတာ ကျေးဇူးတင်ပါတယ် .. နောက်ထပ် Episode တွေမှာ တွေ့ကြမယ်နော် …

Sending you lots of love and good vibes.

သင်ဟာ အရေးပါပါတယ် ..သင်ဟာ အရေးကြီးပါတယ်… ကိုယ့် Vibe ကို မြှင့်ထားပါ.. Energy ဆိုတာ ကူးစက်မြန်ပါတယ် ..

ကိုယ့်ကိုယ်ကိုယ် Focus လုပ်ပါ ..ပြောင်းလဲကြည့်ပါ .. ပြီးတော့ ကိုယ်ပြောင်းလဲလာတာနဲ့ အမျှ ကိုယ့်ပတ်ဝန်းကျင်က အရာတွေပါ လိုက်ပြီး ပြောင်းလဲလာတာကို ခံစားကြည့်ပါ ..

xo Arabelle